သူက သူမဆရာဖြစ်လာတယ်
Vol. 006 Ch. 552
ရှီမာယူယူ သူမအခန်းသို့ ပြန်လာသောအခါ နေ့လည်ရောက်နေပြီဖြစ်သည်။ ဝေကျိရွှီနှင့် ဘေဂုံထန်တို့ သည် သူတို့အခန်းတွင် ရှိနေကြသည်။ တခြားသုံးယောက်သည် အတန်းထဲတွင်ရှိနေကာ ပြန်မလာကြသေးပေ။
“ယူယူ နောက်ဆုံးတော့ပြန်လာပြီပေါ့” ဘေဂုံထန်သည် ရှီမာယူယူအား မြင်သည်နှင့် လျှောက်သွားကာ မေးလေသည် “နင် ကောင်းကင်လှံပြန်ရလာပြီလား”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
“နင် ကောင်းကင်လှေကားအဆုံးထိ တက်သွားနိုင်တယ်ပေါ့” ဝေကျိရွှီ အံ့အားသင့်စွာ မေးလေသည်။
ရှီမာယူယူ ခေါင်းညိမ့်ကာ “ဒီအကြောင်းကို သူများတွေမသိစေနဲ့”
“စိတ်ချလိုက်” ဝေကျိရွှီနှင့် ဘေဂုံထန်တို့ ကတိပေးလိုက်ကြသည်။
အများဆုံးတော့ သူတို့သိရမည်။ သူတို့သည် သတင်းဖြန့်တတ်သူများမဟုတ်ကြပေ။ ဒီအကြောင်းကို အပြင်လူများသိသွားပါက ဖြစ်လာမည့် အဖြစ်အပျက်ကို သူမ အာမမခံနိုင်ပေ။
“ဟုတ်သားပဲ နည်းပြခေါင်းဆောင်က နင့်ကိုတွေ့ချင်နေတယ်” ဘေဂုံထန်သည် ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ နင့်အတွက်ခွင့်တိုင်ထားတယ်၊ သူတို့ကတော့ အဆင်ပြေတယ်ပြောတယ်၊ ဒါပေမဲ့ နင်ဂိုဏ်းကို ပြန် ရောက်ရင် သူ့ဆီချက်ချင်းလာခဲ့ပါတဲ့”
ရှီမာယူယူခေါင်းညိမ့်ကာ လှည့်ထွက်လိုက်သည်နှင့် ဘေဂုံထန် သူမကို ဆွဲထားလေသည်။ သူမသည် ဘေဂုံထန်အား အံ့သြစွာ ကြည့်လေသည်။
“နင် သင်တန်းနည်းပြဆီသွားတဲ့လမ်းကို သိလို့လား” ဘေဂုံထန် ရယ်မောလိုက်သည်။
“အာ…” ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ သူမသည် ချက်ချင်းထွက်သွားခဲ့သဖြင့် လမ်းများကို မသိ သေးပေ။
“ငါနင့်ကိုခေါ်သွားပေးမယ်” ဘေဂုံထန်သည် သူမ မပြတ်မသားဖြစ်သည်ကို မြင်ရခဲခဲ့သည်။ ထိုရက်များ တွင် သူမ ဘယ်လိုအဖြစ်အပျက်တွေကြုံခဲ့ရသလဲဆိုသည်ကို ဘေဂုံထန်သိချင်မိသည်။ “ကျိရွှီ သူတို့ပြန်လာရင် ယူယူပြန်လာပြီလို့ စိတ်မပူနဲ့တော့လို့ ပြောလိုက်ဦး”
“အင်း သွားလိုက်” ဝေကျိရွှီ ပြန်ဖြေလေသည်။
ဘေဂုံထန်သည် ရှီမာယူယူအား ကျောင်းပရဝုဏ်သို့ ခေါ်သွားလေသည်။ ဖြတ်သွားသောလမ်း တစ်လျှောက်တွင် သူမသည် အဆောက်အဦးများ၊ ဌာနများနှင့် လုပ်ဆောင်ချက်များကို ရှင်းပြလေသည်။
“ရောက်ပြီ တတိယအထပ် ဘယ်ဘက်ဒုတိယအခန်းပဲ၊ သွားလိုက် ငါနင့်ကိုအောက်မှာ စောင့်နေမယ်” သူတို့သည် နည်းပြအုပ်ချုပ်ရေးအဆောက်အဦးသို့ ရောက်သောအခါ ဘေဂုံထန် ခြေလှမ်းများရပ်လိုက်သည်။
ဆရာများ၏ ခွင့်ပြုချက်မရှိပဲ ကျောင်းသားများသည် အုပ်ချုပ်ရေးအထပ်သို့ မတက်ရပေ။ သူမသည် အောက်တွင်ပင် စောင့်ရလေသည်။
ရှီမာယူယူ သူမအား ခေါင်းညိမ့်ပြကာ နည်းပြအုပ်ချုပ်ရေးအဆောက်အဦးသို့ ဝင်သွားလိုက်သည်။ သူမသည် တတိယအထပ်သွားကာ ဘယ်ဘက်ရှိ ဒုတိယအခန်းကို တံခါးခေါက်လိုက်သည်။
တံခါးခေါက်သံ ကြားသည်နှင့် အထဲမှ စကားသံများရပ်သွားသည်။ စားရင်းကိုင်ဆရာ၏ အသံထွက်လာ သည်။
“ဝင်ခဲ့”
စာရင်းကိုင်ဆရာသည် နည်းပြခေါင်းဆောင်ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ အနည်းငယ် အံ့သြသွားသော်လည်း သူမသည် ချက်ချင်းပင် အနေအထားပြင်ကာ တံခါးတွန်းဝင်သွားလိုက်သည်။ သူမ ဝင် သွားသောအခါ အထဲတွင်ထိုင်နေသော လူများကြောင့် အလွန်အံ့အားသင့်သွားလေသည်။
“စီနီယာအစ်ကို ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ” ဝူလင်းယူသည် ခုံတွင်ထိုင်နေသည်။ သူမသည် ထင်ယောင်ထင်မှားဖြစ်နေမလားဟု ခံစားနေရသည်။
အဲဒါကြောင့် အထဲက စကားပြောနေတဲ့အသံတွေကို ရင်းနှီးနေတယ်လို့ထင်နေတာ။ တစ်ယောက်က စာရင်းကိုင်ဆရာဖြစ်ပြီး နောက်တစ်ယောက်က သူမ၏ စီနီယာအစ်ကိုဖြစ်နေတယ်။ မရင်းနှီးတာမှ ထူးဆန်းနေ ဦးမယ်။
“ရှီမာယူယူ ဒါကဂိုဏ်းရဲ့ ဆရာအသစ်၊ ဒီဆေးကျောင်းရဲ့ လူသစ်တွေကို တာဝန်ယူထားတာ” နည်းပြ ခေါင်းဆောင်ပြောလိုက်သည် “ဆရာဝူက မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြောပြီးပြီ၊ မင်းတို့က စီနီယာ ဂျူနီယာတွေဆိုတော့ ဆရာဝူက ဆရာတော့မဟုတ်ဘူး၊ လက်ထောက်ဆရာဖြစ်လိမ့်မယ်”
ရှီမာယူယူ နှုတ်ခမ်းထောင့်များတွန့်တက်သွားသည်။ ဆေးကျောင်းက လူသစ်တွေရဲ့ တာဝန်ခံ ဟုတ်လား။ သူမ တစ်ယောက်တည်းပဲ ဒီမှာ လူသစ်မဟုတ်လား။ တစ်နည်းပြောရရင် သူက ဂိုဏ်းမှာ သူမရဲ့ လက်ထောက်ဆရာဖြစ်မှာမလား။
ထိုအကြောင်းစဉ်းစားမိလိုက်သည်နှင့် သူမသည် သူမကိုယ်ကို အထင်ကြီးစွာ နေမိသည်။
“ဆရာ သူက ဆေးပညာကျွမ်းကျင်သူဆိုတာရော သေချာရဲ့လား၊ ကျွန်တော့်ကို ကောင်းကောင်းသင် ပေးနိုင်ပါ့မလား”
“ငါ ဒီကိုလာကတည်းက ယုံကြည်ချက်ရှိလို့လေ” ဝူလင်းယူသည် သူမအား သွားဖြဲကာ ပြုံးပြလိုက် သည်။
ရှီမာယူယူ သူ့အား စိုက်ကြည့်လိုက်သည်။ သူမ ဒီကိုလာတာက အရေးကြီးတာ လုပ်စရာရှိလို့လေ။ ဒါပေမဲ့ သူကဒီကို ဘာလာလုပ်တာလဲ။
သူမသည် ဆေးပညာအရည်အချင်းတက်ချင်သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ငါးနှစ်အတွင်း ရှီမန်ဖန်နှင့် ဖန်ရူယန်တို့ကို ကယ်ရန်နည်းလမ်းရှာရမည်။
ထို့ကြောင့်ပင် သူမ ဆေးပညာကျောင်းအား တက်ရခြင်းဖြစ်သည်။
သူမ ဒီနေရာတွင် အဖြေရှာတွေ့နိုင်မည်ဟု မျှော်လင့်သည်။ သို့သော် ဒီလူက သူမ အစီအစဉ်ကို နှောင့်ယှက်တာက ဒေါသထွက်လို့သေတော့မယ်။
“ကျောင်းသားယူယူ ဆရာဝူက လက်ထောက်ဆရာဖြစ်ပြီး မင်းကို ပုံမှန်သင်ကြားဖို့ တာဝန်ယူထား တယ်၊ မင်း တခြားမေးခွန်းမေးချင်တာရှိရင် ဆရာဟော်ကို သွားရှာလို့ရတယ်လို့ ဒုကျောင်းအုပ်က ပြောတယ်” နည်းပြသည် ရှင်းပြလေသည်။
“ဆရာဟော်က ဘာလို့တိုက်ရိုက်သင်မပေးတာလဲ” ရှီမာယူယူသည် ကန့်ကွက်လေသည်။
သူမ ဒီကိုမလာခင်တွင် ဆေးပညာကျောင်းတွင် အတော်ဆုံး ကျွမ်းကျင်သူမှာ ဆရာဟော်ဖြစ်ကြောင်းကို ဘေဂုံထန် ပြောပြခဲ့သည်။ ဆရာဟော်၏ အကူအညီနှင့်ဆိုလျှင် သူမ အဖြေရှာရန် ကြာမည်မထင်ပေ။
ထိုအချက်တွေးမိသောအခါ သူမ သူ့ကို ထပ်ပြီးစိုက်ကြည့်ပြန်သည်။
“ဆရာဟော်က ကျောင်းသားအများကြီးကို သင်ပေးနေရတာ၊ သူက မင်းကို ဆေးပညာအရည်အချင်း အတွက် သင်ပေးလို့ရပေမယ့် တခြားဟာတွေကို တာဝန်ယူမပေးနိုင်ဘူးတဲ့၊ ဆရာဝူကလည်း အသစ်ရောက်တာ ဆိုတော့ မင်းရဲ့ တခြားကိစ္စတွေတာဝန်ယူပေးဖို့ ပြောထားတာ” နည်းပြခေါင်းဆောင် ပြောလေသည်။
“ဆရာဝူက လူသစ်ပဲလေ၊ ဒီကကိစ္စတွေနဲ့ သူမရင်းနှီးမှာ စိုးတယ်” ရှီမာယူယူ မှတ်ချက်ပေးလိုက်သည်။
“မှားနေပြီ ငါ ဒီနေရာနဲ့ အရမ်းရင်းနှီးတာပေါ့” ဝူလင်းယူ ပြုံးလိုက်သည်။
“ဟင်”
“ငါလည်း အရင်တုန်းက ဒီကကျောင်းသားပါပဲ” ဝူလင်းယူသည် ရှီမာယူယူ၏ အံ့သြသွားသော ပုံစံကို ကြည့်ကာ ကျေနပ်စွာ ဆက်ပြောလေသည် “မစိုးရိမ်ပါနဲ့ မင်းကိစ္စတွေကို ငါတာဝန်ယူပေးမှာပါ”
ရှီမာယူယူ အမှောင်ကျသွားသလိုပင်။ သူတို့ဆုံးဖြတ်ပြီးသွားမှတော့ သူမက ဘာပြောရဦးမှာလဲ။
“ကောင်းပါပြီ” ရှီမာယူယူသည် သူ့ကိုဂရုစိုက်ချင်စိတ်မရှိတော့ကာ “နည်းပြခေါင်းဆောင် ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ”
“မင်းခွင့်တိုင်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဆရာဝူနဲ့ ဆွေးနွေးပြီးသွားပြီ” နည်းပြခေါင်းဆောင် ပြောလေသည် “ခဏနေရင် ဆရာဝူကမင်းကို ဒုကျောင်းအုပ်ရုံးခန်းခေါ်သွားပေးလိမ့်မယ်၊ သူမင်းကိုတွေ့ချင်နေတယ်”
“ဟုတ်ကဲ့”
ဝူလင်းယူသည် မတ်တပ်ရပ်ကာ ပြန်ဖြေလေသည် “အဲလိုဆိုရင် ကျွန်တော် ယူယူကိုခေါ်သွားလိုက်ပါ မယ်”
“သွားလိုက်ပါ” နည်းပြခေါင်းဆောင်သည် လက်ကိုဝေ့ရမ်းကာ သူတို့ထွက်သွားသည်ကို ကြည့်နေခဲ့ သည်။ သူသည် ဝမ်းနည်းစွာ ခေါင်းရမ်းလိုက်သည်။
ဘယ်လိုလဲ၊ ဒုကျောင်းအုပ်က သူ့ကိုဘယ်လိုလုပ် ဆေးပညာဌာနမှာ ထားရတာလဲ။
ရုံးခန်းသို့ သွားသော လမ်းတါင် ရှီမာယူယူ လှည့်ကာ ဝူလင်းယူအား ကြည့်လိုက်သည် “ဘာတွေ ဇာတ်လမ်းထွင်နေတာလဲ”
“ဘာမှ ဇာတ်လမ်းထွင်တာမဟုတ်ဘူး” ဝူလင်းယူပြောလေသည် “ငါ မင်းနဲ့အတူရှိချင်တယ်လို့ ပြောပြီး ပြီလေ၊ မိုရှားနိုးလာရင်လည်း ငါ့ကိုမရှာရဘူး၊ ပြီးတော့ ငါက ကျောင်းသားထပ်လုပ်လို့မရတော့ ဆရာလုပ်ရတာ ပေါ့”
ရှီမာယူယူသည် သူ့အား မာနထောင်လွှားသောအကြည့်ဖြင့် ကြည့်လိုက်သည် “အစ်ကိုက အရင်က ဒီက ကျောင်းသားဖြစ်ခဲ့တာ ကျွန်တော်ဘယ်လိုလုပ်မသိရတာလဲ”
“မင်းမှ မမေးဖူးတာ” ဝူလင်းယူ ပြန်ဖြေလေသည် “ကောင်းပြီ ငါမင်းကို ဒုကျောင်းအုပ်ရုံးခန်းခေါ်သွား မယ်၊ သူက မင်းကို စောင့်နေတာ ကြာပြီ”
“ကျွန်တော့်လမ်းကို လာမရှုပ်နဲ့.. မဟုတ်ရင် …” ရှီမာယူယူသည် ဝူလင်းယူအား လက်သီးဆုပ်ပြကာ လှည့်ထွက်လေသည်။ ခြေလှမ်း ၂လှမ်းပြီးသောအခါ သူမ ရပ်သွားကာ မေးလေသည် “လမ်းပြမှာမဟုတ်ဘူး လား”
“မင်းဘက်မှားနေပြီ ဒုကျောင်းအုပ်ရုံးခန်းက ဟိုဘက်မှာ” ဝူလင်းယူသည် သူမ၏ ဆူပုတ်နေသော မျက်နှာကို ကျေနပ်စွာကြည့်ကာ လှည့်ထွက်ရင်းပြုံးလိုက်သည်။
ရှီမာယူယူသည် စိတ်တိုစွာဖြင့် ဝူလင်းယူ၏ ကျောကိုကြည့်လိုက်သည်။ သူ လှေကားဘေးတွင် ပျောက် လုနီးပါးဖြစ်နေသောအခါ သူမ အမှီလိုက်လိုက်သည်။
ဝူလင်းယူသည် သူမအား ဒုကျောင်းအုပ်ရုံးခန်းခေါ်သွားကာ တံခါးခေါက်ပြီး ပြောလေသည် “မင်း ကိုယ့် ဘာသာဝင်သွားလိုက်တော့၊ ငါလုပ်စရာရှိလို့ မင်းနဲ့လိုက်ဝင်မပေးနိုင်တော့ဘူး”