← Chapters

ဒီအတိုင်းမြှောက်လိုက်ခြင်း

Vol. 006 Ch. 548

ဒီအတိုင်းမြှောက်လိုက်ခြင်း

Vol. 006 Ch. 548

ထိုအဖြစ်အပျက်အားတွေ့ပြီးနောက် အားလုံးကြက်သေသေသွားကြလေသည်။

“ယူယူ ဒါက… ဘာတွေဖြစ်နေတာလဲ”

ရှီမာယူယူသည်လည်း အလွန်အံ့သြသွားခဲ့သည်။ သို့သော် ထိုပစ္စည်းသည် ဘုရင်ရှင်းဒေါင်၏ ပစ္စည်းဖြစ် ကြောင်းတွေးမိရာ ထိုပစ္စည်းအား သန့်စင်ရာတွင် အချိန်တချို့ကုန်ခဲ့သည်။

ဝိဉာဉ်လက်နက်ကို သန့်စင်မှပင် အရင်ပိုင်ရှင်၏ လွှမ်းမိုးမှုမှ ရုန်းထွက်ကာ သူမ အမိန့်ကို နာခံမည်ဖြစ် သည်။ သူမသည် ကောင်းကင်လှံတံကို သန့်စင်ပြီးပြီဖြစ်သည်။ သူမ ထိန်းချုပ်မှုအောက်တွင်တော့ ဒီလိုအဖြစ်မျိုး မဖြစ်သင့်ပေ။

“အစ်ကိုကြီး” တုလေးသည် ရှီမာယူယူ၏ အင်္ကျိကိုဆွဲကာ အသိစိတ်ပြန်ဝင် စေရန် ကြိုးပမ်းလေသည်။

ရှီမာယူယူသည် တောင်ထိပ်အားကြည့်ပြီးပြောလေသည် “အဲမှာ လှံကို ဆွဲဆောင်လိုက်တဲ့ အရာတစ်ခုခု ရှိရမယ်”

“ဒါပေမဲ့ အဲဒါကိုသန့်စင်ပြီးသားမလား” ရှီမာယူမင်း မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါက အဲဒီလှံကို ဆွဲဆောင်နိုင်တဲ့တစ်ခုခုရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ၊ ပြောရမယ်ဆိုရင် ငါ့ထိန်းချုပ်မှုအောက်မှာ မရှိတော့တာပဲ”

“အဲတော့ ငါတို့ဘာလုပ်ကြမှာလဲ” ဖက်တီးကျူ မေးလိုက်သည်။

ထိုပစ္စည်းသည် မိုးပေါ်သို့ထိုးဖောက်သွားပြီး တောင်ထိပ်အထိ တက်သွားလေသည်။ သူတို့တွင် ပြန်ယူ ရန် နည်းလမ်းမရှိတော့ပေ။

ရှီမာယူယူသည် ကောင်းကင်လှံတံ၏ တက်ကြွမှုနှင့် လှုံ့ဆော်မှုကို ခံစားလို့ရသည်။ ထိုလှံတံသည် ဝိဉာဉ်တစ်စုံတစ်ရာမှ မကျန်တော့ပဲ ဆိုးဝါးစွာ ပျက်စီးနေသော လက်နက်ဖြစ်ကြောင်း ရှင်းလင်းနေသည်။ ထို ဝိဉာဉ်လက်နက်သည် လူသားများ၏ အသက်နှင့် တူညီသည်။ ကျောက်လှေကားအဆင့်မှာလည်း ၂၀၀၀မျှ ကျန် နေသေးသည်ဖြစ်ရာ ထိုနေရာသို့ရောက်ရန် လိုနေသေးသည်။

လေဖြတ်တိုက်သွားကာ ထူထဲသော တိမ်တိုက်များသည် အနည်းငယ်ပိုထူလာရာ တောင်ခြေတွင်ရပ်နေ သော လူများသည် အနည်းငယ်သဘောပေါက်လာသည်။

“အရင်ဆုံးပြန်ဆင်းရအောင်” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒီကောင်းကင်လှံတံကျ…”

ရှီမာယူယူ လှည့်ပြီး တောင်ထိပ်ကို ကြည့်ကာ ပြောလိုက်သည် “တစ်ချိန်တော့ ပြန်လာယူမှာပါ”

ထိုနေရာသို့ ဝင်သည့်သူမရှိသဖြင့် အချိန်မရွေးသွားယူရန် အဆင်ပြေသည်။

သူမ ပြောလိုက်သော စကားကို ကြားပြီးနောက် အားလုံးသည် ဆင်းကြလေသည်။

စဉ်းစားကြည့်လိုက်လျှင် ထူးဆန်းသည်။ အပေါ်တက်ရန် အားများစွာ စိုက်ထုတ်ရသည်။ သို့သော် ပြန်ဆင်းရာတွင် အားတက်သရော်လုပ်စရာ မလိုပေ။ အလွန်ပင်လွယ်ကူနေသည်။ ထိုမျှသာမက သူတို့၏ အတွင်းဝိဉာဉ်စွမ်းအင်များသည် အလွန်ထကြွနေရာ သူတို့ပင် ဂနာမငြိမ်သလိုခံစားရသည်။

သူတို့သည် ဆက်ဆင်းကြရာ ရှီမာယူလင်း၏ အမူအရာထူးဆန်းလာသည်။ လှေကားအဆင့် ၂၀၀၀ လောက်ဆင်းပြီးနောက်တွင် သူရပ်ပြီး ပြောလေသည် “ငါ မထိန်းချုပ်နိုင်တော့ဘူး၊ ငါအဆင့်တက်မှဖြစ်တော့ မယ်”

အားလုံးသည် လန့်သွားကြသည်။ သူတို့လည်း အဆင့်တက်တော့မည်ဖြစ်ကြောင်းကို ခံစားမိ သော်လည်း မထိန်းချုပ်နိုင်လောက်တဲ့အထိ မဟုတ်ပေ။

ရှီမာယူလင်း ထိုင်ချလိုက်သည်ကို ကြည့်ပြီးနောက် ရှီမာယူယူ သက်ပြင်းချကာ ပြောလေသည် “ဒါဆို အဆင့်တက်ဖို့လုပ်တော့၊ ငါတို့မင်းကို ကာကွယ်ပေးမယ်”

သူတို့အဆင့်တက်ချိန်တွင် တခြားလူနှောင့်ယှက်မည်ကို အလွန်ကြောက်ကြသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့ နှောင့်ယှက်သည်နှင့် အဆင့်တက်မည့်အခွင့်အရေး ဆုံးရှုံးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသည်မှာ လည်း သက်ရောက်မှု ပြင်းထန်သဖြင့် နောက်တစ်ကြိမ်အဆင့်တက်အောင် လုပ်ရခြင်းသည် ပိုခက်သည်။

ထို့ကြောင့်ပင် လူအများသည် အဆင့်တက်မည့် အချိန်ရောက်လျှင် လူခြေတိတ်သော နေရာကို ရှာကြ ခြင်းဖြစ်သည်။ ဒီလို လူအုပ်ကြားမှာ အဆင့်တက်ခြင်းကတော့ ရှားပါးလှသည်။

သူတို့အောက်တွင် လူ အများအပြားရှိမနေလို့ တော်သေးသည်။ အဆင့်မမှီသောလူများသည် ပြုတ်သွား ပြီဖြစ်သဖြင့် ထွက်သွားကြပြီဖြစ်သည်။ အခုချိန် အောက်တွင် လူ၂၀၀လောက်သာရှိတော့သည်။

ထိုလူရာဂဏန်းလောက်တွင် တချို့သည် တစ်စုံတစ်ရာကို ရိပ်မိသည့်ပုံဖြင့် ထိုင်ကာ ကျင့်ကြံနေကြ သည်။ သည်လိုဆိုလျှင် အပေါ်ပိုင်းမှ အခြေအနေကို သတိထားမိသူမှာ အလွန်နည်းပါးသည်။

တစ်နာရီကုန်သွားသောအခါ အဆင့်တက်သော အလင်းတန်းသည် ရှီမာယူလင်းပတ်ပတ်လည်တွင် တောက်လာကာ ချက်ချင်းပင် အံ့ဖွယ်အလယ်အလတ်အဆင့်တက်သွားလေသည်။

အဆင့်တက်ပြီးနောက်တွင် သူတို့သည် တောင်ခြေသို့ အလျင်စလိုပင်ဆင်းကြလေသည်။ ထိုဆရာ၏ ပုံရိပ်သည် ထပ်ပေါ်လာသည်။ သူ၏ အရင်ကကြုံဖူးသည့် အတွေ့အကြုံနှင့် ဆိုလျှင် ထိုအခြေအနေမှာ မျှော်လင့် ပြီးသားဖြစ်သည်။

“ကျုပ်တို့ ဂိုဏ်းရဲ့ ကျောင်းသားအသစ်ဖြစ်သွားတာကို ဂိုဏ်ပြုပါတယ်” ထိုဆရာသည် အားလုံးကို ကြည့်လိုက်ပြီး သူ့အကြည့်သည် ရှီမာယူယူအပေါ်တွင်ကျရောက်သွားလေသည်။ ခဏကြာပြီးနောက်တွင် သူ့ မျက်လုံးများသည် တခြားသူများဆီရောက်သွားပြီး “ခဏနေရင် လူတစ်ယောက် လာပြီး ဂိုဏ်းထဲဝင်ဖို့ ခေါ်သွား လိမ့်မယ်၊ မင်းတို့ရဲ့ ပထမဆုံးမစ်ရှင်က သူတို့လက်ထဲက ဂိုဏ်းထဲဝင်ရမယ့် နည်းလမ်းကိုရှာရမယ်၊ မင်းတို့ လွယ်လွယ်ကူကူပဲ အောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ပြောပြီးနောက်တွင် ပုံရိပ်သည် ချက်ချင်းပင် ပျောက်သွားလေသည်။

ထိုနေရာတွင် ကျောင်းသားများသည် ခေတ္တမျှ ကျန်ရှိနေလေသည်။ တစ်ခဏအတွင်းမှာပင် လူတစ်စု သည် ကြိုးကြာငှက်များစီးကာ ပေါ်လာလေသည်။ ရှီမာယူယူ ရေတွက်ကြည့်ရာ ခန့်မှန်းခြေ လူ၆၀မှ ၇၀ရှိသည်။

“မင်းတို့ ကိုယ့်အဖွဲ့ကိုယ် တစ်ဖွဲ့ ၅ယောက် ၆ယောက်ဖွဲ့လိုက်ပါ၊ မင်းတို့ကို ၁မိနစ်ပေးမယ်၊ ကိုယ့် ဘာသာဖွဲ့ပြီးရင် ဒီမှာ တန်းလာစီ” ကြိုးကြာစီးထားသော လူငယ်တစ်စုသည် အောက်မှ လူများကို အော်လိုက် သည်။

ရှီမာယူယူနှင့်အဖွဲ့သည် အမြန်ပင် အဖွဲ့ခွဲလိုက်သည်။ ရှီမာယူမင်၊ တခြားအစ်ကို ၃ယောက်နှင့် ရှီမာယူလင်းတို့ တစ်ဖွဲ့၊ ရှီမာယူယူ၊ ဝေကျိရွှီနှင့် တခြားသုံးယောက်အပါအဝင် တုလေးတို့သည် တစ်ဖွဲ့ဖွဲ့လိုက် ကြသည်။ သူတို့ အဖွဲ့ဖွဲ့ပြီးသည်နှင့် ညွှန်ပြသော နေရာတွင် စုဝေးလိုက်ကြသည်။ နောက်ဆုံးတွင် ၁မိနစ်ကုန် ဆုံးသွားလေသည်။ လူ ၁၀၀တွင် အဖွဲ့ ၃၀ရှိသည်။

“အခု တစ်ဖွဲ့ချင်းစီ ကြိုးကြာပေါ်တက်လိုက်” ထိုလူသည် ညွှန်ကြားလေသည်။

သူတို့သည် ရှီမာယူယူတို့ကို မသိကြပေ။ အားလုံးသည် အသီးသီး ကြိုးကြာပေါ် ကျပန်းတက် လိုက်ကြသည်။ သူတို့ကြိုးကြာပေါ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတို့ပါကြသည်။ သူတို့ တက်ပြီး သည်ကို တွေ့သောအခါ သူတို့သည် သေချာထိုင်ဟု ပြောကာ ပျံသွားလေသည်။

ကြိုးကြာအကောင်၃၀ကျော်သည် မတူညီသော ဦးတည်ဘက်များကို သွားရာ သူတို့သည် တက္ကသိုလ် ကျောင်းသားများဖြစ်သွားသည်ကို တွေးပြီး စိတ်လှုပ်ရှားကြသည်။

သူတို့ကို တင်ဆောင်သွားသော ကြိုးကြာများသည် လျင်မြန်စွာပင် ကွယ်ပျောက်သွားလေသည်။ ထို့နောက်တွင် သူတို့သည် တခြားသူများ မြင်ကွင်းမှ ပျောက်သွားလေသည်။ ကြိုးကြာပေါ်မှ ယောက်ျားလေး တစ်ယောက်သည် နောက်ဆုံးတွင် ပြောလေသည် “မင်းတို့အခုဘယ်သွားနေတာလဲဆိုတာ သိလား”

ရှီမာယူယူနှင့် အဖွဲ့သည် ခေါင်းရမ်းလိုက်သည်။

“ငါတို့က ဂိုဏ်းရဲ့ နယ်မြေမှာမဟုတ်တော့ဘူး၊ မင်းတို့ သတင်းပို့ရမယ့်နေရာက ဂိုဏ်းနဲ့ နေ့တစ်ဝက် လောက်သွားရမယ့်နေရာမှာ၊ အဲဒါကလည်း ကြိုးကြားတွေရဲ့ စွမ်းရည်ပေါ်မှာမူတည်တယ်၊ ကြိုးကြာတွေက မင်းတို့ရဲ့ ညွှန်ကြားချက်ကို နာခံကြမှာပဲ” ထိုအမျိုးသား ရှင်းပြလေသည်။

“ဘယ်လိုပြောတာလဲ” ဝူရန်ဖေသည် လက်ပိုက်ထားသော လူကို ကြည့်လိုက်သည်။

ရှီမာယူယူနှင့် အဖွဲ့တုန့်ပြန်ခြင်းမရှိသည်ကို ထိုလူနှစ်ယောက်မြင်သောအခါ ဒေါသဖြင့် ပြောလေသည် “မင်းတို့ သတ်မှတ်ထားတဲ့အချိန်ကို ရောက်နေတဲ့နေရာကို သတင်းမပို့နိုင်ရင် ဂိုဏ်းရဲ့ တပည့်ဖြစ်လာဖို့ အခွင့် အရေးမရှိတော့ဘူးလို့ပြောတာ၊ မင်းတို့ ငါတို့ကို အေးအေးဆေးဆေးဆက်ဆံရင် မင်းတို့ကို အဲဒီကိုခေါ်သွား မယ် မင်းတို့ ဆက်ပြီး နှောင့်နှေးနေမယ်ဆိုရင် မင်းတို့အချိန်မှီမရောက်မှာ စိုးတယ်”

“ခင်ဗျားတို့ကို အေးအေးဆေးဆေးဆက်ဆံရမယ်၊ ခင်ဗျားတို့ကို ပစ္စည်းပေးရမယ်လို့ ပြောလိုက်တာ လား” ဖက်တီးကျူ မေးလိုက်သည်။

အမျိုးသားနှင့် အမျိုးသမီးစုံတွဲသည် သူတို့ကို ကြည့်ပြီးနောက် ပြောလေသည်၊ အနည်းဆုံးတော့ ဒါကို သိသားပဲ။

“ကျွန်တော်တို့ မပေးရင်ရော” ဝေကျိရွှီ မေးလိုက်သည်။

“ဒါဆို မင်းတို့်ကို ပြန်ခေါ်မသွားနိုင်ဘူး၊ မင်းတို့ သေချာစဉ်းစားကြည့်ပါ၊ ငါတို့ ကြိုးကြာနဲ့ ပြန်ခေါ်ပေး သွားမှာကလွဲရင် မင်းတို့ ဂိုဏ်းဘယ်မှာရှိလဲဆိုတာကို သိမှာမဟုတ်ဘူး”

ရှီမာယူယူ ပြုံးလိုက်သည် “အဲတော့ ခင်ဗျားတို့လည်း မသိဘူးလို့ ပြောနေတာပဲ”

“ငါတို့ကတော့ သိတာပေါ့၊ ဒါပေမဲ့ မင်းတို့မသိဘူးလေ၊ အဲဒါကြောင့် မင်းတို့နားလည်ပြီဆိုရင် လေးစား မှုကို ပြတဲ့အနေနဲ့ ပစ္စည်းမြန်မြန်ပေးသင့်တယ်” အမျိုးသမီးသည် ခြိမ်းခြောက်လေသည်။

“ကြိုးကြာကသိတယ်ဆိုရင် ခင်ဗျားတို့မရှိလည်း ရတာပဲလို့ ပြောတာပဲမလား”

“ဟင် ကြိုးကြားတွေက ငါတို့စကားပဲနားထောင်တာ၊ ငါတို့မရှိရင် မင်းတို့ အဲဒီကို သွားဖို့ လက်လျော့ ရလိမ့်မယ်” အမျိုးသမီးကပြောလေသည်။

“အဲလိုလား အဲဒါကို စမ်းကြည့်တာပေါ့” ပြောပြီးနောက်တွင် ရှီမာယူယူသည် အားလုံးကို အရိပ်အကဲ ပြ လိုက်ကာ ရုတ်တရက် သူတို့ကို တွန်းလိုက်လေသည်။

ကြိုးကြာများသည် ပျံသန်းသည်မှာ အစကပင် မမြင့်ကာ ထိုနှစ်ယောက်သည်လည်း ပျံသန်းနိုင်သဖြင့် သူတို့ကို တွန်းချရန် မကြောက်ပေ။

“သွားရအောင် ကြိုးကြာ ငါတို့ကို ဂိုဏ်းရဲ့ သတင်းပို့တဲ့နေရာကို ပို့ပေး မင်းသိတယ်မလား” ရှီမာယူယူ သည် ကြိုးကြာ၏ ပခုံးကို အသာအယာပုတ်ကာ ပြောလေသည်။

ကြိုးကြာသည် အစပိုင်းတွင် ရှီမာယူယူနှင့် အဖွဲ့ကို ခါချရန် ဟန်ပြင်သော်လည်း ငှက်လေး၏ ရောင်ဝါ သည် အသံတိတ်ထွက်လာခြင်းကြောင့် ကြိုးကြာသည်ငြိမ်သွားကာ သူတို့ကို သတ်မှတ်ထားသော နေရာသို့ ခေါ်သွားလေသည်။

ကျသွားသော အမျိုးသားနှင့် အမျိုးသမီးသည် ရှီမာယူယူနှင့် အဖွဲ့ကိုလည်း ကြိုးကြာက ခါချမည်ဟု အစ ပိုင်းတွင် ထင်ထားကြသည်။ သူတို့ကို ကြိုးကြာက ခေါ်သွားလိမ့်မည်ဟု ထင်မထားကြပေ။

ရှီမာယူယူနှင့်အဖွဲ့ သတ်မှတ်နေရာသို့ ရောက်သောအခါ အားလုံးသည် ထိုနေရာသို့ ရောက်နှင့်ပြီးဖြစ် သည်ကို တွေ့လိုက်ရသည်။ သူတို့ဘေးတွင် ကျောင်းသားဟောင်းများလည်းရှိနေသည်။ သို့သော် ထိုလူများ သည် အားရပါးရပြုံးနေကြသည်။ ဆိုလိုသည်မှာ ဒီနေရာသို့ ရောက်လာသော လူများသည် မနူးညံ့ကြပေ။

All Chapters