← Chapters

အခန်း (၅၆၂)

Vol. 38 Ch. 562

အခန်း (၅၆၂)

Vol. 38 Ch. 562

ကျွင်းချောင်ရှောင်းသည် လီလိုရှုကိုခေါ်၍ သတင်းအချက်အလက်ကို ထပ်မံ၍ ချဲ့ထွင်မည့် သူ၏ အကြံအစည်အား ပြောပြလိုက်၏။

"ဂိုဏ်းချုပ် ပြောသလိုအရဆိုရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းဖို့ဆိုတာ ကြီးမားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မယ်။ကျွန်မတို့ ကုန်းမြေတိုက်ကြီးတစ်ခုဆီမှာ လုံလောက်တဲ့ လူအရေအတွက် မရှိဘူးလေ။ပြီးတော့ ဒီလောက် အချိန်တိုအတွင်းကို ပြုလုပ်နိုင်မှာ မဟုတ်ဘူး"

"ဒီလို မဟုတ်ရင်လည်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒီသတင်း အချက်အလက် အကုန်လုံးကို လုကျိုးဘက်ကို ရအောင် ဖြန့်ရအောင်"

လီလျိုရှုသည် နားလည်သွား၏။ ထို့ကြောင့် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။ "ဂိုဏ်းချုပ်က လုချင်းချင်းနဲ့ ပတ်သက်ပြီး စိတ်ပူနေတာကို "

"အမှန်ပဲ"

အမြဲတမ်းတစ်ယောက်တည်း ရည်းစားမရှိ နေထိုင်ခဲ့သည် ဖြစ်သောကြောင့် ဂိုဏ်းချုပ်ကျွင်းသည် လီလိုရှု ပြောဆိုလိုက်သည့် အပြောအဆိုထဲတွင် အဓိပ္ပာယ်များ ပါဝင်နေသည်ကို သူ သေချာမသိပေ။ ထို့ကြောင့် မငြင်းဘဲ မှန်ကန်စွာပဲ ပြန်ပြောလိုက်၏။ "ပြီးတော့ သူမက ငါတို့ ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပဲလေ။အပြင်ဘက်ကို ထွက်ပြီး လေ့ကျင့်နေတဲ့ အချိန်မှာ ငါ ပူပန်ပေးရမယ်"

ဤအရာသည် တစ်ခြား ခံစားချက်များ မဟုတ်ဘူးဆိုရင်တောင်မှ စိတ်ပူသင့်သော ကိစ္စဖြစ်နေ၏။

ဤနေရာတွင် ရှောင်ကျီ သို့မဟုတ် ရီရှင်းချန်တစ်ယောက်ယောက်သည်သာ လုကျိုးဘက်သို့ ထွက်ခွာသွားမည်ဆိုလျှင်လည်း သူ စိတ်ပူပန် မိမှာ သေချာသည်။

လက်ဖဝါးဘဲ ဖြစ်ဖြစ် လက်ဖမိုးပဲ ဖြစ်ဖြစ် သူ၏ အသားများပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ပြသနာတက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခံရခြင်းမှ အားလုံးသော မည်သူ့ကို မဆို ကာကွယ်စောင့်ရှောက် ပေးရလိမ့်မည်။

လီလိုရှုက ပြောလိုက်သည်။ "ဒီကလူတွေ လုကျိုးဘက်ကို ခဏလွှဲပေးလိုက်မယ်။ ဒါပေမဲ့ လုံလောက်တဲ့ လူမရှိဘူးဆိုတော့ သတင်းအချက်တွေက မြန်မြန်ဆန်ဆန်ကြီး ရောက်လာမှာ မဟုတ်ဘူး။”

“သတင်းရောက်လာပြီဆိုရင်ကို အဆင်ပြေနေပြီ။နှစ်နာရီ သုံးနာရီလောက် နောက်ကျတာက ကိစ္စမရှိဘူး" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အနည်းဆုံး တစ်ရက်ကနေ နှစ်ရက်လောက် ကြာလိမ့်အုံးမယ်”

အကွာအဝေးမှာ အလွန်တရာ ဝေးကွာလွန်းလှ၏။ ထို့အပြင် သူတို့တွင် လူလည်း များများစားစားလည်း မရှိချေ။ သိုပေ့မဲ့ သတင်းအချက်အလက် ရရှိစေရုံလောက်ဆိုရင် လုံလောက်ပြီဖြစ်သည်။

ဂိုဏ်းချုပ်သည် ချင်းချင်းနဲ့ ပတ်သက်၍ မြန်မြန်ပဲ လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ရ၏။

တစ်နေ့အတွင်းမှာပဲ လီလိုရှု သည် အရှေ့တောင်ရန်ကျူးထဲမှာရှိသော သတင်းအချက်အလက် ပေးပို့သူများကို ဆက်သွယ်၍ လုကျိုးဘက်ဆီသို့ ပို့ဆောင်လိုက်သည်။

မိုးဆွေဟောခန်းတပည့်များ၏ လက်ရှိ အားအင်အရဆိုလျှင် သူတို့သည် မိုင်သုံးရာမှ မိုင်ငါးရာအတွင်း တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ပြောဆိုခြင်းသည် ပြဿနာတစ်ခု မဟုတ်တော့ချေ။

ထို့ကြောင့် သူတို့သည် မြို့တစ်မြို့ချင်းစီကို လူတစ်ယောက်ဆီထား၍ သတင်းအချက်အလက်များကို ပို့ဆောင်ရန် စီစဉ်တော့သည်။

ဟုတ်ပေသည်။

ထိုလူများသည် အလကား နေထိုင်၍ မရပေ။ တိရိစ္ဆာန် အစားအစာ အရောင်းဆိုင်များကို ဖွင့်လှစ်ကြတော့၏။

ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် သတင်းအချက်အလက်များကို ရရှိနိုင်ရုံသာမက နေ့စဉ် အကျိုးအမြတ်များကိုလည်း ရရှိနေသည်။

လက်ရှိအချိန်တွင် ပြိုင်စံရှားဂိုဏ်းသည် ပိုက်ဆံနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုအပ်သလောက် ရရှိနေသော်လည်း သူတို့သည် နှစ်ပေါင်း ထောင်နှင့် သောင်းနှင့်ချီ ဆင်းသက်တည်ရှိခဲ့သော ဂိုဏ်းများနှင့်‌တော့ နှိုင်းယှဉ်၍ မရသေးပေ။

သို့ပေမဲ့ မကြာခင် ထိုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာပေလိမ့်မည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသော သူများသည်ပင် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ကြပြီဖြစ်သည်။ သူတို့သည် မကြာခင်ပင် သိုင်းဘုရင် များ ဖြစ်တည်လာပေလိမ့်မည်။ ဤသို့ဆိုလျှင် ဂိုဏ်း၏ တိုက်ခိုက်‌ရေးအားအင်သည်လည်း ကျိန်းသေပေါက် တိုးတက်လာပေလိမ့်မည်။

အဆင့်လေး ဂိုဏ်းတစ်ခုတွင် သိုင်းစစ်သူကြီးတစ်ယောက် ရှိနေသည်လား။ထိုလူသည် အလွန်တရာ အားကောင်းနေသလား။

သံမဏိအရိုးဂိုဏ်းတွင် သိုင်းအုပ်စိုးသူတစ်ယောက် မရှိဘူးဆိုလျှင်တောင်မှ သိုင်းဘုရင် အများအပြားရှိလို့နေသည်။

ထို့ကြောင့် သူ့အနေနှင့် သိုင်းအုပ်စိုးသူတစ်ယောက် လာ၍ ပြသနာရှာမည်ဆိုလျှင် ဝိုင်းဝန်းတိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်၏။

သိုင်းဘုရင် ဆယ်ယောက်နှင့် မနိုင်လျှင် သိုင်းဘုရင် အ‌ယောက်ကိုးဆယ်ထည့်၍ ချမည်ဖြစ်သည်။

သံမဏိအရိုးဂိုဏ်းထဲတွင် ရှိသော အတွင်းစည်း နှင့် အပြင်စည်းတပည့်များအားလုံးသည် ပါရမီရှင်များဖြစ်ပြီး အရင်းအမြစ်များ ရရှိသောကြောင့် အချိန်တစ်ခုသို့ ရောက်ရှိလျှင် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိမှာ သေချာသည်။ ၎င်းတို့အနေနှင့် လိုအပ်လာသည်မှာ ပိုမိုဖွံဖြိုးတိုးတက်ရန် အချိန်သာ ဖြစ်၏။

……....

ဝူး

စာကြည့်တိုက်ထဲမှာတော့ အသိအမြင်အဆောင်၏ အကျိုးသက်ရောက်မှုသည် ကုန်ဆုံးသွားခဲ့ပြီ။

ကျွင်းချောင်ရှောင်းသည် စာပွဲပေါ်တွင် ရှိသော စာရွက်များ အားလုံးကို အသာချပြီးသည့်နောက်မှာတော့ သူ၏ လည်ကုပ်အား ပင်ပန်းကြီးစွာဖြင့် ပွတ်သပ်လိုက်သည်။

ရှန့်ကွမ်းရှင်းရောင်သည် စာရွက်များကို တစ်ခုချင်းစီ အမျိုးအစားအလိုက် ခွဲနေ၏။ သူမ၏ မျက်လုံးထဲမှာတော့ အလွန်တရာ ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နက်နေ၏။

သူမက ပြောလိုက်သည်။ "ဂိုဏ်းချုပ်…. ဂိုဏ်းချုပ်က အံ့အားသင့်စရာပဲ။လဝက်အတွင်းမှာ ကျွန်မ သုသေသနလုပ်ထားတဲ့ မပြီးစီးသေးတဲ့ နည်းစနစ်အားလုံးကို ပြည့်စုံအောင် လုပ်ခဲ့တယ်။"

သူမသည် နောက်ထပ် စာရွက်ထူကြီးတစ်ထပ်ကို စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။

ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်၏။ "ဒီမှာ တပည့် လက်ရှိမှာ လုပ်နေတဲ့ သိုင်းနည်းစနစ် ဆယ်ခုပဲ။ဂိုဏ်းချုပ် ‌အနေနဲ့ ဒီအရာတွေကို ပိုပြီး လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်"

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ပြီးနောက် သူသည် စားပွဲပေါ်သို့ မနည်းကြိုးစားကာ ပြန်တက်ထိုင်ပြီး စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒါတွေကို ယူသွား …. ဒါတွေကို ယူသွားပါတော့။ မရီဒန်လှည့်ပတ်မှု၊ မန္တာန်တွေ နဲ့ စွမ်းအင် လမ်းကြောင်းပုံတွေကို ငါ ကြည့်ရတာ မူးတောင်လာပြီ။”

လဝက်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် တစ်ဝက်တစ်ပျက် ဖြစ်ပျက်နေသော သိုင်းနည်းစနစ် နှစ်ထောင်မှ သုံးထောင် နီးပါးအား ပြန်လည်ပြုပြင်ခြင်း လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ရ၏။ အလွန်တရာ နာကျင်ဖွယ်ရာ ကောင်းသော အတွေ့အကြုံပင် ဖြစ်သည်။

ဂိုဏ်းချုပ်ကျွင်းသည် ညဘက်အိပ်လျှင်တောင်မှ သိုင်းနည်းစနစ်၏ မန္တာန်များကို ထ၍ ရွတ်ဖတ်မိသည်အထိ အလုပ်များခဲ့ရ၏။

ဟုတ်ပေသည်။ အလွန်တရာ နာကျင်စရာ ကောင်းလှသော်လည်း အလွန်တရာ ပျော်မွေ့ဖို့လည်း ကောင်းနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက်ကို ရရှိဖို့ အတွက် သိုင်းကျမ်းသည် ခြောက်ရာကျော်အထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

တစ်ခြားသော သိုင်းနည်းစနစ်များသည်လည်း သူ့ဟာနဲ့သူ ပိုမို၍ များပြားလာခဲ့၏။

အပြင်ဘက်တွင်သာ ဝယ်ယူမည်ဆိုပါက ဈေးနှုန်းကို ဂရုစိုက်စရာမလိုဘူး ဆို‌လျှင်တောင်မှ အချိန်အတိုင်းအတွင်း ဤမျှ များပြားသော နည်းစနစ်များကို ဝယ်ယူရန်ဆိုသည်မှာ ပြသနာရှိလှသည်။

"ဂိုဏ်းချုပ်"

လီချင်းယန်သည် သူ့ကို လာရောက် တွေ့ဆုံသည် “တပည့် ပြသနာတစ်ခုကို နားလည်လိုက်ပြီ”

"ပြော"

လီချင်းယန်က ပြောလိုက်သည်။ "တစ်ခြား ဂိုဏ်းတွေက သူတို့၏ သိုင်းတပည့်တွေ ကျင့်ကြံဖို့အတွက် အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ် ရှိကြတယ်။ကျွန်တော်တို့ဆီမှာ မရှိဘူး"

"ဒါက အမှန်ပဲ"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ် လိုက်၏။

ပြိုင်စံရှားဂိုဏ်းသည် နည်းစနစ်များ အများအပြား ရှိနေ၏။ သို့ပေမဲ့ ကျင့်ကြံခြင်း နည်းစနစ်အရဆိုလျှင် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်နှင့် စိတ်နှလုံး အေးချမ်းခြင်း နည်းစနစ် နှစ်ခုသာ ရှိပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်သည် အလွန်တရာ အားကောင်းလှသည် ဆိုသော်လည်း မရီဒန်ဖွင့်ခြင်း အဆင့်သာ ကျင့်ကြံ၍ ရနိုင်သော အရာဖြစ်၏။ နောက်ပိုင်းမှ ဂိုဏ်းထဲသို့ ဝင်ရောက်လာသော တပည့်များအနေနှင့် ထို နည်းစနစ်အား ကျင့်ကြံ၍ မရခဲ့ပေ။

စိတ်နှလုံး အေးချမ်းခြင်း နည်းစနစ်ဆိုသည်မှာ နှလုံးသားကို ပိုမို၍ အေးချမ်းသွားအောင် ပြုလုပ်ရသော နည်းစနစ်ဖြစ်ပြီး ဖြည့်စွက် နည်းစနစ် တစ်ခု သာသာပဲ ဖြစ်သည်။

ထို့ကြောင့် အခြားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

"ဒါက ပြသနာပဲ"

ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။

သူ့အနေနှင့် တပည့်များအား ပိုမို အဆင့်ချိုးဖြတ်နိုင်စေရန် အရင်းအမြစ်များစွာကို အသုံးပြုခွင့် ပေးထား၏။ သို့ပေမဲ့ အရင်းအမြစ်ဆိုသည်မှာ အကန့်အသတ် ရှိနေ၏။ အဆင့်ကြီးများကို ကျော်ဖြတ်ဖို့ဆိုလျှင် ကျင့်ကြံခြင်း နည်းစနစ်မှာလည်း အလွန်တရာ အရေးကြီးလွန်းသည်။

"ပြိုင်စံရှား ဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ နာမည် ‌ကျော်ကြားချင်တယ်ဆိုရင် အဆင့်မြင့် ကျင့်ကြံခြင်း အဆင့်ကို လိုအပ်တာပဲ။"

ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင်အား ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ရှိသော ကျင့်ကြံခြင်း နည်းစနစ်များကို စသဖြင့် ဖတ်ရှုလိုက်သည်။ သူ၏ တပည့်များအတွက် သင့်တော်သော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို တွေ့ရှိနိုင်ဖို့ သူ မျှော်လင့်မိ၏။

"တွေ့ပြီ …. ဓာတ်ငါးပါး ကောင်းကင် နည်းစနစ်"

မိတ်ဆက်အရဆိုလျှင် အလွန်တရာ နက်နဲလှသော ဓာတ်ငါးပါး နည်းစနစ်တစ်ခု ဖြစ်ပြီး အစိတ်အပိုင်း ငါးပိုင်း အဖြစ် ပိုင်းခြားထား၏။

သတ္တု ၊ သံ ၊ သစ်သား၊ ရေ ၊ မီး စသည့် ဓာတ်ကြီး ငါးပါး ပါဝင်သည်။ တစ်ခုချင်းစီသော်လည်းကောင်း အားလုံး စုပေါင်း၍ သော်လည်းကောင်း ကျင့်ကြံ၍ ရသည်။ အဆုံးစွန်ထိကျင့်ကြံပြီးနောက်မှာတော့ ဓာတ်ငါးပါး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပေလိမ့်မည်။

သိုင်းနည်းစနစ်၏ မိတ်ဆက်ကို ဖတ်ရှုပြီးသည့်နောက်မှာတော့ အလွန်တရာ အားကောင်းလှသည့် အရာတစ်ခု ဖြစ်ကြောင်း သိရှိနိုင်၏။

"ဒါက ကောင်းတာပဲ"

ကျွင်းချောင်ရှောင်းသည် အသာငုံကြည့်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်း နည်းစနစ် လဲလှယ်ရမည့် အရေအတွက်သည် ၉၉၈ ခု ဖြစ်နေသည်။ နှစ်ထောင်လည်း မဟုတ် သုံးထောင်လည်း မဟုတ် ၉၉၈ ခုတည်းပင် ဖြစ်၏။

"ရှင်းရောင်"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "မင်း ကျင့်ကြံခြင်း နည်းစနစ်ကို ဖန်တီးနိုင်လား"

"ဒါလား"

ရှန်ကွမ်းရှင်းရောင် ပြောလိုက်သည်။ "ဂိုဏ်းချုပ်လို နက်နဲလှတဲ့ နားလည်မှု‌မရှိ‌ဘူးလေ”

“ကျင့်ကြံခြင်းကို ဖန်တီးတာကို ဒီလိုမျိုး ဆုံးဖြတ်လိုက်မယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လက်ဝါးနည်းစနစ် လက်သီးနည်းစနစ်တွေကို ဖယ်ထားလိုက်။အရင်ဆုံး ကျင့်ကြံခြင်း နည်းစနစ်တွေကို သုတေသန ပြုလုပ်ဖို့ အာရုံစိုက်။အကြံဉာဏ်တွေ ရလာပြီဆိုရင် ချက်ချင်း သုတေသန လုပ်လိုက်။များလေ ကောင်းလေပဲ"

"ကောင်းပါပြီ"

ရှန့်ကွမ်းရှင်းရောင်သည် ဇဝေဇဝါဖြစ်မိနေ၏။ "ဂိုဏ်းချုပ် ဘာလို့ ကျင့်ကြံခြင်း နည်းစနစ်ကို ကိုယ့်ဘာကို မဖန်တီးထားလဲ..."

ဤမေးခွန်းသည် ကျွင်းချောင်ရှောင်း၏ ရင်ကို စောင့်ကန်လိုက်သလိုပင် ဖြစ်သည်။

သူသည် ထိုကဲ့သို့သော ကျင့်ကြံခြင်း နည်းစနစ်ကို ဖန်တီးချင်နေ၏။ သို့ပေမဲ့ သူ၏ ဦးနှောက်များသည် ရှန်ကွမ်းရှင်းရောင်လို အားမကောင်းချေ။

အဟွတ်

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက် ပစ်ကာ အလွန်တရာ ကြီးမြတ်လှသော ဂိုဏ်းချုပ်တစ်ခု၏ ဟန်ပန်မျိုးဖြင့် ပြောလိုက်သည်။ "ငါက တပည့်တွေကို ပိုမိုပြီးတော့ အားကောင်းစေဖို့ ပျိုးထောင်ပေးနေတာလေ"

ရှန့်ကွမ်းရှင်းရောင်၏ မျက်လုံးများသည် လင်းလက်သွားသည်။ သူမသည် လေးလေးနက်နက် ပြောလိုက်တော့သည်။ "ဂိုဏ်းချုပ်ကို စိတ်ဓာတ်မကျစေရပါဘူး။ကျွန်မက ကျင့်ကြံခြင်း နည်းစနစ်တွေကို ပိုပြီးတော့ သုတေသန လုပ်ပါမယ်"

ဟင်း

စနစ်သည် သက်ပြင်းချကာ ပြောလိုက်သည်။ "ကောင်မလေးကတော့ ဒီအရှက်မဲ့တဲ့ လူရဲ့ လှည့်စားခြင်းကို ခံရပြန်ပြီ.

……..

ဝှစ်။

လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အစိမ်းရောင် လခြမ်း ဓားမော့ကြီးကို ကိုင်ဆောင်ကာ လေထဲသို့ ခုတ်ပိုင်းလျက်ရှိသည်။ အလွန်တရာ တောက်ပလှသော မီးစွမ်းအင်များသည် ဓားမော့ထဲတွင် ဖြစ်တည်လျက်ရှိ၏။

ရွှမ် ရွှမ် ရွှမ် ရွှမ်။

အလွန်တရာ ပူလောင်လှသော မီး‌တောက်များသည် လေထုထဲမှာတော့ ဖြစ်တည်လာပြီးသည့်နောက် တည်နေရာ တစ်ခုလုံးကို ပိုင်းဖြတ်သွားပုံပေါ်သည်။

ရွှီ …..

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ထဲမှာတော့ လီကွမ်ယု၏ ဝိညာဉ် ကို ဆက်သွယ်‌လိုက်တော့သည်။

ကောင်းကင်တွင် မီးတောက်များဖြစ်တည်လာပြီးသည့်နောက်မှာတော့ အလွန်တရာ ဆန်းကြယ်လှသော ပုံရိပ်ယောင် တစ်ခုသည် ခန္ဓာကိုယ်၏ နောက်ဘက်တွင် ပေါ်ပေါက်လာ၏။

"ကောင်းကင်ဘုံ"

စုရှောင်မိုနှင့် တစ်ခြားသူများ အားလုံးတို့သည် အံဩမိကြ၏။

ကွမ်ယုသည် ရုတ်တရက်ဆိုသလိုပဲ မျက်လုံးကို ဖွင့်လိုက်၏။ ၎င်း၏ ဝိညာဉ် ခန္ဓာကိုယ်သည် ပိုမိုကြမ်းတမ်းအားကောင်းသော မီးတောက်များဖြင့် တောက်လောင်လျက်ရှိသည်။

ဟွာတောင်အား ခုတ်ပိုင်းခြင်း။

ရွှီ …. ရွှီ။

ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်ပြီးနောက်မှာတော့ သူ၏ လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

မီးတောက်များနှင့် ဖုံးလွမ်းလျက်ရှိသော ကွမ်ယု၏ ဝိညာဉ်သည် ပုံမှန်အတိုင်းပင် တစ်ထပ်တည်း ခုတ်ပိုင်းလိုက်၏။

ဘုန်း ဘုန်း ဘုန်း။

အောက်တွင် ခင်းထားလျက်ရှိသော ကျောက်တုံးများသည် ဓားချက်ကြောင့် ကွဲကြေကုန်တော့သည်။

ကျွင်းချောင်ရှောင်းသည် သ‌ဘောတကျဖြင့် ပြောလိုက်၏။ "နဂါးစိမ်း လခြမ်းဓားမော့ကို မီးဓာတ် အမျိုးအစားစိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ အရင်ကထက် ပိုပြီးတော့ အားကောင်းသွားတာပဲ"

"ဂိုဏ်းချုပ်"

လီချင်းယန်သည် အသာလျှောက်ဝင်လာပြီး မြေပေါ်တွင် ရှိသော ကွဲကြေနေသည့် ကျောက်ပြားများကို ကြည့်လိုက်ပြီး အားနာနာဖြင့် ပင် ပြောလိုက်တော့သည်။

"ကွဲသွားတဲ့ ဒီကျောက်ပြားတွေက အရမ်းကို ဈေးကြီးတယ်။ ဂိုဏ်းချုပ် သုံးချက်ခုတ်ပိုင်းလိုက်တာ အနည်းဆုံး ငွေတေလ်း နှစ်သိန်း သုံးသိန်းလောက် အကုန်ခံပြီး ပြန်ပြင်ရတော့မှာပဲ"

"ချီးတဲ့မှ "

ကျွင်းချောင်ရှောင်းသည် လက်ထဲမှ ဓားမော့ လွတ်ကျလုမတတ်ပင် ဖြစ်သွားတော့သည်။ သူသည် ထိုကျောက်ပြားများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒါတွေက ဒီလောက်တောင် ဈေးကြီးတာလား။ စောစောစီးစီး ပြောထားပါလား။"

All Chapters