← Chapters

ကောင်းကင်လှံ၏ တုန့်ပြန်ချက်

Vol. 006 Ch. 547

ကောင်းကင်လှံ၏ တုန့်ပြန်ချက်

Vol. 006 Ch. 547

ရှီမာယူယူသည် ပုံသွင်းရလွယ်သော ဟော့ဘာဟန်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည် “ဒါ ဘာလဲ”

“ညီလေးရှီမာ ကောင်းကင်မျှော်စင်ဆိုတာကြားဖူးလား” ဟော့ဘာဟန်သည် တိမ်တိုက်များကိုကြည့် လိုက်သည်။

ကောင်းကင်မျှော်စင်ဟုတ်လား။

ရှီမာယူယူသည် စဉ်းစားပြီးနောက် ခေါင်းရမ်းလိုက်သည် “ညီလေးက အနိမ့်ပိုင်းတိုင်းပြည်ကရောက်တာ မကြာသေးဘူး၊ အရင်က တစ်ခုမှကိုမကြားဖူးဘူး”

သူမ အမှန်တကယ်ပင် မသိပေ။ အရင်က ရှီမန်မျိုးနွယ်၏ သခင်မလေးဖြစ်စဉ်က သူမသည် ကျင့်ကြံ ခြင်းနှင့်သာ အချိန်ကုန်ခဲ့သည်။ သူမသည် အပြင်လောကကို သိပ်မစဉ်းစားခဲ့ပေ။ သူမ မသိခြင်းမှာ ပုံမှန်ပင်ဖြစ် သည်။

“ကောင်းကင်မျှော်စင်က ဒဏ္ဏာရီထဲမှာတော့ တောင်အမြင့်တွေမှာရှိတယ်၊ လူတစ်ယောက်က ကောင်းကင်မျှော်စင်ထိပ်ကို ရောက်တယ်ဆိုရင် ကောင်းကင်သခင်ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ နှစ် ၁သိန်းရှိပြီ ဘယ်သူမှ မျှော်စင်ထိပ်ကို မရောက်ကြသေးဘူး” ဟော့ဘာဟန် ရှင်းပြလေသည်။

ထိုကဲ့သို့နေရာမျိုးရှိလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ လှေကားကိုကြည့်နေသော သူ့ကို ကြည့်ကာ သူမ မေးလိုက်သည်။ “အစ်ကိုက ဒီနေရာကို ပြောနေတာလား”

“ဒီလှေကားက ကောင်းကင်လှေကားလို့သိကြတယ်၊ ၉၉၉၉ ဆင့်ရှိတယ်လို့ ပြောကြတယ်၊ မင်း အဲ အဆင့်တွေကို ကျော်ဖြတ်နိုင်ရင် ကောင်းကင်မျှော်စင်ကိုရောက်လိမ့်မယ်” ဟော့ဘာဟန် ဆက်ပြောလေသည် “ဒါပေမဲ့ နှစ် ၁သောင်းအတွင်းကို အကောင်းဆုံး စံချိန်က အဆင့် ၈၀၀၀ပဲ”

ရှီမာယူယူသည် တိမ်တိုက်များဆီသို့ တက်သွားသော ကျောက်လှေကားအဆင့်များကို ကြည့်ကာ ဟော့ဘာဟန်၏ စကားများကို မယုံကြည်နိုင်ပေ။ ကောင်းကင်လှေကားကနေ လျှောက်သွားရင် ကောင်းကင်ဘုံ ကိုရောက်တယ်ဟုတ်လား။ ယုံကြည်ရမခက်လွန်းဘူးလား။

ဝူရန်ဖေသည်လည်း သူမသံသယဝင်မှုကို ဘေးမှထောက်ခံသည်။

ဟော့ဘာဟန်သည် ရယ်မောကာ “တကယ်တော့ ကောင်းကင်လုံမျှော်စင်က တောင်အမြင့်ကြီးပေါ်မှာ ရှိတာ၊ အဲနေရာကို မြင့်နိုင်သမျှမြင့်မြင့်တက်နိုင်တဲ့သူကတော့ တကယ့်ကို စွမ်းအားရှိပြီး အရည်အချင်းရှိတဲ့လူပဲ၊ ကောင်းကင်လှေကားတွေကို လျှောက်နိုင်တဲ့လူတွေကလည်း အရည်အချင်းကောင်းရှိမှရမယ်”

အဲတော့ အဲလိုကိုး။ သူတို့သည် ကောင်းကင်လှေကားကို ဖြတ်လျှောက်ပြီးလျှင် နတ်ဘုရားများဖြစ်လာ မလားဟု တွေးနေခဲ့ကြသည်။

“ဟန် ငါတို့လည်းသွားသင့်ပြီ” ဝမ်ခိုင်သည် ဟော့ဘာဟန်ကို ပြောလေသည်။

ဟော့ဘာဟန်သည် လူအများထွက်သွားပြီကို ကြည့်ပြီးနောက် ကျောက်လှေကားများပေါ်သို့ တက် လိုက်သည်။ အခုချိန် သူတို့သွားပါက လူစုဝေးနေတော့မည်မဟုတ်ပေ။

“ရှင်တို့လည်း အတူသွားချင်လား” ဟော့ဘာယန်အာ မေးလိုက်သည်။

“ကျွန်တော်တို့ ခဏစောင့်ဦးမယ်” ရှီမာယူယူ ငြင်းလိုက်သည်။

“ဒါဆို ကျွန်မတို့ သွားနှင့်မယ်” ဟော့ဘာယန်အာနှင့် အဖွဲကသည် ကျောက်လှေကားများကို တက်သွား လေသည်။ ရှီမာယူယူနှင့် အဖွဲ့သာ ကျိုးတိုးကျဲတဲတက်သွားသော လူများကို ကြည့်ကာ ကျန်နေခဲ့လေသည်။

“ဒီလှေကားက ဘယ်လိုလုပ် လူတစ်ယောက်ရဲ့ ကျင့်စဉ်ကိုတိုင်းလို့ရမှာလဲ” ဖက်တီးကျူ နားမလည်ပေ။

“ကမ္ဘာကြီးက အကြီးကြီးပဲ ငါတို့ ဝင်မပါလို့ရတာတွေ အများကြီးပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “သွား ရအောင် ငါတို့သွားသင့်ပြီ”

သူတို့ လှေကားပေါ်သို့တက်လိုက်သည်နှင့် လူအများ နှေးကွေးစွာ သွားရခြင်း အကြောင်းအရင်းကို သိ လိုက်သည်။ မမြင်ရသော ဖိအားသည် သူတို့ကို တွန်းကန်နေကာ ခြေလှမ်းတစ်လှမ်းချင်းစီကို ခက်ခဲစွာ လှမ်းနေ ရသည်။

ရှီမာယူယူသည်လည်း ဖိအားကို ခံစားရသော်လည်း တခြားသူများကဲ့သို့ ခက်ခဲလှသည်တော့မဟုတ် ပေ။ သို့သော် သူမခြေလှမ်းများသည်လည်း မြန်ဆန်ခြင်းမရှိလှပေ။ သူမသည် ဝေကျိရွှီနှင့် ကျန်သောလူများနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည်။

အစပိုင်းတွင် ဝေကျိရွှီ၊ ဘေဂုံထန်နှင့် ကျန်သောသူများသည် ခက်ခဲသည့်ပုံမပေါ်ပေ။ သို့သော် ထပ် တက်သွားသည်နှင့် ဖိအားပိုများလာသည်။ သူတို့သည် အနည်းငယ် ပင်ပန်းသည်ကို ခံစားရသည်။

ရှီမာယူယူသည် တဖြည်းဖြည်း အပေါ်သို့တက်သွားသည်။ သူမ မြင်ကွင်းတွင် နှေးကွေးသော လှေကား များသာ ရှိတော့သည်။ သူမ ခေါင်းထဲမှ အသံသည် သူမအား တက် တက် တက် ဟုသာ လှုံ့ဆော်နေသည်။

သူမသည် ရှေ့မှတက်သွားသော လူများကို ကျော်တက်သွားသည်။ သူမ၏ အဖွဲ့မှာလည်း အနောက် တွင် ကျန်ခဲ့လေသည်။ သူမရှေ့တွင် အများအပြားမရှိတော့ပေ။ သူမသည် သူတို့ပုံရိပ်အားမြင်သည်နှင့် သူတို့ သည် အတွင်းပိုင်းဒေသမှဖြစ်သည်ကို သိသည်။

“ဒီလူက မိုက်တယ်၊ သူ အဲလောက်မြန်မြန်ကို ကျော်တက်သွားတယ်၊ သူ ထိပ်ဖျားကို ရောက်နိုင်မလား”

လူတချို့သည် သူမကို သတိထားမိကာ အာရုံစိုက်မိကြသည်။

သူမသည် မူလင်းနှင့် ဝမ်ခိုင်ကိုလည်း ကျော်တက်သွားရာ အံ့သြမိကြလေသည်။ သူတို့သည် မောဟိုက် နေသော သူတို့နှင့်မတူကာ နဖူးပေါ်တွင်သာ ချွေးထွက်နေသော သူမကိုကြည့်မိကြသည်။

အဆင့် ၁၀၀၀… အဆင့် ၂၀၀၀… သူမသည် ကိုယ့်ဘာသာ အာရုံစိုက်နေသဖြင့် တခြားသူများ၏ အံ့အား သင့်နေမှုကိုပင် မေ့လျော့သွားလေသည်။

ရုတ်တရက်ပင် သူမခေါင်းသည် ပူလာကာ တစ်ကိုယ်လုံးသည် ထိုအခြေအနေမှ သီးခြားဖြစ်သွားသလို ပင်။ အခုလက်ရှိအခြေအနေကို စဉ်းစားကြည့်လိုက်လျှင် သူမ အနည်းငယ် ကြောက်မိသည်။ သူမသည် လက်ရှိ တွင် အလွန်အားနည်းနေသည်။

“ကြက်သွေးရောင်မီးတောက် ကျေးဇူးပဲ” သူမ ကိုယ့်ဘာသာရေရွတ်လိုက်သည်။

“အင်း” ကြက်သွေးရောင်မီးတောက်သည် ညင်သာစွာ ပြန်ဖြေလေသည်။

သူမ အနောက်သို့ ပြန်ကြည့်လိုက်သည်။ သူမသည် ဘေဂုံထန်တို့နှင့် အဆင့် ၁၀၀၀ လောက်ဝေးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ထိုင်ချလိုက်သည်။

ကျောက်လှေကား အဆင့် ၁၀၀၀။ ကျောက်လှေကား အဆင့် ၁၀၀၀ ကိုမှီအောင် တက်နိုင်ရန် အချိန် ကြာကာ အများစုသည် ထိုအမြင့်သို့ မရောက်ကြပေ။ သူမအား မှီလာသော လူများသည် ကျော်တက်သွားကြ လေသည်။

လူစုံပြီးသည့်နောက်တွင် သူတို့သည် တိမ်တိုက်များဆီသို့ မရောက်မချင်းတက်သွားရာ အောက်မှလူများ ကို မမြင်ရတော့ပေ။

ကြည့်လိုက်ရာ သူမရှေ့တွင် လူ တစ်ဒါဇင်လောက်သာ ရှိသည်။ သူတို့သည် ထိုအဆင့်လောက်ဆိုလျှင် စာမေးပွဲအောင်လိမ့်မည်ဟု ခန့်မှန်းနေကြကာ ဆက်တက်ရန် စိတ်မရှိကြတော့ပေ။

“ငါတို့ ဘယ်လောက်တက်ရဦးမှာလဲ” ဖက်တီးကျူ ပင့်သက်ရှုလိုက်သည်။

“၆၀၀၀နီးပါး” ရှီမာယူလင်း ပြန်ဖြေလေသည်။

“မင်းဘယ်လိုသိလဲ”

“အဆင့် ၁၀၀၀ တိုင်းမှာ ကျောက်တုံးပေါ်မှာ စာလုံးတွေရေးထားတယ်”

ဟုတ်လား၊ ဖက်တီးကျူ သတိမထားမိပေ။ သို့သော် သူတို့အာလုံး ထိုနေရာသို့ ရောက်လိမ့်မည်ဟု မျှော် လင့်ထားခြင်းမရှိပေ။ ဟော့ဘာဟန်ပြောသလိုဆိုရင် အကောင်းဆုံးစံချိန်က အဆင့် ၈၀၀၀ဆိုတာက တော်တော် ကို ကောင်းတဲ့ အမှတ်လို့ပြောရမယ်။

ထို့အပြင် သူတို့သည် အပြင်ပိုင်းအကူအညီမသုံးရကာ သူတို့၏ အတွင်းပိုင်း ဝိဉာဉ်စွမ်းအင်ကိုသာ မှီခို ရသည်။

“ငါတို့ဆက်တက်သင့်လား” ဝူရန်ဖေ မေးလိုက်သ်ည။

“ငါတို့ရှေ့မှာ လူတွေအများကြီးရှိသေးတယ်၊ ငါတို့ဆက်မလျှောက်ရင် မြင်သာမှာမဟုတ်ဘူး” ရှီမာယူရန် ပြောလေသည်။

“ငါတို့ ဆက်လျှောက်နိုင်တယ်” ရှီမာယူယူသည်လည်း သဘောတူသည်။

သည်လိုနှင့် အားလုံးဆက်တက်ကြရာ ထိုလူများကို ပြန်ကျော်တက်သွားလေသည်။ သို့သော် ရှီမာယူလီ နှင့် ရှီမာယူမင်တို့သည် အဆင့် ၇၀၀၀တွင် ကျန်နေခဲ့ကာ ရှီမာယူရွှီနှင့် ဖက်တီးကျူတို့သည် ၇၅၀၀တွင် ရပ်သွား ကြလေသည်။

ရှီမာယူယူနှင့် ကျန်သောလူများသည် အရင်သွားနှင့်သော အရှေ့တွင်ရှိသော ဟော့ဘာဟန်၊ ချောင်းလန်လီနှင့် မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့သည် အဆင့် ၈၀၀၀ ကျော်သွားကာ အရင် စံချိန်ကိုချိုးသွားလေသည်။

“ငါတို့ ဒီမှာပဲရပ်ရမယ်ထင်တယ်” ရှီမာယူယူသည် အဆင့် ၈၀၀၀ တွင်ရပ်လိုက်သည်။

“တစ်ကို ဆက်တက်နိုင်ပါတယ် ဘာလို့ရပ်လိုက်တာလဲ” တုလေး မေးခွန်းထုတ်လေသည်။

ရှီမာယူယူသည် တုလေး၏ ခေါင်းကိုပွတ်ကာ “ငါတို့သာ သူတို့ကို ကျော်သွားရင် တခြားလူတွေထပ် ပိုပြီး အာရုံစိုက်ခံနေရလိမ့်မယ်၊ ငါတို့်အရည်အချင်းကို ထင်ထားတာထက် သိနေရင် ငါတို့အင်အားကောင်းလာတာကို လူတွေ အဖြစ်ခံမှာမဟုတ်ဘူး၊ ငါတို့က ခြိမ်းခြောက်မှုကြီးလို့ထင်နေလိမ့်မယ် ငါတို့ ဆက်တက်သွားချင်ရင် ဘယ်သူမှမရှိတုန်း တက်ကြမယ်”

“တုလေး နားလည်ပါပြီ” တုလေး ခေါင်းညိမ့်လိုက်သည်။

“ဒါဆို ဆင်းကြအောင်” ဆက်မတက်ရန် သဘောတူသော ဘေဂုံထန်သည် ပြောလေသည်။

“မလောပါနဲ့ ကြည့်ရအောင်” ရှီမာယူယူသည် အရှေ့မှ အရိပ်များကို ကြည့်လိုက်သည်။ “သူတို့က ငါတို့ မျိုးဆက်မှာ အကောင်းဆုံးထဲမှာပါတယ်၊ သူတို့ဘယ်လောက်သွားနိုင်မလဲကြည့်ကြတာပေါ့”

နောက်ဆုံးတွင် အမည်မသိသော အမျိုးသားတစ်ယောက်သည် အဆင့် ၉၀၀၀ တွင်ရပ်သွားကာ ထို မိန်းကလေးသည် ၉၂၀၀ တွင်ရပ်သွားလေသည်။ ဟော့ဘာဟန်သည် ၉၃၀၀တွင် ရပ်သွားကာ ချောင်းလန်လီ သည် ၉၅၀၀တွင် ရပ်သွားရာ ကောင်းကင်ဘုံမျှော်စင်နှင့် အဆင့် ၅၀၀ သာကွာဝေးလေသည်။

သူ့မျက်လုံးများသည် ပြင်းပြနေသော်လည်း ခန္ဓာကိုယ်က မလှုပ်နိုင်တော့ပေ။

သူတို့ လက်လျော့လိုက်အချိန်တွင် ငွေရောင်အလင်းတန်းသည် သူတို့အပေါ်ကျရောက်ကာ ထိုအဆင့် တွင်ပင် ကွယ်ပျောက်သွားလေသည်။

“ငါတို့ ပြန်သွားသင့်တယ်” ရှီမာယူယူသည် တောင်ပေါ်မှဆင်းရန် ပြင်လေသည်။ ရုတ်တရက်ပင် သူမ မှော်ဝင်လက်စွပ်အတွင်းတွင် လှုပ်ရှားမှုဖြစ်လေသည်။ သူမ ကြည့်လိုက်ရာ လေလံပွဲမှ အောင်နိုင်လာသော ဘုရင်ရှင်းဒေါင်၏ ကောင်းကင်လှံတံ လှုပ်ရှားခြင်းဖြစ်လေသည်။

ကောင်းကင်လှံတံကို ထုတ်လိုက်ရာ သူမ ထိန်းချုပ်မှုအောက်မှ လွတ်သွားကာ တစ်ခဏအတွင်း တောင် ထိပ်ဆီသို့ ပျံတက်သွားလေသည်။

All Chapters