← Chapters

အခန်း (၅၆၁)

Vol. 38 Ch. 561

အခန်း (၅၆၁)

Vol. 38 Ch. 561

ဝှစ် … ဝှစ်။

မြောက်လေသည် တိုက်ခတ်လာ၏။

မြေပြင်တစ်ခုလုံးသည် အေးခဲလျက်ရှိနေသည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လုချင်းချင်းမှာတော့ နှင်းတောထဲတွင် တစ်ယောက်တည်း လမ်းလျှောက်လျက်ရှိသည်။ သူမသည် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမှ ထုတ်ဖော်အသုံးမပြုထားသောကြောင့် နှင်းခဲများအားလုံးသည် သူမ၏ မဲနက်နေသော ဆံနွယ်များနှင့် ပုခုံးထက်သို့ ကျဆင်းကာ နှင်းလူသားတစ်ယောက်ကဲ့သို့ပင် ဖြစ်တည်နေသည်။

သူမကို ကြည့်ရသည်မှာ ဤလောကကြီးနှင့် တစ်သားတည်း ဖြစ်တည်နေပုံပေါ်၏။

ထိုအချိန်မှာတော့ နှင်းဝံပုလွေများကို စီးနင်းထားသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အနောက်ဘက်မှ လိုက်လာကြသည်။

"အစ်ကိုကြီး"

ညာဘက်လက်အား ပတ်တီးဖြင့် စည်းထားသော သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ "ဒီမိန်းမပဲ"

စားသောက်ဆိုင်ထဲတွင် စကားပြောဆိုခဲ့သော လူမှာ ဤလူပင် ဖြစ်တော့သည်။

အမှတ်မထင် ပြောကြားခဲ့သော မှတ်ချက်တစ်ခု ကြောင့် လုချင်းချင်းသည် ၎င်း၏ ညာဘက်လက်ကို ခုတ်ဖြတ်ပစ်လိုက်၏။

“ဟေး”

ခေါင်းဆောင်သည် ရှေ့သို့ တိုးလာပြီးသူမ၏ သွားရာလမ်းကြောင်းအား တားဆီးလိုက်၏။ ပြီးနောက် အော်လိုက်သည်။ "ဘာလို့ ငါ့ညီရဲ့ လက်ကို ဖြတ်ပစ်ရတာလဲ"

"သူမပြောသင့်တဲ့ အရာတစ်ခုကို ပြောခဲ့လို့လေ" လုချင်းချင်းသည် တည်ငြိမ်စွာ ပြောခဲ့သည်။

"ဘာပြောခဲ့တာလဲ"

ဖြတ်သွားသော သိုင်းကျင့်ကြံသူသည် ဝမ်းနည်းစွာဖြင့် ဒေါသတကြီး ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက ငါတို့မြောက်ဘက်ကို လာမယ်ဆိုရင် ဒီလိုမျိုးမောက်မာရဲမှာ မဟုတ်ဘဲ ဂိုဏ်းတစ်ခုလုံး ဖျက်စီးခံရမယ်လို့ ပြောခဲ့မိတာ"

ဝှစ်

ဓားအလင်းတစ်ခု ဖြတ်ပြေးသွားပြီးသည့်နောက် ဦးခေါင်းတစ်ခုသည် မြေပေါ်သို့ ပြုတ်ကျလာတော့သည်။

ဘုတ်

ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲကျသွားသည်။

သွေးများအားလုံးသည် နှင်းတွေ ဖုံးလွှမ်းလျက်ရှိသော မြေဆီသို့ ကျဆင်းသွား၏။ တည်နေရာတစ်ခုလုံးသည် ချက်ချင်းပဲ ရဲရဲနီသွားတော့၏။

"ညီလေး" ခေါင်းဆောင်၏မျက်လုံးများသည် ပြူးထွက်သွားတော့သည်။

လုချင်းချင်းသည် သူမ၏ ဓားကို အသာပြန်ရုတ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "ကြည့်ရတာ ကျွန်မသတိပေးတာကို မေ့သွားပုံပေါ်တယ်။"

ဟုတ်ပေသည်။

သူသည် အမှန်တကယ်ပဲ မေ့လျောသွားခဲ့သည်။ ထို့ကြောင့် အမှတ်မထင်နဲ့ ထပ်မံ၍ ပြောခဲ့မိခြင်း ဖြစ်သည်။ ထိုကဲ့သို့ အချင်းအရာကြောင့်ပင် သူ၏ဦးခေါင်းသည် ဆုံးရှုံး သွားခဲ့ရ၏။

လုချင်းချင်းသည် လက်ရှိ ဂိုဏ်းအတွင်း၌ မရှိဘူးဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ စီနီယာ တပည့်ကြီး တစ်ယောက်အဖြစ် ရှိနေသေး၏။ တစ်စုံတစ်ယောက်သည် သူမ၏ ရှေ့တွင် ဂိုဏ်းအား ဖျက်ဆီးပစ်မည်ဟု ပြောဆိုနေခြင်းကို သူမသည် မည်သို့ မှ လက်ပိုက်ကြည့်၍ မဖြစ်နိုင်ချေ။

ထို့ကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

"ချီးတဲ့မှ"

ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မင်း ငါ့ရဲ့ ညီကို သတ်ခဲ့တယ်။ဒါ့ကြောင့် သေရင်တောင်မှ ငါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေခွင့်ပေးမှာ မဟုတ်သေးဘူး။"

"ညီနောင်တို့"

သူသည် ဓားကို ဒေါသတကြီးဖြင့် ဆွဲထုတ်ကာ ပြောလိုက်သည်။ "ဒီအမျိုးသမီးကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်လိုက်"

"ချလွမ် ချလွမ်"

အားလုံးသည် လက်နက်မျိုးစုံကို ထုတ်ယူလိုက်ကြသည်။

သူတို့သည် နှင်းဝံပုလွေ၏ ကျောကုန်းပေါ်မှ ဆင်းသက်၍ အရှေ့ဘက်သို့ ဒေါသတကြီးဖြင့် ပြေးဝင်တိုက်ခိုက်တော့၏။

"ရှင်တို့က သေချင်နေကြတာပဲ" လုချင်းချင်း၏ မျက်လုံးများသည် အေးစက်သွားသည်။

"ဝှစ် ဝှစ်"

ချက်ချင်းဆိုသလိုပဲ တည်နေရာတစ်ခုလုံးသည် အေးစက်သည့် လေများနှင့် ပြည့်နက်သွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလျက်ရှိသော နှင်းမှုန်များသည်ပင် အေးခဲသွားတော့၏။

….‌....

"ရှေ့မှာ ဘာတွေလဲ"

ရေခဲကွင်းပြင်ထဲတွင် ‌လမ်းလျှောက်လာခဲ့သော ကျင့်ကြံသူများသည် အရှေ့တည်နေရာထဲတွင် ထွက်ပေါ်လျက် ရှိသော အအေးချီများကို ခံစားလိုက်မိသည်။ ထို့ကြောင့် သူတို့သည် အံအားတသင့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ "သွားကြည့်ရအောင်"

တစ်စုံတစ်ယောက်သည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ အရှေ့ဘက်တည်နေရာသည် အပူချိန်များ ကျဆင်းလျက် ရှိနေသော တည်နေရာတစ်ခု ဖြစ်ကြောင်း သိရှိလိုက်ရသည်။

သူတို့သည် ကြက်သီးမွေးညှင်းများထသည်အထိ အေးစက်သည့် ခံစားမှုများကို ရရှိလိုက်ကြ၏။

သူတို့သည် အအေးဓာတ်များနှင့် ပြည့်နက်နေသော တည်နေရာဆီသို့ ရောက်ရှိချိန်မှာတော့ သူတို့သည် မျက်လုံး ပြူးသွားမိကြသည်။

သူတို့၏ မြင်ကွင်းထဲမှာတော့ နှင်း ဝံပုလွေများနှင့် အတူ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့အားလုံးသည် ရေခဲကဲ့သို့ ခဲလျက်ရှိနေသည်။

"ထူးဆန်းလိုက်တာ"

တစ်စုံတစ်ယောက်သည် ဇဝေဇဝါဖြစ်မိနေ၏။ "ဘယ်သူက ပျင်းလို့ ဒီနေရာကို လာပြီး ရေခဲရုပ်ထုတွေ ထုထားရတာလဲ"

"မဟုတ်ဘူး ဒါက ရေခဲရုပ်ထု မဟုတ်ဘူး။ ဒါက နှင်းဝံပုလွေကို စီးနင်းတဲ့ ကျင့်ကြံသူတွေပဲ။သူတို့က ရေခဲထဲမှာ စည်းခတ်ခြင်း ခံလိုက်ရတာ"

သိုင်းကျင့်ကြံသူတစ်ယောက်သည် ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

ဘာ

သိုင်းကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။

ဒီလို နှင်းဝံပုလွေများနှင့် သက်ရှိများကို အေးခဲအောင် ပြုလုပ်နိုင်သည် ဆိုသည်မှာ အလွန်တရာ အားကောင်းလှသော ရေခဲဓာတ်ကျင့်ကြံသူတစ်ယောက် ဖြစ်မှ ရပေလိမ့်မည်။

"ကြည့်အုံး"

တစ်ယောက်သည် ရှေ့၌ လဲကျနေသော အလောင်းတစ်ခုအား လက်ညိုးထိုးကာ ပြောလိုက်၏။ "ဒီလူရဲ့ လက်က ဖြတ်တောက်ခံထားရတယ်။ပြီးတော့ ဒီမှာ ဘာလို့ လာသေနေရတာလဲ"

"ဒါက "

"စားသောက်ခန်းထဲမှာ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်နဲ့ ပြသနာဖြစ်ခဲ့တဲ့လူမဟုတ်လား။အခု သတ်သွားတာ ဒီမိန်းကလေးပဲ ဖြစ်ရမယ်။ဒီမိန်းကလေးက အရမ်းကို အေးစက်လွန်းတယ်။သူမက ရေခဲဓာတ်သဘာဝ မိန်းကလေး ဖြစ်နိုင်တယ်။ နှင်းတောင်ကြားဂိုဏ်းကလူတွေက အရမ်းအားမကောင်းကြဘူးဆိုပေမယ့် သူတို့ရဲ့ နောက်မှာ အဆင့်လေး အအေးနန်းတော် ကြီးတစ်ခုလုံး ရှိနေတယ်။ သူတို့ရဲ့ လူတွေကို ဒီလိုကြီး သတ်ပစ်ရဲတယ်ဆိုတော့ တကယ့်ကို ပြသနာရှာတာနဲ့ အတူတူပဲ..."

ဤအအေးတည်နေရာကြီးထဲသို့ ဖြတ်သန်းသွားလာသူများမှာ များများစားစား မရှိလှချေ။

သို့ပေမဲ့ သိုင်းကျင့်ကြံသူများ အေးခဲပြီး သေဆုံးနေသည်ဆိုသော သတင်းသည် မြန်မြန်ဆန်ဆန်ပဲ ခပ်ဝေး ဝေးမြို့များဆီသို့ပင် ရောက်ရှိသွားကြသည်။

သူတို့သည် မျက်မြင် မတွေ့ရဘူးဆိုသော်လည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် သတ်ဖြတ်ခဲ့ခြင်းကို သိရှိလိုက်ရသည်။

နှင်းတောင်ကြားဂိုဏ်းသို့ သတင်းရောက်ရှိချိန်မှာတော့ တောင်ကြားသခင်သည် အလွန်ဒေါသထွက်နေ၏။ သူသည် နှင်းဝံပု‌လွေစီးနင်း‌သော တပည့်တစ်ထောင်ကျော်တို့သည် စေလွှတ်လိုက်၏။

အအေးနန်းတော်သည်လည်း ဤသတင်းကို လက်ခံရရှိခဲ့၏။

“ခန်းမသခင်"

အဓိက ဟောခန်းထဲမှာတော့ ဆံပင် အဖြူရောင်နှင့် အကြီးအကဲတစ်ယောက်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။

"နှင်းတောင်ကြားကလူကို သတ်ဖြတ်ဖို့ဆိုရင် ဒီမိန်းကလေးက သာမန် ရေခဲဓာတ်ကျင့်ကြံသူ မဟုတ်နိုင်ဘူး။ ဒီတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး သူမကို ရှာမှ ဖြစ်မယ်။ သူမကိုသာဂိုဏ်းမှာ ပျိုးထောင်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မိလဲ"

"ဒုတိယအကြီးအကဲရဲ့ စကားက အဓိပ္ပာယ်ရှိတယ်" တစ်ခြားသော အကြီးအကဲများသည် သဘောတူလိုက်ကြသည်။

အအေးနန်းတော်၏ ခန်းမသခင်သည် အသက်လေးဆယ်နီးပါးခန့်ရှိသော သတ်လက်ပိုင်း လူရွယ် တစ်ယောက်ဖြစ်သည်။ သူသည် စားပွဲ၏ ရှေ့ဆုံး၌ ထိုင်ပြီး အချိန်အတော်ကြာ စဉ်းစားလျက်ရှိ၏။

ပြီးနောက် ပြောလိုက်သည်။ "နှင်းတောင်ကြားက လူတွေကို ပြောလိုက်။ဒီမိန်းကလေးကို ဖမ်းမိရင် အအေးနန်းတော်ဆီကို ချက်ချင်းပို့ဖို့"

"ကောင်းပါပြီ" ဒုတိယအကြီးအကဲသည် ထွက်ခွာရန် ပြင်လိုက်၏။

ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် သတင်းလာပို့၏။ "နန်းတော်သခင် … သတင်းပို့ပါတယ်။ နှင်းတောင်ကြားကလူတွေ သတင်းပို့လာပါတယ်။ ပြစ်မှု ကျူးလွန်ထားတဲ့ အမျိုးသမီးကို သူတို့ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါပေမဲ့ သိုင်းစစ်သူကြီး အဆင့်ငါး ကျင့်ကြံသူတွေပါပါတဲ့ တပည့်တစ်‌ရာကျော်အားလုံးက အေးခဲခံလိုက်ရတယ်တဲ့။"

အအေးနန်းတော် ခန်းမသခင်သည် ဆွံ့အသွားကြ၏။

သာမန် သိုင်းကျင့်ကြံသူများကို အေးခဲအောင် ပြုလုပ်နိုင်သည်ဆိုသည်မှာ လက်ခံ၍ ရ၏။ သို့ပေမဲ့ အဆင့်ငါး သိုင်းစစ်သူကြီးများကို အေးခဲအောင် လုပ်နိုင်သည် ဆိုသည်မှာ မရိုးရှင်းလှပေ။

"ခန်းမသခင်"

ဒုတိယအကြီးအကဲသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒီမိန်းကလေးရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်ကြီးကို မြင့်မားနိုင်တယ်။ဒါမှမဟုတ် အအေးဓာတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်တာ ဖြစ်မယ်။မဟုတ်ရင် ဒီလောက်လူအများကြီး ပြီးတော့ သိုင်းစစ်သူကြီး အဆင့်ငါးတွေကို အေးခဲအောင် ပြုလုပ်ဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး။"

ခန်းမသခင်သည်လည်း အချိန်အတော်ကြာစဉ်းစားလိုက်၏။ ထို့နောက် ပြောလိုက်သည်။ "ဒုတိယအကြီးအကဲ တတိယအကြီးအကဲ ခင်ဗျားတို့နှစ်ယောက် နှင်းတောင်ကြားဆီကို သွားပြီး ဒီ မိန်းကလေးကို ဖမ်းဖို့ကူညီပေးလိုက်။"

"ကောင်းပါပြီ"

အကြီးအကဲနှစ်ယောက်တို့သည် အမိန့်ကို လက်ခံပြီးသည့်နောက်မှာတော့ တစ်ချက်ကလေးမှ မနားဘဲ နှင်းတောင်ကြားဆီသို့ ထွက်ခွာသွားကြတော့သည်။

တောင်ကြားသခင်သည် အလွန်တရာ စိတ်လက်ပူပင်လျက်ရှိသည်။

သူသည် အအေးနန်းတော်ဆီမှ သိုင်းဘုရင်နှစ်ယောက် ရောက်ရှိလာမည်ဆိုသည့်သတင်းကို သိရှိခဲ့ရ၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ကြိုဆိုတော့သည်။

ဒုတိယအကြီးအကဲက ပြောလိုက်၏။ "မိန်းကလေးနဲ့ ပတ်သက်တဲ့ ဘာသတင်းရသေးလဲ"

"အကြီးအကဲကို သတင်းပို့ပါတယ်"

နှင်းတောင်ကြားသခင်က အလောတကြီးဖြင့် ပြောလိုက်၏။ "ရရှိထားတဲ့ သတင်းတွေ အရဆိုရင် သူမက အအေးပင်လယ်ဆီကို ဦးတည်သွားတာ ဖြစ်ဖို့များတယ်။ဒါက အနောက်မြောက်ဒေသမှာ အအေးဆုံး နေရာပဲ ။ ဒီမိန်းကလေးက အထူးခန္ဓာကိုယ်ကို မပိုင်ဆိုင်ဘဲနဲ့ အဲဒီကို သွားလို့ရနိုင်မှာ မဟုတ်ဘူး။”

“သွားကြစို့"

အကြီးအကဲစွန်းက ပြောလိုက်၏။ "ငါ့တို့ အအေးပင်လယ်ထိပ်မှာ ပိတ်ပြီးတော့ ဖမ်းမယ်။"

လုချင်းချင်းသည် အအေးစည်းကို အောင်မြင်စွာ ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ငြိမ်းချမ်းလျက်ရှိနေသော အရှေ့မြောက် လုကျိုး တစ်ခုလုံးသည် အလွန်တရာ ချက်ချင်းဆိုသလိုပဲ အုတ်အော်သောင်းနင်း ဖြစ်သွားတော့၏။

(အရှေ့အပိုင်းများတွင် အနောက်မြောက် လုကျိုးဟု ပြန်ဆိုခဲ့သည်။ မှားယွင်းနေသောကြောင့် အရှေ့မြောက် လုကျိုးဟု ပြောင်းလဲ ပြန်ဆိုပါမည်)

လူတော်တော်များများသည် ဤအမျိုးသမီး မည်သူဖြစ်သည်ကို ဆွေးနွေးနေကြ၏။

ကံဆိုးစွာပဲ သတင်းအရင်းအမြစ်များမှာ တိတိကျကျမရှိသောကြောင့် သူမသည် မည်သည့် ဂိုဏ်းမှ ဖြစ်သည်ကို မည်သူမှ မသိရှိကြပေ...

“အအေးနန်းတော်က နှင်းတောင်ကြားရဲ့ နောက်ခံပဲ။ အဲဒီဂိုဏ်းက မြောင်ဟွာခန်းမနဲ့ ဘာမှ သိပ်မကွာဘူး။ ကြည့်ရတာတော့ ငါတော့ ပြသနာရှာမိပြီ ထင်တယ်'

လူချင်းချင်းသည် လမ်းလျှောက်လာရင်းနှင့် စဉ်းစားလိုက်သည်။ သူမသည် ထိုသို့ တွေးတောနေသည်ဆိုသော်လည်း ထိတ်လန့်ကြောက်ရွံ့သည့်မျက်နှာမျိုးတော့ မရှိပေ။

ပြိုင်စံရှားဂိုဏ်း၏ အကြီးဆုံးတပည့်ပီသစွာပင် သူမသည်လည်း ဂိုဏ်းချုပ်ကျွင်းကဲ့သို့ ပြသနာများ ဖြေရှင်းရာတွင် တည်ငြိမ်၍ အေးအေးဆေးဆေး ဖြေရှင်းတတ်သော အကျင့်စရိုက်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။

အရှေ့တောင်ရန်ကျူး …. သံမဏိအရိုးတောင်။

အားလုံးသည် ထုံးစံအတိုင်း ကျင့်ကြံလျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည်မှာတော့ တစ်ခါတစ်ရံ လုချင်းချင်း အကြောင်းပင် စဉ်းစားမိလျက်ရှိနေသည်။ "သူမက လုကျိုးပြည်နယ်ထဲကို ရောက်နေလောက်ပြီ။လေ့ကျင့်ပြီး ဘာအန္တရာယ်မှ မဖြစ်စေဘဲ ပြန်လာဖို့ မျှော်လင့်မိတယ်"

စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ အကြီးဆုံးတပည့်က အ‌ရမ်းကို အေးစက်တဲ့ အမူအကျင့်ကို ပိုင်ဆိုင်တယ်။သူ့ရဲ့ ပေါင်းသင့်ဆက်ဆံရေးက ကောင်းမွန်တာ မဟုတ်ဘူး။လောကကြီးတစ်ခု လုံးမှာ သူမတစ်ယောက်တည်း ပုံစံ နေထိုင်တာလေ။အပြင်ကို ထွက်သွားရင် ဘယ်လို ပြသနာမျိုးတွေ တက်မှာလည်း ဆိုတာ သိနိုင်တာမဟုတ်ဘူး။"

"မင်းရဲ့ ပါးစပ်ကို ပိတ်ထားစမ်း"

ကျွင်းချောင် ရှောင်း အော်ငေါက်လိုက်၏။

သူသည် ပူပန်မိနေ၏။

သူ့တွင် အရင်ကမ္ဘာ က ကဲ့သို ဖုန်းနှင့် we chatအကောင့် များလည်း မရှိပေ။ ရှိလျှင်လည်း VPN မရှိသောကြောင့် အသုံးပြု၍ ရမည် မဟုတ်ပေ။

အပြင်ဘက်တွင် အန္တရာယ်တစ်စုံတစ်ရာ တွေ့ကြုံသည်ဆိုပါက သူ ဘာလုပ်ပေးနိုင်မည်နည်း။

"လွယ်ကူတယ်လေ"

စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့် အမျှ အသံပို့လွှတ်ခြင်း နည်းစနစ်ကလည်း အဝေးကြီးကို ရောက်နိုင်တယ်။ ဒါဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းပြီးတော့ အသံပို့လွှတ်ဖို့ဆိုတာ ပြသနာတစ်ခု မဟုတ်ဘူး။"

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွား၏။

"ပေါက်ကရတွေ ရပ်စမ်း။ ငါက ကျင့်ကြံခြင်း အဆင့်ကိုမတိုးတက်ချင်တာ မဟုတ်ဘူး။ သူ့ဘာသာ တိုးမလာတာ။မဖြစ်သေးဘူး မဖြစ်သေးဘူး။ငါ့အနေနဲ့ သတင်းအချက်အလက် အဖွဲ့အစည်းကို ပိုပြီး တိုးတက်အောင် လုပ်မှ ဖြစ်မယ်။ ပြည်နယ်တစ်ခုထဲကနေပြီး ကြီးမားတဲ့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖြန့်ကျက်နိုင်တဲ့ ကွန်ယက်ရှိသွားရင် ပိုပြီး အဆင်ပြေလိမ့်မယ်။”

အသံ့ပို လွှတ်ခြင်းနည်းစနစ်သည် တစ်စုံတစ်ယောက်၏ အကွာအဝေးနှင့် ပတ်သက်၍လည်း ခြားနားလျက်ရှိ၏။

သိုပေမဲ့ မိုးဆွေဟောခန်းကို ပိုမိုချဲ့ထွင်နိုင်ပြီ ဆိုလျှင် ပိုမို၍ အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။ ၎င်းတို့အနေနှင့် ပိုမို တိကျပြီး မြန်ဆန်သည့် သတင်းအချက်အလက်ကို ရယူနိုင်လျှင် ပြိုင်စံရှားဂိုဏ်း၏ သတင်းအချက်အလက် ရယူမှုသည် အလွန်အားကောင်းသွားလိမ့်မည်။

All Chapters