← Chapters

ဆင်ခြင်လေ့လာခြင်း....

Vol. 7 Ch. 113

ဆင်ခြင်လေ့လာခြင်း....

Vol. 7 Ch. 113

နာရီဝက်ကြာပြီးသောအခါ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ ကောင်ကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူ့အတွက် ထင်ရှားသော အကျိုးအမြတ်ရှိခဲ့သော်လည်ယ ယခုအချိန်တွင် ၎င်းကို တွေးတောမနေသင့်ပေ။

လင်းယွမ်က ခေါင်းမော့လိုက်သည်။ သူက အခြားကျောက်ရုပ်တု တစ်ရာကျော်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေသည်။

မဟာမိတ်စျေးဆိုင်ဆော့ဖ်ဝဲထဲတွင်ပင် ဆဋ္ဌမအလွှာ ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်များ ထားရှိပါက အနည်းဆုံး ဘီလီယံပေါင်းများစွာ ရှိပေလိမ့်မည်။ ယခုမူ သူ၏ ရှေ့တွင် ရာနှင့်ချီရှိနေသည်။

ထို့အပြင် လင်းယွမ်၏ အကြည့်များက ဆယ်မီတာကျော်မြင့်သော ရုပ်တုများဆီသို့ ရောက်သွားသည်။ ထိုသို့ဆိုလျှင် ဆယ်မီတာကျော်မြင့်သော ရုပ်တုများထဲတွင် ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်များ ပါဝင်နေပေလိမ့်မည်။ ၎င်းကို တွေ့မိသောအခါ လင်းယွမ်က ပင့်သက်ရှိုက်သွား၏။

ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်များကို လင်းယွမ်က ဖန်ချင်း၏ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုသာ တွေ့ဖူးလေသည်။

သို့သော် ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံခြင်းတွင် ကန့်သတ်ချက်များစွာ ရှိပြီး လင်းယွမ်က ပြည့်စုံသော လမ်းစဉ်ကို မရရှိခဲ့ဘဲ ဖန်ချင်းနှင့် တိုက်ခိုက်ပြီးမှာသာ အသိအမြင်အချို့ ရရှိခဲ့သည်။ သို့သော် ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဆယ့်ခြောက်ခုက လင်းယွမ်၏ ရှေ့တွင် ရှိနေလေသည်။

" တစ်လအချိန်ရနေတာပဲ။ တစ်ခုပြီးတစ်ခုသွားတာပေါ့။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်ဖန်ရုပ်တုကို ကြည့်လိုက်သည်။

သတ္တမကြယ်ဂူ စမ်းသပ်မှု၏ စည်းမျဉ်းအရ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ပြီး ထိုရုပ်တုကို ထိလိုက်သည်နှင့် စမ်းသပ်မှုအောင်မြင်ပြီဖြစ်သည်။ တစ်နည်းဆိုသော် လင်းယွမ်က စမ်းသပ်မှု အောင်မြင်သွားပြီဖြစ်သည်။

သို့သော် လင်းယွမ်က အခြားကျောက်ရုပ်တုများကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။ တစ်လအတွင်း မည်သည့်အချိန်တွင်မဆို စမ်းသပ်မှုကို ဖြတ်ကျော်နိုင်လေသည်။

" နောက်တစ်ခု " လင်းယွမ်က မတ်တပ်ရပ်လိုက်ပြီး အနီးဆုံး ကျောက်ရုပ်တုဆီသွားလိုက်သည်။

ထိုရုပ်တုက ကြွက်နှင့်တူပြီး အတွင်းတွင် မြေကြီးခဲများ ပါဝင်နေသည်။

ဆန်းကြယ်သောနေရာ။

လင်းယွမ်က ခံစားချက်များ ရောထွေးလျက် ကောင်းကင်ဖန်ရုပ်တုမှ ထွက်ခွာသွားသည်ကို ပုံရိပ်ဆယ့်နှစ်ခုက တွေ့လိုက်ရသည်။

" ကောင်းကင်လေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မသင့်တော်တဲ့ပုံပဲ။ "

" မှန်တယ် လင်းယွမ်က ယင်ယန်စွမ်းအားတွေကို နားလည်ထားတာပဲ။ သူနဲ့ သင့်တော်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ ရှိရင်တောင် လေနိယာမနဲ့တော့ ဘာမှမဆိုင်ဘူး။ "

" အချိန်ရှိသေးတာပဲ။ ဖြည်းဖြည်း ကြည့်ကြတာပေါ့။ ကျောက်ရုပ်တုတွေထဲမှာ ပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ ပါဝင်ပေမယ့် အဲ့ဒါကို နားလည်ဖို့ မလွယ်ဘူး။ "

သူတို့ဆယ့်နှစ်ယောက်က လင်းယွမ်အပေါ်ကိုသာမက အနီရောင်သင်္ကေတ ပိုင်ရှင်သုံးယောက်ကို အာရုံစိုက်လိုက်ကြသည်။ သူတို့သုံးယောက်က ကျောက်ရုပ်တီးအသီးသီးအောက်တွင် ထိုင်နေကြသည်။

ငွေရောင်ဆံပင်နှင့် ရင်လင်းက ဆယ့်နှစ်မီတာမြင့်သော မှော်ကုဗတုံးရုပ်တု၏ ရှေ့တွင် ထိုင်နေသည်။ လူထွားကြီးနှင့် မျက်လုံးသုံးလုံး မျိုးနွယ်ဝင်တို့ကလည်း မျက်မှောင်ကြုတ်၍ လေးနက်စွာ စဉ်းစားနေကြသည်။ သူတို့အားလုံးက ဆယ်မီတာကျော်ရှည်သော ကျောက်ရုပ်တုများကို ရွေးချယ်ထားကြသည်။

" အဲ့ဒီလင်းယွမ် သူက ဘာလို့ထပ်ထွက်သွားတာလဲ။ "

" ဟမ် ထူးဆန်းတယ်။ ခနထိုင်ပြီး ထွက်သွားတာလား။ "

အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က ကျောက်ရုပ်တုတစ်ခုတွင် နှစ်နာရီကြာအောင်ပင်မနေဘဲ အခြားကျောက်ရုပ်တုတစ်ခုသို့ ထွက်သွားသည်ကို အားလုံးက သတိပြုမိလိုက်ကြသည်။ အမှန်တော့ ၎င်းက မထူးဆန်းပေ။ ရုပ်တုတိုင်းက သူနှင့် မသင့်တော်သောကြောင့် လင်းယွမ်က ဂရုတစိုက် ရွေးချယ်ရပေလိမ့်မည်။

သို့သော် အခြားသူများက သင့်တော်သော ရုပ်တုကို ရွေးချယ်ရာတွင် အဝေးမှ ရွေးချယ်ကြလေသည်။ ကျောက်ရုပ်တုများတွင် ကွဲပြားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ရှိပြီး သူတို့၏ အော်ရာကလည်း ကွဲပြားလေသည်။

ထိုနည်းလမ်းဖြင့် သူတို့က အဝေးမှ သူတို့နှင့် သင့်တော်သော အော်ရာတစ်ခုကို ခံစားမိနိုင်လေသည်။ ၎င်းက ပို၍ ထိရောက်လေသည်။ သို့သော် လင်းယွမ်က ကျောက်ရုပ်တုများကို တစ်ခုပြီးတစ်ခု အစဉ်လိုက် လေ့လာနေသည်။

" ရုပ်တုတိုင်းကို လိုက်ကြည့်တာက ပြဿနာတော့ မရှိဘူး။ ဒီနည်းနဲ့ဆို လွဲချောမှုတွေ မဖြစ်တော့ဘဲ သူ့အတွက် အရမ်းသင့်တော်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရှာတွေ့နိုင်တာပေါ့။ " ကုဇီကတော့ သူ၏ ပုံစံအတိုင်း အကောင်းမြင်နေဆဲ ဖြစ်သည်။

သတ္တမကြယ်ဂူ။

တဖြည်းဖြည်းနှင့် ရက်များကုန်လွန်လာသည်။

လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ငါးဆယ်ကို နားလည်ခဲ့သည်။ လမ်းစဉ်များစွာ၏ နိယာမသဘောတရားများက လင်းယွမ်၏ စိတ်ထဲတွင် လင်းလက်နေသည်။ သူက စတုတ္ထအလွှာ၏ အဆင့် ၁၁ နှင့် အဆင့် ၁၂ တို့၏ နောက်ဆက်တွဲလမ်းကြောင်းများကို အရိပ်အယောင်တွေ့ခဲ့ရလေသည်။

၎င်းက ကနဦးသက်ရောက်မှုဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ များပြာသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက တစ်ခုနှင့်တစ်ခု ဆက်နွယ်သွားကြသည်။

" ဒီရုပ်တု " လင်းယွမ်က နောက်ထပ် ကျောက်ရုပ်တုအနီးသို့ ရောက်လာသည်။ ထိုရုပ်တုက အသက်မီးတိုင်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သုံးမီတာနီးပါးမြင့်လေသည်။

" နင်က သင့်တော်တဲ့တစ်ခု ရှာမတွေ့သေးဘူးလား။ " လင်းယွမ်မရောက်မီ ထိုရုပ်တု၏ အောက်တွင် အမျိုးသမီးတစ်ယောက်ရှိနေသည်။ သူမက အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးဖြစ်၏။

လင်းယွမ်ရောက်လာသည်ကို ခံစားမိသောအခါ သူမက လေ့လာနေသည်ကိုရပ်ပြီး နှုတ်ဆက်လိုက်သည်။

" ဒီရုပ်တုထဲမှာ အသက်နဲ့ ဆိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပါဝင်တယ်။ အဲ့ဒါ နင်နဲ့မသင့်တော်ရင် အခြားရုပ်တုတစ်ခုကို မြန်မြန် ရွေးချယ်သင့်တယ်။ အမျိုးသမီးက ကြင်နာစွာ သတိပေးလိုက်သည်။.

လင်းယွမ်က မည်သည့်ကျောက်ရုပ်တုကိုမှ မရွေးချယ်ဘဲ ရက်အတော်ကြာ လှည့်လည်သွားလာနေခဲ့သည်ကို သူမက သတိပြုမိခဲ့သည်။

" အသက် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူက ရုပ်တုကို စိုက်ကြည့်လိုက်သည်။

၎င်းကို မြင်သောအခါ အစိမ်းရောင်ဆံပင်နှင့် အမျိုးသမီးက မတားပေ။ ရုပ်တုတိုင်းက စမ်းသပ်မှုဖြစ်သောကြောင့် တစ်ယောက်ထက်မက လေ့လာနိုင်လေသည်။ သူမက လင်းယွမ်ကို အသက်နှင့်သက်ဆိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် မသင့်တော်ဘူးဟု ထင်ခဲ့သော်လည်း သူက ကြိုးစားချင်သောကြောင့် သူမက မတားပေ။

တစ်နာရီကြာပြီးနောက် လင်းယွမ်က မျက်လုံးများဖွင့်၍ ထရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" မသင့်တော်ဘူးမဟုတ်လား။ " ဆံပင်အစိမ်းရောင်နှင့် အမျိုးသမီးကလည်း မျက်လုံးများဖွင့်ပြီး ပြောလိုက်သည်။ သူမက ၎င်းကို ​မျှော်လင့်ထားသောကြောင့် လင်းယွမ်ကို ခနစောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် လင်းယွမ် ထွက်သွားခြင်းမှာ လက်လျှော့ခြင်းမဟုတ်ဘဲ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားသောကြောင့် ဖြစ်သည်ကို အမျိုးသမီးက စိတ်ကူးနိုင်လိမ့်မည် မဟုတ်ပေ။

သတ္တမကြယ်ဂူသို့ ရောက်သည်နှင့် သူမက ထိုရုပ်တုကို မြင်မြင်ချင်း သူမနှင့် သင့်တော်သည်ဟု ခံစားရသောကြောင့် သူက ဆယ်ရက်ကျော် လေ့လာဆင်ခြင်နေခဲ့သည်။ သူမက နောက်ထပ်ဆယ်ရက်ကျော်ကြာပြီးသောအခါ ရုပ်တုအတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စတုတ္ထအလွှာထိနားလည်နိုင်မည်ဟု ခန့်မှန်းလေသည်။ ထို့နောက် သူမက စမ်းသပ်မှုကို ကျော်ဖြတ်မည်ဖြစ်သည်။

လင်းယွမ်က ပြုံးပြီး ဘာမှမပြောပေ။ ထိုခနတွင် သူ၏ စိတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပက်သက်သော အချက်အလက်များကို တွေးတောနေသည်။

" အသက် " လင်းယွမ်၏ မျက်လုံးများထဲတွင် အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုက်ကျိသင်္ကေတကို လွှမ်းခြုံသွားသည်။

" နင် ဟိုဘက်မှာ သွား စမ်းကြည့်တာ ပိုကောင်းမယ်။ " သူမက လင်းယွမ်အပေါ် အမြင်ကောင်းရှိလေသည်။ ထိုနေရာရှိ ရုပ်တုများက ယင်ယန်တို့နှင့် သက်ဆိုင်ပြီး လင်းယွမ်နှင့် ပို၍ လိုက်ဖက်သည်ဟု သူမက ခံစားရလေသည်။

" ကျေးဇူးတင်ပါတယ် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ အမှန်တော့ သူမသတိမပေးလျှင်တောင် သူက ထိုဦးတည်ချက်သို့ သွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်ကတော့ လင်းယွမ်ကို နားမလည်နိုင်ဖြစ်နေကြသည်။

သုံးရက်နီးပါးကုန်လွန်သွားပြီး လင်းယွမ်က ကျောက်ရုပ်တုများစွာကို စစ်ဆေးခဲ့သည်။ သို့သော် သူ၏ ရွေးချယ်မှုကို မဆုံးဖြတ်ရသေးပေ။ ယင်းအစား သူက နောက်ထပ်ရုပ်တုများဆီကိုသာ သွားနေခဲ့သည်။

" ဒီလိုအချိန်ဖြုန်းနေတာ "

" လင်းယွမ်က ရွေးချယ်ဖို့ ခက်ခဲနေတာလား။ "

" ရုပ်တုဒါဇင်ကျော်က သူနဲ့ တစ်ခုမှ မသင့်တော်ဘူးလား။ "

အစပိုင်းတွင် လင်းယွမ်က သူတို့နှင့် ဆင်တူသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအနီးတွင် ရှိနေသည်ကို မြင်ရသောအခါ သူတို့က ဝမ်းသာသွားကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့က ထုံကျင်လာကြသည်။ အကြောင်းမှာ လင်းယွမ်က ထိုရုပ်တုများ၏ ရှေ့တွင် ခနသာ ရပ်ပြီး နောက်ထပ်ရုပ်တုတစ်ခုစီဆက်သွားခဲ့သည်။

ထိုအချိန်တိုအတွင်း လင်းယွမ်က ရုပ်တုအတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်နိုင်လိမ့်မည်ဟု ဘယ်သူမှမယုံကြည်ကြပေ။ လင်းယွမ်က နောက်ရုပ်တုတစ်ခုကို ကြိုးစားကြည့်ချင်သောကြောင့်ဟုသာ ထင်ခဲ့ကြသည်။ အထက်မှ လူသုံးယောက်ကလည်း စိတ်မရှည်နိုင်ဖြစ်လာကြသည်။

" နေမင်းမီးတောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " လင်းယွမ်က ရုပ်တုတစ်ခု၏ ရှေ့တွင် ထရပ်လိုက်သည်။

ဤတစ်ကြိမ်တွက် သူက ထိုက်ကျိတာအို၏ ထိုက်ယန်မှ ယန်စွမ်းရည်ပါဝင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခဲ့သည်။

" အရာအားလုံးရဲ့ ယန် " လင်းယွမ်က အတွေးနက်သွား၏။

ထိုက်ယင်နှင့်မပေါင်းစပ်လျှင်တောင် ထိုက်ယန်၏ အဆုံးစွန်သော စွမ်းအားက တိုက်ခိုက်သတ်ဖြတ်ခြင်းတွင် ကြောက်စရာကောင်းလှသည်။

လင်းယွမ်က နောက်ထပ်ရုပ်တုတစ်ခုဆီသွားရန် ပြင်လိုက်သည်။

ဝုန်း.....

အဝေးမှ ရုပ်တုတစ်ခုက ရုတ်တရက် လင်းလက်သွားသည်။ ရုပ်တု၏ ရှေ့မှ လူတစ်ယောက်ကလည်း ချက်ခြင်း ပျောက်ကွယ်သွားသည်။

" တစ်ယောက်ယောက်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်သွားပြီလား။ "

" အဲ့ဒါက ရွှေရောင်သင်္ကေတ ဆင့်ကဲပြောင်းလဲသူလား။ "

" ဟူး ငါတို့က ဆက်ပြီး ကြိုးစားရဦးမယ်။ "

ဆင့်ကဲပြောင်လဲသူများက လေ့လာဆင်ခြင်ခြင်းကို ရပ်တန့်ပြီး အချင်းချင်း ပြောလိုက်ကြသည်။ သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို အောင်မြင်ရန် တစ်လအတွင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်ရန်သာ လိုအပ်သော်လည်း အဆင့်များ သတ်မှတ်ရန် မလိုအပ်ပေ။

သို့သော် အခြားတစ်ယောက် ထွက်သွားသည်ကို မြင်သောအခါ ကျန်ရှိသော ဆင့်ကဲပြောင်းလဲသူများကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။ ၎င်းက စားမေးပွဲတစ်ခုကဲ့သို့ပင် တစ်စုံတစ်ယောက်က သူတို့အရင် ဖြေလွှာအပ်သွားပါက ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ ကျန်ရှိသောလူများကိုတော့ ဖိအားများ ဖြစ်စေလေသည်။

" သူက အလွယ်တကူ ထွက်သွားတာလား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။ သို့သော် ရုတ်တရက် အခြားသူများက သူနှင့်မတူသည်ကို သတိရလိုက်သည်။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သတ္တမကြယ်ဂူက လင်းယွမ်အတွက် ရတနာသိုက်တစ်ခုပင် ဖြစ်သည်။ သူက ပို၍ ကြာကြာနေလေ ပို၍ အကျိုးရှိလေဖြစ်သည်။

သို့သော် အခြားဆင့်ကဲပြောင်းလဲသူများအတွက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်ပြီးလျှင် နောက်တစ်ခုကို လေ့လာနိုင်စွမ်းမရှိတော့သောကြောင့် ထွက်သွားရန်သာ ရွေးချယ်ကြသည်။

" ဆဋ္ဌမအလွှာထက် ကျော်လွန်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက ဆဋ္ဌမအလွှာထက် ပိုခက်ခဲပုံပဲ။ " လင်းယွမ်က ရင်လင်းနှင့် အခြားနှစ်ယောက်ရှိရာသို့ ကြည့်လိုက်သည်။

ကြယ်ဂူစမ်းသပ်မှုကို ပထမဆုံး ကျော်ဖြတ်သွားသူက ရွှေရောင်သင်္ကေတပိုင်ရှင်ဖြစ်နေသည်။ သူ၏ နားလည်နိုင်စွမ်းက အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်ထက် ကျော်လွန်သောကြောင့်မဟုတ်ဘဲ သူနားလည်သွားသော လမ်းစဉ်က ဆဋ္ဌမအလွှာသာ ရှိသောကြောင့် ဖြစ်သည်။ ထိုနှစ်ခု၏ ခက်ခဲမှုက တူညီသောအဆင့်တွင်မရှိပေ။

" ငါဆက်သွားရမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး နောက်ထပ် ရုပ်တုတစ်ခုဆီ သွားလိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters