မင်းကိုစောင့်နေတာ
Vol. 006 Ch. 550
ရှီမာယူယူသည် သူမ ကိစ္စကို ကိုယ်တိုင်ဆုံးဖြတ်သည်ကို သူတို့သိသဖြင့် ဘာမှထပ်မပြောတော့ပေ။
မကြာမီတွင် သူတို့သည် အခန်းများရွေးကြလေသည်။ ရှီမာယူယူသည် သူမ အခန်းအား စီစဉ်ရန် အချိန် မရှိပေ။ သူမသည် သူမ စိတ်စွမ်းအင် အားပြည့်ရန် လျင်မြန်စွာပင် ဆေးသောက်ကာ စတင်ကျင့်ကြံလေသည်။
ကောင်းကင် လှေကားတွင်ရှိစဉ်က ရက်အနည်းငယ်ကြအောင် သူမသည် တင်းခံနေခဲ့ရသည်။ သူမ ဆင်းလာပြီးနောက် မနားပဲ နေခဲ့သည်။ အခုတော့ သူမ အင်အားကို လျင်မြန်စွာအားပြည့်ရန်လိုသည်။
သူမသည် ဝိဉာဉ်စေတီအတွင်းဝင်ကာ နားရန်စဉ်းစားမိသည်။ သို့သော် ထိုနေရာနှင့် မရင်းနှီးကာ ကျွမ်းကျင်သူ ဘယ်လောက်ရှိနေမှန်းမသိနိုင်ပေ။ သူမ သတိမထားမိလိုက်ပါက ဝိဉာဉ်စေတီ၏ တည်ရှိမှု ပေါ် သွားနိုင်ပြီး ပြဿနာဖြစ်လာနိုင်သည်။
ညလယ်ရောက်သောအခါ သူမသည် ဝေကျိရွှီနှင့် တခြားသူများကိုခေါ်ကာ ခြံထဲတွင် တည်ဆောက်မှု ပြုလုပ်လေသည်။
“ငါတို့ သွားတာ ဘယ်လောက်ကြာမလဲဆိုတာ မသိဘူး၊ အတန်းစလို့ ငါပြန်မရောက်လာရင် ခွင့်တိုင် ပေးဦး” သူမ ပြီးသည့်နောက်တွင် ဖြတ်လမ်းတည်ဆောက်မှုထဲဝင်သွားလေသည်။
ခဏအကြာတွင် ကောင်းကင်လှေကားတောင်ခြေတွင် ဝင်ပေါက်တစ်ခုပွင့်လာသည်။ ရှီမာယူယူ စိတ်လှုပ်ရှားမိသည်။
လက်ရှိတွင် သူမသည် အရည်အသွေးကောင်းသော အကွာအဝေးတိုတောင်းသော တည်ဆောက်မှုကို လုပ်နိုင်သည်။ ထွက်ပေါက်သည် မြေပြင်နှင့် အနည်းငယ်အမြင့်တွင် စီစဉ်ထားသည်။
လက်ရှိတွင် အရင်ရက်ကကဲ့သို့ ပျာယာခတ်စရာမလိုပေ။ မျှော်စင်ထိပ်သည် အမှောင်ထဲတွင် အလွန် အေးခဲသည့်ပုံပေါ်သည်။
သူမသည် ဒီနေရာတွင် ထပ်ရပ်ရပြန်သည်။ သူမသည် မသွားခင်ကို တွေ့ကြုံပြီးသမျှကို စိတ်ရှင်းလိုက် သည်။ သူမ ဘ်ယလောက်ထိရောက်နိုင်မလဲဆိုတာကို မသေချာပေ။
သူမသည် ကျောက်တုံးအဆင့်များကို တက်လိုက်ရာ ရင်းနှီးသော ဖိအားကို ခံစားမိလေသည်။ သို့သော် ဒီတစ်ကြိမ်တွင် တားမြစ်ထားခြင်းမရှိသဖြင့် သူမသည် ဝိဉာဉ်စွမ်းအင်ကို မသုံးပေ။ သူမ ခန္ဓာကိုယ်သည် ဖိအား ကို ခံနိုင်သည်ကို သိလိုက်ရသည်။
သူမ အဆင့် တစ်ထောင်တက်ပြီးသောအခါ အနည်းငယ် အားစိုက်လာရသည်ကို ခံစားမိသည်။ ထို့နောက်တွင် သူမသည် ခံနိုင်ရည်ရှိရန်အတွက် ဝိဉာဉ်စွမ်းအင်စတင်သုံးလိုက်သည်။ သူမ အသက်ကို မျှတ အောင် ရှုထုတ်ကာ ဆက်ပြီးတက်လေသည်။
နေ့မှ ညရောက်သွားကာ ညမှ နေ့ပြန်ရောက်လေသည်။ သူမ ထပ်တက်ရာ ခြေလှမ်းများလည်း နှေးလာ သည်။ အရင်ကနေရာသို့ ၂ရက်အကြာတွင် ရောက်လာလေသည်။
နောက်ထပ် အဆင့် ၂ထောင်သာကျန်တော့သည်။
သူမသည် ကျောက်လှေကားများကို ကြည့်လိုက်သည်။ သူမသည် ဆေးစားပြီးနောက် ဆက်တက်သည်။ သူမ မသိလိုက်သည်မှာ သူမ တိမ်တိုက်များတွင် ပျောက်သွားချိန်တွင် တောင်ခြေတွင် အရိပ်နှစ်ခုပေါ်လာသည်။
“ဒုကျောင်းအုပ် သူဒီကိုရောက်နေတာကို ဘယ်လိုသိတာလဲ” ဂိုဏ်းဝင်ဆရာကပြောလိုက်သည်။
“အလိုလိုသိတာပဲ” ဒုကျောင်းအုပ်သည် တိမ်များအထက်တွင်ရှိနေသော လူအားကြည့်ပြီး လေးလေး နက်နက်တွေးမိလေသည်။
အပေါ်မှ လူ တုန့်ပြန်လိမ့်မည်ဟု သူထင်မထားပေ။ ထိုသည်မှာ အဘိုးကြီးနှစ်ယောက်ကို ငြိမ်သွားစေ သည်။ ဘာဖြစ်နေသည်ကို သူတို့မေးခဲ့သည်။ သူတို့ ဂိုဏ်းအမြင်အရ ဂိုဏ်းမှထွက်ကာ အပျော်ရှာသည်ဟု ထင်ခဲ့ သည်။ သူသည် အလွန်ကြင်နာစွာပင် ဘာမှမဖြစ်ဘူးဟု ပြောခဲ့သည်။
သူ အလွယ်တကူထောင်ချောက်ထဲ ရောက်မယ်လို့ထင်နေတာလား။ အကြောင်းအရင်းကို သိချင်တာ လား။ ဒါဆို ကိုယ်တိုင်လာကြည့်လိုက်ပါ။
“သူ ထိပ်ထိရောက်မလား မသိနိုင်ဘူး”
၉ထောင်… ငါ ၁ထောင်ပဲ ထပ်တက်ရတော့မယ်။
ဖိအားပိုတိုးလာသည်ကို ရှီမာယူယူ ခံစားမိသည်။ အဆင့်တိုင်းတွင် သူမသည် ခေတ္တရပ်သည်။ တစ်ခါ တစ်လေတွင် သူမသည် နာရီဝက်လောက် ခြေမကြွနိုင်ပေ။
သူမ ပိုပိုမြင့်သွားသည်ကို မြင်သောအခါ အောက်မှ ၂ယောက်သည် စိတ်လှုပ်ရှားမှုပိုများလာသည်။
သူက ထိပ်ကိုရောက်တဲ့လူဖြစ်သွားမလား။
သူမသည် နောက်ဆုံး ၁ထောင်ကို ၁ပတ်အတွင်းတက်သည်။ သူမသည် အံကြိတ်ကာ အောင်မြင်သွား လေသည်။
နောက်ဆုံးအဆင့်တက်ပြီးသောအခါ သူမခန္ဓာကိုယ်မှ ဖိအားသည် ချက်ချင်းပင် ပျောက်သွားလေသည်။ ထိုရုတ်တရက် လွတ်လပ်သွားမှုသည် သူမ ထိန်းထားနိုင်မှု ယိမ်းယိုင်သွားကာ ကျောက်လှေကားမှ ပြုတ်ကျလု နီးပါးပင်ဖြစ်သွားလေသည်။
သူမသည် နာကျင်မှုအတွက် ဆေးသောက်လိုက်သည်။ သူမ ခန္ဓာကိုယ်မှ အရိုးများသည် နာကျင်နေ သည်။ ကြက်သွေးရောင်မီးတောက်သာ နှစ်ကြိမ်တိုင်တိုင် သူမခန္ဓာကိုယ်ကို ထောက်ခံမပေးထားပါက ပို၍ နာကျင်နိုင်သည်။
ကောင်းကင်ဘုံအဆောင်တော်ရှေ့တွင် သူမသည် အထဲသို့ အလောတကြီးမဝင်ပေ။ သူမသည် နောက်ဆုံးအဆင့်တွင် ထိုင်ကာ သူမ ဒဏ်ရာများကို ကုပြီးနောက် အားပြန်ဖြည့်လေသည်။
ကောင်းကင်ဘုံအဆောင်ထဲတွင် ဘာရှိသည်ကို ဘယ်သူမှ မသိကြပေ။ သူမသည် ဝင်ရန်အတွက် အကုန်ကောင်းနေဖို့ လိုသည်။ မဟုတ်လျှင် သူမသည် ဖြစ်လာနိုင်သည့် အန္တရာယ်ကို ကာကွယ်နိုင်မည်မဟုတ် ပေ။
သူမ နားနေချိန်တွင် ဒုကျောင်းအုပ်နှင့် ဆရာသည် တိတ်ဆိတ်စွာပင် ထွက်သွားလေသည်။ သူတို့ မသွားခင်ကို ဒုကျောင်းအုပ်သည် မှတ်ချက်ပေးလေသည် “သူ အတန်းမတက်နိုင်တာအတွက်တော့ ပြန်သွားပြီး စီစဉ်လိုက်တော့”
“ဟုတ်ကဲ့….” ဆရာက ပြန်ဖြေလေသည်။
၁ရက်အကြာတွင် ရှီမာယူယူသည် ကောင်းကင်ဘုံမျှော်စင်၏ တံခါးများကို ဖွင့်လိုက်သည်။ သူမ အံ့သြ သွားသည်မှာ မျှော်စင်အဆောင်ထဲတွင် ဆွဲဆောင်ခြင်းခံရသော သူမအပြင် ဘာမှရှိမနေပေ။
“ဘာမှလည်းမရှိဘူး၊ ကောင်းကင်လှံတံက ဘာလို့ဒီကိုလာလိုက်တာလဲ” သူမသည် ကောင်းကင်လှံတံ ကို ကောက်ယူလိုက်သည်။ သူမ လက်ထဲတွင် လှုပ်ခတ်နေသောလည်း ထပ်ပြီး ပျံထွက်မသွားပေ။
“ဟူး..”
တိုးညင်းသော သက်ပြင်းချသံသည် အခန်းထဲတွင်ပျံ့နှံ့လာသည်။ သူမသည် အသံလာရာ မရှာနိုင်သဖြင့် ကြောက်သွားသည်။
သူမသည် ထိုအသံကြားလိုက်သည်မှာ သေချာသည်။ သူမသည် မျှော်စင်အဆောင်ထဲတွင် လေတိုးလာ သည်ကို ခံစားမိလိုက်သည်။ ထင်ယောင်ထင်မှား မဟုတ်သည်မှာ သေချာသည်။
ကောင်းကင်လှံတံသည် ပို၍ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ရှီမာယူယူသည် မခံနိုင်တော့သဖြင့် ပစ် ချလိုက်သည်။
ကောင်းကင်လှံတံ လွတ်သွားသည်နှင့် သူမ အံ့သြသွားလေသည်။ ဒီလှံကဘာလို့ ထပ်ထွက်ပြေးရတာ လဲ။ သူထပ်ထွက်ပြေးသွားတော့ သူမက ဘယ်သွားရှာရမလဲ။
သူမ လှည့်လိုက်သော်လည်း လှံတံသည် မျှော်စင်အဆောင်မှ ပျံထွက်သွားသည်ကို မမြင်လိုက်ရ သော်လည်း သူမ မကြောက်မိပေ။
ကောင်းကင်လှံတံကို ကိုင်ထားတာ ဘယ်သူလဲ။ သူက ဘယ်တုန်းက ဒီကိုရောက်နေတာလဲ။ ပြီးတော့ သူ့မှာ အသက်ရှုသံမရှိတာသိသာနေတယ်။ သူက မိုရှားလိုပဲ ဝိဉာဉ်လား။
သို့သော သူက အလင်းဖောက်နိုင်တာလည်းမဟုတ်တော့ ဝိဉာဉ်တော့ဟုတ်ပုံမရဘူး။
“ခင်ဗျားဘယ်သူလဲ” သူ စိတ်ငြိမ်ငြိမ်ထားကာ မေးလိုက်သည်။
လက်ထဲတွင် ကောင်းကင်လှံကိုင်ထားသော ထိုလူအားကြည့်ပြီးနောက် သူမ ခန့်မှန်းနေသည်။ သို့သော် ထိုခန့်မှန်းချက် မမှန်ရန်လည်း မသိစိတ်မှ မျှော်လင့်နေသည်။ သူမ ခန့်မှန်းချက်မှန်ပါက အလွန်ပင် ကြောက်စရာ ကောင်းမည်။
သို့သော် တစ်ဘက်လူမှ ပြောလိုက်သောစကားသည် သူမ ခန့်မှန်းချက်ကို အတည်ပြုလိုက်လေသည်။
“ငါက ငါ့နာမည်ကိုပြောလိုက်ရင်တောင် မင်းသိမှာမဟုတ်ဘူး၊ ဒါပေမဲ့ နောက်ဆုံးငါ့ကိုခေါ်ကြတာတော့ ဘုရင်ရှင်းဒေါင်လို့ခေါ်ကြတယ်” ထိုချောမောသော အမျိုးသားပြောလေသည်။
“ခင်ဗျားက တကယ်ပဲဘုရင်ကြီးရှင်းဒေါင်လား” ရှီမာယူယူသည် အလွန်အံ့အားသင့်သွားလေသည်။ ဘုရင်ကြီးရှင်းဒေါင်က ပျောက်သွားတာကြာပြီလို့ ပြောကြတယ်မလား၊ သူက ဘယ်လိုလုပ်ဒီရောက်နေတာလဲ။
သူ အသက်အရှည်ကြီးနေရလို့ ဒီမှာလာပုန်းနေတာလား။
သူမ သံသယဝင်နေသည်ကို ကြည့်ပြီးနောက် သူ ရယ်မောလိုက်ကာ “ငါက သူမဟုတ်တော့ဘူး”
“ဟင်”
“ငါ အသက်မရှုတော့တောကို မခံစားမိဘူးလား” ဘုရင်ရှင်းဒေါင်သည် ပြုံးလိုက်သည်။
“ကျွန်တော် တွေးနေတာကို… ဘယ်လိုသိတာလဲ…”
ရှီမာယူယူ ကြက်သေသေသွားသည်။ တစ်ဖက်လူသည် ဒဏ္ဍာရီလာအဆင့်ရောက်နေသဖြင့် တခြားလူ ၏ အတွေးကို ဖတ်နိုင်သည်မှာ မဖြစ်နိုင်စရာမရှိပေ။
တစ်ဖက်လူသည် ခေါင်းရမ်းကာ “ငါက သူမဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ ငါက သူ့ထားခဲ့တဲ့ အသိ စိတ်ပဲ”
“အသိစိတ် ဟုတ်လား” ရှီမာယူယူသည် တစ်ဖက်လူ ခန္ဓာကိုယ် တောက်ပသွားသည်ကို ခဏမျှ မြင် လိုက်သည်။ သူမသည် ဖန်ကျိရှင်း၏ အသိစိတ်ကို သူမအထဲတွင် ထားခဲ့ဖူးသည်ကို သတိရလိုက်သည်။ သူတို့ သည် အဆင့်အတန်းမတူခြင်းမှာ သိသာနေသည်။
“ဟုတ်တယ် ငါက အသိစိတ်သာသာပဲရှိတယ်” တစ်ဖက်လူသည် အတည်ပြုလေသည်။
“ဘာလို့ဒီရောက်နေတာလဲ၊ ဘုရင်ကြီးရှင်းဒေါင်က ဘယ်သွားနေတာလဲ” သူမသည် သိချင်စိတ်ကို မအောင့်နိုင်ကာ မေးလိုက်သည်။
တစ်ဖက်လူသည် အတန်ကြာ စိတ်ရှုပ်ထွေးနေပြီးမှ ပြန်ဖြေလေသည် “ငါထွက်လာပြီးတော့ သူဘာဖြစ် သွားလဲ ငါမသိဘူး၊ ငါ ဘာလို့ဒီရောက်နေတာလဲဆိုတော့… မင်းကိုစောင့်နေတာ”