နှစ်တစ်သောင်း....
Vol. 7 Ch. 117
" နောက်ဆုံးစမ်းသပ်မှု " ၎င်းကို ကြားသောအခါ ချီခွန်ကြယ်သခင်၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။
ဝုန်း....
ကြောက်စရာကောင်းသော အပူလှိုင်းက မိုင်ထောင်ပေါင်းများစွာသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချီခွန်ကြယ်သခင်၏ မျက်လုံးများက ကြယ်နှစ်စင်းကဲ့သို့ တောက်ပနေသည်။
ချီခွန်ကြယ်သခင်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး သူ၏ အကြည့်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာမှ သတ္တမကြယ်ဂူရှိ တောင်ထိပ်ပေါ်သို့ ကျရောက်သွားသည်။
ချက်ချင်း သူက လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး ခန်းမထဲမှ ပလ္လင်ပေါ်တွင် ထိုင်ပြီး သူ၏ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
" နှစ်ပေါင်းတစ်သောင်း "
တောင်ထိပ်က တုန်ခါပြီး လှုပ်ရမ်းနေသည်။ အထိခိုက်ဆုံးလူများကတော့ ကျောက်ရုပ်တုများကို လေ့လာနေကြဆဲ လူများဖြစ်ကြသည်။
သတ္တကြယ်ဂူထဲတွင် ရွှေရောင်သင်္ကေတပိုင်ရှင် လေးငါးဦးသာရှိပြီး ကျန်သူများက ငွေရောင်သင်္ကေတပိုင်ရှင်များ ဖြစ်ကြသည်။
အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်က စမ်းသပ်မှုကို အောင်မြင်ပြီး သတ္တမကြယ်ဂူမှ ထွက်ခွာသွားသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ ရွှေရောင်သင်္ကေတပိုင်ရှင်အများစုလည်း ထွက်သွားကြပြီဖြစ်သည်။
" ဘာဖြစ်တာလဲ။ "
" ဘာလို့မြေပြင်က မတည်မငြိမ်ဖြစ်နေတာလဲ။ "
" ငလျင်လား။ VR ကမ္ဘာမှာ ငလျင်တောင်ရှိတာလား။ "
ဆင့်ကဲပြောင်းလဲသူများက အချင်းချင်း အံ့ဩစွာ ကြည့်နေကြသည်။ သူတို့အားလုံးက တတိယအလွှာနှင့် စတုတ္ထအလွှာများဖြစ်ကြသောကြောင့် ထိုတုန်ခါမှုနှင့် ဟန်ချက်ပျက်သွားမည်မဟုတ်ပေ။
သို့သော် ဤနေရာက စမ်းသပ်မှုအတွက် ချီခွန်ကြယ်သခင် ဖန်တီးထားသော ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာဖြစ်၏။ စမ်းသပ်မှုဝင်ရောက်သူအားလုံးကို မျှတမှုရှိစေရန် အားလုံးကို စနစ်တကျစီစဉ်ထားခြင်း ဖြစ်သည်။
" ငါ့ရှေ့က ရုပ်တုက ဘာလို့လှုပ်နေတယ်လို့ ခံစားနေရတာလဲ။ "
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ၏ ရှေ့မှ ကျောက်ရုပ်တုကြီးကို မယုံကြည်နိုင်စွာကြည့်နေသည်။ ထိုရုပ်တုက သုံးမီတာနီးပါးရှည်ပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပါဝင်သော ရုပ်တုများထဲတွင် ထိပ်ဆုံးတွင်ပါဝင်လေသည်။
အခြားဆင့်ကဲပြောင်းလဲသူများကလည်း ၎င်းကို လျင်မြန်စွာ ရှာတွေ့သွားကြသည်။
မြေပြင်၏ တုန်ခါမှုအောက်တွင် နှစ်မီတာကျော်မြင့်သော ရုပ်တုများသာ သက်ရောက်ခံရရုံသာမက ဆဋ္ဌမအလွှာထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပါဝင်သည့် ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများကလည်း သက်ရောက်မှုခံရလေသည်။
ထိုကျောက်ရုပ်တုကြီးများထဲတွင် မလှုပ်မယှက် ရှိနေသော ကျောက်ရုပ်တုများသာမက လှုပ်ရှားနေသော ကျောက်ရုပ်တုများလည်း ရှိသည်။
ဥပမာ မျက်နှာပြင်ခြောက်ဘက်ရှိသော မှော်ကုဗတုံးက ဖြည်းညင်းစွာ လည်ပြီး လေဟာနယ်လှိုင်းများကို ထုတ်လွှတ်နေသည်။
ကြီးမားသော ပါးစပ်ရုပ်တုကြီးကလည်း အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဝါးမျိုခြင်းလှိုင်းများ ထွက်ပေါ်နေသည်။
ဆဋ္ဌမအလွှာကို ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပါဝင်သည့် ကျောက်ရုပ်တုတိုင်းက ၎င်းတို့၏ ပတ်ဝန်းကျင်ကို လွှမ်းမိုးပြီး ကိုယ်ပိုင်အော်ရာများ ထုတ်လွှတ်နေကြသည်။
သို့သော် ထိုအချိန်တ့်င် ဆယ်မီတာကျော်မြင့်သော ရုပ်တုကြီးများက အသက်မဲ့သွားသကဲ့သို့ ဖြစ်သွားသည်။ မျက်နှာခြောက်ဖက်နှင့် မှော်ကုဗတုံး၏ လည်ပတ်မှုကလည်း ရပ်တန့်သွားပြီး ဝါးမျိုးခြင်းလှိုင်းများ ထွက်ပေါ်နေသော ပါးစပ်ကြီးကလည်း သာမန်ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်သွားသည်။
" တစ်ခုခု ထူးခြားတာတော့ ဖြစ်နေပြီ။ " ဖန်ချင်းက သူ၏ ရှေ့မှ ရုပ်တုအား လေ့လာခြင်းကို ရပ်တန့်လိုက်သည်။
လူအိုကြီးက ကြယ်ခုနှစ်လုံးလှိုဏ်ဂူအကြောင်း သူ့ကို ရှင်းလင်းစွာ ပြောပြထားသည်။
ဖန်ချင်းက သူ၏ ပတ်ဝန်းကျင်ကို လေ့လာနေသည်။ သူက ကျောက်ရုပ်တုများအောက်မှ တုန်လှုပ်သော အမူအရာများနှင့် ဆင့်ကဲပြောင်းလဲသူများကို မြင်လိုက်ရသည်။
အဝေးတွင် လူတစ်ယောက်က မြေပြင်တွင် မလှုပ်မယှက် လဲလျောင်းနေသည်ကိုလည်း တွေ့ရလေသည်။
အားလုံးက စိုးရိမ်ထိတ်လန့်နေကြချိန်တွင် ထိုလူက လှုပ်ရှားခြင်းမရှိဘဲ တုန်ခါနေသော မြေပြင်တွင်သာ လဲလျောင်းနေသည်။
" ရွှေရောင်သင်္ကေတ " ဖန်ချင်းက ထိုလူကို အစောကတည်းက သတိပြုမိလေသည်။ သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို မဖြတ်ကျော်ဘဲ ထိုလူက လဲလျောင်းပြီး အနားယူနေခဲ့သည်။
ဆန်းကြယ်သော နေရာတွင် ချီခွန်ကြယ်သခင်၏ တပည့် ၁၂ ယောက်က ခံစားချက်များ ရောထွေးနေကြသည်။
သတ္တကြယ်ဂူထဲမှ လူများက တောင် တုန်ခါခြင်း၏ အဓိပ္ပါယ်ကို မသိကြသော်လည်း ချီခွန်ကြယ်သခင်၏ တပည့်များအနေဖြင့် သူတို့က အခြားသူများထက် ပိုသိကြလေသည်။
" တစ်ယောက်ယောက်က နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်သွားတာလား။ "
" အဲ့ဒါဘယ်သူလဲ။ နောက်ဆုံးစမ်းသပ်မှုရဲ့ ခက်ခဲမှုက အရမ်းမြင့်တယ်။ ငါအဲ့ဒါကို ဆင်ခြင်တုန်းကတောင် မအောင်မြင်ခဲ့ဘူး။ အဲ့ဒီ တတိယအလွှာနဲ့ စတုတ္ထအလွှာလေးတွေက ဘယ်လိုလုပ် အောင်မြင်သွားတာလဲ။ "
" ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုပဲ။ ငါတို့ ချီခွန်မျိုးနွယ်မှာ ဒီလိုမျိုးမဖြစ်တာ နှစ်ပေါင်းတစ်သောင်းကြာပြီ။ "
သူတို့က နောက်ဆုံးစမ်းသပ်မှု၏ ခက်ခဲမှုကို အတိအကျ သိထားကြသောကြောင့် အလွန်တုန်လှုပ်နေကြသည်။
" အဲ့ဒါ လင်းယွမ် "
" နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်တာ လင်းယွမ် ဖြစ်ရမယ်။ " သူတို့ဆယ့်နှစ်ယောက်က လူတိုင်းကို လိုက်ကြည့်လိုက်သည်။
အဆုံးတွင် သူတို့၏ အကြည့်များက လင်းယွမ်အပေါ်တွင် ရပ်တန့်သွားကြသည်။ သူတို့တွင် ရွေးချယ်စရာမရှိပေ။ အခြားသူများက ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ စိုးရိမ်ခြင်းများ ဖြစ်နေကြချိန်တွင် လင်းယွမ်တစ်ယောက်သာ အစမှအဆုံး မပြောင်းလဲဘဲ ရှိနေခဲ့သည်။
ထို့အပြင် တောင်တစ်ခုလုံး၏ တုန်ခါလှိုင်းများက လင်းယွမ်ဆီမှ စတင်ပျံ့နှံ့လာသည်ကို သူတို့က ခံစားမိကြလေသည်။
" လင်းယွမ် သူက အရင် လျှောက်သွားနေခဲ့တာမဟုတ်လား။ "
" သူက လျှောက်သွားတာမဟုတ်ဘဲ နောက်ဆုံးစမ်းသပ်မှုကို လေ့လာနေတာ ဖြစ်နိုင်လား။ "
" အဲ့လိုဖြစ်နိုင်တယ်။ ဘယ်သူက တွေးမိမှာလဲ။ လင်းယွမ်က ဒီလိုကြီးမားတဲ့ အံ့ဩမှုကို ယူဆောင်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "
သူတို့က အချင်းချင်း ဆွေးနွေးလိုက်ကြပြီး လင်းယွမ်၏ ယခင်ထူးဆန်းသော အပြုအမူများ၏ နောက်ကွယ်မှအကြောင်းရင်းကို ကောက်ချက်ချလိုက်ကြသည်။
ကြယ်သခင်၏ တပည့်များအနေဖြင့် သူတို့က သတ္တမကြယ်ဂူတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆မျိုးအပြင် နောက်ထပ် ၁၃၇ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ရှိသည်ကို သိကြလေသည်။
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်တုထဲတွင်မဟုတ်ဘဲ တောင်ကြီးအတွင်း၌သာ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာကို နှစ်တစ်သောင်းအတွင်း အကြိမ်ရာနှင့်ချီ ဖွင့်ခဲ့ပြီး သတ္တမကြယ်ဂူကို အနီရောင်သင်္ကေတပိုင်ရှင် ထောင်ချီဝင်ရောက်ခဲ့သော်လည်း ဘယ်သူမှ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားမလည်ခဲ့ကြပေ။
" နောက်ဆုံးစမ်းသပ်မှု... လင်းယွမ်က အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ တကယ်သင့်တော်တယ်။ သူသာ ချောချောမွေ့မွေ့နဲ့ ဆက်တိုးတက်လာရင် ဆဋ္ဌမအလွှာကို ကျော်လွန်ဖို့ ကြီးမားတဲ့ အခွင့်အရေးရှိတယ်။ "
အောက်မှ ကိုးယောက်ကလည်း မြေပြင်တွင် လဲလျောင်းနေသော လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်ကြသည်။
ဆဋ္ဌမအလွှာမှ သတ္တမအလွှာက အဓိက အတားအဆီးနှင့် အချုပ်အနှောင်ဖြစ်လေသည်။
ကြယ်စကြာဝဠာရှိ သန်းချီသော မျိုးနွယ်များကြားတွင် အထူးသွေးမျိုးဆက်များ၊ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ စွမ်းအားကောင်းသော တည်ရှိမှုများပင် ဆဋ္ဌမအလွှာကို အလွယ်တကူ ကျော်ဖြတ်နိုင်စွမ်း မရှိကြပေ။
ချီခွန်ကြယ်သခင်၏ မူလပုံစံမှာ ကြယ်စကြာဝဠာထဲရှိ အထွတ်အထိပ် သွေးမျိုးဆက်များထဲမှ တစ်ခုဖြစ်သော ကြယ်ပင်လယ်ခွန် ဖြစ်ပြီး အရွယ်ရောက်သည်နှင့် ဆဋ္ဌမအလွှာသို့ ရောက်ခဲ့သည်။
သို့တောင်မှ ချီခွန်ကြယ်သခင်က ဆဋ္ဌမအလွှာကို ကျော်ဖြတ်ရန် နှစ်ထောင်ပေါင်းများစွာ ကြာခဲ့သည်။ အကြောင်းမှာ ကြယ်ပယ်လယ်ခွန်များက ကျော်လွန်နိုင်စွမ်းမရှိကြဘဲ ချီခွန်ကြယ်သခင်၏ အရည်အချင်းများကြောင့်သာ ဖြစ်သည်။
သွေးမျိုးဆက် သို့မဟုတ် အရည်အချင်းများ၏ ကန့်သတ်ချက်က ဆဋ္ဌမအလွှာ ဖြစ်၏။ ဆဋ္ဌမအလွှာကို ကျော်လွန်ရန် လူတစ်ယောက်က ကိုယ်ကိုကိုယ် မှီခိုရန် လိုအပ်လေသည်။
လင်းယွမ်က နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သောအခါ ဆဋ္ဌမအလွှာကို ကျော်လွန်ရန် ကြီးမားသော အခွင့်အရေးရှိသည်ဟု ပြောခြင်းမှာ လွန်ကဲစွာ ချီးကျူးခြင်းသာ ဖြစ်သည်။
" ဟူး " အောက်မှ ကိုးယောက်အနက်မှ ခါဝူက သက်ပြင်းချလိုက်သည်။
ဒုတိယကြယ်ဂူတွင် သူက လင်းယွမ်ကို သတိပြုမိခဲ့ပြီး သူ၏ စီနီယာအကိုများကလည်း လင်းယွမ်ကို ရွေးချယ်ထားရန် ြပြောခဲ့ကြသည်။
ထို့နောက် သူက စတုတ္ထကြယ်ဂူတွင် လင်းယွမ်၏ အံ့ဩဖွယ်ရာ စွမ်းဆောင်မှုကို သူ တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ခါဝူက ကိုယ်တိုင်ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့ပေ။
နောက်ဆုံး လင်းယွမ်က သတ္တမကြယ်ဂူထဲတွင် ရုပ်တုတစ်ခုမရွေးချယ်ဘဲ လျှောက်သွားနေသောအခါ သူ၏ စီနီယာအကိုများပင် လင်းယွမ်ကို သဘောမကျဖြစ်ခဲ့ရသည်။ ထို့ကြောင့် ထိုအချိန်က သူ့အတွက် အခွင့်အရေးရှိနေခဲ့သေးသည်။
သို့သော် ယခုအချိန်တွင် ခါဝူက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။
" ဂျူနီယာညီလေး ဘာမှနောင်တရမနေနဲ့။ " ခါဝူ၏ ဘေးမှ လူတစ်ယောက်က သူ၏ ပြောင်းလဲမှုများကို သတိပြုမိပြီး နှစ်သိမ့်လိုက်သည်။
" အဲ့ဒီလင်းယွမ်က နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်ခဲ့တော့ သူက အထက်က စီနီယာအကိုသုံးယောက်အပါအဝင် ငါတို့ထက် ကျော်လွန်သွားပြီ။ " သူက ထိုသို့ ပြောပြီး အထက်သို့ လှမ်းကြည့်လိုက်သည်။
ခါဝူက အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
နောက်ဆုံးစမ်းသပ်မှုက ဆရာကိုယ်တိုင် ချန်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်သောင်းက ထိုစမ်းသပ်မှုကို အောင်မြင်ခဲ့သော ဆင့်ကဲပြောင်းလဲသူကို ဆရာက တပည့်အဖြစ် တိုင်ရိုက်ခေါ်ယူခဲ့သည်။
စိတ်မကောင်းစရာမှာ ထိုဆင့်ကဲပြောင်းလဲသူက မကြီးထွားလာသေးမီ သူ၏ မောက်မာသော အပြုအမူများကြောင့် မျိုးနွယ်ခြားများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံးတွင် မျိုးနွယ်ခြားများက ဆဋ္ဌမအလွှာ စွမ်းအားရှင် ကိုးယောက်ကို စတေးပြီး ထိုပါရမီရှင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ထိုအဖြစ်အပျက်က ချီခွန်ကြယ်သခင်ကို ဒေါသထွက်စေခဲ့ပြီး သူက စစ်မြေပြင်သို့ သွားပြီး မျိုးနွယ်ခြားများကို နှစ်ရာချီကြာအောင် ပစ်မှတ်ထား သတ်ဖြတ်ပြီးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း