← Chapters

ရွှမ်ဟွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၊ ၁၃ယောက်မြောက်တပည့်....

Vol. 7 Ch. 118

ရွှမ်ဟွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၊ ၁၃ယောက်မြောက်တပည့်....

Vol. 7 Ch. 118

ချီခွန်ကြယ်သခင်၏ အသန်မာဆုံး တပည့်သုံးယောက်က....

" ငါတို့အားလုံးက သူ့ကို အထင်လွဲခဲ့တာပဲ။ "

" အဲ့ဒီလင်းယွမ်က ရုပ်တု ၁၃၆ခုလုံးကို အလေးထားတာမဟုတ်ဘူး။ "

" သူက အစကနေအဆုံး အဲ့ဒီ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆင်ခြင်နေခဲ့တာပဲ။ "

သူတို့၏ လေသံများက မနာလိုခြင်း ဒေါသထွက်ခြင်းများမရှိဘဲ အံ့ဩခြင်းနှင့်ပျော်ရွှင်ခြင်းများသာ ရှိသည်။

လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုတွင် ပါဝင်လိုက်သည်နှင့် ချီခွန်မျိုးနွယ်ဝင်တစ်ယောက်ဟု ပြောလို့ရလေသည်။

သူတို့မိသားစုထဲမှာ စွမ်းအားကြီးသူတစ်ယောက် ထွက်ပေါ်လာတာကို ဘယ်သူက မကျေမနပ်ဖြစ်မှာလဲ။

" ကုဇီ မင်းသူ့ကို လိုချင်ရင်တောင် လက်မခံနိုင်တော့ဘူး။ " အလယ်မှလူက ကုဇီကို လှောင်ပြောင်လိုက်သည်။

လင်းယွမ်က နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်ခဲ့သောကြောင့် ချီခွန်မျိုးနွယ်တစ်ခုလုံးတွင် ချီခွန်ကြယ်သခင်တစ်ယောက်သာ သူ့ကို လက်ခံရန် အရည်အချင်းရှိသည်ဟု ဆိုလိုလေသည်။

သူတို့က သူ့ကို အရှက်မဲ့စွာ တောင်းဆိုလျှင်တောင် သူ့ကို လမ်းညွှန်နိုင်စွမ်းမရှိပေ။

လင်းယွမ်က ဆဋ္ဌမအလွှာထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခဲ့လျှင်တောင် သူတို့က သူ့ကို လမ်းညွှန်မှုနှင့် အကြံဉာဏ်များ ပေးဆောင်နိုင်လေသည်။

သို့သော် နောက်ဆုံးစမ်းသပ်မှုမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဆိုလျှင်တော့....

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ဆဋ္ဌမအလွှာထက် ကျော်လွန်လေသည်။ ဆဋ္ဌမအလွှာကျော်လွန်သူများကြားတွင်လည်း ကွာခြားချက်များရှိလေသည်။ သူတို့သုံးယောက်ကဲ့သို့ ဆဋ္ဌမအလွှာထက် ျကျာ်လွန်ကြသော်လည်း ချီခွန်ကြယ်သခင်နှင့် ယှဉ်သောအခါ သူတို့က လရောင်ကို ဆန့်ကျင်နေသော ပိုးစုန်းကြူးငယ်များသဖွယ် ဖြစ်နေသည်။

" နှစ်တစ်သောင်းကြာသွားခဲ့ပြီ။ "

" နောက်ဆုံးတော့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ သင့်တော်တဲ့ နောက်ထပ်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ။ " ချီခွန်ကြယ်သခင်က နန်းတော်ထဲရှိ ပလ္လင်ပေါ်တွင် ထိုင်ပြီး အတွေးထဲတွင် နစ်မြောနေသည်။

ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ကြယ်သခင် စကြာဝဠာလျို့ဝှက်နယ်မြေတစ်ခုမှ ရရှိခဲ့သေည လျို့ဝှက်ဆန်းကျယ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်များသာမက မျိုးနွယ်ခြားများလည်း လေ့ကျင့်နိုင်လေသည်။

ခက်ခဲမှုအရဆိုလျှင် ချီခွန်ကြယ်သခင်က ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တွေ့ချိန်မှစ၍ ယခုထိ သင့်တော်သော လူတစ်ယောက်သာ တွေ့ခဲ့ဖူးလေသည်။

ထိုအချိန်က ချီခွန်ကြယ်သခင်မှာ ဝမ်းသာစွာဖြင့် သူ့ကို တပည့်အဖြစ် တိုက်ရိုက်လက်ခံခဲ့သည်။ ကံဆိုစွာပင် ထိုလူက မျိုးနွယ်ခြားများ၏ လက်ထဲတွင် လွန်ခဲ့သော နှစ်တစ်သောင်းက သေဆုံးသွားခဲ့သည်။

" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " ချီခွန်ကြယ်သခင်၏ မျက်နှာက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူနှင့်မသင့်တော်လျှင်တောင် သူ၏ ခွန်အားနှင့် အတင်းအကျပ် လေ့ကျင့်နိုင်လေသည်။

သို့သော် သူလုပ်ခဲ့လျှင် ဆဋ္ဌမအလွှာသို့သာ ရောက်နိုင်ပြီး ဆဋ္ဌမအလွှာကို ကျော်ဖြတ်ရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ကိုက်ညီသော လူတစ်ယောက်သာလျှင် ပိုမြင့်သောအဆင့်ကို ရောက်နိုင်လေသည်။

" လင်းယွမ် " လင်းယွမ်နှင့် ပက်သက်သော အချက်အလက်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

" ငါ့ရဲ့ တပည့်ကောင်းလေး..." ချီခွန်ကြယ်သခင်က နောက်တစ်ကြိမ် VR ကမ္ဘာနှင့် ဆက်သွယ်လိုက်သည်။

သတ္တမကြယ်ဂူတွင် လင်းယွမ်က မြေပြင်တွင် လဲလျောင်းနေဆဲ ဖြစ်သည်။ အမှန်တော့ သူက သူ၏ အောက်မှ တောင်ကို နားလည်ရန် အကောင်းဆုံး ကြိုးစားနေခြင်းဖြစ်သည်။

" ဘယ်လိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မလို့ ငါ ဆက်ရက်နီးပါးလေ့လာတာတောင် ပထမအလွှာကို မဖမ်းဆုပ်နိုင်သေးတာလဲ။ " လင်းယွမ်က သူ၏ စိတ်ထဲတွင် တုန်လှုပ်နေသည်။

သူက ဆယ်မီတာကျော်မြင့်သော ရုပ်တုများကို လေ့လာစဉ်ကပင် ပထမအလွှာနှင့် ဒုတိယအလွှာကို ဖမ်းဆုပ်နိုင်ရန် အများဆုံး နေ့တစ်ဝက်သာ ကြာခဲ့လေသည်။

သူ၏ အောက်မှ တောင်ကို လေ့လာရသည်မှာ အသိအမြင်များက အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော တောင်ထိပ်ကို အာရုံခံပြီး အမည်မသိဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ပထမအလွှာရဲ့ တစ် ရာခိုင်နှုန်းကို နားလည်သွားပါပြီ။ ]

" ပထမအလွှာရဲ့ တစ် ရာခိုင်နှုန်း "

လင်းယွမ်က သူ၏ အောက်မှ တောင်၏ တုန်ခါမှုကို ခံစားမိခဲ့ပြီး သူက သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန် သတ်မှတ်ချက်များနှင့် ပြည့်မီသွားပြီကို နားလည်ခဲ့သည်။

သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို အောင်မြင်ရန် နှစ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများကို လေ့လာသူများက တတိယအလွှာနှင့် စတုတ္ထအလွှာကဏ္ဍများကို နားလည်ရန် လိုအပ်လေသည်။

ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများကို လေ့လာသူများက ပထမအလွှာကဏ္ဍကို ဖမ်းဆုပ်မိရန်သာ လိုအပ်လေသည်။

ယခု တောင်ထိပ်ကို လေ့လာနေသော လင်းယွမ်ကလည်း ပထမအလွှာ၏ တစ် ရာခိုင်နှုန်းကို နားလည်သွားခြင်းက စမ်းသပ်မှုအောင်မြင်ပြီဟု ပြောလို့ရပေသည်။

အထက်ပါနည်းလမ်းသုံးမျိုးတွင် တစ်ခုထက် နောက်တစ်ခုက ပိုခက်ခဲလေသည်။ အထူးသဖြင့် နောက်ဆုံးနည်းလမ်းဖြစ်သည်။ လင်းယွမ်က ရုပ်တုများအားလုံးကို နားလည်ပြီး သူ၏ နားလည်နိုင်စွမ်းမြင့်မားလာခြင်းကြောင့်မဟုတ်ပါက တောင်ထိပ်ကို အကြိမ်များစွာ စစ်ဆေးသည်ဖြစ်စေ သူက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်နိုင်မည်မဟုတ်ပေ။

" တန်ပါတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

သူက ပထမအလွှာ၏ တစ် ရာခိုင်နှုန်းသာ နားလည်ခဲ့သော်လည်း သူက စမ်းသပ်မှုကို အောင်မြင်ခဲ့သောကြောင့် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အပြည့်အစုံကို ရရှိပေလိမ့်မည်။

အစမှအဆုံး လင်းယွမ်က တောင်ထိပ်ဆီမှ မည်သည့်ဆွဲဆောင်မှုမှ မခံစားခဲ့ရပေ။

အခြားစကားနှင့်ဆိုလျှင် လင်းယွမ်က ထိုအမည်မသိဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် မသင့်တော်သော်လည်း သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းက ၎င်းကို ဖမ်းဆုပ်နိုင်ခဲ့ပြီး စမ်းသပ်မှုကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုလမ်းစဉ်က လင်းယွမ် အချိန်တိုအတွင်း နားလည်နိုင်ရန် ကျယ်ပြန့်နက်နဲလှသည်။ သူက နောက်ပိုင်း တဖြည်းဖြည်း နားလည်နိုင်ရန်သာ ရှိသည်။

သို့သော် ၎င်းက လင်းယွမ်အတွက် ပြဿနာမရှိပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက နားမလည်မည်ကို မကြောက်ဘဲ လေ့လာစရာမရှိမည်ကိုသာ ကြောက်လေသည်။

ကောင်းကင်နှင့်မြေကြီး၏ သဘာဝကို တိုက်ရိုက်အာရုံခံခြင်းက ခက်ခဲနက်နဲသော်လည်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ကောင်းကင်နှင့်မြေကြီး၏ နက်နဲသောအရာများကို အတိအကျ ဖော်ပြထားလေသည်။

လင်းယွမ်အတွက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာခြင်းက ဖြတ်လမ်းနည်းနှင့် တူလေသည်။

ဝှစ်....

လင်းယွမ်က သူ၏ နေရာမှ ပျောက်ကွယ်သွားသည်။ အခြားသူများ စမ်းသပ်မှုကို အောင်မြင်သွားသကဲ့သို့ သူလည်း သတ္တမကြယ်ဂူမှ ထွက်ခွာသွားခဲ့သည်။

ကွဲပြားမှုမှာ သူတို့က သူတို့၏ ရှေ့မှ ရုပ်တုများကို ထိခြင်းဖြင့် အဝေးသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ လင်းယွမ်ကတော့ မြေပြင်တွင် လဲလျောင်းနေရင်း ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

လင်းယွမ်ထွက်သွားခြင်းက ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်၏ အာရုံကို ဖမ်းစားသွားသည်။

လင်းယွမ်ပျောက်ကွယ်သွားသည့်ပုံစံကို မြင်လျှင် အခြားသူများက VRကမ္ဘာမှထွက်သွားသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် သူတို့ဆယ့်နှစ်ယောက်က သတ္တမကြယ်ဂူကို အာရုံစိုက်နေကြသောကြောင့် ထိုသို့မဟုတ်သည်ကို နားလည်ကြသည်။ လင်းယွမ်က စမ်းသပ်မှုကို အောင်မြင်ပြီး ထွက်ခွာသွားခြင်း ဖြစ်သည်။

" ဆရာ လှုပ်ရှားလိုက်တာထင်တယ်။ " အထက်မှ သုံးယောက်ထဲရှိ အလယ်မှ တစ်ယောက်က ပြောလိုက်သည်။

သတ္တမကြယ်ဂူ၏ စည်းမျဉ်းများအရ စမ်းသပ်မှုအောင်မြင်သော ဆင့်ကဲပြောင်းလဲသူတိုင်းက စုဝေးသော နေရာသို့ ပို့ဆောင်ခံရလေသည်။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာပိတ်မှသာ သူတို့က တပည့်ဆယ့်နှစ်ယောက်၏ ရွေးချယ်ခြင်း ခံရမည်ဖြစ်သည်။

သို့သော် လင်းယွမ်ပျောက်ကွယ်သွားသောအခါ သူတို့က လင်းယွမ်ကို စုဝေးသော နေရာတွင် မတွေ့ရပေ။ ထို့ကြောင့် ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာ၏ စည်းမျဉ်းများကို ပြောင်းလဲနိုင်သာမှာ ချီခွန်ကြယ်သခင်တစ်ယောက်သာ ဖြစ်သည်။

" ဒါက ဘယ်နေရာလဲ။ " လင်းယွမ်က နန်းတော်တစ်ခုအတွင်း ပေါ်လာသည်။

ပတ်ဝန်းကျင်က ကျယ်ဝန်းပြီး လူသူကင့်မဲ့နေရာ အလယ်တွင် ပလ္လင်တစ်ခုသာ ရှိလေသည်။ ပလ္လင်ပေါ်တွင် အနီရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးထိုင်နေသည်။ အဘိုးအို၏ မျက်လုံးများက မှိတ်ထားသော်လည်း သူ့ကို ကြည့်နေသည်ဟု လင်းယွမ်က ခံစားနေရသည်။

" ဟမ် " ဖန်ချင်း၏ ပြောစကားအရ သတ္တမကြယ်ဂူကို ဖြတ်ကျော်ပြီးသည်နှင့် အားလုံးကို တစ်နေရာတည်းသို့ ပို့ဆောင်မည်ဖြစ်ပြီး ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်၏ ရွေးချယ်မှုကို စောင့်ဆိုင်းရမည်ဟု ပြောခဲ့လေသည်။

ယခုနန်းတော်ထဲတွင် လင်းယွမ်က အခြားသူများကိုလည်း မတွေ့ရပေ။

" ဖြစ်နိုင်တာက..." လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ၎င်းက သူနားလည်ခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကြောင့် ဖြစ်ပေလိမ့်မည်။

" ငါက ချီခွန်ပဲ။ ငါမင်းကို ငါ့ရဲ့ ၁၃ ယောက်မြောက်တပည့်အဖြစ် ခေါ်ယူချင်တယ်။ " အနီရောင်ဝတ်ရုံနှင့် လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်။ " မင်းဆန္ဒရှိလား။ "

" ချီခွန်..." လင်းယွမ်၏ စိတ်ထဲတွင် အတွေးများ ပေါက်ကွဲလာသည်။ " တပည့်ဆန္ဒရှိပါတယ်။ "

ချီခွန်ကြယ်သခင်က တပည့်လက်မခံသည်မှာ ကြာပြီဟု ဖန်ချင်းက လင်းယွမ်ကို ပြောခဲ့လေသည်။

၎င်းကို ချီခွန်ကြယ်နယ်မြေအပြင် အခြားကြယ်နယ်မြေမှ စွမ်းအားကြီးတည်ရှိမှုများပင် သိကြလေသည်။ အခြားအင်အားစုကြီးများက သူတို့၏ မျိုးဆက်များကို ချီခွန်ကြယ်သခင်က တပည့်အဖြစ် လက်ခံရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသော်လည်း ယနေ့အထိ ဘယ်သူမှမအောင်မြင်ခဲ့ပေ။

အကြောင်းရင်းမှာ ချီခွန်ကြယ်သခင်က တပည့်များကို သင်ကြားရာတွင် အလွန်ကောင်းမွန်သောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် ဆဋ္ဌမအလွှာ ဆယ်ယောက်၊ တစ်ရာ၊ တစ်ထောင်ထဲတွင်ပင် အဆင့်တက်နိုင်သည့်လူ တစ်ယောက်ပါသည်ကပင် အလွန်ရှားပါးလေသည်။

သို့သော် ချီခွန်ကြယ်သခင်ရဲ့ တပည့်တွေကရော။ ၁၂ ယောက်မှာ သုံးယောက်က ဆဋ္ဌမအလွှာကို ကျော်လွန်သွားပြီဖြစ်သည်။

ထိုဖြစ်နိုင်ချေက ကြောက်စရာကောင်းလေသည်။ ပြောရလျှင် ချီခွန်ကြယ်သခင်ကိုယ်တိုင်လက်ခံထားသော တပည့် ၁၂ယောက် ဖြစ်သော​ကြောင့် အခြားသူများထက် ဆဋ္ဌမအလွှာကို ကျော်ဖြတ်ရန် အခွင့်အလမ်း ပိုများလေသည်။ သို့သော် တပည့် ၁၂ ယောက်တွင် သုံးယောက်က အလွန်များလေသည်။

လွန်ခဲ့သော နှစ်တစ်သောင်းတွင် ချီခွန်ကြယ်သခင်က လက်ခံခဲ့သော တပည့်တစ်ယောက်က မျိုးနွယ်ခြားများ၏ လက်ထဲတွင် သေဆုံးသွားပြီးနောက် သူက နောက်ထပ်တပည့်လက်မခံတော့ပေ။

အမှန်တော့ ချီခွန်ကြယ်သခင်၏ အဆင့်နှင့် တစ်စုံတစ်ယောက်ကို တကယ်သဘောမကျဘဲ တပည့်အဖြစ်လက်ခံခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

အတိတ်တွင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သော်လည်း ချီခွန်ကြယ်သခင်က သူတို့ကို ကြည့်ပင်မကြည့်ဘဲ သူ၏ တပည့်၁၂ဖြင့်သာ လွှဲထားခဲ့သည်။ သူ၏ အမြင်တွင် အနီရောင်သင်္ကေတဖြစ်စေ၊ ရွှေရောင်သင်္ကေတဖြစ်စေ၊ သာမန်ငွေရောင်သင်္ကေတဖြစ်စေ အားလုံးက အတူတူပင် ဖြစ်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters