ငါမအောင်မြင်ခဲ့ဘူး...
Vol. 7 Ch. 120
" ငါ ကြီးမားတဲ့ အကျိုးအမြတ်ကို ရခဲ့တာပဲ။ " လင်းယွမ်က သူ၏ စိတ်ထဲတွင် ဝမ်းသာနေသည်။
ဉာဏ်ပညာနတ်ဘုရားက သူ့ကို ပြိုင်ပွဲတွင် အားထုတ် ယှဉ်ပြိုင်ရန် အကြံပေးခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ထိုဆုလာဒ်က ကြိုးစားအားထုတ်မှုထက်ပက် ကျော်လွန်နေသည်။
ဉာဏ်ပညာနတ်ဘုရားကိုယ်တိုင်လည်း သူက ချီခွန်ကြယ်သခင်၏ တပည့်ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိမည်မဟုတ်ပေ။ အကယ်၍ သူက တောင်ထိပ်သခင်တစ်ယောက်၏ တပည့်သာ ဖြစ်လာပါက အကျိုးအမြတ်များနှင့် အဆင့်အတန်းက လျော့ကျသွားမည်ဖြစ်သည်။
" အစောင့်တပ်ဖွဲ့က ချီခွန်အဓိကကြယ်ကနေ အခုကန်လန်ကြယ်ကို လာနေလောက်ပြီ။ ကန်လန်ကြယ်ကို ရောက်ဖို့ အနည်းဆုံး တစ်လနှစ်လတော့ ကြာမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အစောင့်တပ်ဖွဲ့က လင်းယွမ်ကို ကာကွယ်ရမည်ဖြစ်သောကြောင့် သူတို့က လင်းယွမ်ရှိသောနေရာတွင် ရှိနေရမည်ဖြစ်သည်။
" ကြယ်သခင်တစ်ယောက်ရဲ့ တပည့်ဖြစ်လာတာ ငါကလည်း ဘာမှပြောမှာမဟုတ်ဘူး။ ဆရာရယ် စီနီယာအကိုတွေနဲ့ နတ်ဘုရားသုံးပါးကလည်း ဘာမှပြောမှာမဟုတ်ဘူး။ ဒါဆို ဘယ်သူမှလည်း သိမှာမဟုတ်ဘူး။ "
လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူသို့ မဝင်ရောက်မီ သူ၏ အသွင်အပြင်ကို ပြောင်းလဲထားခဲ့လေသည်။ ဖန်ချင်းပင် သူ့ကို မမှတ်မိခဲ့ပေ။
ရက်အနည်းငယ် ကြာပြီးသောအခါ ဖန်ချင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့ဆီသို့ ရောက်လာခဲ့သည်။
" အကိုလင်း ငါ့ကို ချီခွန်မျိုးနွယ်ကို ဝင်နိုင်တော့မယ်။ " ဖန်ချင်းက လင်းယွမ်ကို သတင်းကောင်းပြောပြလိုက်သကဲ့သို့ သူ၏ အသံက ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
လင်းယွမ် သတ္တမကြယ်ဂူမှ ထွက်သွားပြီး မကြာမီ ဖန်ချင်းက ကျောက်ရုပ်တုအတွင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အောင်မြင်စွာ နားလည်ပြီး စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။
အမှန်တွင် သတ္တမကြယ်ဂူ၏ စမ်းသပ်မှုကို ငွေရောင်သင်္ကေတပိုင်ရှင် အနည်းအကျဉ်းသာ အောင်မြင်ကြသည်။ ဖန်ချင်းက ငွေရောင်သင်္ကေတ ပိုင်ရှင်ဖြစ်သော်လည်း ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့်၏ ဆက်ခံသူတစ်ယောက်ဖြစ်၏။
သူက ငွေရောင်သင်္ကေတပိုင်ရှင် အများစုထက် သန်မာပြီး ရွှေရောင်သင်္ကေပိုင်ရှင်များနှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်သည်။ သူ၏ နောက်တွင် လမ်းညွှန်မှုပေးနိုင်သော လူတစ်ယောက်နှင့်အတူ သူရရှိထားသော အချက်အလက်များနှင့် သတ္တမကြယ်ဂူကို ဖြတ်သန်းနိုင်ခြင်းက အံ့ဩစရာမဟုတ်ပေ။
" ဂုဏ်ပြုပါတယ်။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
" ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှု ပြီးဆုံးသွားရင် ငါက စမ်းသပ်မှုကို အောင်မြင်တဲ့ အခြားဆင့်ကဲပြောင်းလဲသူတွေနဲ့အတူ ချီခွန်မျိုးနွယ်ရဲ့ တောင်ထိပ်သခင်တွေနဲ့ တွေ့ရလိမ့်မယ်။ အဲ့အခါကျ သူတို့ထဲက တစ်ယောက်က ငါ့ကို လက်ခံဖို့ မျှော်လင့်ရတာပဲ။ " ဖန်ချင်းက မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။
ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်များက သူတို့၏ အဆင့်ထက် ကျော်လွန်သော တိုက်ခိုက်ရေးစွမ်းအားများရှိပြီး ဆဋ္ဌမအလွှာထက်ကျော်လွန်သော လူသုံးယောက်လည်း ရှိနေသည်။
သူ၏ ဆရာ အသက်ရှိစဉ်ကပင် ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်များလောက် မသန်မာခဲ့ပေ။
" တောင်ထိပ်သခင်တွေလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ယခု သူကလည်း ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်ဟု ပြောလို့ရနေပြီဖြစ်သည်။ ၎င်းကို တွေးမိပြီး လင်းယွမ်က ဖန်ချင်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ဖန်ချင်းက သူ၏ အိပ်မက်ထဲမှ ချီခွန်တောင်ထိပ်သခင်များကို စိတ်ကူးယဉ်ကြည့်နေလေသည်။
ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ၁၂ယောက်က အထက်တွင်ရပ်ပြီး ချီခွန်ကြယ်နယ်မြေတစ်ခုလုံးကို ငုံ့ကြည့်နိုင်စွမ်းရှိလေသည်။
ပတ်ဝန်းကျင်ကြယ်နယ်မြေများတွင်ပင် ချီခွန်မျိုးနွယ်က လွှမ်းမိုးနိုင်စွမ်းရှိပြီး ချီခွန်ကြယ်သခင်၏ ခွန်အားကလည်း ကြယ်သခင်များကြားတွင် ကြောက်စရာကောင်းလှပေသည်။
ဖန်ချင်းက တောင်ထိပ်သခင်တစ်ယောက်၏ တပည့်ဖြစ်လာခဲ့လျှင် ချီခွန်ကြယ်နယ်မြေတစ်ခုလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပေလိမ့်မည်။
ဖန်ချင်း မသိနိုင်သည်မှာ ချီခွန်မျိုးနွယ်တွင် တောင်ထိပ်သခင် ၁၂ ယောက်မဟုတ်ဘဲ ၁၃ယောက် ဖြစ်သွားသည်ကိုပင်။
သို့သော် လင်းယွမ်က ချီခွန်ကြယ်သခင်၏ ၁၃ ယောက်မြောက် တပည့်ဖြစ်လာခြင်းမှာ တရားဝင် ကြေညာရခြင်း မရှိသေးပေ။ ယခုအချိန်တွင် ကြယ်သခင်နှင့် တပည့် ၁၂ယောက်သာ သိကြလေသည်။
ဆဋ္ဌမအလွှာသို့ မရောက်မီ ကြေညာခဲ့လျှင်တောင် သူ၏ အထောက်အထားအား ဖော်ပြမည်မဟုတ်သည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။
" ဒါနဲ့ အကိုလင်းရော စမ်းသပ်မှုတွေမှာ ဘယ်လိုလဲ။ " ဖန်ချင်းက လေးနက်စွာ မေးလိုက်သည်။ သူက စိတ်လှုပ်ရှားနေခဲ့သောကြောင့် လင်းယွမ်၏ စမ်းသပ်မှုအကြောင်းကို မေးရန် မေ့လျော့နေခဲ့သည်။
" ငါလား... ငါမအောင်မြင်ခဲ့ဘူး။ " လင်းယွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။
သူက ၁၃ယောက်မြောက် တောင်ထိပ်သခင်ဖြစ်သည်ကို ဖန်ချင်းအား ပြောပြ၍ မဖြစ်ပေ။ ၎င်းမှာ လင်းယွမ်က ဖန်ချင်းကို မယုံကြည်၍ မဟုတ်ပေ။ သို့သော် လုံးဝ ယုံကြည်ခြင်းလည်း မရှိပေ။
ဖန်ချင်းက သူ့ကို သစ္စာဖောက်မည်ဟု သံသယဝင်ချင်းမဟုတ်သော်လည်း တစ်ခါတစ်ရံ မပြောသင့်သော လျို့ဝှက်ချက်များ ရှိနေသည်။
ဆဋ္ဌမအလွှာ စိတ်ဝိညာဉ်ပုံရိပ်ယောင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က သူ့ကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ မှတ်ဉာဏ်များကို ဖော်ထုတ်နိုင်လေသည်။ ထို့ကြောင့် သတိထားရန် လိုအပ်လေသည်။
ချီခွန်ကြယ်သခင်ပင် သူ့ကို ထပ်ခါထပ်ခါ သတိပေးခဲ့သောကြောင့် သူဘာလုပ်ရမည်ကို ကောင်းကောင်း သိ၏။ သူက ဖန်ချင်းမပြောနှင့် သူ၏ မိဘများကိုပင် ပြောပြဦးမည် မဟုတ်ပေ။
သို့သော် လင်းယွမ်က သူ၏ အထောက်အထားကို ဖုံးကွယ်ထားရုံသာရှိသည်။ သူက တောင်ထိပ်သခင်တစ်ယောက်၏ အကျိုးကျေးဇူးများကိုတော့ ခံစားနိုင်လေသည်။
ချီခွန်မျိုးနွယ်မှ စုဆောင်းထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ။ ချီခွန်မျိုးနွယ်ဝင်များအတွက် ထိုလမ်းစဉ်များကို လေ့လာလိုလျှင် တန်ကြေးတစ်ခု ပေးရလေသည်။ သို့သော် တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် သူသာ ဆန္ဒရှိလျှင် အားလုံးကို လေ့လာနိုင်လေသည်။
" ဆဋ္ဌမအလွှာ " လင်းယွမ်၏ မျက်လုံးများက တည်ငြိမ်နေသည်။
သူက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို မဝင်ရောက်မီ ဆဋ္ဌမအလွှာသို့ ရောက်ရန် သူ၏ စွမ်းရည်များကို သံသယဝင်နေခဲ့သည်။ ယခုမူ လင်းယွမ်က ဆဋ္ဌမအလွှာသို့ ရောက်ရန် သေချာသလောက်ဖြစ်သည်။
ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော် ဆဋ္ဌမအလွှာထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၆ မျိုး၊ ဘယ်သူမှ နားမလည်နိုင်ခဲ့သော ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ အားလုံးက လင်းယွမ်၏ စိတ်ထဲတွင် နစ်မြှုပ်နေခဲ့သည်။
ဖန်ချင်းက လင်းယွမ်နှင့် စကားအနည်းငယ် ပြောပြီးနောက် ထွက်ခွာသွားသည်။ သူက လမ်းတွင် စိတ်ရှုပ်ထွေးသော အမူအရာနှင့် ရှိနေသည်။
" အကိုလင်းက စမ်းသပ်မှုကို ဘယ်လိုလုပ် ကျရှုံးခဲ့တာလဲ။ " အမှန်တိုင်းပြောရလျှင် ဖန်ချင်းက လင်းယွမ်ထက် သူကျရှုံးခဲ့သည်ဟု ပြောလျှင်ပင် ယုံကြည်နိုင်သေးသည်။
လွန်ခဲ့သည့်ရက်များတွင် လင်းယွမ်နှင့် ယှဉ်ပြိုင်ပြီးနောက် သူက နောက်နှစ်တစ်ရာလေ့ကျင့်လျှင်တောင် လင်းယွမ်အာယ လိုက်မမီနိုင်သည်ကို ခံစားခဲ့ရသည်။ ချီခွန်ကြယ်နယ်မြေတစ်ခုလုံး ကြည့်လျှင်ပင် သူ့ကို ပါရမီရှင်ဟု ပြောနိုင်သေးသည်။ ထိုကဲ့သို့သော လူတစ်ယောက်က စမ်းသပ်မှုမှာ ဘယ်လိုလုပ်ကျရှုံးနိုင်မှာလဲ။
" တကယ်ကို ထူးဆန်းတာပဲ။ " လူအိုကြီး၏ အသံ ထွက်ပေါ်လာသည်။
" ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ " လူအိုကြီးက လေးနက်စွာ စဉ်းစားနေသည်။ " အရင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွေမှာလဲ အနီရောင်သင်္ကေတပိုင်ရှင်တွေနဲ့ အထူးဆင့်ကဲပြောင်းလဲသူတွေကလွဲရင် ရွှေရောင်သင်္ကေတပိုင်ရှင်တွေတောင် ထုတ်ပယ်ခံခဲ့ရတယ်။ "
သို့သော် လမ်းတစ်ဝက်တွင် ထုတ်ပယ်ခံလိုက်ရသော ရွှေရောင်သင်္ကေတပိုင်ရှင်များက မရှိသလောက်ပင်ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က အလွန်ကံဆိုးပြီး အစောပိုင်းကြယ်ဂူများတွင် သေဆုံးသွားပါက သူတို့က အလိုအလျောက် အရည်အချင်း ပြည့်မီတော့မည်မဟုတ်ပေ။
" နောက်ထပ်ဖြစ်နိုင်ချေတော့ ရှိသေးတယ်။ " လူအိုကြီးက ဆက်ပြောလိုက်သည်။ " လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို တမင်ကျရှုံးအောင် လုပ်ခဲ့တာပဲ။ "
" စမ်းသပ်မှုကို တမင်ကျရှုံးအောင် လုပ်တာလား။ " ဖန်ချင်း၏ မျက်လုံးများက ပြူးသွား၏။
ဒီလိုအခွင့်အရေးမျိုးက ဘယ်သူက လက်လွှတ်ခံမှာလဲ။
" ဖန်လေး " လူအိုကြီးက ဖန်ချင်းကို ကြည့်လိုက်သည်။ "ချီခွန်မျိုးနွယ်က တောင်ထိပ်သခင်တစ်ယောက်ရဲ့ တပည့်ဖြစ်တာက ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်။ "
" တောင်ထိပ်သခင်တစ်ယောက်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေရင် မင်းက တောင်ထိပ်သခင်ရဲ့ အမိန့်တွေကို နာခံရမယ့်အပြင် မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကိုတောင် သွားချင်သွားရနိုင်တယ်။ " လူအိုကြီးက ရှင်းပြလိုက်သည်။
ပုံမှန်အားဖြင့် ချီခွန်ကြယ်သခင်က သူ၏ အချိန်အများစုကို ယ တံခါးပိတ်ကျင့်ကြံနေသောကြောင့် ချီခွန်မျိုးနွယ်တစ်ခုလုံးကို တောင်ထိပ်သခင် ၁၂ယောက်က တာဝန်ယူရလေသည်။
လင်းယွမ်က အဓိကအဆောက်အဦး၏ လေ့ကျင့်ရေးကွင်းတွင် ထိုင်ပြီး ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်လေ့လာနေသည်။
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွန်နက်နဲကျယ်ပြန့်ပြီး လင်းယွမ်က ဆယ်ရက်နီးပါးလေ့လာတာတောင် ပထမအလွှာကဏ္ဍ၏ တစ် ရာခိုင်နှုန်းကိုသာ နားလည်ခဲ့သည်။ ၎င်းက လင်းယွမ် ယခင်တွေ့ခဲ့ရသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထက် သာလွန်ပေသည်။
" ရွှမ်ဟွမ် " လင်းယွမ်က ဉာဏ်အလင်းထဲတွင် နစ်မြှုပ်သွားသည်။
ရုတ်တရက် သူက အဆုံးမရှိသော နယ်မြေတစ်ခုပေါ်တွင် ပေါ်လာပြီး ထူထဲကျယ်ပြောလှသော ရှေးဟောင်းအော်ရာတစ်ခုက သူ့ကို လွှမ်းခြုံထားသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ အသိအမြင်များက နက်ရှိုင်းသွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ အသိအမြင်များက နက်ရှိုင်းသွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ အသိအမြင်များက နက်ရှိုင်းသွားပါပြီ။ ]
လင်းယွမ်က ပို၍ လေ့လာဆင်ခြင်လေ ပို၍ အံ့ဩလေဖြစ်ရသည်။ သူနားမလည်နိုင်သော အရာများကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
" ဘယ်လိုတည်ရှိမှုမျိုးက ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့တာလဲ။ ငါ့ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ငါ့ရဲ့ ထိုက်ကျိတာအိုက တစ်ရက်တည်းနဲ့ ဒီအဆင့်ထိ ရောက်လာတာလား။ " လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို စဉ်းစားနေသည်။
နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က လေ့လာခြင်းကို ရပ်တန့်လိုက်သည်။
" နှစ်ရာခိုင်နှုန်းတောင်မရှိဘူးလား။ " လင်းယွမ်က သူ၏ နားလည်မှုကို ခန့်မှန်းလိုက်သည်။
ထိုနှစ်ရာခိုင်နှုန်းက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုလုံးဟုတ်ဘဲ ပထမအလွှာကဏ္ဍပင်ဖြစ်၏။
" အလျင်မလိုဘူး။ အခု ငါ့အတွက် အပေါဆုံးက အချိန်ပဲ။ " လင်းယွမ်က သူ့ကိုသူ နှစ်သိမ့်လိုက်သည်။
စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူများက နှစ်ပေါင်း ခြောက်ထောင်အထိ အသက်ရှင်နိုင်ကြပြီး ဆဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူများက နှစ်ပေါင်းနှစ်သောင်းမှ ငါးသောင်းအထိ အသက်ရှင်နိုင်ကြသည်။
ယခု အသက်နှစ်ဆယ်ကျော် လင်းယွမ်က ထိုရှည်လျားသော သက်တမ်းနှင့်