← Chapters

အခန်း (၅၆၃)

Vol. 38 Ch. 563

အခန်း (၅၆၃)

Vol. 38 Ch. 563

အထူးအစွမ်းရှိသော နဂါးစိမ်း လခြမ်းဓားမော့ သည် လက်နက်ခန်းမဆောင် အတွင်းသို့ ထည့်သွင်း၍ ပြုပြင်လိုက်သည့် အချိန်မှာတော့ ၎င်း၏ လက်နက်စိတ်ဝိညာဉ်ထဲတွင် လက်နက် စိတ်ဝိညာဉ်စွမ်းအင် ငါးခု ထိ ထားရှိနိုင်သောအဆင့်သို့ ရောက်ရှိသွားသည်။

ကျွင်းချောင်ရှောင်းသည် မီး‌ဓာတ်စိတ်ဝိညာဉ်ကို စမ်းသပ်ပြီးပြီဖြစ်၏။

ပြောနေစရာပင် မလိုပေ။

သူ၏ ကိုယ်ပိုင် မီးဓာတ်သဘာဝနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ကွမ်ယု၏စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းလာပြီး တိုက်ခိုက်ရေး အားအင်မှာလည်း အလွန်တရာ တိုးတက်သွားခဲ့သည်။

ဘယ်လောက်တိုးတက်သွားခဲ့သနည်းဆိုသော် သူသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် တစ်ခါတည်း ခုတ်ပိုင်း သတ်ဖြတ်နိုင်စွမ်း ရှိလောက်၏။

သိုင်းအုပ်စိုးသူတစ်ယောက်နှင့် ရင်ဆိုင်လိုက်မည်ဆိုလျှင် သူသည် အနိုင်မယူနိုင်သည်ဆိုသည်တောင်မှ အားနည်းလိမ့်တော့ မဟုတ်ချေ။

စနစ်က ပြောလိုက်သည်။ "လက်ခံသူက လက်နက်စိတ်ဝိညာဉ် လေးခုကို နောက်ထပ် စုစည်းနိုင်သေးတယ်။ နဂါးစိမ်းလခြမ်းဓားမော့က ဓာတ်ငါးပါး လက်နက် စိတ်ဝိညာဉ် ကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါက ကွမ်ယုရဲ့ စိတ်ဝိညာဉ်နဲ့ပါ ထပ်ပြီး ပေါင်းစပ်ထားတာမို့ အားအင်အဆင့်ကလည်း အရမ်းကို တိုးတက်သွားလိမ့်မယ်။"

"ဒါကို ငါ ကျိန်းသေပေါက် တွေးနေတာပဲ"

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကို သိမ်းပြီးသည့်နောက်မှာတော့ ဓာတ်ငါးပါး လက်နက်စိတ်ဝိညာဉ်များ တည်ရှိလာစေရန် စတင်ကာ သန့်စင်လိုက်တော့၏။

သူ့အနေနှင့် အချိန်လိုအပ်နေသေးသည်။

"ဂိုဏ်းချုပ်"

စုရှောင်မိုသည် သူ၏ လက်များကို ပွတ်သပ်ကာ လျှောက်လာ၏။ ပြီးနောက် ရယ်ကာ ပြောလိုက်သည်။ "ဘယ်တုန်းက ဒီလောက် အံအားသင့်စရာကောင်းတဲ့ လက်နက် ရှိသွားရတာလဲ။"

"ဘာဖြစ်လို့လဲ"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းက အအေးဓားကို မကြိုက်လို့လား"

"ကြိုက်တာပေါ့ …. ကြိုက်တာပေါ့"

စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်သည်။ "တကယ်လို့ အရမ်းအားကောင်းတဲ့ လက်နက်တွေနဲ့ အစားထိုးရမယ်ဆိုရင်လည်း အနာဂတ်မှာ ပိုပြီးတော့ တိုးတက်တာပေါ့ ဂိုဏ်းချုပ်"

"ပေါက်ကရတွေ မပြောနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မြန်မြန် … ဘောလုံးသွားကန်နေတော့"

စုရှောင်မိုသည် မြန်မြန်ပဲ ထွက်ခွာသွားသည်။

သို့ပေမဲ့ သူပြောခဲ့သော စကားများသည် ဂိုဏ်းချုပ်ကျွင်းအား စိတ်ပူပန်မိစေ၏။ သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "တပည့်သစ်တွေ ဆီမှာ လုံလောက်တဲ့ လက်နက်တွေ မရှိဘူး။ဒီတော့ ငါ အအေးဓားတွေ တပ်ဆင်ပေးရမဲ့ အချိန်ရောက်ခဲ့ပြီပဲ။မဖြစ်သေးဘူး။အနည်းဆုံး သူတို့အနေနဲ့ အအေးဓားလောက်ကိုတော့ လက်ထဲမှာ ကိုင်ထားနိုင်မှ ဖြစ်လိမ့်မယ်"

ပန်းပဲခန်းမဆောင်သည် လက်နက် အများအပြားကို အချိန်တိုအတွင်းမှာပဲ သွန်းလုပ်နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ ပြုလုပ်ရမည့် အဓိက အချက်သည် ပြုလုပ်ရမည့်ကုန်ကြမ်း မရှိခြင်းက ပြဿနာဖြစ်နေသည်။

"ငါ အပြင်ကို ထွက်ပြီးတော့ ရှာမှ ဖြစ်မယ်။"

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။

အဝယ်တော်ခန်းမဆောင်သည် ကျောက်ရိုင်းများကို ဝယ်ယူခဲ့၏။ သို့ပေမဲ့ များပြားလှသည့် အရေအတွက်ကို ထောက်ပံ့ပေးနိုင်ဖို့ အတွက်တော့ အလွန်တရာ ခက်ခဲလှသည်။

တပည့်များ အား လက်နက်မျိုးစုံ ပေးချင်သည်ဆိုလျှင် သူ့အနေနှင့် အန္တရာယ်ရှိလှသော နေရာများကို သွား၍ ပစ္စည်းများကို ရှာဖွေမှ ဖြစ်ပေလိမ့်မည်။

"အကြီးအကဲကျန့်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အရှေ့တောင်ရန်ကျူးထဲမှာ အန္တရာယ်ရှိတဲ့ တားမြစ် တည်နေရာတွေ ရှိလား။"

"ရှိတာပေါ့"

ကျန့်ရာက ပြောလိုက်သည်။ "တင်းယန်နိုင်ငံမှာ တားမြစ် တည်နေရာတစ်ခု ရှိတယ်။အဲ့ဒါကို နတ်ဆိုးတောင်ရိုးလို့ ခေါ်တယ်။အရမ်းကို အန္တရာယ်များပြီးတော့ သိုင်းဘုရင်တစ်ယောက်ဆိုရင်တောင် အဲမှာ သေသွားနိုင်တယ်။"

"တကယ်လား"

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်စားသွားမိ၏။

သိုင်းဘုရင်များပင် အန္တရာယ်ရှိသည်ဆိုသောကြောင့် နတ်ဆိုးတောင်ရိုးသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

အန္တရာယ်ပို၍ ရှိလေ ရရှိနိုင်သည့် အကျိုးအမြတ်သည် ပို၍ များလေဖြစ်သည်။ ထို့ကြောင့် အထဲတွင် သဘာဝရတနာများ ရှိလို့နေနိုင်၏။

“သွားပြီးတော့ ကြည့်ရမယ်" ကျွင်းချောင်ရှောင်း ဆုံးဖြတ်ချက်ချလိုက်၏။

ကျန့်ရာသည် ဆွံ့အသွား၏။ ဂိုဏ်းချုပ် ပြောနေတဲ့ပုံစံက လေညှင်းခံ ထွက်မယ့်ပုံစံပဲ။

ကျွင်းချောင်ရှောင်းသည် အကြံဉာဏ်ရရှိပြီးသည့်နောက်မှာတော့ ကိစ္စအားလုံးကို စီစဉ်ကာ သံမဏိအရိုးတောင်မှ ထွက်ခွာလိုက်သည်။

ဤတစ်ကြိမ်တွင် စိတ်လက်ပူပန်မှု ကင်းစွာဖြင့် အေးအေးချမ်းချမ်း ထွက်ခွာလာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လီလိုရှုနှင့်အတူ မျှဝေခြင်း လက်ကောက်ကို ဝတ်ဆင်လာခဲ့သည်။ သူ့အနေနှင့် မထင်မှတ်တာတွေ ဖြစ်မည်ဆိုလျှင် ဂိုဏ်းအကာအကွယ် အစီအရင်အား အချိန်မရွေး အသက်သွင်း၍ ရရှိနိုင်သောကြောင့်ပင်။

…......

ကျန့်ရာ ပြောဆိုသည့်အတိုင်းပင် နတ်ဆိုးတောင်ရိုး သည် အရှေ့တောင်ရန်ကျူးတွင် ကျော်ကြားလှသော တားမြစ်တည်နေရာများထဲမှ တစ်ခု ဖြစ်လို့နေ၏။

နတ်ဆိုး သားရဲများ အားလုံး၏ စားကျက်ပင်ဖြစ်နေ၏။ ဤနတ်ဆိုးသားရဲများသည် အလွန်တရာ ကြမ်းရမ်းလှသော သားရဲများပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းအကြာက ဤနေရာတွင် ဂိုဏ်းတစ်ခု တည်ရှိခဲ့သည်ဟု ဒဏ္ဍာရီများက ဆိုကြ၏။

နတ်ဆိုးကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် အလွန်တရာ ဆန်းကြယ်လွန်းလှ၏။

ထို့ကြောင့် အစဉ်တစိုက်ဆိုသလိုပဲ နတ်ဆိုးချီများကို ထုတ်လွှတ်လျက်ရှိနေသည်။

အချိန်တွေ ကြာလာပြီး နောက်မှာတော့ နတ်ဆိုးချီများသည် သားရဲရိုင်း အပေါ်တွင် သက်ရောက်ပြီး သားရဲရိုင်းများသည် စိတ်လွ‌တ်ကာ ကြမ်းတမ်းရိုင်းစိုင်းလာခဲ့တော့သည်။

ကျွင်းချောင်ရှောင်း၏ အထင်အရဆိုလျှင် အချိန်တွေ ကြာမြင့်လာသည်နှင့် အမျှ ထိုသားရဲရိုင်းများသည် သန္ဓေပြောင်းလာပြီး နတ်ဆိုးသားရဲရိုင်းများအဖြစ် ဖြစ်တည်လာခြင်းပင် ဖြစ်နိုင်၏

"ဒီထဲမှာ ရှားပါးလှတဲ့ စိတ်ဝိညာဉ် သားရဲတွေ ရှိနိုင်တယ်။"

နတ်ဆိုးတောင်ရိုးထဲသို့ လာရသော သူ၏ တစ်ခြားအကြောင်းအရင်းမှာ သူ့တွင် အလယ်အလတ်နှင့် အဆင့်မြင့်သားကောင်ဖမ်းဘောလုံးများရှိနေသောကြောင့်ပင်။ ထိုအရာများကို သူ အသုံးပြုချင်နေသည်။

နဂါးလေးသည်လည်း သူနှင့် အတူ လိုက်ပါလာ၏။ ၎င်း၏ ခန္ဓာကိုယ်သည် အနည်းငယ် ကြီးထွားလာခဲ့သည်ဖြစ်သောကြောင့် သူ့သခင်၏ပုခုံးထက်တွင် နေထိုင်၍ မရတော့ချေ။ ထို့ကြောင့် ဟာရီကိန်းဝံပုလွေဘုရင်၏ ဦးခေါင်းထက်တွင် ထိုင်လျက်ရှိသည်။

သူ၏ ခြေ‌လက်လေးဖက်သည် ဝံပုလွေ၏ ခေါင်းပေါ်ရှိ အမွေးများကို တင်းတင်းဆုပ်ကိုင်ထား၏။

"ဝံပုလွေကြီး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အမြန်ဆုံးပြေး"

အာ … ဝူး

ဟာရီကိန်းဝံပုလွေဘုရင်သည်သူ၏ ဦးခေါင်းကို မော့ကာ အူလိုက်‌တော့သည်။ ထို့နောက် လေခွဲနည်းစနစ်ကို အသက်သွင်းလိုက်တော့သည်။

အပြာရောင် လေလှိုင်းများသည် သူ၏ခြေထောက်၌ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အပြာရောင် အလင်းတန်းအဖြစ် လှစ်ခနဲ ပြေးထွက်သွား၏။

နဂါးလေးသည်မှာတော့ အလွန်တရာ ကံဆိုးလှပေသည်။

သူသည် ဟာရီကိန်းဝံပုလွေ၏ ဦးခေါင်းထက်တွင် ထိုင်နေသောကြောင့် လေ အလွန်အမင်းတိုးပြီး မျက်လုံးပင် မဖွင့်နိုင်တော့ချေ။

ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ တည်ငြိမ်နေသည်။ အဘယ့်ကြောင့် ဆိုသော် သူ၏ ဆံပင်များသည် ရှုပ်ပွမနေချေ။ သူသည် စနစ်မှ ခေါင်းလိမ်းဆီအား လိမ်းလာသောကြောင့်ပင် ဖြစ်မည်။

တင်းယန်နိုင်ငံသည် ကျန်းယန်နိုင်ငံနှင့် နှိုင်းယှဉ်၍ ရနိုင်သော အဆင့်ခြောက်နိုင်ငံတစ်ခု ဖြစ်၏။ အလွန်တရာ ကျယ်ပြောလှပြီး လူဦးရေလည်း ထူထပ်လှ၏။ သိုင်းဆရာနှင့် သိုင်းစစ်သူကြီးများ အဆင့် ကျွမ်းကျင်သူများအားလုံးကို နေရာအနှံ့တွင် တွေ့ရှိနိုင်သည်။

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဟာရီကိန်းဝံပုလွေဘုရင်ကို စီးနင်းကာ တင်းယန်နိုင်ငံ၏ နယ်နမိတ်ထဲသို့ ဝင်ရောက်လာတော့သည်။

သူတို့သည် လမ်းကြိုလမ်းကြားများကို ရွေးချယ်၍ ခရီးသွားလာပြီးသည့်နောက်မှာတော့ နတ်ဆိုးတောင်ရိုး ဆီသို့ နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့၏။

တောင်ကြား၏ အဝင်ဝသည် အလွန်တရာ ရှေးကျလာပြီး ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပိတ်ဆို့လျက်ရှိသည်။ ဤနေရာသို့ လူအနည်းငယ်သာ ခြေချခဲ့ကြောင်း သိသာလှသည်။

တောင်၏ နံရံတွင်တော့ သွေးကဲ့သို့သော စာဖြင့် ရေးသားထားသော နတ်ဆိုးတောင်ရိုးူ ဟူသော စာတမ်း တည်ရှိနေပြီး အောက်ဖက်တွင်တော့ သေးငယ်သော စာလုံးများနှင့် ရေးသားထားသေး၏။

နတ်ဆိုးဂိုဏ်း၏ တည်နေရာ။ ကျူးကျော်ဝင်ရောက်လာသူများ သေဆုံးခြင်းသာ ကြုံရမည်။

အချိန်ကြာမြင့်လာပြီဖြစ်သောကြောင့် စာသားများအားလုံးသည် ရေညှိများတက်လျက်ရှိနေသည်။ သို့ပေမဲ့ စူးရှပြီး ကြောက်မက်ဖွယ်ရာကောင်းငော အော်ရာများတော့ ထွက်ပေါ်နေသေး၏။

"ဒါက နတ်ဆိုး ဂိုဏ်းချန်ထားခဲ့တဲ့ အရာများလား" ကျွင်းချောင်ရှောင်း ခန့်မှန်းလိုက်မိ၏။

ဝှစ် …. ဝှစ်

ထိုအချိန်မှာပဲ တောင်ကြားအတွင်းဘက်ဆီမှ ကျီးကန်းတစ်အုပ်သည် အလန့်တကြားဖြင့် ထ၍ ပျံသန်းလိုက်ကြသည်။

ဝူး ….

ဟာရီကိန်းဝံပုလွေဘုရင် ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ သားရဲများသည် လူသားများထက် အန္ဆရာယ်၏ အငွေ့အသက်ကို အာရုံခံနိုင်စွမ်းရှိကြ၏။

တောက်။

နဂါးလေးသည် မျက်လုံးတွေ ချာချာလည်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "သတ္တိကြောင်လိုက်တာကွာ"

ဘုတ် …။

ဝှစ် ….။

မြက်ခင်းထဲမှ အကောင်အသေးလေးတစ်ကောင်သည် ရုတ်တရက် ခုန်ထွက်လာသည်။

နဂါးလေးသည် သူ့သခင်၏ ပုခုံးပေါ်သို့ ခုန်တက်ပြီး အလန့်တနကြားဖြင့် ပြောလိုက်သည်။ "သောက်ခွေးတဲ့မှ …. ဒီကောင်လုပ်တာနဲ့ ငါလန့်လို့ သေတော့မယ်..."

ကျွင်းချောင်ရှောင်းသည် နဂါးလေးအား အောက်သို့ ပစ်ချပြီး ခြေဖြင့်နင်းချင်စိတ်ပင် ပေါက်သွားမိ၏။

"ဝံပုလွေကြီး အပြင်ဘက်မှာ ခဏစောင့်အုံး။ နဂါးလေးနဲ့ငါ အထဲကို ဝင်ပြီး ကြည့်အုံးမယ်"

ဝူး။

ဟာရီကိန်းဝံပုလွေဘုရင်သည် တုံပြန်လိုက်၏။

ကျွင်းချောင်ရှောင်းသည် နဂါးလေးအား ခေါ်၍ တစ်နှစ်ပတ်လုံး မည်သူမှ ချေမနင်းသော နတ်ဆိုးတောင်ရိုး ထဲသို့ ‌လျှောက်ဝင်လိုက်သည်။

သို့ပေမဲ့ သူ အထဲသို့ ဝင်ဝင်ချင်းမှာပဲ တောင်ကြား၏ အဝင်ဝတွင် လှိုင်းများ ဖြစ်တည်သွားခဲ့သည်။ ဤအရာသည် အတားအဆီး အစီအရင်တစ်ခု အား ချိုးဖြတ်ဝင်ရောက်သွားသည့် အရိပ်လက္ခဏာပင် ဖြစ်တော့၏။

အပြင်ဘက်တွင် ရှိသော ဟာရီကိန်း ဝံပုလွေဘုရင်သည် ထိုအရာကို သတိပြုမိသည်။ သူ့အနေနှင့် အူ၍ သတိပေးလိုက်ချင်သည်။ သို့ပေမဲ့ သူ၏ သခင်နှင့် နဂါးလေးတို့သည် ဝင်ရောက်ပျောက်ကွယ်ပြီးသွားကြပြီဖြစ်သည်။

ထိုအချိန်မှာတော့ ‘နတ်ဆိုးဂိုဏ်း၏ တည်နေရာ … ကျူးကျော်ဝင်ရောက်လာသူများ သတ်ဖြတ်ခံရမည်’ ဆိုသော စာတန်းသည် ရုတ်တရက်ဆိုသလိုပဲ အပေါ်ရှိ ရေညှိများ ကွာကျလာသည်။ပြီးနောက် ထိုစာတန်းဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာတော့၏။

နတ်ဆိုးတောင်ရိုး ၏ အတွင်းပိုင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်နေသော နေရာဆီသို့ လျှောက်သွားလိုက်တော့သည်။

ထိုအသံများသည် လူများအား ခြောက်ခြားစေသည်။ တဂီးဂီး .. တဟီးဟီး အသံများ ဖြင့် သဲထိတ်ရင်ဖို ရုပ်ရှင်ကားများထဲမှ မြင်ကွင်းပုံစံမျိုးဖြစ်နေ၏။

"ချီးတဲ့မှ …."

သူ့အနေနှင့် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။ "ဒီထဲမှာ သွေးစုပ်ဖုတ်ကောင်တွေ ဘာတွေတော့ မရှိနိုင်ဘူး မဟုတ်လား"

စနစ်က ပြောလိုက်သည်။ "လက်ခံသူကတော့ သဲထိတ်ရင်ဖို ဝတ္ထုတွေ ဖတ်တာ များသွားပြီနဲ့တူတယ်။ သွေးဖုတ်စုပ်ကောင်တော့ ရှိနေနိုင်တယ်"

ရွှီ …. ရွှီ။

ထိုအချိန်မှာပဲ အမဲရောင် အရိပ်များသည် သစ်ပင်ပေါ်မှ ခုန်ချလာ၏။

၎င်းတို့၏ ပုံပန်းသွင်ပြင်များကို ကြည့်ရှုမည်ဆိုလျှင် ကျားသစ် သားရဲကြီးများနှင့်ပင် ဆင်တူလှသည်။ သို့ပေမဲ့ ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်လျက်ရှိပြီး ခန္ဓာကိုယ်များမှာလည်း ပုတ်ပွလျက်ရှိ၏။ အလွန်တရာ နံဟောင်လှသော ရွံ့စရာ အနံ့မျိုးလည်း ထွက်ပေါ်နေသည်။

ကျွင်းချောင်ရှောင်း သည် အသက်ရှူခြင်းကိုသာ မရပ်တန့်လိုက်ပါက ရက်အနည်းငယ်အတွင်း သူစားခဲ့သော အစားအစာများအားလုံး ပျို့အန်ထွက်လာမှာ သေချာ၏။

ဝေါ့။

နဂါးလေးသည် အော့အန်လိုက်‌တော့သည်။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကိုပိတ်၍ အလွန်တရာ ကြမ်းတမ်းလှသော မျက်နှာဖြင့် ကျားသစ်သားရဲကြီးအား လက်ညိုးထိုးကာ ဖြင့်‌ ပြောလိုက်၏။

"မင်းပြောတော့ သွေးစုပ်ဖုတ်ကောင် မရှိဘူးဆို"

စနစ် “........”

"ဘယ်လိုဖြစ်ရတာလဲ"

စနစ်သည် ပြန်ခံငြင်းလိုက်၏။

"ဒါက သွေးစုတ်ဖုတ်ကောင် မဟုတ်ဘူး။ ဇွန်ဘီး သားရဲပဲ"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒါ ဘာကွာလို့လဲ"

‌ဝေါင်း။

ရွံ့စရာကောင်းလှသော ကျားသစ်သားရဲကြီးသည် သူ၏ ဦးခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်သည်။ ပြီးနောက် အရှေ့ကို ခုန်လွှားလိုက်၏။

"နဂါးလေး …. ဒီကိစ္စကို မင်းတာဝန်ယူလိုက်တော့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည် "ကောင်းပြီ"

နဂါးလေးသည် ရှေ့သို့ ခုန်ချလိုက်၏။

ပြီးနောက် သူသည် သူ၏ မျက်နှာဆီသို့ လေဟာဟပ်သော ရွံ့စရာကောင်းသည့် အနံ့အသက်များကို ရှူရှိုက်လိုက်သည့် အချိန်မှာတော့ ထိုး၍အန်ချလိုက်တော့သည်။

ဝေါ့‌ … ဝေါ့ ..။

All Chapters