ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်.....
Vol. 7 Ch. 115
" ကုဇီ မင်း ဆရာကို မေးကြည့်ပါလား။ " ဘေးမှ တစ်ယောက်က အသိပေးလိုက်သည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွင် သူတို့ ဆယ့်နှစ်ယောက်က အကဲဖြတ်ရုံသာဖြစ်ပြီး စမ်းသပ်မှုဖြစ်စဉ်ကို နှောက်ယှက်ရန် အခွင့်အာဏာမရှိပေ။
ကုဇီက လင်းယွမ်ကို သတိပေးချင်လျှင် တစ်ခုတည်းသော နည်းလမ်းမှာ ချီခွန်ကြယ်သခင်ဆီမှ ခွင့်ပြုချက်တောင်းရန် ဖြစ်သည်။
ချီခွန်ကြယ်သခင်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ ဖန်တီးသူ ဖြစ်ပြီး သူ၏ ခွင့်ပြုချက်ရမှာသာ ဝင်ရောက်စွက်ဖက်နိုင်ပေလိမ့်မည်။
" ငါလုပ်ရမယ်ထင်တယ်။ " ကုဇီက ပြန်ပြောလိုက်ပြီး သူ၏ စိတ်အသိအမျှင်တစ်ခုကို ချီခွန်ကြယ်သခင်နှင့် ဆက်သွယ်ရန် ပို့လွှတ်လိုက်သည်။
၎င်းကို မြင်သော်လည်း အခြားနှစ်ယောက်က မည်သည့်တုန့်ပြန်မှုမှ မပြပေ။ ဆဋ္ဌမအလွှာထက် ကျော်လွန်သော သူတို့သုံးယောက်က ချီခွန်ကြယ်သခင် သဘောကျသော တပည့်များဖြစ်ကြပြီး ပုဂ္ဂိုလ်ရေးအရ မေးမြန်းခြင်းက ကိစ္စကြီးတစ်ခု မဟုတ်ပေ။
ချီခွန်ကြယ်သခင်က လုံဝ ကိုယ်ကျိုးမငဲ့သော နတ်ဘုရားသုံးပါကဲ့သို့ မဟုတ်ဘဲ စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လျှင်တောင် ကိုယ်ပိုင်ခံစားချက်များ ရှိလေသည်။
ခနကြာသောအခါ ကုဇီက မျက်မှောင်ကြုတ်သွား၏။
" ဘာဖြစ်တာလဲ။ "
" ဆရာက ဘာပြောလို့လဲ။ "
သူ၏ ဘေးမှ လူနှစ်ယောက်က လေးနက်စွာ မေးလိုက်ကြသည်။
" ဆရာက တံခါးပိတ်ကျင့်ကြံနေတယ်။ ငါသူ့ကို မဆက်သွယ်နိုင်ဘူး။ " ကုဇီက သူ၏ ခေါင်းကို ခါလိုက်သည်။
" တံခါးပိတ်ကျင့်ကြံနေတာလား။ "
" ဒါဆိုရင်တော့ ငါတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ "
" ဆရာက တံခါးပိတ်ကျင့်ကြံနေရင် မျိုးနွယ်ခြားတွေ ကျူးကျော်တာ ဒါမှမဟုတ် နတ်ဘုရားသုံးပါးရဲ့ မဟာမိတ်အမိန့်ကို အသုံးပြုတာမှမဟုတ်ရင် သူက အခြားကိစ္စတွေအတွက် ထွက်လာမှာမဟုတ်ဘူး။ " အခြားနှစ်ယောက်က သက်ပြင်းချလိုက်ကြသည်။
ချီခွန်ကြယ်သခင်၏ အစောဆုံးတပည့်များအနေဖြင့် သူတို့၏ ဆရာအကြောင်းကို ကောင်းကောင်းသိထားကြပြီး အထူးသဖြင့် သူတံခါးပိတ်ကျင့်ကြံနေချိန်တွင် မည်သည့်အရာကိုမျှ တုန့်ပြန်မည်မဟုတ်ကြောင်း နာလည်ကြလေသည်။
ကုဇီက တိတ်ဆိတ်သွား၏။ ထိုနှစ်ယောက်ပြောသည်မှာ မှန်လေသည်။ အစစ်အမှန် အရေးကြီးသော ကိစ္စတစ်ခုသာ မရှိလျှင် ချီခွန်ကြယ်သခင်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည်မဟုတ်ပေ။
ရွှေရောင်သင်္ကေတပိုင်ရှင်တစ်ယောက် လျှောက်သွားနေခြင်းကို မပြောနှင့် ဆင့်ကဲပြောင်းလဲသူအားလုံး စမ်းသပ်မှု ကျရှုံးသွားလျှင်တောင် ချီခွန်ကြယ်သခင်အတွက် အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်သည်။
အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်ကလည်း အရောင်ကွဲသော ပုရွက်ဆိတ်များဖြစ်သကဲ့သို့ ချီခွန်ကြယ်သခင်အတွက် တစ်ချက်ကြည်ရုံနှင့် လုံလောက်လေသည်။ ထိုသုံးယောက်ကို နှစ်တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်း အချိန်ပေးလျှင်တောင် ချီခွန်ကြယ်သခင်၏ အဆင့်ကို ရောက်နိုင်မည်မဟုတ်ပေ။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာသည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ၁၂ရက် ၁၃ရက် ကြာသွားခဲ့သည်။ လင်းယွမ်က သူကိုယ်တိုင်ပင်မသိဘဲ သတ္တမကြယ်ဂူတွင် ရှိနေသည်မှာ ရက်နှစ်ဆယ်နီးပါး ရှိပြီဖြစ်သည်။
ချီခွန်ကြယ်နယ်မြေမှ ပြိုင်ပွဲတိုင်းမှာ ချီခွန်ကြယ်သခင်က လူသားမဟာမိတ်မှ ပေးအပ်သော တာဝန်ကို ကျေပွန်ရန် လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။
အထူးသဖြင့် ချီခွန်ကြယ်သခင်က စမ်းသပ်မှုတွင် ပါဝင်သူများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူ၏ တပည့်များကသာ အမြဲတမ်း ကြည့်ရှုပြီး ရွေးချယ်ကြခြင်း ဖြစ်သည်။
သူ၏ အောင်မြင်မှုများက ကြည်နူးစရာကောင်းလှသည်။ သတ္တမကြယ်ဂူထဲမှ ရုပ်တု ၁၃၆ခုတွင် လင်းယွမ်က ၁၂၁ခုကို ကျော်ဖြတ်သွားပြီဖြစ်သည်။ ဆိုလိုသည်မှာ သူက ဆဋ္ဌမအလွှာနှင့် ၎င်းထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၂၁မျိုးကို နားလည်သွားပြီဖြစ်သည်။
လင်းယွမ်က နောက်လှည့်ပြီး သူဖြတ်ကျော်ခဲ့သော ရုပ်တုများစွာကို ကြည့်လိုက်သည််။ သူ၏ အကြည့်များက ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများတွင်သာ ရှိနေသည်။
ဖြည်းညင်းစွာ လည်ပတ်နေသော မှော်ကုဗတုံး၊ တောက်လောင်နေသော နေမင်း၊ ကြောက်စရာကောင်းသော အနက်ရောင်တွင်းပေါက်ကြီးတစ်ခု၊ သူငယ်အိမ်မပါသော မျက်လုံးကြီးတစ်လုံး၊ လှိုင်းများဖြစ်ပေါ်နေသော ရေစက်တစ်စက်၊ မျက်နှာပြင်က ပြင်ပကမ္ဘာနှင့် ချိတ်ဆက်နေသည်ဟု ထင်ရသော မှန်တစ်ချပ်လည်း ရှိနေသည်။
ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပါဝင်သည့် ရုပ်တုများကြားတွင် မှော်ကုဗတုံးက သာမန်ပုံစံ အဖြစ်ဆုံး ဖြစ်၏။
" ဒီရုပ်တုတွေအားလုံးက ငါ့ကို ရင်းနှီးတဲ့ ခံစားချက်မပေးဘူး။ သူတို့က ငါနဲ့ မသင့်တော်တဲ့ပုံပဲ။ ဒါပေမယ့် ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းအောက်မှာ သင်တော်တာက ကိစ္စတစ်ခု မဟုတ်တော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လုံဟုကမ္ဘာထဲရှိ ဓားသင်္ချိုင်းထဲတွင်လည်း ကျန်းဝူဓားက သူ့ကို အမှန်တကယ် ရွေးချယ်ခြင်းမဟုတ်ပေ။ ဖိအားပေးပြီး အတင်းအကျပ် အညံ့ခံစေခဲ့ခြင်းသာ ဖြစ်သည်။
လင်းယွမ်၏ ခွန်အားက နားမလည်နိုင်အောင် နက်နဲလာမှသာ ကျန်းဝူဓားက နာခံလာခဲ့ခြင်း ဖြစ်သည်။
" ဟမ် နောက်တစ်ယောက် ထွက်သွားတော့မှာလား။ " လင်းယွမ်က ရပ်တန့်လိုက်ပြီး အနီးရှိ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ပြီး ရုပ်တုကို ထိလိုက်သည်။
ရုတ်တုက စတင်တောက်ပလာသည်။ ထိုဆင့်ကဲပြောင်းလဲသူက စမ်းသပ်မှုကို အောင်မြင်ပြီး ထွက်ခွာသွားသည်။
" တတိယအလွှာ ငွေရောင်သင်္ကေတပိုင်ရှင်။ " လင်းယွမ်က ထိုဆင့်ကဲပြောင်းလဲသူ၏ မျက်နှာပေါ်မှ ငွေရောင်သင်္ကေတကို သတိထားမိသွားသည်။
သတ္တမကြယ်ဂူတွင် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများက တတိယအလွှာထိ နားလည်ရုံဖြင့် စမ်းသပ်မှုကို အောင်မြင်လေသည်။ စတုတ္ထအလွှာများကတော့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စတုတ္ထအလွှာထိ နားလည်ရန် လိုအပ်လေသည်။ ၎င်းက တရားမျှတလေသည်။
" ဆင့်ကဲပြောင်းလဲသူ နည်းနည်းပဲ ကျန်တော့တယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တွေးလိုက်သည်။
သူတို့က လင်းယွမ်ထက်အရင် သတ္တမကြယ်ဂူကို ဝင်ရောက်ခဲ့သူများ ဖြစ်ကြသည်။ သူတို့က သတ္တမကြယ်ဂူတွင် ရက်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် နေခဲ့ပြီး နှစ်မီတာကျော်မြင့်သော ရုပ်တုများကိုသာ ဆင်ခြင်ကြသောကြောင့် အများစုက စမ်းသပ်မှုကို အောင်မြင်နေကြပြီဖြစ်သည်။
ယခုသတ္တမကြယ်ဂူတွင် အနီရောင်သင်္ကေတပိုင်ရှင် သုံးယောက်ဖြစ်ပြီး အနည်းစုက ရွှေရောင်သင်္ကေတများ ဖြစ်ပြီး အများစုက ငွေရောင်သင်္ကေတ ပိုင်ရှင်များဖြစ်ကြလေသည်။
" ဟမ် " လင်းယွမ်၏ အကြည့်များက ပြောင်းလဲသွားသည်။ သူက ဆဋ္ဌမကြယ်ဂူမှ သတ္တမကြယ်ဂူသို့ ပြောင်းရွေ့ရာတွင် ကနီဦးပေါ်လာသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လူငယ်တစ်ယောက် ပေါ်လာသည်။
" ဖန်ချင်းလား။ " လင်းယွမ်က တစ်ဖက်လူကို ချက်ချင်း မှတ်မိလိုက်သည်။
ယခင်စမ်းသပ်မှုများတွင် လင်းယွမ်က ဖန်ချင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ လင်းယွမ်က ဖန်ချင်း၏ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ရင်းနှီးခြင်းဖြစ်သောကြောင့် သူ၏ သွင်ပြင်ကို မည်မျှပြောင်းလဲသည်ဖြစ်စေ လင်းယွမ်က မှတ်မိလေသည်။
" သူပဲ။ " လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ ဖန်ချင်း သတ္တမကြယ်ဂူသို့ ရောက်လာခြင်းကို သူ မအံ့ဩပေ။
" ဆက်သွားရမယ်။ ပြီးခါနီးပါပြီ။ " လင်းယွမ်က ဖန်ချင်းကို ဂရုမစိုက်တော့ဘဲ ရှေ့မှ ကျောက်ရုပ်တုဆီသို့ သွားလိုက်သည်။
" ဘယ်လောက်တောင်ကြီးမားလိုက်တဲ့တောင်ကြီးလဲ။ " ဖန်ချင်းက သတ္တမကြယ်ဂူသို့ ရောက်သောအခါ သူ၏ ခြေထောက်အောက်မှ တောင်ကြီးကို အံ့ဩစွာ ကြည့်လိုက်သည်။
ကြယ်စကြာဝဠာထဲတွင် တည်ရှိနေသော တောင်ကြီးကို ပထမဆုံး မြင်လိုက်ရသည်နှင့် မည်သူမဆို တုန်လှုပ်သွားကြမည်မှာ သေချာလေသည်။ လင်းယွမ်က သတ္တမကြယ်ဂူသို့ ပထမဆုံးရောက်ချိန်ကလည်း ထိုကဲ့သို့ တုန်လှုပ်ခဲ့ရသည်။
မကြာမီ ဖန်ချင်းက တောင်ထိပ်ပေါ်မှ ကျောက်ရုပ်တုများစွာကို အာရုံစိုက်လိုက်သည်။
" ကျောက်ရုပ်တုတစ်ခုအတွင်းမှာရှိတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ဖို့လား။ " ဖန်ချင်းက ရုပ်တု ၁၃၆ခုကို အာရုံစိုက်လိုက်ပြီး ရုပ်တုနှစ်ခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
" အဲ့ဒီနှစ်ခုပဲ။ " ဖန်ချင်းက ချက်ချင်း ကျောက်ရုပ်တုနှစ်ခုဆီသို့ သွားလိုက်သည်။
နောက်ထပ် သုံးလေးရက်ကြာသွားခဲ့သည်း။ လင်းယွမ်က နောက်ဆုံး ကျောက်ရုပ်တုရှေ့သို့ ရောက်နေပြီဖြစ်သည်။
ထိုရုပ်တုက အရာအားလုံးကို ဝါးမျိုးချင်နေသကဲ့သို့ ဆယ်နှစ်မီတာကျော်မြင့်သော ကြီးမားသည့် ပါးစပ်ကြီးတစ်ခု ဖြစ်သည်။
" ဝါးမျိုခြင်းလား။ " လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။
ဆင့်ကဲပြောင်းလဲသူများက အခြားကျောက်ရုပ်တုများကို မဆင်ခြင်လျှင်တောင် တစ်ခါတစ်ရံ လာရောက်စမ်းသပ်ကြည့်ကြလေသည်။ သို့သော် ထိုရုပ်တုကိုတော့ ဘယ်သူမှ လေ့လာကြည့်ခြင်း မရှိခဲ့ပေ။
လင်းယွမ်က စတင်လေ့လာရန် ပြင်လိုက်သည်။
ဝုန်း....
လေဟာနယ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
အဝေးတွင် မှော်ကုဗတုံး၏ အောက်မှ ရင်လင်းက ပျော်ရွှင်သောအမူအရာနှင့် မှော်ကုဗတုံးကို ထိလိုက်သည်။ ရုတ်တရက် မှော်ကုဗတုံးက လှည့်ပတ်ခြင်း ရပ်သွားပြီး အလင်ရောင်တစ်ခု လင်းလက်သွားကာ ငွေရောင်ဆံပင်နှင့် ရင်လင်းက ပျောက်ကွယ်သွားသည်။
ထိုဖြစ်ရပ်က ဆင့်ကဲပြောင်းလဲသူများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ အဆုံးတွင် ငွေရောင်ဆံပင်နှင့် ရင်လင်းက ငွေရောင်သင်္ကေတပိုင်ရှင်တစ်ယောက် ဖြစ်လေသည်။ ထို့အပြင် ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုတစ်ခုကို ပထမဆုံး နားလည်သွားပြီး စမ်းသပ်မှုကို အောင်မြင်သွားသူမှာလည်း သူမပင် ဖြစ်သည်။
ဆန်းကြယ်သော နေရာတွင် လူဆယ့်နှစ်ယောက်က ရင်လင်း ထွက်သွားသည်ကို မြင်သောအခါ စတင်ဆွေးနွေးလိုက်ကြသည်။
" အဲ့ဒါ ဟန်ယုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ "
" ပထမအလွှာကို နားလည်ဖို့ ၂၇ရက်ပဲ ကြာတယ်။ သူမက အနာဂတ်မှာ ဆဋ္ဌမအလွှာထက် ကျော်လွန်နိုင်လိမ့်မယ်။ "
" ဒီလိုပါရမီရှင်က ငါတို့နဲ့ ဘာမှမဆိုင်တာ နှမြောစရာပဲ။ "
" ဘာလဲ မင်းက သူမကို ခေါ်ချင်လို့လား။ မင်းက ဟန်ယုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုတောင် နားလည်လို့လား။ "
သူတို့က လင်းယွမ်ကို အာရုံစိုက်ခြင်းမရှိကြတော့ပေ။ ၂၃ရက် ၂ရက်လုံးလုံး အခြားသူများက နားလည်ဆင်ခြင်နိုင်ရန် ကြိုးစားအားထုတ်နေကြချိန်တွင် ထိုအကောင်က ၂၃လုံလုံး လျှောက်သွားနေခဲ့သည်။
အကယ်၍ သူတို့က စမ်းသပ်မှုများကို စွက်ဖက်ရန် အခွင့်အာဏာသာရှိပါက အချို့က လင်းယွမ်ကို ထို၂၃ရက်အတွင်း ဘာတွေများလုပ်နေလဲဟု အတိအကျ သွားမေးပေလိမ့်မည်။
" လင်းယွမ် " ကုဇီက လင်းယွမ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ထိုအချိန်တွင် လင်းယွမ်က ပါးစပ်ကြီးတစ်ခုအောက်တွင် ထိုင်နေသည်။
" ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နားလည်ဖို့ အဲ့လောက်မလွယ်ဘူး။ " ကုဇီက လင်းယွမ်အပေါ် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးသည်။ သို့သော် ထိုမျှော်လင့်ချက်ကလေးက အကြိမ်တစ်ရာမက ပေါ်လာခဲ့ပြီးဖြစ်သည်။
နေ့တစ်ဝက်ကြာပြီးသောအခါ....
" ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
" စား စား စား အရာအားလုံးကို စားသောက်ဝါးမျိုပစ်။ ကြယ်စကြာဝဠာကြီးက ငါ့ရဲ့ စားစရာဖြစ်လာလိမ့်မယ်။ "
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း