ညီငယ်လေး....
Vol. 7 Ch. 119
" ဆရာကို အရိုအသေပေးပါတယ်။ " နန်းတော်အတွင်းတွင် လင်းယွမ်က အနည်းငယ် ဦးညွှတ်လိုက်သည်။
ချီခွန်ကြယ်သခင်က မည်သည့်အဆင့်တွင် ရောက်နေမှန်း သူမသိသော်လည်း လွန်စွာ သန်မာသည်မှာ ထင်ရှားနေသည်။ ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်၏ ရှေ့တွင် လင်းယွမ်က ရိုသေမှုကိုတော့ ပြသရပေမည်။
ထိုအပြင် ချီခွန်ကြယ်သခင်က သူ၏ ဆရာဖြစ်လာလျှင် သူ အန္တရာယ်တစ်ခုခုကြုံတွေ့ရလျှင် ချီခွန်ကြယ်သခင်က ရပ်ကြည့်နေမည်မဟုတ်ပေ။ စကြာဝဠာလူသားမဟာမိတ်တွင် ဆရာအဖြစ် တင်မြှောက်ခြင်းက အလွန် လေးနက်သော ကိစ္စတစ်ခုဖြစ်သည်။
" မဆိုးဘူး။ " ချီခွန်ကြယ်သခင်က ကျေနပ်သွား၏။ သူက မျက်လုံးမှိတ်ထားသော်လည်း လင်းယွမ်၏ လှုပ်ရှားမှုတိုင်းက သူ၏ စိတ်ထဲတွင် ထင်ရှားနေသည်။
သူက လွန်ခဲ့သော နှစ်တစ်သောင်းကျော်ကတည်းက တပည့်များကို လက်ခံခဲ့ခြင်းမရှိဘဲ သူဟာသူသာ လေ့ကျင့်ခဲ့သည်။
သို့သော် လင်းယွမ်ကတော့ မတူပေ။ သူက တစ်လအတွင်း ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အခြေခံများကို နားလည်ခဲ့သည်။ ကောင်းစွာ ကျင့်ကြံနိုင်လျှင် ရှေ့မှ တပည့် ၁၂ယောက်ထက် သာလွန်ပေလိမ့်မည်။
ပိုအရေးကြီးသည်မှာ ချီခွန်ကြယ်သခင်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကန့်သတ်ချက်ကို သိချင်နေသည်။ သူက စကြာဝဠာလျို့ဝှက်နယ်မြေမှ သူ အသက်အန္တရာယ်ကို စွန့်စားပြီး ယူလာသော ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က မည်မျှထူးခြားသည်ကို လေ့လာရန် စိတ်အားထက်သန်နေခဲ့သည်။
ချီခွန်ကြယ်သခင်ကိုယ်တိုင်က လေ့ကျင့်ရန် မသင့်တော်သော်လည်း လင်းယွမ်မှတစ်ဆင့် သူမြင်နိုင်လေသည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မင်းဘယ်လောက်နားလည်ခဲ့လဲ။ " ချီခွန်ကြယ်သခင်က မေးလိုက်သည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " လင်းယွမ်က ထိုဆန်းကြယ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အမည်မှာ ရွှမ်ဟွမ်ဖြစ်သည်ကို နားလည်လိုက်သည်။
" နည်းနည်းလေးပါ။ " လင်းယွမ်၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင် ပေါ်လာသည်။
ဆယ်ရက်နီးပါး လေ့လာဆင်ခြင်ခဲ့သော်လည်း ပထမအလွှာကဏ္ဍ၏ တစ် ရာခိုင်နှုန်းသာ နားလည်ခဲ့သည်။
" အဲ့ဒါက သာမန်ပါပဲ။ တစ်လအတွင်းမှာ အနှစ်သာရကို ဖမ်းဆုပ်နိုင်တာက တော်တော်ကောင်းနေပြီ။ " ချီခွန်ကြယ်သခင်က သာမန်အတိုင်း ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲသူများ၏ သက်တမ်းက ရှည်လျားပြီး ဆဋ္ဌမအလွှာသို့ ရောက်လျှင် နှစ်ပေါင်း နှစ်ထောင်မှ ငါးထောင်အထိ ရှင်သန်နိုင်ကြလေသည်။ ဆဋ္ဌမအလွှာထက်ကျော်လွန်သော လူများက နှစ်ပေါင်း နှစ်သောင်း သက်တမ်းရှိလေသည်။
လင်းယွမ်တွင် လေ့လာရန် အချိန်များစွာ ရှိလေသည်။ သူ၏ အဆင့်တိုးမြင့်လာသည်နှင့်အမျှ နားလည်နိုင်စွမ်းကလည်း တိုးတက်လာမည်ဖြစ်သည်။
ချီခွန်ကြယ်သခင် မသိသေးသောအရာမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သည်မှာ တစ်လမပြည့်သေးဘဲ ဆယ်ရက်ပဲကြာသည်ကိုပင်။
" မင်းရဲ့ ပုံစံကို ငါသဘောကျတယ်။ " လင်းယွမ်၏ အကြောင်းကို လေ့လာပြီးနောက် ချီခွန်ကြယ်သခင်က အနည်းငယ် ကျေနပ်သွားလေသည်။
ဉာဏ်ပညာနတ်ဘုရားက လင်းယွမ်နှင့် ပက်သက်သော အချက်အလက် အများစုကို တားမြစ်ထားခဲ့သည်။
ချီခွန်ကြယ်သခင်က အနည်းငယ်သာ တွေခဲ့သော်လည်း အံ့အားသင့်ခဲ့ရသည်။ အကြောင်းမှာ လင်းယွမ်က အလွန်နှိမ့်ချတတ်သည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်၏။
စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ပြိုင်ပွဲမတိုင်မီအထိ လင်းယွမ်၏ အချက်အလက်များ မရှိပေ။ ဉာဏ်ပညာနတ်ဘုရားက ကူညီလျှင်တောင် ထိုသို့ လုပ်နိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
ခန္ဓာကိုယ်ထဲတွင် စွမ်းအားများစုစည်းနေသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် သာမန်ဘဝတွင် နေထိုင်ရန် ခက်ခဲလေသည်။ သို့သော် လင်းယွမ်က ထိုသို့လုပ်ခဲ့ပြီး အသက်ဆယ့်ကိုးနှစ်တိုင်အောင် လျို့ဝှက်နေခဲ့သည်။ ထို့နောက် ပြိုင်ပွဲရောက်မှ သူက လူတိုင်းကို အံ့ဩစေခဲ့ခြင်း ဖြစ်သည်။
ထိုအပြုအမူက ချီခွန်ကြယ်သခင်၏ တွေးခေါ်ပုံနှင့် တူညီလေသည်။
လွန်ခဲ့သော နှစ်တစ်သောင်းက ချီခွန်ကြယ်သခင် လက်ခံခဲ့သော တပည့်မှာ လင်းယွမ်ကဲ့သို့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် သင့်တော်လေသည်။
သို့သော် ထိုတပည့်က အလွန်မောက်မာသောကြောင့် မျိုးနွယ်ခြားများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ချီခွန်ကြယ်သခင်က လက်တုန့်ပြန်ခဲ့သောလည်း လူကသေသွားပြီဖြစ်သောကြောင့် ဘာမှအဓိပ္ပါယ်မရှိတော့ပေ။
တစ်ဖက်တွင် လင်းယွမ်က လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ပြိုင်ပွဲသာမရှိခဲ့လျှင် ကန်လန်ကြယ်မှလူများပင် လင်းယွမ်၏ တည်ရှိမှုကို သိကြမည်မဟုတ်ပေ။ ချီခွန်ကြယ်သခင်က ထိုစရိုက်ကို သဘောကျလေသည်။
သူက အရွယ်မရောက်သေးသော ကြယ်ပင်လယ်ခွန်ကို သိမ်းပိုက်ပြီးနောက် လူသားမျိုးနွယ်သို့ ပြန်မသွားသေးဘဲ နှစ်ထောင်ချီကြာအောင် နှိမ့်ချနေခဲ့ပြီး ဆဋ္ဌမအလွှာသို့ ကျော်လွန်သွားခဲ့သည်။
ပို၍ စွမ်းရည်ရှိသောလူက သူတို့၏ စွမ်းအားလုံလောက်သည်အထိ ပို၍ နှိမ့်ချစွာ နေသင့်လေသည်။
" ဟုတ်ကဲ့ " လင်းယွမ်က မည်သို့ ပြန်ပြောရမှန်း မသိပေ။ အမှန်တော့ သူဆင့်ကဲပြောင်းလဲသူဖြစ်သည်မှာ နှစ်နှစ် သုံးနှစ်သာ ရှိသေးသည်။
မှန်၏ အချိန်က မူလကမ္ဘာမှ အချိန်ကို ပြောခြင်းဖြစ်သည်။ သို့သော် ချီခွန်ကြယ်သခင်က ထိုအရာကို ယုံကြည်မည်မဟုတ်ဘဲ လင်းယွမ်ကို ဆယ်စုနှစ်ကျော် ကျင့်ကြံခဲ့သည်ဟုသာ ထင်ပေလိမ့်မည်။
" မင်းက ငါ့တပည့်ဖြစ်ပြီဆိုတော့ မင်းက ချီခွန်မျိုးနွယ်ရဲ့ ၁၃ယောက်မြောက် တောင်ထိပ်သခင်ပဲ။ "
ချီခွန်ကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါမင်းကို ဘာအမိန့်မှ ပေးစရာမရှိဘူး။ မင်းရဲ့ မူလခန္ဓာကိုယ်က ချီခွန်အဓိကကြယ်ကို မရောက်ခင်နဲ့ ဆဋ္ဌမအလွှာကို မရောက်ခင်အထိ ငါ့ရဲ့ တပည့်ဆိုတာကို ထုတ်မပြမိစေနဲ့။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ချီခွန်ကြယ်သခင်က နှစ်တစ်သောင်းကျော်ကြာအောင် တပည့်လက်မခံခဲ့ဘဲ ယနေ့ တပည့်တစ်ယောက် လက်ခံခဲ့လေသည်။
အခြားသူတွေက ဘယ်လိုတွေးမလဲ။ မျိုးနွယ်ခြားတွေက ဘယ်လိုတွေးမလဲ။
ချီခွန်ကြယ်သခင်က တပည့်လက်ခံသည်နှင့် ထိုတပည့်က ဆဋ္ဌမအလွှာကို ကျော်လွန်ရန် ကြီးမားသော အခွင့်အရေးရှိသည်ကို ဆိုလိုလေသည်။
ထို့ကြောင့် ထိုတပည့် အားနည်နေသော အချိန်တွင် သူတို့က ဘာလို့မရှင်းထုတ်ပစ်ဘဲ နေရမှာလဲ။
" မှန်တယ်။ မင်းရဲ့ အထောက်အထားကို လျို့ဝှက်ထားရမယ်ဆိုပေမယ့် ချီခွန်မျိုးနွယ်ရဲ့ ၁၃ယောက်မြောက် တောင်ထိပ်သခင်နဲ့ ရရှိလာမယ့် အခွင့်အထူးတွေနဲ့ အဆင့်အတန်းတွေကတော့ လျှော့ကျသွားမှာမဟုတ်ဘူး။ "
" ဒီကိစ္စနဲ့ပက်သက်ပြီး ကုဇီက မင်းကို အသေးစိတ် ရှင်းပြလိမ့်မယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
ထို့နောက် ချီခွန်ကြယ်သခင်က လင်းယွမ်ကို အချို့အရာများ ပြောပြလိုက်သည်။ ထို့နောက် သူက သူ၏ လက်ကို ဝှေ့ရမ်းပြီး လင်းယွမ်ကို တတိယမြောက်တပည့်ဖြစ်သော ကုဇီဆီသို့ ပို့ပေးလိုက်သည်။
" ညီငယ်လေး " စံအိမ်တစ်ခုအတွင်း ကုဇီက လင်းယွမ်ကို ပြုံး၍ ကြည့်နေသည်။
" အကိုသုံး " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။
ချီခွန်ကြယ်သခင်၏ တပည့်ဆယ့်နှစ်ယောက်တွင် တပည့်သုံးယောက်က ဆဋ္ဌမအလွှာကို ကျော်လွန်နေပြီဖြစ်သည်။ အကိုသုံးက သူတို့ထဲမှ တစ်ယောက်ဖြစ်၏။
" ဒါက ငါတို့ ချီခွန်မျိုးနွယ်ရဲ့ VR ကမ္ဘာပဲ။ " ကုဇီက ထပြီး လင်းယွမ်ကို နယ်မြေတစ်ခုရှေ့သို့ ခေါ်သွားသည်။
ထိုနယ်မြေက ကန်လန်ကြယ်ထက် အဆတစ်ရာ ပိုမိုကြီးမားလေသည်။ ထိုနယ်မြေ၏ အလယ်တွင် တောင်ကြီးတစ်လုံးရှိပြီး သေးငယ်သော တောင် ၁၃လုံးက ဝန်းရံထားသည်။
" ညီငယ်လေး အဲ့ဒါ မင်းရဲ့ စံအိမ်ပဲ။ " ကုဇီက လင်းယွမ်ကို တောင်ဆယ့်သုံးလုံးမှ သေးငယ်သော တောင်တစ်လုံးဆီသို့ ခေါ်လာသည်။
အဝေးမှကြည့်လျှင် ထိုတောင်က သေးငယ်သည်ဟု ထင်ရသော်လည်း ယခု လင်းယွမ်က အနီးသို့ ရောက်သောအခါ ထိုတောင်၏ အရွယ်အစားက ကန်လန်ကြယ်၏ တစ်ဝက်နီးပါးရှိနေသည်ကို တွေ့လိုက်ရသည်။
" တောင်ထိပ်သခင်တစ်ယောက်အနေနဲ့ မင်းက ဒီတောင်ပေါ်မှာ အမြင့်ဆုံးအခွင့်အာဏာကို ပိုင်ဆိုင်တယ်။ "
" မင်းက တပည့်တွေ အစေခံတွေကို ခေါ်ထားနိုင်တယ်။ ဒါပေမယ့် ဒါက VRကမ္ဘာဖြစ်လို့ သိပ်တော့ အရေးမပါဘူး။ "
" မင်း ချီခွန်အဓိကကြယ်ကို ရောက်လာတဲ့နေ့ကျရင် ငါမင်းကို အားလုံးအသေးစိတ်ရှင်းပြပေးမယ်။ " ကုဇီက လင်းယွမ်နှင့်အတူ တောင်ထိပ်သို့ တက်လာရင်း ပြောလိုက်သည်။
" ပြီးတော့ မင်းက ဆရာရဲ့ တပည့်ဖြစ်လို့ ချီခွန်မျိုးနွယ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းကို လေ့လာနိုင်တယ်။ "
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းလား။ " လင်းယွမ်က စိတ်ထဲမှ တုန်လှုပ်သွား၏။
သူ၏ ရှေ့တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မြောက်များစွာ ပါဝင်သော အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။
" အများကြီးပါလား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။
သတ္တမကြယ်ဂူတွင် သူက ဆင့်ကဲပြောင်းလခြင်းလမ်းစဉ် အများကြီးရခဲ့သော်လည်း စုစုပေါင်း တစ်ရာကျော်သာ ရှိလေသည်။ ချီခွန်မျိုးနွယ်မှ မှတ်တမ်းတင်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမှာ ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပါအဝင် စုစုပေါင်းတစ်ထောင်ကျော်ရှိလေသည်။
" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကတော့ ဒီထဲမှာမပါဘူး။ " လင်းယွမ်က ၎င်းတို့ကို ကြည့်လိုက်ပြီး ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရှာမတွေ့ခဲ့ပေ။
" ပြီးတော့ မင်းအဆင့်တက်တိုင်း အနီရောင်စိတ်ဝိညာဉ်ရည်ကို ထုတ်ယူနိုင်တယ်။ " ကုဇီက ပြုံး၍ ပြောလိုက်သည်။
" အနီရောင်စိတ်ဝိညာဉ်အရည် " လင်းယွမ်က အံ့ဩသွား၏။
" အနီရောင်စိတ်ဝိညာဉ်အရည်က အပြင်မှာ ရှာမတွေ့နိုင်တဲ့ ငါတို့ ချီခွန်မျိုးနွယ်ရဲ့ အရင်းအမြစ်တစ်ခုပဲ။ အနီရောင်စိတ်ဝိညာဉ်အရည်ကို အသုံးပြုတာက ကိုယ်ကိုကိုယ် အားဖြည့်ပေးပြီး အသန့်စင်ဆုံး စွမ်းအားအဖြစ် ပြောင်းလဲပေးတယ်။ " ကုဇီက ရှင်းပြလိုက်သည်။
" ညီငယ်လေး မင်းက စတုတ္ထအလွှာ အဆင့် ၁၁ပဲ ရှိသေးတာဆိုတော့ ပြင်ပစွမ်းအားတွေကို ဖြည်းဖြည်းချင်း စုပ်ယူဖို့ မလိုအပ်ဘူး။ အနီရောင်စိတ်ဝိညာဉ်အရည် တစ်စက်ဆို လုံလောက်တယ်။ "
" ကျွန်တော် သိပါပြီ။ " လင်းယွမ်က နားလည်သွားသည်။
ဆိုလိုသည်မှာ ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်အနေဖြင့် လင်းယွမ်က အခြေခံအကျဆုံး စွမ်းအားစုဆောင်ခြင်းအတွက် အချိန်ကုန်ခံနေစရာ မလိုအပ်ပေ။
သူ့ကိုသူ ပြင်ဆင်ထားသရွေ့ ကန့်သတ်ချက်မရှိ အဆင့်တက်နိုင်လေသည်။ ၎င်းက လင်းယွမ်အတွက် အလွန်အရေးပါသည်။
သူက ဆင်းသက်ခြင်းပြီးနောက် ပြန်လာတိုင်း သူ၏ ခွန်အားကို ပြန်လည်ရရှိရန် ငွေကြေးမြောက်များစွာ အသုံးပြုပြီး ဝိညာဉ်ပစ္စည်းများကို ဝယ်ယူခဲ့ရလေသည်။
ယခု ထိုပြဿနာ မရှိတော့ဘဲ သူက အနီရောင်စိတ်ဝိညာဉ်အရည်ကို ထုတ်ယူရန်သာ လိုအပ်လေသည်။
" ညီငယ်လေး မင်းက အခု အားနည်းနေသေးတော့ ဆရာက မင်းအတွက် အသက်ကယ်တိုကင်သုံးခုနဲ့ အစောင့်တပ်ဖွဲ့ကို ရွေးချယ်ပေးထားတယ်။ " ကုဇီက ဆက်လက်ရှင်းပြလိုက်သည်။
အစောင့်တပ်ဖွဲ့က ချီခွန်မျိုးနွယ်မှ တောင်ထိပ်သခင်များ၏ ကိုယ်ပိုင်အင်အားစုဖြစ်ပြီး ဆဋ္ဌမအလွှာခေါင်းဆောင်သော ပဉ္စအလွှာ ဆင့်ကဲပြောင်းလဲသူဆယ်ယောက်ကျော် ပါဝင်လေသည်။ သူတို့က တောင်ထိပ်သခင်ကို ကာကွယ်သည့် အနီးကပ်ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။
ထိုတပ်ဖွဲ့က ချီခွန်ကြယ်သခင်ကိုယ်တိုင် ရွေးချယ်ထားခြင်း ဖြစ်သောကြောင့် လုံးဝသစ္စာရှိပြီး ပုန်ကန်ရန် အကြောင်းမရှိပေ။
အသက်ကယ်တိုကင်သုံးခုက လင်းယွမ်အတွက် သီးသန့်ဖြစ်လေသည်။ ကျန်သော စီနီယာအကို ၁၂ယောက်ပင် ထိုသို့ ဆက်ဆံမခံခဲ့ရပေ။
ထိုအသက်ကယ်တိုကင်သုံးခုက ချီခွန်ကြယ်သခင်ကိုယ်တိုင် သန့်စင်ထားပြီး လင်းယွမ် မခုခံနိုင်သော အန္တရာယ်နှင့် ကြုံတွေ့ပါက အလိုအလျောက် အသက်ဝင်လာမည်ဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း