← Chapters

အခန်း (၅၆၄)

Vol. 38 Ch. 564

အခန်း (၅၆၄)

Vol. 38 Ch. 564

ဟူး …. ဟူး

အလွန်တရာပူပြင်းတောက်လောင်လွန်းသော မီးတောက်များအားလုံးသည် မဲမှောင်နေသော တည်နေရာထဲတွင် ရုတ်တရက် ဖြစ်တည်လာတော့သည်။ သွေးစုပ်ဖုတ်ကောင်များကဲ့သို့ ဖြစ်တည်လျက်ရှိသော ကျားသစ်သားရဲများ အားလုံးသည် မီးတောက်များ၏ ဝါးမျိုခြင်းကိုခံရပြီး ချက်ချင်းဆိုသလိုပဲ ပြာကျသွားတော့သည်။

“သခင်”

နဂါးလေးသည် သူ၏မီးတောက်များကို အသာပြန်ရုတ်ရင်း ပျို့အန်ချင်သလို ပြောလိုက်၏။ “ဒါကရွံစရာအရမ်းကောင်းတယ်”

ကျွင်းချောင်ရှောင်းသည် တောင်ကြားထဲတွင်ရှိနေသော အခြေအနေအား တစ်ချက်လှမ်းကြည့်ပြီး တီးတိုး ပြောလိုက်၏။ “ဒီနေရာက မရိုးရှင်းဘူး”

ရွှီး …. ရွှီး။

ထိုအချိန်မှာပဲ တောနက်ထဲဆီမှ ကျားသစ်နက်သားရဲ နောက်ထပ် ခြောက်ကောင်၊ ခုနှစ်ကောင်လောက် ရောက်ရှိ လာကြသည်။ ၎င်းတို့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိသည်။ မျက်နှာသွင်ပြင် များမှာလည်း အလွန်တရာ ကြမ်းတမ်းရင့်ရော်လွန်းလှ၏။ ၎င်းတို့၏ ပုံစံအားလုံးသည် အသက်ဓာတ်ကင်းမဲ့နေ ကြသော သွေးစုပ်ဖုတ်ကောင်များကဲ့သို့ပင် ဖြစ်၏။

“ဒီကောင်တွေအားလုံးကို ရှင်းလိုက်” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဟူး

နဂါးလေးသည် သူ၏ ပါးစပ်ကိုဟ၍ အလွန်တရာတောက်လောင်ပူပြင်းသော မီးတောက်များကို မှုတ်ထုတ်လိုက် တော့သည်။ ပြီးနောက် ရောက်ရှိလာကြသော ကျားသစ်နက်သားရဲများကို သတ်ဖြတ်လိုက်၏။ ဤရွံစရာသတ္တဝါ များအားလုံးသည် အားနည်းလွန်းသည်တော့ မဟုတ်ပေ။ ထို့ကြောင့် မီးလောင်ကျွမ်းပြီးသည့်နောက်မှာတော့ မြေနေရာအနှံ့တွင် သလင်းအမြူတေများ ပြန့်ကျဲလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုဝှေ့ယမ်း၍ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ သလင်းအမြူတေများကို လှမ်းယူလိုက်တော့၏။ ဤသလင်းအမြူတေ များအားလုံး၏ အတွင်းဘက်တွင် မဲမှောင်လျက်ရှိနေ၏။ နတ်ဆိုးစွမ်းအင် တစ်ခုခု၏ ဝါးမြိုခြင်းကို ခံထားရပုံ ပေါ်သည်။

“ဒီနေရာမှာ နတ်ဆိုးစွမ်းအင်တွေ စည်းခတ်ထားတာလား” ကျွင်းချောင်ရှောင်း ခန့်မှန်းလိုက်မိ၏။

စနစ်က ပြောလိုက်သည်။ “ဒါက ဘာပဲဖြစ်ဖြစ် သာမန်စွမ်းအင်တွေတော့ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားလိုက်၏။ ပြီးနောက် တောနက်၏ အတွင်းဘက် ဆီသို့ လှမ်းကြည့်လိုက်၏။ “ငါတို့အထဲကို ဝင်ပြီးကြည့်ရအောင်”

ပထမ တစ်ချက်ကြည့်လိုက်မည်ဆိုလျှင် အပေါ်ယံအားဖြင့် မသိသာလှပေ။ သို့ပေမဲ့ အလွန်တရာ ရှုပ်ထွေးသော၊ မှောင်မဲနေသော တောနက်ထဲသို့ ကြည့်လိုက်မည်ဆိုလျှင် အသိစိတ်ကင်းမဲ့ကာ လှည့်လည် သွားလာနေကြသော သားရဲများ အများအပြားရှိနေမှာ သေချာ၏။ ၎င်းတို့အားလုံးသည် နီရဲနေသော မျက်လုံးများဖြင့် တစ်ကောင်နှင့်တစ်ကောင် ပင် သတ်ဖြတ်ကိုက်ခဲလျက် ရှိနေကြ၏။

သိုင်းကျင့်ကြံခြင်းလောကဆီသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခြင်းကြောင်း သေချာသိနေ၍သာ။ မဟုတ်ပါက သွေးစုပ်ဖုတ်ကောင်တို့၏ ဇွန်ဘီကမ္ဘာထဲသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည် ဟု သံသယဝင်နေမိပေလိမ့် မည်။

“သခင်”

နဂါးလေးက ပြောလိုက်၏။ “ဒီနေရာက ဘယ်လိုနေရာကြီးလဲ”

လေထုထဲတွင်လည်း အလွန်တရာညှီစို့လှသော အနံ့ကြီးဖြစ်ပေါ်နေပြီး အသက်ကိုပင် ရဲရဲမရှူရဲချေ။ အချိန်တော်တော် များများသည် အသက်အောင့်၍နေရ၏။

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ ပြန်မပြောပေ။ အရှေ့ဆီ သို့သာ လှမ်းတက်လိုက်၏။ မကြာခင်မှာပဲ စမ်းချောင်းငယ်လေးတစ်ခုရှေ့သို့ သူတို့ရောက်ရှိသွား၏။ ရေများသည် အလွန်တရာ မဲနက်လျက်ရှိ၏။

“နံလိုက်တာ” နဂါးလေးသည် ထိုနေရာဆီမှ မြန်မြန်ဆန်ဆန် အနောက်သို့ဆုတ်ကာ ပြောလိုက်၏။

“ဒီရေတွေကလည်း မသန့်ရှင်းဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဒီတောင်ရိုး တစ်ခုလုံးက ဗိုင်းရပ်တစ်ခုခုရဲ့ ထိန်းချုပ်ခြင်းကို ခံထားရပုံပေါ်တယ်၊ ဒါက သဘာဝ အလျောက် ဖြစ်နေတာလား၊ လူတွေကပဲ လုပ်ထားတာလား မသိဘူး”

ဤနေရာတွင် နတ်ဆိုးဂိုဏ်းတစ်ခု တည်ရှိခဲ့ဖူးသည် ဆိုသည်ကို တွေးလိုက်သည့်နောက်မှာတော့ သူသည် ဤအရာမှာ လူတွေပြုလုပ်ထားသော အရာတစ်ခုဖြစ်မှန်း အလိုလို သိရှိမိသွား၏။

သူသည် သိုလှောင်လက်စွပ်ထဲမှ ရေကရားတစ်ခုကိုယူ၍ ရေဖြည့်လိုက်၏။ နောက်ဆုံးမှာတော့ ရေတွေသည် တပွက်ပွက်နှင့် ဆူပွက်၍ လာသည်။

“ဒါက အဆိပ်တွေပဲ” စနစ်ကပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီသားရဲတွေက ဒီမှာရှိတဲ့ရေတွေသောက်ပြီးတော့ သွေးစုပ်ဖုတ်ကောင်လိုမျိုး ဖြစ်သွားတာထင်တယ်”

ထိုအချိန်မှာတော့ အလွန်တရာကြီးမားပြီး နံဟောင်စုတ်ပြတ်လှသော ဝက်ဝံသားရဲကြီးတစ်ကောင်သည် အနောက်ဘက်ဆီမှ ရောက်ရှိလာ၏။ ၎င်း၏ ခန္ဓာကိုယ်သည် တောင်နက်ဝက်ဝံကြီးထက်ပင် ပို၍ ကြီးမား၏။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်လိုက်၏။ လေထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီး ထိုသားရဲ၏ ဦးခေါင်းအား လက်သီးနှင့် ထိုးနှက်လိုက်တော့သည်။

ဘုန်း ဟူသော အသံနှင့်အတူ ဝက်ဝံသားရဲကြီး၏ ဦးခေါင်းတစ်ခုလုံး သည် ပေါက်ကွဲထွက်သွားတော့၏။

ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်သည်မို့ သူသည်စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုရာ၌ အလွန်ပဲ ကျွမ်းကျင် လှ၏။ မည်သည့်တိုက်ခိုက်ရေးနည်းစနစ်ကိုမှ ထုတ်ဖော်စရာမလိုဘဲ စိတ်ဝိညာဉ်စွမ်းအင်တစ်ခုတည်း သီးသန့်နှင့်ပင် အလွန်တရာ ကြမ်းတမ်းလှသော သားရဲကြီးများကို သတ်ဖြတ်ပစ်နိုင်သည်။

“ဒီနတ်ဆိုးတောင်ရိုးထဲမှာ ငါတို့မသိတဲ့ လျှို့ဝှက်ချက်တွေရှိလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများသည် စိတ်ဝင်စားမှုများနှင့် တောက်ပြောင်လို့ နေ၏။ ဤအရာသည် တစ်စုံတစ်ခုကို ရှာဖွေဖော်ထုတ်ရမည်နှင့် ဆင်တူနေ၏။ သူသည် ထိုသို့သော ကစားနည်း မျိုးကို အလွန်နှစ်သက်၏။

ဤနေရာတွင်ရှိနေသော သားရဲများအားလုံးသည် မိမိ၏ ကိုယ်ပိုင်အသိစိတ်ဟူ၍ မရှိ တော့ဘဲ ၎င်းတို့၏ ခန္ဓာကိုယ်များအားလုံးသည်လည်း ပုတ်ပွလျက် ရှိနေကြ၏။ သာမန်သားရဲများနှင့်ပင် မတူကြ ပေ။ ဤကဲ့သို့သော သတ္တဝါများသည် ပဋိညာဉ်သားရဲအဖြစ် ပြုလုပ်ရန် သင့်တော်လှသည် မဟုတ်ပေ။

…….

နတ်ဆိုးတောင်ရိုး ၏ အတွင်းပိုင်းထဲမှာတော့ အလွန်တရာ နက်ရှိုင်းစွာ တည်ရှိနေ၏။ ရွံစရာကောင်း လှသော သားရဲရိုင်းများအားလုံးသည် အသိစိတ်လွတ်ကင်းနေသော ဝိညာဉ်များကဲ့သို့ပင် သစ်တောထဲတွင် ဟိုဟို ဒီဒီ လှည့်လည်သွားလာနေကြ၏။ တစ်ခါတစ်ရံတွင် သူတို့ကို တွေ့သည်ဆိုသည်နှင့် ချက်ချင်း ပြေးဝင်တိုက်ခိုက် ကြ၏။ ကံကောင်းစွာဖြင့် ၎င်းတို့၏ အားအင်အဆင့်များမှာ အလွန်တရာနိမ့်ပါးနေသည်။ အနီးသို့ မရောက်ခင်မှာပဲ နဂါးလေး၏ မီးတောက်များမှ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

သူတို့သည် တဖြည်းဖြည်းနှင့် တောနက်ထဲသို့ ဝင်သွားသည့်နောက်မှာတော့ တွေ့ကြုံရသော ရွံစရာသားရဲများ၏ အရေအတွက်မှာ ကျဆင်းလာ၏။ သို့ပေမဲ့ တွေ့ရသည့်သားရဲများ၏ အားအင်အဆင့်မှာတော့ တစ်ဆင့်ချင်းစီ တိုးတက်လာကြ၏။ ခြောက်မိုင်၊ ခုနှစ်မိုင်နီးပါးခန့်ကို ဝင်သွားသည့်နောက်မှာတော့ တစ်ဆင့်မြင့်သော သားရဲများ ကိုပင် တွေ့လာရသည်။

ဘုန်း …

အေးစက်သော စိတ်ဝိညာဉ်စွမ်းအင်များဖြစ်တည်လာပြီး ခြင်္သေ့ကဲ့သို့သော အဆင့်မြင့်သားရဲကြီးတစ်ကောင်အား သတ်ပစ်လိုက်၏။ ကျွင်းချောင်ရှောင်းသည် အမဲရောင် သားရဲအမြူတေကို ထုတ်ယူကာ ခေါင်းကိုခါယမ်း လိုက်၏။ “ဒါကသာ သာမန်ပုံစံပဲဆိုရင် ငါ့ရဲ့ ပဋိညာဉ်သားရဲဖြစ်ဖို့ သင့်တော်တဲ့ အကောင်ပဲ”

“သခင်”

ထိုအချိန်မှာပဲ နဂါးလေးသည် အရှေ့ဆီသို့ စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ဒါဘာကြီးလဲ”

ကျွင်းချောင်ရှောင်းလည်း လှမ်းကြည့်လိုက်၏။ သူ၏အရှေ့မှာတော့ များပြားလှသော အဆောက်အဦ အပြိုအပျက် များရှိနေပြီး အားလုံးသည် ရေညှိများ၊ ခြုံနွယ်ပိတ်ပေါင်းများနှင့် ဖုံးလွှမ်းနေကြပြီး အလွန်တရာ ရှေးကျလှသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုအဆောက်အဦ၏ နံရံတွင်တော့ သွေးနှင့်ရေးထားသော စာတမ်းတစ်ခု တည်ရှိနေသည်။ ထိုစာတမ်းမှာ “ကောင်းကင်နှင့်မြေကြီး လောကကြီးတစ်ခုလုံး တည်ရှိနေသ၍ နတ်ဆိုးလမ်းစဉ် သည် ထာဝရတည်မြဲနေလိမ့်မည်” ဟူသော စာတမ်းပင်ဖြစ်သည်။

“ဒီနေရာက နတ်ဆိုးဂိုဏ်းရဲ့ နေရာပဲဖြစ်ရမယ်”

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်သွားပြီး ပျက်စီးပြိုပျက်နေသော အဆောက်အဦများကို ကြည့်လိုက်၏။ သူသည် ပျက်စီးပြိုပျက်နေသော အဆောက်အဦများကို စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်ချိန်မှာ တော့ အတွင်းမြက်ခင်းထဲတွင် လူသားအရိုးများ ပြန့်ကျဲနေသည်ကို မြင်လိုက်ရ၏။ အားလုံးသည် အရှေ့ စမ်းချောင်းထဲတွင် မြင်ခဲ့ရသည့် အရာများကဲ့သို့ပင် မဲနက်လျက်ရှိနေကြ၏။ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီအရိုးခြောက်တွေကလည်း အဆိပ်ရေတွေကို သောက်ပြီး သေသွားကြတာလားမသိဘူး”

“သခင်”

နဂါးလေးသည် အဆောက်အဦပျက်ကြီးတစ်ခုဆီသို့ ခုန်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ “ဒီထဲမှာ လက်နက်တစ်ခုရှိတယ်”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းသွားကြည့်သည့်နောက်မှာတော့ နံရံတစ်ခု၏ ထောင့်နားတွင် မှီလျက် ရှိနေသော အလောင်းတစ်ခုကို မြင်လိုက်ရ၏။ ထိုအလောင်း၏ နံရိုးကြားတွင် ဓားတစ်ချောင်း စိုက်ဝင်လျက် ရှိသည်။ ကြည့်ရသည်မှာ အလွန်အမင်း ကြာမြင့်လှပုံပေါ်ပြီး ဓားမှာ သံချေးများပင် ကပ်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်ဝန်းကိုမှိတ်ကာ အသာစဉ်းစားလိုက်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းဆီသို့ ပြန်လည်ရောက်ရှိသွားပုံပေါ်သည်။ သူသည် သိုင်းကျင့်ကြံသူများအချင်းချင်း တိုက်ခိုက် သတ်ဖြတ်နေကြသည်ကို ဘေးမှ ပွဲကြည့်ပရိသတ်တစ်ယောက်လို ကြည့်ရှုနေမိ၏။ သူသည် မျက်လုံးကိုဖွင့်ကာ ပြောလိုက်၏။ “ဒါက တခြားဂိုဏ်းတွေအားလုံး ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းရဲ့ တည်နေရာပဲ”

ကောင်းကင်ကြီးတစ်ခုလုံးသည် မဲမှောင်လာသည်။ ကျွင်းချောင်ရှောင်းသည် ရှေ့ခရီးသို့ ဆက်မသွားချေ။ ထိုအစား ဤပျက်စီးနေသော နေရာပျက်ကြီးတွင် ခေတ္တအခြေချရန် ဆုံးဖြတ်လိုက်တော့သည်။

ညရောက်သည် မှာတော့ အလွန်တရာအေးစက်လှသော လေများတိုက်ခတ်လာပြီး တည်နေရာတစ်ခုလုံး သည်လည်း ပိုမို၍ ခြောက်ခြားစရာကောင်းလာသည်။ နဂါးလေးသည် အနည်းငယ်ကြောက်ရွံ့သွားမိ၏။ ထို့ကြောင့် သူ၏ သခင့်အား မသိမသာနှင့် မှီထားလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ အာရုံခံ ထားလျက်ရှိနေသည်။

ဝေါင်း ဝေါင်း

ထိုအခိုက်မှာပဲ တော၏ အတွင်းဘက်ဆီမှာ ရူးရူးမူးမူး ဟိန်းဟောက်အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ တည်နေရာတစ်ခုလုံးသည်လည်း တုန်ခါသွား၏။

ဟမ်

ကျွင်းချောင်ရှောင်းသည် မော့ကြည့်လိုက်ချိန်မှာတော့ သူ့အရှေ့ကောင်းကင်ယံကြီးတွင် အစီအရင်တစ်ခု တည်ရှိ နေကြောင်း သိလိုက်ရ၏။

“သွားကြရအောင်”

သူသည် နဂါးလေးကို အသာဆွဲယူ၍ တောနက်ထဲသို့ လှမ်းလျှောက်လိုက်တော့သည်။ မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ကြီးမားလှသော အဆောက်အဦ အပြိုအပျက်ကြီးဆီသို့ ရောက်ရှိလာသည်။ ထိုနေရာ အနီးတစ်ဝိုက်မှာတော့ များပြားလှသည့် လူသားအရိုးခြောက်များ တည်ရှိနေကြပြီး အရေအတွက် အားဖြင့် ငါးဆယ်မှ ခြောက်ဆယ်နီးပါးခန့် ရှိသည်။

နံရံပေါ်မှာတော့ ထုံးစံအတိုင်းပဲ “ကောင်းကင်နှင့်မြေကြီး လောကကြီးတစ်ခုလုံး တည်ရှိနေသ၍ နတ်ဆိုးလမ်းစဉ် သည် ထာဝရတည်မြဲနေလိမ့်မည်” ဟူသော စာတမ်း တစ်ခု ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီးသည့်နောက် အနီးအနား ပတ်ဝန်းကျင် ငါးမိုင်မှ ခြောက်မိုင်အထိကို လွှမ်းခြုံကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ မည်သည့်ထူးခြားချက်များကိုမှ မမြင်ရချေ။

“နေအုံး”

သူသည် အရှေ့ဘက်တည်နေရာလွတ်ကြီးတစ်ခုပေါ်မှာတော့ ထူးဆန်းပြီး ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများ ရေးဆွဲထားသည်ကို မြင်လိုက်ရ၏။ ဤအရာ၏ အလယ်ဗဟိုတွင် အရိုးခေါင်းတစ်ခု၏ ပုံသဏ္ဍာန်သွင်ပြင်လိုမျိုး တည်ရှိနေ ၏။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လျှောက်သွားပြီးသည့်နောက် ထိုမျဉ်းကြောင်းများ၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်သည် “ဒါက အခုလေးတင်မှ ဆွဲထားတာ၊ ဒီမှာကြည့်”

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးသည့်နောက်မှာတော့ တိကျခိုင်မာသလို ပြောလိုက်သည်။ “ဒီနေရာမှာ တစ်စုံတစ်ယောက်ရှိတယ်”

ဝှစ်

ထိုအခိုက်မှာပဲ အလင်းတန်းတစ်ခုသည် အမှောင်ထဲမှ ဖြတ်သန်းပြေးဝင်လာသည်။

ဖောက်

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်ကာ လှမ်းဖမ်းလိုက်၏။ ပြီးနောက် နှာခေါင်းရှုံ လိုက်သည်။ “ဒီလိုအရာလေးနဲ့ ငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ်လို့ ထင်လား၊ တုံးလွန်းတယ်”

အမ် ……။

သူသည် သူ၏လက်ဝါးကို တစ်ချက်ကြည့်လိုက်သည့်အခါမှာတော့ အသားအရည်တစ်ခုလုံး မဲနက်လာသည်ကို မြင်လိုက်ရ၏။ ထိုမဲနှက်လာမှုသည် တဖြည်းဖြည်းနှင့် လက်တစ်ခုလုံးဆီသို့ ပျံ့နှံ့လာတော့သည်။ လက်နက်ပုန်း သည် အဆိပ်ရှိလို့နေ၏။

ဟား ဟား ဟား ဟား ….။

အမဲရောင်ဝတ်စုံကို လွှမ်းခြုံထားသော လူရိပ်တစ်ခုသည် ပျက်စီးပြိုပျက်နေသော အဆောက်အဦ၏ နောက်ဘက် ဆီမှ ထွက်လျှောက်လာပြီး အော်ကလီဆန်စွာ ရယ်လိုက်၏။ “မင်းရဲ့လက်နဲ့ လက်နက်ပုန်းတွေကို တွေ့သလိုလျှောက်ပြီး ဖမ်းလို့မရဘူးဆိုတာ တစ်စုံ တစ်ယောက်က မသင်ပြခဲ့ဘူးလား”

ချီးတဲ့မှ

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ရုတ်တရက် ပျက်ယွင်းသွား၏။ သူ၏ ညာဘက်လက်တစ်ခုလုံးသည် မဲပြာနေပြီဖြစ်ပြီး အဆိပ်မိသွားသည့် လက္ခဏာမျိုးကို ပြသနေ၏။ ကြည့်ရသည်မှာ အဆိပ်သည် အလွန်အမင်း ပြင်းထန်လွန်းပုံပေါ်၏။

“ကောင်လေး”

အမဲရောင်ဝတ်စုံ၏ လူသည် ထူးဆန်းစွာရယ်ပြီး ပြောလိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုပြီး အဆိပ်တွေကို ထုတ်ပယ်ဖို့ မကြိုးစားနဲ့၊ မြန်မြန်သေသွားလိမ့်မယ်”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျသွား၏။ သူ၏နဖူးတွင်တော့ ချွေးစီးများ ကျဆင်းလာတော့သည်။

အမဲရောင်ဝတ်စုံနှင့်လူသည် ရှေ့သို့လှမ်းလျှောက်လာပြီး ရယ်လိုက်၏။ “နတ်ဆိုးတောင်ရိုး ထဲ ကို ဝင်လာရဲတယ်ဆိုတော့ တော်တော်ကြီးကို ရဲရင့်လွန်းတယ်”

အချိန်ကိုက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် သူ၏ အမဲရောင် ဝတ်ရုံကြီးကို ချွတ်လိုက်သည့်အချိန်မှာတော့ တင်းမာခက်ထန်လှသော မျက်နှာတစ်ခု ပေါ်လာတော့သည်။ သူက ပြောလိုက်မိသည်။ “ဒီနေရာမှာ သွေးနဲ့ ယစ်ပူဇော်မှုလုပ်ဖို့ ငါမင်းရဲ့သွေးကို သုံးရတော့မှာပဲ”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ မတ်တပ်ရပ်ပြီး သူ၏အဆိပ်မိထားသော ညာဘက်လက်နှင့် ထိုလူ၏ လည်ပင်းကို လှမ်းကိုင်လိုက်တော့သည်။ တင်းမာခက်ထန်နေသော ထိုလူ၏မျက်နှာသည် ချက်ချင်း ဆိုသလိုပဲ ပြောင်းလဲသွား၏။

ကျွင်းချောင်ရှောင်းက ရယ်လိုက်သည်။ “ရန်သူရဲ့အနားကို ကပ်မလာရဘူးလို့ သင်ပေးမယ့်လူ မရှိဘူးလား”

“ခင် …. ခင်ဗျား”

အမဲရောင်ဝတ်စုံနှင့်လူသည် တုန်လှုပ်သွား၏။ “ခင်ဗျားအဆိပ်မမိဘူးလား”

All Chapters