← Chapters

မထင်မှတ်ထားသော ရွေးချယ်မှု

Vol. 006 Ch. 549

မထင်မှတ်ထားသော ရွေးချယ်မှု

Vol. 006 Ch. 549

ထိုအချိန်တွင် လူအများစုရောက်နှင့်ပြီးဖြစ်လေသည်။ ဆရာများနှင့် ဂိုဏ်းအုပ်ချုပ်သူများသည် ကြီးမား သော ခြံဝန်းတွင် ရပ်နေကြသည်။ ရှီမာယူယူတို့၏ ကြိုးကြာပေါ်တွင် ကျောင်းသားနှစ်ယောက်ပါမလာသည်ကို တွေ့သောအခါ အားလုံးသည် အံ့အားသ့်ကြလေသည်။

“မင်းတို့ကို ခေါ်လာမယ့်လူတွေရော” တစ်ယောက်သည် မနေနိုင်ပဲမေးလိုက်လေသည်။

“သူတို့လုပ်စရာရှိလို့ ကျွန်တော်တို့နဲ့မလိုက်ဘူးလို့ပြောတယ်၊ သူတို့ ကျွန်တော်တို့ကို ကြိုးကြာနဲ့ ဒီကို သွားခိုင်းလိုက်တာ” ရှီမာယူယူသည် မျက်တောင်မခတ်ပဲလိမ်လိုက်လေသည်။

သူမလုပ်ခဲ့သော အရာကိုသတင်းရပြီးသားဖြစ်သော ဆရာများသည် နှုတ်ခမ်းများ တွန့်မိကြသည်။ သူတို့ သည် ကျောင်းသားဟောင်းများနှင့် ဆွေးနွေးခြင်းမရှိပဲ သူတို့ကို တွန်းချခဲ့သည်။ ထို့နောက်တွင် သူတို့သည် ကြိုးကြာကို ကိုယ့်ဘာသာယူစီးလာခဲ့သည်။ ကြိုးကြာများသည် သာမန်လူများ ထိန်းချုပ်ရန်မဖြစ်နိုင်သော်လည်း သူမတွင် ဂဠုန်များ၏ ဘုရင်ရှိကြောင်းကို သူတို့သိထားသည်။ သူတို့ကို ကြိုးကြာများတင်ခေါ်လာခြင်းမှာ မထူး ဆန်းပေ။

တကယ့်အဖြစ်မှာ ထိုကျောင်းသားဟောင်းများသည် သူတို့ဆီမှ အကျိုးအမြတ်ရအောင်လုပ်ခြင်း မဟုတ် ပေ။ သူတို့သည် ကျောင်းသို့ဝင်လာမည့် ကျောင်းသားများ၏ အကျင့်စရိုက်ကို နားလည်လိုခြင်းကြောင့်သာ ဖြစ် သည်။

တခြားသူများသည် ခြိမ်းခြောက်ခံရသည်နှင့် ပစ္စည်းများကို ချက်ချင်းထုတ်ပေးသည်။ မဟုတ်လျှင် သူတို့ ကို ထိုနေရာသို့ခေါ်လာမည့်အစား အင်အားများသုံးကာ တိုက်ခိုက်နိုင်သည်။ သူတို့သည်သာ ဖျောင်းဖြရန် မကြိုးစားသော တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။

“အဟွတ် အဟွတ် အားလုံး တိတ်ကြပါ” စင်မြင့်ပေါ်ရှိ ဆရာသည် ချောင်းဟန့်ကာ ပြောလေသည် “အခု မင်းတို့အားလုံးက ဂိုဏ်းရဲ့တပည့်တွေဖြစ်သွားကြပြီ၊ နောက်တစ်ခုကတော့ မင်းတို့ လေ့လာချင်တာကို အစီအစဉ် စတင်ဆွဲဖို့ပဲ၊ ကျုပ်တို့က မင်းတို့ အရည်အချင်းပေါ်မှာမူတည်ပြီး အခန်းတွေခွဲပေးမယ် ပထမဆုံး ကျောင်းသား တက်လာခဲ့ပါ”

အစီအစဉ်မှာ ထိုနေရာသို့ အရင်ရောက်သည့် အစဉ်လိုက်ပေါ်တွင် အခြေခံထားသည်။ ထို့ကြောင့်ပင် ရှီမာယူယူတို့အဖွဲ့သည် နောက်ဆုံးဖြစ်လေသည်။

ပထမတစ်ယောက်တက်သွားချိန်တွင် ဆရာသည် သူ့ကိုကြည့်ပြီး မေးလေသည် “နာမည်၊ ဘာကို လေ့လာချင်တာလဲ၊ ဘာတွေတတ်ထားလဲ”

“ဝမ်မင်လို့ခေါ်ပါတယ်၊ ကျွန်တော်က အဂ္ဂိရတ်ပညာလိုမျိုးတွေ ဘာမှမသိပါဘူး၊ သင်လည်းမသင်ချင် ဘူး သန်မာလာချင်တာပဲရှိတယ်” ထိုအမျိုးသား ပြန်ဖြေလေသည်။

“ဒါဆို ဒါက ဝိဉာဉ်စွမ်းရည်အဖွဲ့ခွဲပဲ” ဆရာသည် သူ့အား နာမည်ပြားပေးကာ ပြောလေသည် “ဟိုမှာ သွားစောင့်လိုက်”

ဆရာအနောက်မှ နာမည်ပြားတွင် ‘ဝိဉာဉ်စွမ်းအင်ဂိုဏ်း’ ဟုရေးထားသည်။ ထိုလူသည် သူ့နာမည်ပြား ယူကာ လျှောက်သွားလေသည်။

ထို့နောက်တွင် ဒုတိယမြောက်လူ၊ တတိယမြောက်လူ….

ရှီမာယူလင်းနှင့်အဖွဲ့မှာလည်း ရှီမာယူယူတို့ထက် သိပ်မစောသဖြင့် အစဉ်မှာနောက်ကျသည်။

“နာမည်၊ ဘာလေ့လာချင်တာလဲ”

“ရှီမာယူလင်း တည်ဆောက်မှုကို လေ့လာချင်ပါတယ်”

ဆရာသည် သူ့ကိုကြည့်ပြီးချရေးလေသည်။ သူသည် ရှီမာယူလင်းကို ရှီမာယူယူနှင့် အတူရှိသည်ကို မြင်ဖူးသည်။ သူ့အရည်အချင်းသည် စမ်းသပ်မှုပထမနေ့တွင်ပင် မဆိုးလှပေ။ သူသည်လည်း ကောင်းကင် လှေကားကို အမြင့်ဆုံးအဆင့်ထိ တက်နိုင်ခဲ့သည်။

သူတို့အဖွဲ့သည် ပိုတက်နိုင်သော်လည်း ရပ်ခဲ့သည်ဟု ဒုကျောင်းအုပ်ပြောခဲ့သည်။ သူတို့ ဆက်တက် သွားပါက မည်မျှထိရောက်မည်ကို ဘယ်သူမှမသိနိုင်ပေ။

သူတို့ ကောင်းကင်လှေကားပေါ် မည်မျှတက်နိုင်သည်ကို အခြေခံကာ သူတို့သည် ဂိုဏ်း၏ အာရုံစိုက် ခြင်းကိုခံရမည်။ သည်လိုနှင့် သူသည် ရှီမာယူလင်းကို နာမည်ပြားပေးကာ နောက်နေရာလွတ်တစ်ခုအား ညွှန် ပြကာ ပြောလေသည် “ဟိုမှာသွားပြီးစောင့်လိုက်”

ရှီမာယူလင်းသည် နာမည်ပြားယူကာ ဆရာညွှန်ပြသော နေရာသို့ ဦးတည်လေသည်။ ရှီမာယူမင်နှင့် တခြားသုံးယောက်သည် သူ့နောက်သို့ လိုက်လာသည်။

နောက်တွင် ဆယ်ဂဏန်းမျှသော လူများသည် ရှီမာယူလင်းတို့ ရပ်နေသော တစ်နေရာထဲတွင် လာရပ် ကြလေသည်။ ရှီမာယူယူသည် ခဏမျှကြည့်လိုက်ရာ သူတို့အားလုံးသည် ကောင်းကင်လှေကားကို နေရာတစ်ခု အမြင့်ထိရောက်ကြသော သူများပင်ဖြစ်ကြသည်။

ရှီမာယူယူ အလှည့်ရောက်သောအခါ ဆရာသည် စိတ်လှုပ်ရှားစွာ ပြောလေသည် “နာမည် မင်းဘာ လေ့လာချင်တာလဲ”

“ရှီမာယူယူ ဆေးပညာကို လေ့လာချင်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဘာ” ထိုဆရာသည် အံ့သြစွာဖြင့် ခေါင်းမော့လာသည်။ သူသည် ရှီမာယူယူအား ကြည့်ကာ မေးလိုက် သည် “ကျောင်းသား ဆေးပညာကို သင်ချင်တာသေချာလား”

ရှီမာယူယူ ပြန်မဖြေသဖြင့် ဆရာသည် အလွန်အံ့သြနေလေသည်။ သို့သော် သူမ ခေါင်းညိမ့်ကာ ပြန် ဖြေသည် “ဟုတ်ပါတယ်၊ ကျွန်တော် ဆေးပညာလေ့လာပြီး သမားတော်ဖြစ်ချင်တာပါ”

“ကျောင်းသား ငါတို့ဂိုဏ်းက အဂ္ဂိရတ်ပညာနဲ့ တည်ဆောက်မှုပညာတွေမှာ ထူးချွန်တယ်၊ ငါတို့မှာ အားကောင်းတဲ့ ဆရာတွေအများကြီးရှိတယ်၊ ပြီးတော့ ငါတို့ဆေးပညာဂိုဏ်းခွဲက အားနည်းနေသေးတယ်၊ ထပ် ပြီး စဉ်းစားချင်သေးလား” ဆရာသည် စိတ်ပြောင်းမလားဟု သူမအား ကြည့်လိုက်သည်။ သူ သူမကို မလိမ်ချင် ပေ။

ရှီမာယူယူခေါင်းရမ်းကာ ပြောလိုက်သည် “ပြောပြပေးတဲ့အတွက် ကျေးဇူးပါဆရာ ကျွန်တော် ဆေးပညာ ပဲလေ့လာချင်ပါတယ်”

“မင်းသေချာလား” ဆရာသည် သူမအား မသက်မသာဖြင့် ကြည့်လိုက်သည်။

“သေချာပါတယ်”

“ဟူး ကောင်းပါပြီ၊ ဒါဆို ဟိုကိုသွားပြီး သူတို့နဲ့ သွားရပ်နေလိုက်” ဆရာသည် သူမအား နာမည်ပြားပေး လိုက်သည်။

သူမ ဆေးပညာရွေးလိုက်သည်ဟု တခြားသူများကြားသောအခါ အံ့သြမိကြလေသည်။ အထူးသဖြင့် သူမ တည်ဆောက်မှုကို ဆောက်လုပ်သည်ကို တွေ့ဖူးသော ဟော့ဘာယန်အာနှင့် သူမတို့အဖွဲ့သည် အံ့သြ ကြလေသည်။ သူမ တည်ဆောက်မှုများတွင် အားကောင်းသည်ကို သူတို့သိကြသဖြင့် သူမ တည်ဆောက်မှုကို သာ ဆက်လေ့လာမည်ဟု ထင်ထားကြသည်။ သူမ ဆေးပညာကို ရွေးလိမ့်မည်ဟု ဘယ်သူထင်ထားမှာလဲ။

ဆေးပညာဂိုဏ်းခွဲမှာလည်း လုံးဝမျှော်လင့်မထားသော အရာဖြစ်သည်။ ထိုအဖွဲ့ခွဲသည် ဂိုဏ်းတစ်ခုလုံး တွင် ရာထူးအနိမ့်ဆုံးအဖွဲ့ခွဲဟု ပြောရသည်။ အဖွဲ့ဝင်လူအနည်းဆုံးနှင့် အရင်းအမြစ်အနည်းဆုံးအဖွဲ့ဟု ပြော၍ လည်းရသည်။

ထို့ကြောင့်ပင် သူမ ဆေးပညာလေ့လာမည်ဟု ပြောလိုက်သောအခါ အားလုံးအံ့သြစွာ ကြည့်ကြခြင်း ဖြစ်သည်။

“ကောင်းပြီ မင်းတို့နေရမယ့် အဆောင်ကို ဒီလူတွေကခေါ်သွားပေးလိမ့်မယ်၊ သူတို့ကပဲ ငါတို့ ဂိုဏ်း အကြောင်းနဲ့ မင်းတို့်သွားလို့ရမယ့် နေရာနဲ့ သွားခွင့်မရှိတဲ့နေရာတွေကို ပြောပေးလိမ့်မယ်၊ သွားရင်းနဲ့ မှတ်ထား ကြပေါ့၊ ပထမတစ်ပတ်တော့ အနားပေးထားမယ်၊ အဲဒါပြီးမှ အတန်းတွေစမယ်၊ ကောင်းပြီ အခုသွားလို့ရပြီ” ဆရာသည် ပြောပြီးနောက်တွင် အလောတကြီးထွက်သွားလေသည်။ သူသည် ရှီမာယူယူ ဆေးပညာကို ရွေးချယ်ကြောင်းကို ဒုကျောင်းအုပ်ကိုပြောလေသည်။

ကျောင်းသားတချို့သည် သူတို့အဆောင်များသို့ ခေါ်သွားလေသည်။ လူအများစုသည် ဝိဉာဉ်စွမ်းအင် အဖွဲ့ခွဲကိုသွားကြသည်။ လူ ၁၇၂ယောက်ထဲတွင် ထိုအဖွဲ့သို့သွားသူမှာ ၁၁၀ရှိလေသည်။ တခြားအဖွဲ့ခွဲများ သွားသူများမှာ ၆၂ယောက်သာရှိလေသည်။

သည်လိုနှင့် ရှီမာယူယူနှင့် တခြား၄ယောက်တို့သည် အတူနေရလေသည်။ သူမတို့နှင့်အတူ ရှီမာ ယူလင်း ပါနေရလေသည်။ ရှီမာယူမင်နှင့် တခြားအစ်ကို၃ယောက်သည် တုလေးကိုပါခေါ်သွားကာ လူနောက် တစ်ယောက်လည်း အတူနေကြလေသည်။

ရှီမာယူယူတို့သည် သူတို့အဆောင်ကို တန်ဖိုးဖြတ်ကာ အရင်အဆောင်နှင့် နှိုင်းယှဉ်ကြည့်မိလေသည်။ သူတို့အခုအဆောင်သည် အရင်အဆောင်ထက်ပိုကြီးကာ ပိုဆွဲဆောင်မှုရှိသည်ကို သတိထားမိသည်။

“ငါတို့ကျောင်းသား ပြန်လုပ်ရမယ်လို့ ဘယ်သူထင်မိမှာလဲ” ဘေဂုံထန်သည် သက်ပြင်းချလေသည်။

“ရှေးဟောင်းတိုင်းပြည်မှာ ငါတို့အသက်အရွယ်က မွေးဖွားပြီး ကလေးနဲ့ ဘာမှမကွာဘူး ကျောင်းသား ပြန်လုပ်ရတာ ဘာမှ မထူးဆန်းဘူး” ရှီမာယူယူပြောလေသည် “ငါတို့ ဒီတစ်ခါကို ဟိုဟိုဒီဒီကိစ္စတွေ အလောတ ကြီး ရှင်းရမှာပဲ၊ ငါတို့ ကျင့်ကြံဖို့အချိန်နည်းလိမ့်မယ်၊ အခုတော့ ငါတို့ ကိစ္စငါတို့ရှင်းပြီးမှပဲ ကျင့်ကြံတာကို သေချာ လုပ်ပြီး အားတိုးအောင်လုပ်ရမှာပဲ”

အခုတော့ ဘေဂုံထန်၏ ကိစ္စသည် သေချာရှင်းပြီးကာ ကျန်ကိစ္စများကို သူမ မောင်ကိုလွှဲထားပြီးလေ သည်။ သူမ အင်အားသန်မာလာသောအခါ သေချာပေါက် လက်စားချေမည်ဖြစ်သည်။ သူမ ဂိုဏ်းတစ်ခုအတွင်း ဝင်ရသည်မှာ ရှားပါးသော အခွင့်အရေးဖြစ်ကာ ခဏနားပြီးနောက် သေချာစွာ ကျင့်ကြံရန်လိုသည်။

“ယူယူ နင်ကောင်းကင်လှံတံအတွက် ဘယ်လိုလုပ်မှာလဲ” ရှီမာယူလင်း မေးလိုက်သည်။

“ငါတို့အချိန်နည်းနည်းရှိသေးတယ်မလား၊ ငါ အဲနေရာရဲ့ နယ်နိမိတ်တွေကို ခေါင်းထဲမှာ မှတ်ထားပြီး သား၊ ငါ ဒီနေ့ညပြန်သွားပြီးတော့ ကောင်းကင်လှေကားကို ထပ်တက်မယ်၊ ကောင်းကင်လှံတံကို ပြန်ရမယ့် နည်းလမ်းရှိမလားလို့ စဉ်းစားကြည့်ရမှာပဲ”

All Chapters