အံ့သြစေသော သတင်း
Vol. 006 Ch. 551
“ကျွန်တော့်ကိုစောင့်နေတာဟုတ်လား”
ရှီမာယူယူ အံ့သြသွားသည်။ ဘုရင်ရှင်းဒေါင်သည် နှစ်ပေါင်း သောင်းချီရှိနေခဲ့သည်။ သူမ ဒီကိုလာမယ် ဆိုတာ သူဘယ်လိုသိတာလဲ။
ဘုရင်ရှင်းဒေါင်သည် မသိစိတ်မှ ခေါင်းညိမ့်ပြလိုက်ပြီးနောက်မှ ခေါင်းရမ်းလေသည် “ငါက ဒီကိုရောက် လာမယ့်သူကိုစောင့်နေတာ၊ ငါအကြာကြီးစောင့်ခဲ့တယ်၊ မင်းတစ်ယောက်ပဲရောက်လာတယ်”
ရှီမာယူယူ စိတ်သက်သာရာရသွားသည်။ ဘုရင်ရှင်းဒေါင်သည် ကမ္ဘာပေါ်မှ ထွက်သွားသည်မှာ ကြာပြီ ဖြစ်သည်။ သူသည် သူမ ရောက်လာမည်ကို မသိနိုင်ပေ။ သူသာ ထိုနေရာသို့ရောက်လာမည့် နောက်လူကို စောင့်နေသည်ဆိုပါက သူမသည် အကြာကြီးစောင့်ခဲ့ရသော သူဖြစ်လာသည်။
“ဘာလို့စောင့်နေတာလဲ” သူမ မေးလိုက်သည်။
“ငါစဉ်းစားလိုက်ဦးမယ်…” တစ်ဖက်မှ စကားလုံးများကို သူမ ဆွံ့အသွားသည်။ သူ တကယ်ပဲ စဉ်းစားဖို့ လိုနေတာပဲ။
သူ စဉ်းစားနေသည်ကို သူမ မြင်သောအခါ သူမ မနှောင့်ယှက်တော့ပေ။ သူမသည် သူ့ကို ကြည့်လိုက် ရာ သနားမိလေသည်။
သူသည် အသိစိတ် တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း ဒီနေရာတွင် နှစ်ပေါင်းများစွာ စောင့်ခဲ့ရသည်။ သူသည် မူလခန္ဓာကိုယ်မှ သီးသန့်ခွဲထားခံရသည်မှာ အချိန်ကြာလှပြီဖြစ်သဖြင့် သူ့မှတ်ဉာဏ်များမှာ ဝေဝါးနေပြီ ဖြစ်သည်။
အဆုံးမရှိသော ခုနှစ်စာအုပ်မှာ ခြေရာလက်ရာပျောက်သွားပြီဖြစ်သည်။
“ငါမှတ်မိပြီ” ဘုရင်ရှင်းဒေါင်၏ အသံသည် သူ၏ မှတ်မိမှုအတွက် စိတ်လှုပ်ရှားခြင်းမရှိပဲ တိုးညင်းနေ သည်။ “သူပြောခဲ့တာက ဒီကောင်းကင်လှေကားထိပ်ထိရောက်မယ့် နောက်လူတစ်ယောက်ကိုပြောပေးပါ၊ ကောင်းကင်ဘုံမှာဖြစ်တဲ့ ပြောင်းလဲမှုတွေက လူသားတွေကြောင့်ဖြစ်တယ်၊ တစ်နေ့မင်း လောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ရင် နေရာတစ်ခုကိုသွားပြီး လူသားတွေရဲ့ လောကကောင်းဖို့အတွက် ပြောင်းလဲပေးပါ”
သူ့စကားများကြောင့် ရှီမာယူယူပိုအံ့အားသင့်ရသည်။ ဘုရင်ရှင်းဒေါင်သည် အသိစိတ်ကို ထားခဲ့ပါ ထို စကားပိုပါချန်ခဲ့မည်မှန်း သူမ မထင်မိပေ။ ကောင်းကင်စည်းမျဉ်းပြောင်းလဲသွားသည်ကို သူမ သိပြီး တစ်ခါထက် ပိုကြားဖူးခဲ့သည်။ အရင်ကဆိုလျှင် ကောင်းကင်ဘုံပြောင်းလဲခြင်း အကြောင်းအရင်းကို သူမ သံသယဝင်ခဲ့သည်။ ဘုရင်ရှင်းဒေါင်၏ သံသယကို သူမ ကြားသောအခါ ပိုအံ့သြမိသည်။
ဒါဆို အရင်တုန်းက ဘုရင်ရှင်းဒေါင်က ဒီစကားကိုပြောဖို့အတွက် သူ့အသိစိတ်ကို ထားခဲ့တာပဲ။ ထို့အပြင် ဒီနေရာသို့ရောက်သောသူကိုသာ ထိုစကားပြောသည်။ ဆိုလိုသည်မှာ အနာဂတ်တွင် ထိုတောင်ထိပ် ကို ရောက်နိုင်သူ အရည်အချင်းရှိသူသာ ဒီကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်မည်ဖြစ်သည်။
“သူဘာပြောသေးလဲ၊ အဲနေရာက ဘယ်နေရာလဲ”
အသိစိတ်သည် ခေါင်းရမ်းလိုက်သည် “သူပြောတာက အဲအဆင့်ကို ရောက်တာနဲ့ အလိုလိုသိလာလိမ့် မယ်တဲ့”
“ဝူး…” ကောင်းကင်လှံတံသည် ဆူညံသောအသံထွက်လာသည်။ ထိုလှံတံသည် ဝိဉာဉ်မရှိသော အံ့ဖွယ် ရှေးဟောင်းပစ္စည်းဖြစ်သည်မှာ သေချာသော်လည်း သာမန်အံ့ဖွယ်ရှေးဟောင်းပစ္စည်းထက် ပို၍ ဝိဉာဉ်စွမ်းအင် များသည်ကို ရှီမာယူယူ ခံစားမိသည်။
အသိစိတ်သည် ခေါင်းငုံ့ကာ လက်ထဲမှ ကောင်းကင်လှံကို ကြင်နာစွာ ကြည့်လေသည်။
“နှစ် ၁သောင်းရှိသွားပြီ မင်းကိုထပ်တွေ့ရမယ်လို့ ထင်မထားဘူး” သူ့မျက်လုံးများသည် အတိတ်ကို ပြန်လွမ်းမှုများပြည့်နေသည်။
ထိုဝိဉာဉ်လက်နက်သည် သူငယ်စဉ်က အသုံးပြုခဲ့သော ပစ္စည်းဖြစ်သည်ကို ရှီမာယူယူသိသည်။ သူ့ ပုံစံ ကိုကြည့်ရသည်မှာ အတိတ်နှင့်ပတ်သတ်သော အကြောင်းများကို သတိတရရှိသည့်ပုံပင်။
“မင်းရောင်ဝါ ထည့်ထားတာပဲ” ဘုရင်ရှင်းဒေါင် ပြောလေသည်။
“အာ…” တစ်ဖက်လူမှ ရုတ်တရက်ပြောလာမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ အနည်းငယ် နေရ ခက်သွားကာ “ဒါကို လေလံပွဲမှာရလာတာပါ”
သူမသည် တစ်ဖက်လူ၏ မျက်လုံးကိုကြည့်ရာ ကျေနပ်မှုတစ်စုံတစ်ရာ ရှိမနေပေ။ တစ်ဖက်လူသည် သူမ အား အပြစ်မတင်သည်ကိုလည်း သူမသိသည်။
“ငါတို့ အတူ ရေစက်နဲ့ပါမယ်လို့ မထင်ထားဘူး” ဘုရင်ရှင်းဒေါင်သည် ဝမ်းနည်ပူဆွေးစွာ ပြောလေသည် “အဲလိုဆိုမှတော့ ငါမင်းကို ကံကောင်းမှုပေးရမှာပေါ့”
“ကံကောင်းမှုဟုတ်လား” ရှီမာယူယူသည် သူမ ပတ်ဝန်းကျင်မှ လေထုထူတပ်မှုကို ခံစားမိသည်။ သူမ ခေါင်းသည် ထူထပ်သော မြူနှင့် ပြည့်နေသည့်ပုံပင်။ သူမသည် မြူကြောင့်ပင် မမြင်ရကာ “ဒါဘာလဲ”
“ဒါက ငါ ဖန်တီးဖူးတဲ့ တိုက်ခိုက်မှုနည်းပညာအတွဲပဲ၊ အဲသိုင်းကျမ်းကို ကောင်းကင်လှံနဲ့တွဲသုံးရင် ပိုပြီး စွမ်းအားထက်တယ်” ဘုရင်ရှင်းဒေါင်ပြောလေသည် “မင်း ကောင်းကင်လှံရဲ့ နောက်တစ်ပိုင်းကို ရှာတွေ့ရင် ဒါကိုသုံးလို့ရပြီ”
ရှီမာယူယူ သူမ နှုတ်ခမ်းအားပွတ်လိုက်သည်။ ဒီကျမ်းကိုသုံးဖို့အတွက် နောက်တစ်ပိုင်းကိုရှာရမယ်။ အဲလို ဆိုရင် သူမ နောက်တစ်ပိုင်းကို မရှာနိုင်ရင် ဒီသိုင်းကျမ်းက လက်ထဲမှာရှိတာတောင် သုံးလို့မရဘူးပေါ့။
သူမ အတွေးကို ဘုရင်ရှင်းဒေါင်သိသဖြင့် ရယ်မောကာ “ဒီသိုင်းကျမ်းက ကောင်းကင်လှံပေါ်အခြေခံပြီး လုပ်ထားတာပဲ၊ မင်း ကောင်းကင်လှံနောက်တစ်ခုကို မတွေ့ရင်၊ တခြားလှံတွေနဲ့လည်း အဆင်မပြေတဲ့အတွက် ဒီကျမ်းက အသုံးမဝင်ဘူး”
အဲလိုလား…
“ကောင်းကင်လှံက ဝိဉာဉ်စွမ်းအင်မရှိတဲ့ အံ့ဖွယ်ရှေးဟောင်းပစ္စည်းတစ်ခုသာသာပဲ၊ ကျွန်တော် နောက် တစ်ပိုင်းကို ရှာတွေ့ရင်တောင် အပိုင်းအစပဲဖြစ်နေမှာ၊ ကျွန်တော် ဘယ်လိုသုံးလို့ရမှာလဲ” သူမ စိတ်ထဲတွင် စိုးရိမ်မှုများမြင့်တက်လာသည်။
ဘုရင်ရှင်းဒေါင်၏ အသိစိတ်သည် ခေါင်းရမ်းလိုက်သည် “ဒီလှံရဲ့ တံစဉ်အဆင့်က အံ့ဖွယ်ပဲဖြစ်ပေမယ့် ငါ ရှင်းဒေါင်ရဲ့ လက်နက်က ဘယ်လိုအမျိုးအစားမဟုတ်ဘူး၊ မင်း ပစ္စည်းတစ်ခုကို သေချာရှာနိုင်ရင်တော့ ပျက်စီးနေတဲ့ ဝိဉာဉ်စွမ်းအင်က တစ်ခုတည်းအဖြစ်ပေါင်းသွားလိမ့်မယ်”
“ဘယ်လိုပစ္စည်းလဲ”
“ကောင်းကင်ကျောက်ချိပ်”
ရှီမာယူယူသည် သူမ နှုတ်ခမ်းအား ထပ်ပွတ်လိုက်သည်။ ကောင်းကင်ကျောက်ချိပ်ဆိုတာက ဒဏ္ဍာရီ လာ ဝိဉာဉ်ကျောက်ပဲ။ သူမ အဲဒါကို ဘယ်သွားရှာရမှာလဲ။
သို့သော် မထင်မှတ်ပဲ နောက်အနာဂတ်ကို ထိုပစ္စည်းများရလာခဲ့ရင်တော့ မဆိုးဘူးပဲ။ သူမ မရခဲ့ဘူးဆို ပါက မတတ်နိုင်တော့ပေ။
သူမ ဘုရင်ရှင်းဒေါင်အား အရိုအသေပေးကာ ပြောလိုက်သည် “စီနီယာကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
“သူမပျောက်ကွယ်ခင်ကို ငါသူ့တာဝန်ကို ငါ့လုပ်ပေးရမှာထားခဲ့တယ်၊ ငါ ဒီနှစ်တွေမှာ စောင့်တာတွေ အချည်းအနှီးတော့မဖြစ်ဘူးပဲ” ဘုရင် ရှင်းဒေါင် မှတ်ချက်ပေးလေသည်။
“စီနီယာကြီး ဘာဖြစ်လို့လဲ”
“ငါ အရမ်းအကြာကြီးစောင့်ခဲ့ပြီးပြီ၊ ဒီအသိစိတ်က ပျောက်ကွယ်တော့မယ်၊ မင်းဒီနေ့မလာခဲ့ရင် နောက် ၃နှစ်ကနေ ၅နှစ်အတွင်းကို ငါဒီလောကကနေ ပျောက်ကွယ်တော့မှာ” ဘုရင်ရှင်းဒေါင်သည် စိတ်ကူးဖြင့် မှန်းပြီး ပြောလေသည် “ဒီလောက်ထိ စောင့်ရမယ်လို့လဲ မထင်ထားဘူး၊ ဒီလောက်အချိန်အကြာကြီးကုန်သွားတာ တောင် မင်းတစ်ယောက်ပဲ ရောက်လာတယ်၊ ထားပါတော့ ငါတို့ရေစက်ပါလို့ပဲ”
သူသည် အနည်းဆုံးတော့ ကြယ်များအဖြစ်ရောက်မသွားပဲ ကောင်းကင်လှံနှင့် ပေါင်းစည်းကာ နောက် တစ်ဝက်သည် သူမခန္ဓာကိုယ်အတွင်းဝင်သွားလေသည်။
ရှီမာယူယူ အံ့သြသွားသော်လည်း အဖြစ်အပျက်ကို မတားလိုက်နိုင်ပေ။ ကံကောင်းစွာပင် သူမ ခန္ဓာ ကိုယ်ကို စစ်ဆေးရာ ထူးဆန်းမှုမရှိသဖြင့် သူမ စိတ်သက်သာရာရသွားသည်။
“ဘုရင်ရှင်းဒေါင်ရဲ့ အားကတကယ်ပဲ ကြောက်ဖို့ကောင်းတာပဲ၊ အသိစိတ်တစ်ခုတည်းနဲ့တင်ကို အားကောင်းတဲ့ ဖိအားကိုခံစားမိတယ်၊ သူဘာလို့ နောက်တစ်ဝက်ကို ငါ့အထဲဝင်သွားတာလဲဆိုတာ နားမလည် ဘူး၊ အဲဒါ သူပြောတဲ့ ကံကောင်းစေတဲ့ဟာလား” သူမ ရေရွတ်လိုက်သည်။ သူမသည် ကြမ်းပြင်ပေါ်သို့ ကျသွားသော ကောင်းကင်လှံကို ကောက်ပြီး သိမ်းလိုက်သည်။
“မင်းသာ ဒီကိုမလာခဲ့ရင် ငါ ကောင်းကင်လှေကားကိုတက်မှာမဟုတ်ဘူး၊ ပြီးရင် ဘုရင်ရှင်းဒေါင်ရဲ့ အသိစိတ်ကိုလည်း တွေ့မှာမဟုတ်ဘူး၊ ဒါနဲ့ ဒါဘယ်လိုနေရာလဲ၊ သူခန့်မှန်းတာ မှန်မယ်ဆိုရင် ကောင်းကင်က..”
သူမ သက်ပြင်းချလိုက်သည်။ လှည့်ပတ်ကြည့်ရာ အခန်းလွတ်တွင် ဘာမှရှိမနေပေ။ ဘုရင်ရှင်းဒေါင်၏ အသိစိတ်မရှိသောအခါ ပို၍ အေးလာသလိုပင်။ သူမ အေးစိမ့်လာသည်။
သူမ တံခါးဖွင့်ပြီး ထိပ်တွင်ရပ်လိုက်သည်။ သူမ မြင်ရသည်မှာ တိမ်တိုက်များအကြားတွင် ရှိသော တောင်ထိပ် မျှော်စင်တစ်ခုပင်။
“ဒီမှာရပ်နေတာက ကမ္ဘာကြီးရဲ့ ထိပ်မှာရပ်နေရသလိုမျိုး ဘာလို့ခံစားမိတာလဲ၊ သူတို့ အထီးကျန်နေ မလား”
သက်ပြင်းချပြီးနောက်တွင် သူမ ဖြတ်လမ်းတည်ဆောက်မှု ဆောက်လုပ်လိုက်သည်။ သူမသည် အချိန် အတော်ကြာနေပြီဖြစ်ရာ ဂိုဏ်းသို့ သတင်းပို့ရမည့်အချိန်မှာ ကျော်သွားပြီဖြစ်သည်။ သူမ ပြန်သွားလိုက်လျှင် ဘယ်လိုအခြေအနေမျိုးတွေ့ရမလဲ။