← Chapters

အခန်း (၅၆၇)

Vol. 38 Ch. 567

အခန်း (၅၆၇)

Vol. 38 Ch. 567

“ဒင်... သီးခြားတာဝန် ပြည့်စုံပြီး ဂိုဏ်းစုဆောင်းမှတ် သုံးထောင်အား ရရှိသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၃၀၀၀ / ၂၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ...”

မိုရှန်သည် စည်းကိုချိုးဖြတ်လိုက်ပြီးသည့်နောက်မှာတော့ ဇွန်ဘီကဲ့သို့ဖြစ်တည်နေသော သားရဲများသည် ရုတ်တရက် တိုက်ခိုက်ခြင်းမှ ရပ်တန့်လိုက်ကြသည်။ ထိုအချိန်မှာပဲ သီးခြားတာဝန်သည် အောင်မြင်စွာ ပြည့်စုံခဲ့ပြီး ဖြစ်၏။ ဂိုဏ်းစုဆောင်းမှတ်များသည် တိုးတက်လာခဲ့သလို ဂိုဏ်းတာဝန်၏ ဆုလာဘ်များသည်လည်း ပေါ်လာခဲ့၏။

အထူးသဖြင့် ဤအရာသည် အထူးတာဝန်တစ်ခုဖြစ်၏။ ထို့ကြောင့် ရရှိခဲ့သော ဆုလာဘ်များကလည်း ပိုမို၍ များပြားပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းရန် မစဉ်းစား သေးချေ။ ထို့ကြောင့် နဂါးလေးအား လက်တစ်ဖက်ဖြင့်ကိုင်ဆောင်ပြီး မိုရှန်နှင့်အတူ အထဲသို့ ခုန်ဝင်လိုက်တော့ သည်။ လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် အထဲသို့ ဝင်ရောက်သွားကြ၏။

ဟူး

လေအေးများ တိုက်ခတ်လာတော့သည်။ တည်နေရာပျက်ကြီးထဲမှာတော့ ဇွန်ဘီကဲ့သို့ဖြစ်တည်နေသော သားရဲအားလုံးနီးပါးတို့သည် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပြီး မြင်ကွင်းမှာလည်း အလွန်တရာ ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။ မိနစ်နှစ်ဆယ်ကျော်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းနှင့် နဂါးလေးတို့သည် ဇွန်ဘီကဲ့သို့ သတ္တဝါ တစ်သောင်းနီးပါးခန့်ကို သတ်ဖြတ်ခဲ့၏။ ထိုအထဲတွင် အဆင့်မြင့်သားရဲများလည်း ပါလို့နေသည်။ အလွန်တရာ ကြမ်းတမ်းသည်ဟု ဆိုရမည်။

..........

ဝှစ်

ကျွင်းချောင်ရှောင်းသည် ဝင်ပေါက်ဆီမှ အထဲသို့ အသာလှမ်းဝင်လိုက်၏။ သူ၏မြေပြင်ပေါ်သို့ ကျဆင်းဆင်းခြင်း မှာပဲ ရေထဲသို့ ဆင်းသက်လိုက်သလို လှိုင်းများ ဖြစ်တည်လာ၏။ ဤအရာသည် လွတ်လပ်သော တည်နေရာတစ်ခု ဖြစ်သည်။ တည်နေရာတစ်ခုလုံးသည် မဲမှောင်လျက်ရှိပြီး ပတ်ဝန်းကျင်ကလည်း ထူးဆန်းလွန်းနေ၏။

မိုရှန်သည် အနည်းငယ်ကြောက်လန့်နေမိ၏။ သူသည် အမှတ်မထင်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းနောက်တွင် ပုန်းအောင်းလိုက်မိ၏။

ဝှစ်

အရှေ့ဘက်တည်နေရာကြီးဆီမှ ထူးဆန်းလှသော အပြာရောင်မီးတောက်ကြီး ဖြစ်တည်လာပြီး ကြမ်းတမ်းလှသည့် အော်ရာများ ဖြစ်တည်လာတော့သည်။ ဒီအပြာရောင်မီးတောက်များသည် အမှောင်ကိုဖယ်ရှားလိုက်ပြီး တည်နေရာ တစ်ခုလုံးကို လင်းလက်သွားစေသည်။

သူတို့၏ ရှေ့မြင်ကွင်းမှာတော့ ယစ်ပုလ္လင်နှင့် တူညီလှသော အဆောက် အဦတစ်ခု တည်ရှိနေ၏။ ထိုအရာသည် ခြောက်ခြားဖွယ်ရာ အလှဆင်မှုများနှင့် ပြုလုပ်ထားပြီးသည့်နောက်မှာတော့ လက်တင်တန်းပေါ်တွင်တော့ အရိုးခြောက်နှင့် လူ့လက်အရိုးများလည်း တည်ရှိနေသည်။ ကြည့်ရှုလိုက်သည်နှင့် ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ ကောင်းလွန်းလှ၏။

ဝှစ် ဝှစ်

ရုတ်တရက်ဆိုသလို အပြာရောင်မီးတောက်များသည် ပိုမို၍ တောက်ပလာတော့သည်။ လေထုထဲမှာတော့ စာလုံးများ ပေါ်ပေါက်လာပြီး “ကောင်းကင်နဲ့မြေကြီး လောကကြီးတစ်ခုလုံး မဖျက်ဆီးခံရသ၍ နတ်ဆိုးလမ်းစဉ် သည် ထာဝရတည်မြဲနေပေလိမ့်မည်” စကားလုံးသည် ထွက်ပေါ်လာသည်။ အလွန်တရာ အားကောင်းလွန်းလှပြီး တည်နေရာကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်သည်အထိ အော်ရာများမှာ ကြီးမားလွန်းလှသည်။

အလွန်တရာအားကောင်းလှသည့် အော်ရာကို လျစ်လျှူရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် စာကို သေသေချာချာ ဖတ်ရှုလိုက်၏။

“သခင်”

နဂါးလေးက ပြောလိုက်၏။ “ဒီအပေါ်မှာ အခေါင်းတစ်ခုရှိနေတယ်”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်ပြီးဖြစ်၏။ ထိုအခေါင်းသည် ကျောက်နှင့်ပြုလုပ်ထားပြီး စကားလုံးများ လည်း ရေထွင်းထားသည်။ ထိုစကားလုံးများကိုတော့ သူနားမလည်နိုင်ချေ။

“ဒါက နတ်ဆိုးဂိုဏ်းရဲ့ ဘာသာစကားလေ” မိုရှန်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဘာသာပြန်ပေးနိုင်မလား”

မိုရှန်က ပြောလိုက်၏။ “နည်းနည်းလှမ်းနေတယ်၊ အနီးကပ်သွားပြီး ကြည့်မှဖြစ်မယ်”

“သွားကြတာပေါ့”

ကျွင်းချောင်ရှောင်းသည် ယစ်ပုလ္လင်နားဆီသို့ အသာသွားလိုက်တော့သည်။ ပြောရမည်ဆိုလျှင် ထူးဆန်းလွန်း နေ၏။ သူတို့သည် အဝေးမှ လှမ်းကြည့်နေသည်ဟုထင်ရသော်လည်း ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်နှင့် ယစ်ပုလ္လင်နားသို့ ရောက်ရှိသွားသည်ဟု ခံစားမိလိုက်၏။ ယစ်ပုလ္လင်မှာ မြင့်မားလှသည့်တော့ မဟုတ်ပေ။ သို့ပေမဲ့ အပေါ်ထိရောက်ရန်ဆိုလျှင် ခြေလှမ်းအနည်းငယ် လှမ်းတက်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အပေါ်သို့ လှမ်းတက်ရန် လုပ်လိုက်ချိန်မှာတော့ အလွန်တရာအားကောင်းလှသည့် အော်ရာများသည် ကြီးမားလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

မိုရှန်သည် အဝေးတစ်နေရာဆီ မှတဆင့် နတ်ဆိုးဂိုဏ်း၏ စာသားများကို ကြည့်ရှုလျက်ရှိသည်။ သူသည် အလန့်တကြားဖြင့် ပြောလိုက်၏။ “သခင်... ဒါက နတ်ဆိုးတောင်ရိုးရဲ့ နောက်ဆုံးတောင်ကြားသခင် ပိုင်ဆိုင်တဲ့အခေါင်းပဲ၊ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းတုန်းကလေ”

“တကယ်လား” ကျွင်းချောင်ရှောင်းသည် အလွန်အံ့အားသင့်မိသွားသည်။

မိုရှန်သည် အခေါင်း၏အပေါ်မှစာများကို ဆက်လက် ဖတ်ရှုပြီးသည့်နောက်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “နတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်၊ ရတနာတွေက ဒီမှာ ဖွက်ထားတယ်တဲ့”

ကျွင်းချောင်ရှောင်းသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

“ဒီမှာ ဘာမှမှမရှိတာ”

မိုရှန်သည် မည်သည့်စကားကိုမှမဆို၊ ဆက်လက်၍ ဖတ်ရှုလျက်ရှိသည်။ ရုတ်တရက်ဆိုသလိုပဲ သူ၏ အမူအရာ များသည် ပြောင်းလဲသွား၏။ သူသည် ဆက်လက်၍ ဖတ်ပြလိုက်တော့သည်။

“တစ်စုံတစ်ယောက်သည် ဤနေရာအား အမွေဆက်ခံရယူချင်သည်ဆိုလျှင် စမ်းသပ်မှုသုံးခုအား ဖြတ်ကျော်နိုင်မှ ဖြစ်ပေလိမ့်မည်”

“စမ်းသပ်မှု သုံးခုဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကြည့်ရတာ စိတ်ဝင်စားစရာတော့ ကောင်းသားပဲ”

မိုရှန်၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

“ပထမဦးဆုံးစမ်းသပ်မှုက အဆုံးမဲ့နတ်ဆိုးမီးတောက်ရဲ့ လောင်ကျွမ်းမှုကို ခုခံဖို့ပဲ”

သူသည် နတ်ဆိုးပညာရပ်များကို လေ့လာသင်ကြားခဲ့သူဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးမီးတောက်များ၏ ကြောက်မက်ဖွယ်ရာကောင်းပုံများကို သိရှိပြီးဖြစ်သည်။ အလွန်တရာကြောက်မက်ဖွယ်ကောင်းသော မီးတောက် များသည် နတ်ဆိုးစွမ်းအင်များနှင့် တောက်ပလျက်ရှိ၏။ ထိုအရာသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို ဝါးမြိုနိုင် ရုံသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ပိုမို၍ နာကျင်စေ၏။

ဝှစ်

စင်မြင့်၏အောက် မီးမွှေးသည့်နေရာမှာတော့ အလွန်တရာများပြားလှသည့် အပြာရောင်မီးတောက်များ သည် လေထုထဲတွင် ပေါ်လာတော့သည်။

“သခင်”

မိုရှန်က ပြောလိုက်သည်။ “ဒါက နတ်ဆိုးမီးတောက်တွေပဲ၊ အောင်မြင်ဖို့အတွက်ဆိုရင် ဒီနေရာကို တစ်နာရီတိတိ ခုခံနိုင်ဖို့ လိုအပ်တယ်”

“သွားကြစို့”

အမ်

မိုရှန်သည် နာကျင်နေသည့် မျက်နှာနှင့် ပြောလိုက်၏။ “သခင်... ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးတယ်လေ၊ အဲထဲကို ဝင်လိုက်ရင် တစ်ခါတည်း ပြာကျသွားလိမ့် မယ်”

“ကျုပ်လုပ်မယ်”

နဂါးလေးသည် သူ့သခင်၏ ရင်ခွင်ထဲမှ ထွက်လာပြီး အပြာရောင်မီးတောက်များဆီသို့ တိုးဝင်သွားတော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နဂါးလေးက မီးဓာတ်အမျိုးအစားပဲ၊ ဒီတော့ နတ်ဆိုးမီးတောက်ကို ခုခံနိုင်မှာ သေချာတယ်”

မိုရှန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “သခင်... နတ်ဆိုးမီးတောက်တွေက မီးဓာတ်အမျိုးအစား ထဲမှာ ပါဝင်တယ်ဆိုပေမဲ့ အရမ်းကို ကြမ်းတမ်းတဲ့ တောက်လောင်ခြင်းစွမ်းအင်တွေ ပိုင်ဆိုင်တယ်၊ ဒါကြောင့် ဒီသတ္တဝါခံနိုင်မှာ မဟုတ်ဘူး”

ဝှစ်

ထိုအချိန်မှာပဲ အလွန်တရာ ပိုကောင်းလှသော အနီရောင်မီးတောက်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ နတ်ဆိုးမီးတောက်များကိုပင် အလုံးစုံလွှမ်းခြုံသွားတော့သည်။

“သောက်ကျိုးနည်း”

မိုရှန်၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ အနီရောင်မီးတောက်များသည် နတ်ဆိုးမီးတောက်များအား လွှမ်းခြုံ သွားခဲ့၏။ တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ နဂါးလေးသည် ဖုတ်ဖက်ခါကာ ပြန်ထွက်လာတော့ သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “အရမ်းအားကောင်းမယ်လို့ ထင်ထားတာ၊ ဒီလောက်အားနည်းမယ်လို့ ထင်ကို မထင်မိဘူး”

အစစ်အမှန်တရားမှာတော့ နတ်ဆိုးမီးတောက်များသည် အားနည်းလွန်းခြင်းမဟုတ်ပေ။ နဂါးလေး၏ မီးတောက်များသည် အလွန်တရာ အားကောင်းနေခြင်းပင်ဖြစ်၏။

“ဒုတိယစမ်းသပ်မှုက ဘာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

မိုရှန်သည် စာလုံးများကို သေသေချာချာ ဖတ်ရှုပြီးနောက် ပြောလိုက်သည်။ “နတ်ဆိုးတောင်ရိုးရဲ့ အပြင်စည်းတပည့်တစ်ရာကို အနိုင်ယူဖို့”

“ဘာ”

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ “ဒီနတ်ဆိုးတောင်ရိုးက ဖျက်ဆီးခံလိုက်ရပြီမဟုတ်လား၊ တပည့်တွေက ဘယ်လိုလုပ်သွားရှာရမှာလဲ”

ရွှီ ရွှီ

ထိုအချိန်မှာပဲ တည်နေရာတစ်ခုသည် ရုတ်တရက် ကွဲထွက်သွားပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူများ ပေါ်လာကြတော့သည်။ ၎င်းတို့၏ ရင်ဘတ်နေရာမှာတော့ နတ်ဆိုးတောင်ရိုးဟု ရေးသား ထား၏။ စုစုပေါင်းတစ်ရာတိတိပင် ဖြစ်သည်။

၎င်းတို့အားလုံးသည် ညီညီစီစီ ရပ်နေကြသည်ဆိုသော်လည်း ဆံပင် များမှာ ရှုပ်ပွလျက်ရှိပြီး ခန္ဓာကိုယ်များမှာ ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်သည်။ သေခြင်းရှင်ခြင်း၏ ကြမ်းတမ်းလှသော တိုက်ပွဲများကို တွေ့ကြုံခံယူခဲ့ပုံပင်ပေါ်၏။

“သခင်”

မိုရှန်က ထိတ်လန့်ခြောက်ခြားစွာဖြင့် ပြောလိုက်၏။ “ဒါက နတ်ဆိုးတောင်ရိုးရဲ့ တပည့်တွေ”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများ ဘာဖြစ်သည်ကို စိတ်မဝင်စားချေ။ သူ့အနေနှင့် ချက်ချင်းဆိုသလိုပဲ အလန့်တကြားနှင့် ထအော်လိုက်မိ၏။ “ငါ သရဲမြင်ဖူးပြီးကွ”

နတ်ဆိုးတောင်ရိုးသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းကျော်က ဖျက်ဆီးခံခဲ့ရပြီးဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အချိန်တွင် များပြားလှသော ၎င်း၏ တပည့်များ ပေါ်ပေါက်လာ၏။ ဤအရာမှာ ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှသည်။

စနစ်က ပြောလိုက်သည်။ “ဒါက ဖန်တီးထားတဲ့ အရာပဲ”

ထိုအချိန်မှာပဲ တပည့်တစ်ရာကျော်တို့သည် သူတို့၏ ဦးခေါင်းကို မော့ကာ နီရဲသည့် မျက်လုံးအစုံဖြင့် ကျွင်းချောင်ရှောင်းအား ကြည့်ရှုလိုက်၏။ ရှေ့ဆုံးမှ ဦးဆောင်လာသောတပည့်သည် ရှေ့သို့ပင် တိုးလာတော့၏။

ဝှစ် …. ဝှစ်

တခြားသော နတ်ဆိုးတောင်ရိုးမှ တပည့်များအားလုံးသည်လည်း မြန်မြန်ဆန်ဆန်ဖြင့် ရှေ့သို့ လှမ်းထွက်လိုက် တော့သည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတွင် နတ်ဆိုးချီများနှင့် ဖုံးလွမ်းသွားတော့သည်။

စနစ်က သုံးသပ် လိုက်၏။ “ဒီလူတွေအကုန်လုံးက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ပဲ”

“ဘာ”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိ၏။ “အပြင်စည်းတပည့်တွေ အကုန်လုံးက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ဟုတ်လား၊ ဒီနတ်ဆိုးဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းကဆိုရင် ဘယ်လောက်တောင် အားကောင်းလိုက်မလဲ”

ဘန်း

ကျွင်းချောင်ရှောင်းသည် ယစ်ပုလ္လင်စင်ပေါ်မှ ခုန်ချလိုက်ပြီးသည့်နောက်မှာတော့ သူ့ဆီသို့ လှမ်းတက်လာခဲ့သော တပည့်နှစ်ယောက်၏ ရင်ဘတ်ဆီသို့ လက်သီးဖြင့် ထိုးချလိုက်တော့သည်။ လူများသည် အဝေးဆီသို့ လွှင့်စင်သွား ကြ၏။ အလွန်အမင်း အားကောင်းလွန်းနေ၏။

ဘုတ် ဘုတ်

နတ်ဆိုးတောင်ရိုးက တပည့်နှစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ သို့ပေမဲ့ သူတို့နှစ်ယောက်သည် မည်သို့သော နာကျင်မှုမျိုးကိုမှ ခံစားရပုံမပေါ်ချေ။

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားမိ၏။ “သူတို့ရဲ့ ခန္ဓာကိုယ်အားအင်က အရမ်းအားကောင်းလွန်းတာပဲ”

ဝှစ်

ပြောနေတုန်းမှာပဲ သူ၏ ညာဘက်လက်သည် တူတစ်ချောင်းကဲ့သို့ တခြားသူများအား တိုက်ရိုက်ပင် ထုနှက် တိုက်ခိုက်တော့သည်။ တိုက်ခိုက်ခံလိုက်ရသောလူများအားလုံးသည် ပေါက်ကွဲ ထွက်သွားပြီးသည့် နောက်မှာတော့ အမဲရောင်အခိုးအငွေ့များအဖြစ် ဖြစ်တည်လာတော့သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် အနည်းငယ် တုန်ခါလျက် ရှိသည်။ သူသည် ၎င်းတို့အား တိုက်ခိုက်ရန် အတွက် တစ်ဒဿမ ငါးသန်းသော အားအင်များကို ထုတ်ဖော်အသုံးပြုခဲ့သည်။ သို့ပေမဲ့ တစ်ဖက်မှလူများ အားလုံးသည် ဘာတစ်ခုမှ နာကျင်သည့်ပုံမပေါ်ချေ။

ရှိရှိသမျှသော ဂိုဏ်းများအားလုံးသည် နတ်ဆိုးဂိုဏ်းကြီးတစ်ခုအား ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ကြသည် ဆိုသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ ဤလူများသည် အလွန်ပင် အားကောင်းလွန်းလှ၏။ ဤကဲ့သို့သော နတ်ဆိုး ဂိုဏ်းမှလူများကို ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည်ဆိုပါက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးအား နတ်ဆိုးဂိုဏ်းမှ ထိန်းချုပ်သွားပေလိမ့်မည်။

ဘုန်း ဘုန်း

တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ နတ်ဆိုးတောင်ရိုးဆီမှ အပြင်စည်းတပည့်များဆီသို့ လှမ်းဝင်သွားပြီး ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်တော့သည်။ ချက်ချင်းဆိုသလို ပဲ လူဆယ်ယောက်လောက်သည် သတ်ဖြတ်ခံခဲ့ရတော့သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ပြီး နတ်ဆိုးတောင်ရိုးမှ အပြင်စည်းတပည့်များကို သတ်ဖြတ်လျက်ရှိနေသည်။ ၎င်းတို့အားလုံးသည် သူနှင့် ယှဉ်ပြိုင်ဘက် မဟုတ်လှချေ။ တတိယအဆင့် ဓားနှင့် သိုင်းဘုရင်တစ်ယောက်သည် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမှာ သေချာ၏။

“အရမ်းကြမ်းလွန်းတယ်” မိုရှန်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

ဝုန်း ဝုန်း

တစ်ရာနှစ်ချက်မြောက် လက်သီးကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ နတ်ဆိုးတောင်ရိုးရှိ အပြင်စည်းတပည့် များအားလုံးသည် တည်နေရာထဲမှ လွှင့်စင်သွားခဲ့ပြီဖြစ်ပြီး အမဲရောင်အခိုးအငွေ့များအဖြစ် ပျောက်ကွယ်သွား တော့သည်။

All Chapters