← Chapters

ရုပ်တုများတစ်ခုပြီးတစ်ခု....

Vol. 7 Ch. 114

ရုပ်တုများတစ်ခုပြီးတစ်ခု....

Vol. 7 Ch. 114

နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က တောင်ထိပ်အလယ်ရှိ ဆယ့်နှစ်မီတာမြင့်သော မှော်ကုဗတုံးတစ်ခုရှေ့သို့ ရောက်လာသည်။ အဝေးမှ ကြည့်ခြင်းဖြင့် သူက လေဟာနယ်စွမ်းအားလှိုင်းများကို ခံစားမိလေသည်။

နတ်လက်နက်ကမ္ဘာမှ ဟင်းလင်းပြင်အက်ကြောင်းနှင့် မယှဉ်နိုင်သော်လည်း ၎င်းထုတ်လွှတ်နေသော လေဟာနယ်စွမ်းအားက ပြည့်စုံပြီး စနစ်ကျလေသည်။

" ဆဋ္ဌမအလွှာထက် ကျော်လွန်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ ၎င်းက ဆယ်မီတာကျော်မြင့်သော ပထမဆုံး ရုပ်တုဖြစ်သည်။

" လေ့လာကြည့်တာပေါ့။ " လင်းယွမ်က ခေါင်းမော့ပြီး မှော်ကုဗတုံးကြီးကို ​ကြည့်လိုက်သည်။

နှစ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများနှင့် ယှဉ်လျှင် မှော်ကုဗတုံးကြီးက ရပ်တန့်မနေဘဲ ဖြည်းညင်းစွာ လည်နေသည်။

မှော်ကုဗတုံး၏ မျက်နှာပြင်ခြောက်ခုတွင် လေဟာနယ်က ရေကဲ့သို့ စီးဆင်းနေပြီး မျက်နှာပြင်ခြောက်ခု တစ်ပတ်ပြည့်သည်နှင့် လေဟာနယ်က ပျက်ဆီးသွားပြီး အသစ်ပြန်ဖြစ်လာသည်။ ၎င်းက အဆုံးမရှိဘဲ လည်ပတ်နေသည်။

" လေဟာနယ် " လင်းယွမ်က မှော်ကုဗတုံး၏ အောက်တွင် မတ်တပ်ရပ်နေပြီး သူ၏ အမူအရာက လေးနက်နေသည်။

လေဟာနယ်က တစ်ချိန်တည်းတွင် အဆမတန်ကြီးမားသော်လည်း အကန့်အသတ်မရှိ သေးငယ်လေသည်။ ထိုမှော်ကုဗတုံးက လေဟာနယ်၏ ဆန်းကြယ်မှုများအားလုံးကို မရှင်းပြနိုင်သော်လည်း လင်းယွမ်အတွက် နားလည်ရန် လုံလောက်လေသည်။

​ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ ဆန်းကြယ်သောနေရာတွင် လင်းယွမ်က မှော်ကုဗတုံးကို ဆင်ခြင်ရန် ရပ်တန့်လိုက်မှ လူဆယ့်နှစ်ယောက်လုံးက သက်ပြင်ချလိုက်ကြသည်။ သူက သတ္တမကြယ်ဂူကို ဝင်ကတည်းက သုံးလေးရက်ကြာအောင် ဦးတည်ရာမရှိ လျှောက်သွားနေခဲ့သည်။

လူတစ်ယောက်က စမ်းသပ်မှုတစ်ခုတွင် တစ်လကြာအောင် နေနိုင်သော်လည်း လင်းယွမ်၏ အလေးမထားသောပုံစံက သူတို့ဆယ့်နှစ်ယောက်ကို မသက်မသာဖြစ်စေလေသည်။ ယခု နောက်ဆုံးတွင် သူက ရပ်တန့်သွားခဲ့သည်။

ထို့အပြင် သူရွေးချယ်လိုက်သော ကျောက်ရုပ်တုက ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရှိပြီး ရုပ်တုဆယ့်ခြောက်ခုထဲတွင် ထိပ်ဆုံးနှင့် နီးကပ်နေပြီဖြစ်သည်။

" မှော်ကုဗတုံးရုပ်တု.... သူက တကယ်အဲ့ဒီ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ သင့်တော်ရင် အနာဂတ်မှာ ပြဿနာအချို့တော့ ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ " လူသုံးယောက်ထဲမှ ကုဇီက ခေါင်းငြိမ့်ပြီး လက်ခံသော အမူအရာပေါ်လာသည်။

အခြားဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကလည်း သေချာပေါက် ကောင်းမွန်လေသည်။ သို့သော် သူတို့က ကံကောင်းပြီး ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ခဲလျှင် နောက်ထပ်အဆင့်တက်ရန် အခြားဆင်တူသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံရမည်ဖြစ်သည်။ ပြောင်းလဲခြင်းက ပြဿနာမရှိသော်လည်း ဆင့်ကဲပြောင်းလဲသူကတော့ သေချာပေါက် ကြီးမားသော တန်ကြေးတစ်ခု ပေးဆပ်ရပေလိမ့်မည်။

" ဒါပေမယ့် သူက အဲ့ဒါကို နားလည်နိုင်ပါ့မလား။ " ကုဇီ၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်ပေါ်လာသည်။

ရွေချယ်ခြင်းနှင့် နားလည်ခြင်းက လုံးဝမတူပေ။ ထိုရုပ်တု ဆယ့်ခြောက်ခုက အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် သာလွန်သည်ကို လူတိုင်းသိနေကြသော်လည်း အများစုက နှစ်မီတာကျော်မြင့်သော ရုပ်တုများကိုသာ ရွေးချယ်နေကြဆဲ ဖြစ်သည်။ အကြောင်းရင်းမှာ သူတို့က ၎င်းကို နားမလည်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်က ရက်အနည်းငယ် ဖြုန်းတီးခဲ့သော်လည်း သူ စတုတ္ထကြယ်ဂူတွင် ပြသခဲ့သော နားလည်နိုင်စွမ်းနှင့် ကျောက်ရုပ်တု ဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်လျှင်တောင် အချိန်ယူရမည်ကလွဲ၍ ပြဿနာရှိမည်မဟုတ်ပေ။

ထိုသို့ဖြင့် တစ်ရက်ကြာသွားခဲ့သည်။ လင်းယွမ်က ရပ်ပြီး မှော်ကုဗတုံးကို လေ့လာနေဆဲ ဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် မှော်ကုဗတုံး၏ မရေတွက်နိုင်သော ပြောင်းလဲမှုများအောက်တွင် အကျိုးအမြတ်များကို ရတ်သိမ်းနိုင်ခဲ့သည်။

" လေဟာနယ်က ရုပ်သဏ္ဍန်မရှိပေမယ့် နေရာတိုင်းမှာ တည်ရှိတယ်။ လူတိုင်း လေဟာနယ်ရဲ့ တည်ရှိမှုကို ခံစားနိုင်ရင်တောင် ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ။ "လင်းယွမ်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မှော်ကုဗတုံးရုပ်တုကို လေ့လာပြီး ဟန်ယု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]

" ဟန်ယု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " လင်းယွမ်၏ မျက်ခုံးများက တွန့်သွား၏။ ဟန်က အဆုံးမရှိခြင်းကို ရည်ညွှန်းပြီး ယုက လေဟာနယ်ကို ဆိုလိုလေသည်။ ဟန်ယုဆိုသည်မှာ အဆုံးမဲ့လေဟာနယ်ဖြစ်၏။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လေဟာနယ်၏ အဆုံးမဲ့အသွင်အပြင်ကို အဓိကဖော်ပြထားသည်။

" ငါက ဒီလမ်းစဉ်ကို အပြည့်အစုံ နားမလည်နိုင်တာ နှမြောစရာပဲ။ အခု ငါက ဟန်ယု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပထမအလွှာနဲ့ ဒုတိယအလွှာကိုပဲ နားလည်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

နားလည်ခြင်းနှင့် အပြည့်အစုံနားလည်ခြင်းက မတူညီသော အရာနှစ်ခုဖြစ်သည်။ သတ္တမကြယ်ဂူ၏ စမ်းသပ်မှုက တိကျသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို အပြည့်အစုံ နားလည်ရန် မဟုတ်ဘဲ နားလည်နိုင်ရုံသာ ဖြစ်သည်။

ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို တတိယအလွှာနှင့် စတုတ္ထအလွှာထိ နားလည်နိုင်ရန်သာ လိုအပ်လေသည်။ .

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မှတ်တမ်းများနှင့်ယှဉ်လျှင် ရုပ်တုများကို ကြားခံအဖြစ် အသုံးပြုခြင်းက ဆင့်ကဲပြောင်းလဲသူတစ်ယောက်အား ပို၍ ထိုးထွင်းသိမြင်နိုင်စေလေသည်။ အမှန်တွင် အချို့အရာများနှင့် ခံစားချက်များက စကားလုံးများနှင့် ဖော်ပြရန် ခက်ခဲလေသည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရုပ်တုကဲ့သို့ အရာဝတ္ထုများအပေါ်တွင် မှတ်တမ်းတင်ရန် လူတစ်ယောက်က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးကို ရောက်ရန် လိုအပ်လေသည်။ ၎င်းက ကြိုးစားအားထုတ်မှုနှင့် စွမ်းအားများ လိုအပ်လေသည်။

ဥပမာ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရုပ်တုတစ်ခုထဲသို့ ထည့်သွင်းနိုင်လေသည်။ အခြားဆင့်ကဲပြောင်းလဲသူများက ရုပ်တုကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆင်ခြင်နိုင်လေသည်။

သို့သော် လင်းယွမ်က ၎င်းကို အောင်မြင်ရန် လင်းယွမ်က ဆယ်စုနှစ်များကြာအောင် မနားမနေ ကြိုးစားအားထုတ်ရန် လိုအပ်လေသည်။ ထိုအပြင် ၎င်းက စတုတ္ထအလွှာထိသာဖြစ်ပြီး ဆဋ္ဌမအလွှာနှင့် ပိုမြင့်သော အဆင့်များအတွက်ဆိုလျှင် အချိန်နှင့် စွမ်းအား များစွာ လိုအပ်လေသည်။

" ခနနားဦးမယ်။ " လင်းယွမ်က ဟန်ယုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား လေ့လာခြင်းကို ရပ်တန့်လိုက်သည်။

ယခု သူက လမ်းစဉ်ကို နားလည်သွားပြီဖြစ်သောကြောင့် ဆင်ခြင်သုံးသပ်ခြင်းကို နောက်မှ ပြုလုပ်နိုင်ပေသည်။ လက်ရှိဦးစားပေးမှာ ရုပ်တုများအတွင်းမှ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ရန် ဖြစ်သည်။

ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို အမြဲတမ်း မဖွင့်ခြင်းမှာ ထိုရုပ်တုများကြောင့် ဖြစ်ရမည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။ ထိုရုပ်တုများက ဆန်းကြယ်သော လုပ်ဆောင်မှုများရှိပြီး VR ကမ္ဘာကို လက်တွေ့ကမ္ဘာနှင့် ပေါင်းစပ်နိုင်ခြင်းမှာ ရိုးရှင်းသော အလုပ်တစ်ခု မဟုတ်ပေ။ ချီခွန်ကြယ်သခင်က အရင်းအနှီးကြီးကြီးမားမား ပေးရမည်မှာ သေချာလေသည်။

ရူပ်တုများအတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာနိုင်သည့် အခွင့်အရေးက ရရှိရန် ခက်ခဲလှပေသည်။

" နောက်ရုပ်တုကို ဆက်သွားမယ်။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

လင်းယွမ်က မှော်ကုဗတုံး၏ အောက်မှ ထွက်လာချိန်တွင် ဘေးမှ ငွေရောင်ဆံပင်နှင့် ရင်လင်းက မျက်လုံးများ ဖွင့်လိုက်သည်။

" ဒီရုပ်တုနဲ့ မသင့်တော်ဘူးလား။ " ရင်လင်းက ထွက်သွားသော လင်းယွမ်ကို ကြည့်လိုက်သည်။

သူမက လင်းယွမ်ကို အာရုံစိုက်ထားဆဲ ဖြစ်သည်။ အတိအကျပြောရလျှင် သူမက သူမထက် သာလွန်သော ဆင့်ကဲပြောင်းလဲသူတိုင်းကို သတိထားခဲ့သည်။

စတုတ္ထကြယ်ဂူတွင် ရင်လင်းက နားလည်ရန် ရက်အတော်ကြာ ရုန်းကန်ခဲ့ရသော်လည်း လင်းယွမ်က မိနစ်နှစ်ဆယ်အတွင်း ကျော်ဖြတ်သွားခဲ့သည်။ ထိုဖြစ်ရပ်က ရင်လင်းအပေါ် သက်ရောက်မှုရှိခဲ့သည်။

နောက်ထပ်ကြယ်ဂူတွင် လင်းယွမ်က သာမန်ပြန်ဖြစ်သွားသော်လည်း သူမက သူ့ကို လျှော့မတွက်ပေ။ မှန်၏ သူမက လင်ယွမ် ဆဋ္ဌမကြယ်ဂူကို မည်သို့ ဖြတ်ကျော်ခဲ့သည်ကို မသိခဲ့ပေ။

လင်းယွမ်က ပဉ္စမကြယ်ဂူတွင် နှောင့်နှေးနေခဲ့ပြီး သူ ဆဋ္ဌမကြယ်ဂူသို့ ရောက်ချိန်တွင် ရင်လင်းက သတ္တမကြယ်ဂူကို ရောက်နေပြီဖြစ်သည်။

" ၂၂ရက် ကျန်သေးတယ်။ " ရင်လင်းက မှော်ကုဗတုံးကို ပြန်ကြည့်လိုက်သည်။

ရှစ်ရက်ကြာ ခက်ခက်ခဲခဲ ဆင်ခြင်ပြီးနောက် ရင်လင်းက ရုပ်တု၏ အပေါ်ယံသွင်ပြင်များကို ဆုပ်ကိုင်နိုင်ခဲ့သည်။ နောက်ထပ် ရက်နှစ်ဆယ်အတွင်း သူမက အတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာကို နားလည်နိုင်မည်ဟု ခန့်မှန်းလေသည်။

အကြောင်းမှာ ရင်လင်းက မြင့်မားသော လေဟာနယ်စွမ်းရည်ကို ပိုင်ဆိုင်ပြီး လေဟာနယ်နှင့် လိုက်လျောညီထွေဖြစ်နေသောကြောင့် ဖြစ်သည်။ အခြားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဆိုလျှင် တစ်နှစ်မပြောနှင့် တစ်နှစ် သို့မဟုတ် ဆယ်နှစ်ဖြင့်ပင် ပထမအလွှာကို နားလည်ရန် မလုံလောက်ပေ။

ပထမအလွှာကို နားလည်ပြီး အတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရယူလိုက်သည်နှင့် သူမက သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို အောင်မြင်သွားပြီဖြစ်သည်။

သတ္တမကြယ်ဂူ၏ ရုပ်တု ၁၃၆ခုတွင် စံနှုန်းနှစ်ခု ရှိလေသည်။ နှစ်မီတာကျော်ရှည်သော ရုပ်တုများအတွင်းမှ ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရရှိရန် ကို​ယ်နှင့်တူညီသောအဆင့်ကို နားလည်ရန် လိုအပ်လေသည်။

ဥပမာ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရယူရန် တတိအလွှာကဏ္ဍကို နားလည်ရန် လိုအပ်လေသည်။ စတုတ္ထအလွှာများက စတုတ္ထအလွှာကို နားလည်ရန် လိုအပ်လေသည်။၎င်းက စံနှုန်းတစ်ခုဖြစ်၏။

ဒုတိယစံနှုန်းမှာ ဆယ်မီတာကျော်မြင့်သော ထိုရုပ်တုများအတွက်ဖြစ်သည်။ တတိယအလွှာဖြစ်စေ စတုတ္ထအလွှာဖြစ်စေ သူတို့က ပထမအလွှာကို နားလည်သည်နှင့် အတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရယူပြီး စမ်းသပ်မှုအောင်မြင်နိုင်လေသည်။

ဆန်းကြယ်သော နေရာတွင် လူဆယ့်နှစ်ယောက်က လင်းယွမ် ထပ်ထွက်သွားသည်ကို မြင်သောအခါ မှင်သက်သွားကြသည်။

ယခုတစ်ကြိမ် ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် ဆင့်ကဲပြောင်းလဲသူတစ်သန်းကျော်ထဲမှ သူတို့၏ အာရုံကို ဆွဲဆောင်နိုင်ဆုံးမှာ အနီရောင်သင်္ကေတများမဟုတ်ဘဲ ရွှေရောင်သင်္ကေတ ပိုင်ရှင် လင်းယွမ်ဖြစ်နေသည်။

စတုတ္ထကြယ်ဂူမှ အံ့ဩစရာကောင်းသော လုပ်ဆောင်မှု၊ ဆဋ္ဌမကြယ်ဂူမှ သန်မာလှသော စိတ်ဆန္ဒ၊ သတ္တမကြယ်ဂူမှ ရှုပ်ထွေးသော အပြုအမူများ။

" ဒီလို အချိန်ဖြုန်းလို့ မရတော့ဘူး။ " အထက်မှသုံးယောက်ထဲတွင် ကုဇီက မျက်မှောင်ကြုတ်နေသည်။ သူက သတ္တမကြယ်ဂူထဲဝင်ပြီး လင်ယွမ်ကို ရုပ်တုတစ်ခုကို လျင်မြန်စွာ ရွေးချယ်ရန် သတိပေးလိုက်ချင်နေသည်။

နှစ်မီတာမြင့်သော ရုပ်တုတစ်ခုဖြစ်လျှင်တောင် အတွင်းတွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပါဝင်ပြီး စမ်းသပ်မှုကိုလည်း ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ သို့သော် လင်းယွမ်က စမ်းသပ်မှုကို မအောင်မြင်လျှင်တောင် သူက လင်းယွမ်ကို ချီခွန်မျိုးနွယ်ထဲ ဝင်ခွင့်ပြုနိုင်ရန် အခွင့်အာဏာရှိနေဆဲ ဖြစ်သည်။ သို့သော် ထိုနည်းလမ်းက အကျိုးအမြတ်များနှင့် အရင်အမြစ်များစွာကို ဆုံးရှုံးရပေလိမ့်မည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters