← Chapters

အခန်း (၅၆၅)

Vol. 38 Ch. 565

အခန်း (၅၆၅)

Vol. 38 Ch. 565

ကျွင်းချောင်ရှောင်းသည် အဆိပ်မိသွားခဲ့၏။ သို့ပေမဲ့ သူ၏ မဲနက်နေသောလက်တစ်ခုလုံးသည် သာမန်အတိုင်း ပြန်ဖြစ်သွား၏။ တစ်စုံတစ်ခုသော အားအင်များသည် ထိုအဆိပ်များကို ဖယ်ရှားလိုက်ပုံပေါ်၏။

မည်ကဲ့သို့သော စွမ်အင်ဖြစ်သနည်း။

အဆိပ်ဖြေဆေးဆီမှ စွမ်းအင်များပင်ဖြစ်တော့သည်။ နတ်ဆိုးတောင်ရိုးထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အမဲရောင်စမ်းချောင်းတစ်ခုကို သူမြင်ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုသော တစ်နေရာတွင် အဆိပ်မိသွားမည်ကို စိုးရိမ်သွားမိ၏။ ထို့ကြောင့် သတိအပြည့်နှင့်ပင် ဆေးလုံးကို ကြို၍သောက်ထားခြင်းပင်ဖြစ်၏။

သူ့အနေနှင့် တခြားအဆိပ်မိသည့်ကိစ္စရပ်မျိုးကို မဖြစ်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏ လုပ်ကြံခြင်းကို ခံခဲ့ရ တော့သည်။ သို့ပေမဲ့ ထိုအဆိပ်များအားလုံးသည် အဆိပ်ဖြေဆေး၏ အစွမ်းသက်ရောက်မှုအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ဤအဆိပ်ဖြေဆေးသည် အလွန်တရာအားကောင်းလွန်းလှ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ပြသခဲ့သောနာကျင်စွာ မြေပေါ်သို့ ပြုတ်ကျသွားသည့် အ‌နေအထားမျိုးသည် သရုပ်ဆောင် နေခြင်းသက်သက်သာ ဖြစ်တော့သည်။

သို့ပေမဲ့ အမဲရောင်ဝတ်စုံနှင့်လူသည် မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်သလို ဖြစ်နေမိ၏။ လက်နက်ပုန်း များထဲတွင်ထည့်ထားခဲ့သော အဆိပ်များအားလုံးသည် အလွန်တရာ အဆိပ်ပြင်းကာ အားကောင်းလွန်းလှပြီး သိုင်းဘုရင်တစ်ယောက်ကို အပြတ်ရှင်းနိုင်စွမ်းရှိသည်။ သို့ပေမဲ့ ထိုသူသည် အဆိပ် မမိခဲ့ချေ။

“ရောင်းရင်း”

ကျွင်းချောင်ရှောင်းသည် ထိုသူအား အသာလှမ်းဆွဲပြီးသည့်နောက် မရီဒန်များအားလုံးကို စည်းခတ်လိုက်တော့ သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “မြေပေါ်မှာရှိတဲ့ မျဉ်းကြောင်းတွေအကုန်လုံးက ခင်ဗျားဆွဲထားတာလား”

အမဲရောင်ဝတ်စုံနှင့်လူသည် မည်သည့်စကားကိုမှ မဆိုချေ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပင် ထိုသူအား မြေပေါ်သို့ ဖိနှိပ်လိုက်တော့သည်။ ပြီးနောက် ညာဘက် လက်သီးကို မြှောက်ကာ ပြောလိုက်၏။ “ကျုပ်မေးခွန်းကို ဖြေသင့်နေပြီ”

ဖြောင်း ….။

အကြိမ်အနည်းငယ်လောက် ဖိနှိပ်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံနှင့်လူသည် ဖူးရောင်နေပြီ ဖြစ်တော့၏။ သူ့အနေနှင့် အစတည်းက အဆုံးအထိ မည်သည့်စကားတစ်ခွန်းကိုမှ မပြောခဲ့ချေ။ ကြည့်ရသည်မှာ အလွန်အမင်း ခေါင်းမာပြီး ဇွဲကောင်းလွန်းသည့်လူတစ်ယောက်ဖြစ်ပုံပေါ်သည်။

“မပြောသေးဘူးလား” ကျွင်းချောင်ရှောင်းသည် လက်သီးကို ထပ်မံ၍ မြှောက်လိုက်သည်။

အမဲရောင်ဝတ်စုံနှင့်လူသည် နာကျင်မှုကို အောင့်အီးသည်းခံပြီး မည်သည့်စကားတစ်ခွန်းကိုမှ မဆိုခဲ့ပေ။

ဘန်း ….

ကျွင်းချောင်ရှောင်းသည် လက်သီးတစ်ချက်ကို ထိုးပြီးသည့်နောက်မှာတော့ ထိုသူသည် တိုက်ရိုက်ဆိုသလိုပဲ မေ့မျောသွားတော့သည်။

“သခင်”

နဂါးလေးသည် အဝေးတစ်နေရာဆီမှ ခုန်လွှားရောက်ရှိလာသည်။ “ကျုပ် သူ့ကို မီးရှို့သတ်ပစ်လိုက်မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဒီကောင့်ဆီမှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမယ်”

ပြောပြီးသည့်နောက်မှာတော့ သူသည် အမဲရောင်ဝတ်စုံနှင့်လူ၏ သိုလှောင်လက်စွပ်ကို လှမ်းယူကာ စိတ်ဝိညာဉ် စွမ်းအင်များနှင့် အတင်းထိုးဖောက်ဝင်ရောက် ကြည့်ရှုလိုက်တော့သည်။

သာမန်သိုလှောင်လက်စွပ်တစ်ကွင်းပင် ဖြစ်ပြီး ထားသိုနိုင်သော တည်နေရာမှာ မကြီးမားလှချေ။ သို့ပေမဲ့ များပြားလှသော သမိုင်းမှတ်တမ်းစာအုပ်များနှင့် လျှို့ဝှက်စာအုပ်များ တည်ရှိလို့နေ၏။

“မိစ္ဆာဂိုဏ်းက ကျင့်ကြံခြင်းနည်းစနစ်တွေလား”

ကျွင်းချောင်ရှောင်းသည် စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ကြည့်လိုက်၏။ “ကြည့်ရတာ နည်းနည်းခြားနားနေတယ်၊ ဒါက နတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ် ဖြစ်နိုင်တယ်”

သူသည် ဤသမိုင်းမှတ်တမ်းကို လှန်လှောကြည့်ရှုပြီးသည့်နောက်မှာတော့ ဤအရာအားလုံးသည် နတ်ဆိုးဂိုဏ်း နှင့်ပတ်သက်နေသောအရာများဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်မိ၏။ သူသည် ခိုင်မာတိကျစွာပြောလိုက်၏။ “ဒီရောင်းရင်းက ကျိန်းသေပေါက် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ၊ ဒါဆိုရင် သူကဘာလို့ ဒီနေရာမှာ အစီအရင်တစ်ခုကို ဆွဲထားရတာလဲ၊ ပြီးတော့ သူပြောချင်တဲ့ စတေးတယ်၊ ယစ်ပူဇော်တယ်ဆိုတာ ဘာကိုပြောတာလဲ”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်မိနေ၏။

သူစဉ်းစားမိသည့်အရာများကို ရှင်းပြနိုင်သောသူမှာ အမဲရောင်ဝတ်စုံနှင့်လူ တစ်ဦးတည်းသာရှိ၏။ သို့ပေမဲ့ ထိုသူ၏ အမူအရာမှာ အလွန်အမင်း ခေါင်းမာပြီး စိတ်ဓာတ် ခိုင်မာသူတစ်ယောက်ဖြစ်ပုံရသည်။ အကြမ်းဖက်နည်းလမ်းဖြင့် ထိုသူအား အညံ့ခံအောင် ပြုလုပ်၍ မရနိုင်ချေ။

“ရပြီ”

ကျွင်းချောင်ရှောင်းသည် စတိုးကိုဖွင့်၍ အညံ့ခံအမိန့်ပြားကို ဝယ်လိုက်သည်။ ဤအရာသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ရာ ကျသင့်ပေသည်။ ဤအညံ့ခံအမိန့်ပြားသည် သုံးလနေတိုင်း တစ်ကြိမ်ဝယ်ခွင့်ရှိသည်။ သို့ပေမဲ့ အကန့် အသတ်အားဖြင့် စုစုပေါင်း ငါးခုအထိ ဝယ်ယူခွင့်ရှိနေသည်။

“ကိုယ့်လူ”

ကျွင်းချောင်ရှောင်းသည် ထိုလူ၏ ပခုံးကို အသာပုတ်ကာ ရယ်လိုက်၏။ “ခင်ဗျား ဘယ်လောက်ထိ ဇွဲကောင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

………

“ငါ့ ငါ့ခေါင်း နာလိုက်တာ”

အမဲရောင်ဝတ်စုံနှင့်လူသည် သတိမေ့နေရာမှ နိုးထလာတော့သည်။ နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆီသို့ ပျံ့နှံ့၍ သူ၏ သိစိတ်ပင်လယ်ဆီသို့ပင် ရောက်ရှိသွား၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွား၏။ သူသည် လှုပ်ရှားချင်သည်။ သို့ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးများဖြင့် ချုပ်နှောင်ခြင်းခံရပြီး လှုပ်ရှား၍ မရချေ။

“သူနိုးလာပြီလား”

ကျွင်းချောင်ရှောင်းသည် အနီးအနားရှိ ကျောက်တုံးလေးပေါ်တွင်ထိုင်ရင်း အနားယူလျက်ရှိသည်။ သူ၏ ဆံပင်များ သည်မှာတော့ ဘယ်တော့မှ မရှုပ်ပွချေ။ ကြည့်ရသည်မှာ ပို၍ပင် ချောမောနေသေး၏။ ဤအရာမှာ ခေါင်းလိမ်းဆီ၏ အစွမ်းပင်ဖြစ်ပေလိမ့်မည်။

အမဲရောင်ဝတ်စုံနှင့်လူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို သတ်ချင်လည်းသတ်၊ ခုတ်ချင်လည်းခုတ်၊ ဘာလို့နှိပ်စက်နေရတာလဲ”

ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးပေါ်မှ ခုန်ချလိုက်ပြီးနောက် ထိုသူ၏ ရှေ့တွင် ဆောင့်ကြောင်ထိုင်ကာ ပြောလိုက်သည်။ “ကျုပ်မေးခွန်းတွေကို ရိုးရိုးသားသားနဲ့ ဖြေမယ်ဆိုရင် ခင်ဗျား အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိမယ်”

“ကျုပ် ဘာမှမသိဘူး၊ ဘာတစ်ခုမှ မသိဘူး”

အမဲရောင်ဝတ်စုံနှင့်လူသည် ခိုင်မာပြတ်သားလွန်းလှ၏။ သူ့အား စိတ်ရှိသလို သတ်ဖြတ်ခြင်း (သို့မဟုတ်) ခုတ်ထစ်ခြင်းကို ပြုလုပ်နိုင်၏။ ထိုလူသည် မည်သည့်စကားမှ ပြောဆိုလိမ့်မည် မဟုတ်ချေ။ အမဲရောင်ဝတ်စုံနှင့် လူသည် အလွန်တရာ ဇွဲကောင်းလှသည်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ခါယမ်းကာ အညံ့ခံအမိန့်ပြားအား မြှောက်ပြလိုက်၏။ “အညံ့ခံစမ်း”

“အညံ့ခံရမယ်ဟုတ်လား”

အမဲရောင်ဝတ်စုံနှင့်လူသည် အေးစက်စက်နှင့် ပြောလိုက်၏။ ဤလူသည် သူ၏ စိတ်ဓာတ်ကို စမ်းသပ်နေသည် လား။ စကားလုံးလေး အနည်းငယ်ပြောရုံဖြင့် သူသည် အဘယ်ကြောင့် အညံ့ခံရမည်နည်း။

ဆွစ်

ရုတ်တရက်ဆိုသလိုပဲ ထိုအမိန့်ပြားဆီမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ နဖူးအလယ် တည့်တည့်ထဲသို့ ဝင်ရောက်သွား၏။ ပြီးနောက် သူ၏နားထဲတွင် အညံ့ခံစမ်း၊ အညံ့ခံစမ်း ဟူသော အသံများ သည် ပဲ့တင်ထပ်လျက်ရှိပြီး သူ၏ သိစိတ်ပင်လယ်ကို စိုးမိုးသွားတော့သည်။

ထိုအချိန်မှာတော့ အမဲရောင် ဝတ်စုံနှင့်လူသည် သူ၏ ဝိညာဉ်တစ်ခုလုံးကို တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်သလို ခံစားမိလိုက်၏။ သူ၏အတွေးများသည် တည်ရှိနေပြီး ကိုယ်တိုင်တွေးတောခွင့်ရှိသည်ဆိုသော်လည်း ခန္ဓာကိုယ်သည် သူ၏ အတွေးနှင့် ထိန်းချုပ်နိုင်စွမ်း လွတ်ကင်းသွားတော့သည်။ ပြီးနောက် သူသည် ခက်ခက်ခဲခဲနှင့် ပြောလိုက်မိ၏။

“ကျေးကျွန် မိုရှန် … သခင့်ကို နှုတ်ဆက်ပါတယ်”

ဘာတွေဖြစ်နေတာလဲ၊ ငါဘာလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ မရတာလဲ။

ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်မှာ ထိုင်ကာ ပြောလိုက်၏။ “ခင်ဗျားက နတ်ဆိုးကျင့်ကြံသူတစ်ယောက်လား”

မိုရှန်က ပြောလိုက်သည်။

“သခင့်ကို ပြောပြပါ့မယ်၊ ကျွန်တော်က နတ်ဆိုးကျင့်ကြံသူတစ်ပိုင်းပါ”

“တစ်ပိုင်းဟုတ်လား”

ကျွင်းချောင်ရှောင်း မေးလိုက်၏။ “ဘာကို ဆိုလိုတာလဲ”

အညံ့ခံအရှုံးပေးရသည့် စွမ်းအင်များ၏ ထိန်းချုပ်မှုအောက်မှာတော့ မိုရှန်သည် မည်သည့်စကားကိုမှ မပြောချင်ဘူး ဆိုလျှင်လည်း အရာအားလုံးကို ပြောပြနေရတော့သည်။

ဤလူသည် ပုံမှန်အားဖြင့် သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူသည် တခြားသော ကျင့်ကြံသူများကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခဲ့ရသည်။ ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် သူ၏ ကျင့်ကြံအဆင့်များကို ချိုးဖြတ်ကာ အမြန်ဆုံးချိုးဖြတ်နိုင်ဖို့ အမြဲတမ်း တွေးတောထား၏။ သို့ပေမဲ့ ဤအရာများအားလုံးသည် နေ့ခင်းဘက်မက်သည့် အိမ်မက်အလားပင် လွင့်ပါးပျောက်ကွယ်ခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် သူသည် မိစ္ဆာကျင့်ကြံသူများ၏ ဂိုဏ်းထဲသို့ ရောက်သွားခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ သူ၏ ကံတရားမှာ မကောင်းလှချေ။ မိစ္ဆာဂိုဏ်းတစ်ခုသည် သူ့အား အသိအမှတ်ပြု တန်ဖိုးထားပြီး တပည့်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့သည်။ သို့ပေမဲ့ ထိုဂိုဏ်းထဲသို့ ဝင်ရောက်ပြီး နှစ်ဝက်အတွင်းမှာပဲ ထိုဂိုဏ်းသည် အခြားသောဂိုဏ်းများနှင့် ပဋိပက္ခဖြစ်ပွားကာ တစ်ဂိုဏ်းလုံး သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရသည်။

မိုရှန်သည် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်လွတ်မြောက်ခဲ့၏။ ပြီးနောက်သူသည် တခြားသောမိစ္ဆာဂိုဏ်း တစ်ခုဆီသို့ ရောက်ရှိသွားပြန်သည်။ အချိန်မကျမီမှာပဲ ထိုဂိုဏ်းသည်လည်း အလွန်တရာ အားကောင်းလှသော ဂိုဏ်းတစ်ခု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သုံးနှစ်အတွင်းမှာ သူသည် အရှေ့၊ အနောက် တည်နေရာအစုံဘက်ကို လှည့်လည်လျှောက်သွားနေသည်။ သို့ပေမဲ့ သူရောက်ရှိသော မိစ္ဆာဂိုဏ်းသည် မည်သည့်ဂိုဏ်းတစ်ခုကမှ ကြာရှည် မခံခဲ့ချေ။ ရန်သူ သို့မဟုတ် အခြားသောအင်အားကြီးအဖွဲ့များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။

“ခင်ဗျားက ဂြိုလ်ဆိုးပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မိုရှန်က ပြောလိုက်၏။ “နောက်ဆုံးမိစ္ဆာဂိုဏ်းမှာတော့ ကျုပ်က အမှတ်မထင် သမိုင်းမှတ်တမ်းတွေ တော်တော်များများ ရေးထိုးထားတဲ့ သံပြားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်၊ ဒီအရာကို ရရှိပြီးတဲ့နောက်မှာတော့ အထဲမှာ လျှို့ဝှက်ချက်တွေရှိတာကို ရှာဖွေ တွေ့ရှိခဲ့တယ်”

ကျွင်းချောင်ရှောင်းသည် ငြိမ်သက်စွာဖြင့် နားထောင်နေ၏။

မိုရှန်သည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “အဲဒီ ထူးဆန်းတဲ့ သင်္ကေတတွေက သံပြားထဲမှာ ရေးထိုးထားတာပဲ၊ ပြီးတော့ နတ်ဆိုးဘာသာစကားနဲ့ ရေးထိုး ထားပြီး အထူးမှတ်တမ်းတွေလည်း ပါဝင်တယ်၊ ဒီတော့ စတင်ပြီး ကျင့်ကြံဖို့ ကြိုးစားကြည့်ခဲ့တယ်”

“ခင်ဗျား အောင်မြင်ခဲ့လား”

“တစ်ပိုင်း အောင်မြင်ခဲ့တယ်”

“ဒါဆိုရင် ဘာကြောင့် ဒီနေရာကို ရောက်နေတာလဲ၊ ပြီးတော့ ဒီအစီအရင်က ဘာကို အထူးပြုတာလဲ”

ဤမေးခွန်းသည် အလွန်တရာကို အရေးကြီးလှ၏။

မိုရှန်သည် တစ်ခုမှ မဖြေချင်ခဲ့ပေ။ သို့ပေမဲ့ သူသည် သူ၏ ပါးစပ်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ ဖြစ်သမျှအားလုံးအား လုံးစေ့ပတ်စေ့ သေသေချာချာ ရှင်းပြလိုက်တော့သည်။ သံပြားထဲတွင် ရေးထိုးထားသော စကားလုံးများ အားလုံးသည် မြှုပ်ကွက်များ ပါဝင်နေသော်လည်း သူသည် သေသေချာချာ အဖြေရှာနိုင်ခဲ့သည်။ အထဲတွင်တော့ အလွန်တရာ အရေးကြီးသော မှတ်တမ်းများ ရေးထိုးထား တော့သည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းလောက်က နတ်ဆိုးတောင်ရိုးသည် အလွန်တရာ ကြီးမားလှသော ဂိုဏ်းဆယ်ခု၏ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ တောင်ကြားသခင်သည် ဤကပ်ဘေးကြီးမှ မလွတ်မြောက်နိုင် သည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူ၏ တပည့်များနှင့် စုပေါင်းကာ သွေးအမြူတေကိုသုံး၍ နတ်ဆိုးဂိုဏ်း၏ အထူး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့တော့သည်။ သူသည် တည်နေရာတစ်ခုကို အတင်းဆွဲဖွင့်ပြီး နတ်ဆိုးဂိုဏ်း ကျင့်ကြံခြင်းနည်းစနစ်များနှင့် ရတနာများအားလုံးကို စည်းခတ်ကာ သိမ်းဆည်းထားခဲ့၏။

“ခင်ဗျား ဖန်တီးခဲ့တဲ့ အစီအရင်က စည်းကို ဖျက်ဆီးဖို့လား” ကျွင်းချောင်ရှောင်း မေးလိုက်၏။

“အမှန်ပါပဲ” မိုရှန်က ပြန်ဖြေလိုက်သည်။

“ဒီတော့ စည်းက ပွင့်သွားပြီလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက နတ်ဆိုး ဂိုဏ်းသည် တတိယအဆင့် ဂိုဏ်းကြီးဆယ်ခု၏ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရသည်ဆိုမှတော့ ၎င်းတို့ သည် အလွန်တရာ အားကောင်း၍သာ ဖြစ်ပေလိမ့်မည်။ ယခုစည်းကိုသာ ပယ်ဖျက်နိုင်မည်ဆိုလျှင် ရေတွက်၍ မရအောင် များပြားသော ရတနာများနှင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို ရှာတွေ့နိုင်သည်။

မိုရှန်သည် ဦးခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ် အချိန်ပေါင်းများစွာ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး၊ ကြည့်ရတာ သွေးအမြူတေကို သုံးပြီး စည်းကိုဖွင့်ရမယ့်ပုံပေါ်တယ်”

“သံပြားကို ထုတ်ပေး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

မိုရှန်၏ မျက်နှာသည် ပျက်ယွင်းသွား၏။ သူသည် အညံ့ခံခြင်းစွမ်းအင်များနှင့် ပုန်ကန်ရန် ကြိုးစားနေ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျရှုံးခဲ့သေး၏။ သူသည် သံပြားအား အသာထုတ်ပေး လိုက်၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို စိတ်ဝိညာဉ်စွမ်းအင်များနှင့် အာရုံဖြန့်ကျက် ကြည့်ရှုပြီးသည့် နောက်မှာတော့ မတွေ့ရှိခဲ့ချေ။ ထို့နောက်မှာတော့ နားလည်လိုက်မိ၏။

“ဒါက စိတ်ဝိညာဉ်စွမ်းအင်တွေရဲ့ ဖြန့်ကျက်မှုကို တားဆီးထားနိုင်တဲ့အရာပဲ၊ ဒါကြောင့် ငါ ခုဏတုန်းက သတိ မပြုမိတာပဲ”

“စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဟုတ်လား” မိုရှန်၏ မျက်နှာသည် ပြောင်းလဲသွား၏။

သူသည် ထိတ်လန့်တုန်လှုပ်စွာနှင့် ပြောလိုက်၏။ “သခင်... သခင်က သိုင်းဘုရင်လား”

All Chapters