← Chapters

နှလုံးသားများ တစ်သားတည်းဖြစ်ခြင်း

Vol. 006 Ch. 554

နှလုံးသားများ တစ်သားတည်းဖြစ်ခြင်း

Vol. 006 Ch. 554

၅ရက်အကြာတွင် ရှီမာယူယူသည် ဆရာဟော်လန်ဟော်၏ ရုံးခန်းသို့သွားလေသည်။

ဒီတစ်ကြိမ်သူမ လာသောအချိန်တွင် ရုံးခန်းထဲတွင် လူအများရှိနေကြသည်။ အထဲတွင် ရပ်နေကြသော ကျောင်းသားတချို့သည် ပြဿနာတစ်ခုကို ရှာဖွေလေ့လာနေသည့်ပုံပေါ်သည်။

သူမသည် အစပိုင်းတွင် အပြင်မှစောင့်ရန်စဉ်းစားသော်လည်း ဟော်လန်သည် သူမအပြင်တွင်ရှိနေ သည်ကို သိသောအခါ ကျောင်းသားများဆွေးနွေးနေသည်ကို ရပ်ခိုင်းကာ ပြောလိုက်သည် “ဝင်ခဲ့ပါ”

ရှီမာယူယူသည် တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။ သူမ စာအုပ်ကိုစားပွဲပေါ်တင်ပြီး ပြောလိုက်သည် “ဒါပြန်လာပေးတာပါ”

“မင်းဖတ်ပြီးသွားပြီလား” လန်ဟော်သည် စာအုပ်အားတစ်ချက်ကြည့်ပြီးမေးလိုက်သည်။

“ဟုတ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဖတ်ပြီးသွားပါပြီ”

“ဒါဆို ငါ မင်းကို စာမေးပွဲစစ်မယ်၊ မင်းတို့အားလုံးလည်း စာအုပ်ထဲကနေ မေးခွန်းထုတ်ပြီး သူ့ကို စစ်လို့ ရတယ်” ဟော်လန်သည် သူမနှင့် မျက်စောင်းထိုးတွင်ထိုင်နေကြသော ကျောင်းသားများကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာဟော်”

ကျောင်းသားတချိုု့သည် စာအုပ်အား တရိုတသေယူပြီး စာအုပ်ထဲမှ မေးခွန်းများရွေးကာ သူမအား စစ် ကြလေသည်။ ဆေးပစ္စည်းဖြစ်ဖြစ်၊ ဖျားနာခြင်းအတွက်ဖြစ်ဖြစ် မေးလိုက်သည်နှင့် ရှီမာယူယူ လွယ်ကူစွာပင် ဖြေ နိုင်သည်။

သူမ အတွေ့အကြုံမည်မျှရှိသည်ကို သူတို့မသိသော်လည်း ထိုဗဟုသုတတွင် တော်သည်ကိုတော့ သူတို့လက်ခံလိုက်ကြသည်။

ဟော်လန်သည် အမြဲတမ်းဇီဇာကြောင်သူဖြစ်သော်လည်း ရှီမာယူယူ၏ ရူးသွပ်မှုကိုတော့ မနိုင်ပေ။

“ဒီစာအုပ်ကို အရင်က ဖတ်ဖူးလား” သူသည် စာအုပ်အားသိမ်းရင်းနှင့်မေးလေသည်။

“မဖတ်ဘူးပါဘူး၊ ဒါပေမဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို အရင်က တွေ့ဖူးပါတယ်၊ အဲဒါကြောင့် မြန်မြန်ဖတ်နိုင်တာပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် အဲဒီဆေးဖက်ဝင်ပစ္စည်းတွေကို သိပြီးသားပါ၊ အဲဒါကြောင့် အဲအတွက်လည်း အချိန်သုံးစရာမလိုခဲ့ပါဘူး”

“မင်းက ပွင့်လင်းတာပဲ” ဟော်လန် ပြောလိုက်သည် “ဒီစာအုပ်ယူပြီး လေ့လာလိုက်၊ မင်းနားမလည်တာ ရှိရင် ငါ့ကိုရှာပြီးမေးလို့ရတယ်”

“ဟုတ်ကဲ့ပါ ဆရာဟော်” ရှီမာယူယူသည် သူ့ကို ရှီမန်ဖန်၏ အခြေအနေကို အလွန်ပြောပြချင် သော်လည်း ထိုနေရာတွင် လူများနေသဖြင့် စာအုပ်ကိုယူကာ ထွက်ခဲ့လိုက်သည်။ သူမ ထွက်သွားသည်နှင့် ဟော်လန် ပြောလိုက်သည်ကို သူမ ကြားလိုက်သည် “စာကြည့်တိုက်မှာ ဆေးပညာနဲ့ပတ်သတ်တဲ့ စာအုပ်တွေ အများကြီးပဲ၊ မင်းအဲဒီကိုသွားရှာကြည့်လို့ရတယ်၊ ငါ မကြာခင်အလုပ်များတော့မှာမို့လို့”

“နားလည်ပါပြီ၊ ပြောပြတဲ့အတွက် ကျေးဇူးပါ ဆရာဟော်” ရှီမာယူယူသည် ပြန်ဖြေကာ ရုံးခန်းမှ ထွက်ခဲ့ လေသည်။ သူမသည် ထိုပြဿနာဖြေရှင်းရန် သူမကိုသာ အားကိုးရမည့်ပုံပင်။

သူမ ပြန်ရောက်သောအခါ ဝူလင်းယူသည် ခြံဝန်းအတွင်းတွင် မျက်လုံးမှိတ်ကာ နေရောင်အောက်တွင် အနားယူနေလေသည်။ ရှီမာယူယူ ပြန်လာသည်ကို မြင်သည့်အခါတွင် မေးလိုက်သည် “ပြန်လာတာ မြန်သားပဲ”

“ဟုတ်တယ်” ရှီမာယူယူ စာအုပ်ထုတ်ကာ ထိုင်ပြီး လေ့လာလေသည်။

“မင်း နောက်တစ်အုပ်လဲလာတာလား” ဝူလင်းယူ မေးလိုက်သည်။

“ဟုတ်တယ် သူက ဒါပေးပြီး လေ့လာခိုင်းတယ်၊ ကျွန်တော် နားမလည်တာရှိရင် သူ့ကို မေးဖို့ ပြောလိုက် တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီကဆရာတွေကတော့ အတူတူပါပဲ၊ မင်းကျင့်သားရသွားရင် အဆင်ပြေသွားမှာပါ” ဝူလင်းယူသည် သူမအား နှစ်သိမ့်ရင်းပြောလေသည်။

“ကျွန်တော် နားလည်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ ဒါကတောင် ကျွန်တော့် အတွက် ပိုကောင်းသေးတယ်၊ ကျွန်တော် ဖန်လေးရဲ့ အခြေအနေပေါ်မူတည်ပြီး ပစ္စည်းရှာလို့ရတယ်၊ ဆရာဟော်က အခုရက်ပိုင်းကို အလုပ်ရှုပ်မယ်လို့ပြောလိုက်တယ်၊ ကျွန်တော် မေးခွန်းအတွက် သိချင်တာရှိရင် စာကြည့်တိုက်ကို သွားဖို့ပြောလိုက်တယ်”

“စာကြည့်တိုက်က နေရာကောင်းတစ်ခုပဲ မင်းသွားပြီးကြည့်လို့ရတယ်” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူ လှည့်ပြီး ဝူလင်းယူအား ကြည့်ကာ မေးလိုက်သ်ည “အစ်ကိုက ဒီမှာဘယ်တုန်းက သင်ခဲ့တာ လဲ ဘာတွေသင်ခဲ့တာလဲ”

သူ ဆေးဖော်ခြင်း၊ ဝိဉာဉ်လက်နက်လုပ်ခြင်း မဟုတ်လျှင် မိစ္ဆာထိန်းကျောင်းခြင်းစသည့် တစ်ခုခုလုပ် သည်ကို သူမ မမြင်ဖူးခဲ့ပေ။ သူသည် တည်ဆောက်မှုအကြောင်းများလည်း သိသည့်ပုံမပေါ်ပေ။ အဲတော့ သူက ဒီမှာဘာတွေသင်ခဲ့တာလဲ။ သူက ဒီမှာ ဒီအတိုင်းပဲကျင့်ကြံခဲ့တာလား။ သူမ မယုံကြည်နိုင်ပေ။

“ငါသင်ခဲ့တာက.. အဲဒါ လျှို့ဝှက်ချက်ပဲ မင်းကို ပြောပြလို့မရဘူး” ဝူလင်းယူသည် သွယ်ဝှက်ကာ ပြော လိုက်သည်။

“အစ်ကို..” ရှီမာယူယူ အံကြိတ်လိုက်သည် “အစ်ကို ကျွန်တော့်ကို မပြောချင်လည်း သိအောင်လုပ် မယ်၊ ဒါပေမဲ့ အစ်ကိုက ဒီကိုရောက်တာကြာပြီဆိုတော့ အတွင်းဂိုဏ်းအကြောင်းကိုလည်း သိမှာပေါ့”

ဝူလင်းယူသည် ခေါင်းမော့ကာ သူမအား ကြည့်လေသည်။ သူမ သိချင်စိတ်ဖြစ်နေသည်ကို ကြည့်ကာ မေးလေသည် “မင်းအတွင်းဂိုဏ်းကိုသွားချင်လို့လား”

ရှီမာယူယူ ခေါင်းရမ်းကာ “အတွင်းဂိုဏ်းမှာ ဆေးပညာဂိုဏ်းခွဲမရှိဘူးလို့ ဒုကျောင်းအုပ်ပြောတယ်၊ ဒီမှာနေတာ ပိုကောင်းမယ်၊ ဒါပေမဲ့ အတွင်းဂိုဏ်းအကြောင်းကို သိချင်လို့၊ ဟော့ဘာဟန်နဲ့ တခြားသူတွေက အတွင်းဂိုဏ်းကိုရောက်သွားကြတယ်လေ”

“မင်း နောင်ကို ပျောက်သွားအောင် ကုပြီးရင် မင်းအတွင်းဂိုဏ်းကိုသွားကြည့်လို့ရတာပဲ၊ မင်းအဲဒီကို သွားရင် ပိုအားကောင်းမှဖြစ်မယ်”

“အတွင်းဂိုဏ်းက ဘယ်လိုမျိုးလဲ”

“တကယ်တော့ ဘာမှတော့ မထူးပါဘူး၊ အဲဒါကိုဦးဆောင်နေတဲ့သူတွေက ပိုအရည်အချင်းရှိပြီး ပိုသန်မာလို့ပါ၊ အရင်းအမြစ်တွေက ဒီကပိုကောင်းတယ်၊ အဲဒါအပြင်ဘာမှ ကွာခြားချက်မရှိဘူး” ဝူလင်းယူ ပြော လေသည် “ဂိုဏ်းက နှစ်တိုင်းမှာ အကောင်းဆုံးကျောင်းသားတွေကို ရွေးတယ်၊ ၂နှစ်ကြာရင် ဂိုဏ်းက အကောင်းဆုံးကျောင်းသားကို ရွေးလိမ့်မယ်၊ မင်းအရည်အချင်းမှီရင် အတွင်းဂိုဏ်းကို သွား ရလိမ့်မယ်”

“အတော်ဆုံးကျောင်းသားအသစ်တွေပဲ အတွင်းပိုင်းဒေသကိုသွားရတာလား”

“မဟုတ်ဘူး စီနီယာတွေလည်းရှိတယ်၊ အရင်က အတွင်းဂိုဏ်းရဲ့ ရွေးချယ်တာကို မခံရဘူးဆိုရင် နောက်မှ ပြန်ဝင်လို့ရတယ်၊ အတွင်းပိုင်းကိုသွားဖို့ သတ်မှတ်ထားတဲ့ အချက်တွေရှိတာပဲရှိတယ်၊ လူတိုင်းဝင်လို့ ရတာမဟုတ်ဘူး၊ ဒီမှာ နှစ်ရာချီနေပြီးလည်း အတွင်းပိုင်းကိုမဝင်နိုင်တဲ့သူတွေရှိတယ်” ဝူလင်းယူရှင်းပြလေသည် “အဲဒါကြောင့် နောက် ၂နှစ်နေရင် မင်းအတွင်းပိုင်းကို ဝင်မဝင်ကို ရွေးချယ်ရလိမ့်မယ်”

“၂နှစ်ရှိသေးတာပဲ” ရှီမာယူယူ သူမ မေးစေ့အားကိုင်ကာ ပြောလေသည် “ဒီ ၂နှစ်အတွင်းကို ဖန်လေးရဲ့ ရောဂါကို ကုနိုင်ရင်တော့ အကောင်းဆုံးပဲ”

သူမ ပြောပြီးသည်နှင့် စာအုပ်ကိုသိမ်းကာ အပြင်သို့ ထွက်သွားလေသည်။

“မင်း စာကြည့်တိုက်က အစောင့်အိုကြီးကိုတွေ့ရင် သူ့ကို လေးစားမှုလေးပြလိုက်ဦး” ယူလင်းယူ၏ အသံသည် အနောက်မှ ထွက်လာလေသည်။

ရှီမာယူယူသည် ခြေလှမ်းများတုန့်သွားသော်လည်း အနောက်သို့ပြန်မကြည့်ပဲ လျှောက်သွားလေသည်။

သူမသည် စာကြည့်တိုက်ဘက်ကို ဦးတည်နေတာ ဒီလူကဘယ်လိုသိတာလဲ။ သူက သူမဗိုက်ထဲမှာ နေ တဲ့ တုတ်ကောင်လား။

“ငါက တုတ်ကောင်မဟုတ်ဘူး၊ ငါတို့ နှလုံးသားတွေက တစ်သားတည်းဖြစ်နေတာပဲ” ဝူလင်းယူ၏ အသံ သည် သူမအနောက်မှ ထပ်ထွက်လာရာ ရှီမာယူယူကို လန့်သွားသဖြင့် လဲကျမတတ်ဖြစ်သွားစေသည်။ သူမ တံခါးအပြင်ရောက်သည်အထိ အနောက်မှ အသံကို မသဲမကွဲကြားရသည်။

သူမ အံကြိတ်ကာ သူပြောသည်ကို လျစ်လျူရှုလိုက်သည်။ သူမ လှည့်ထွက်ကာ သူမ ခြံဝန်းသို့ ပြန်လေ သည်။ ဝေကျိရွှီနှင့် တခြားသူများရှိနေလိမ့်မည်ဟု သူမထင်မထားမိပေ။ အခုချိန်တွင် စာကြည့်တိုက်အား အလောတကြီးသွားရန် မလိုသေးသည်ကို တွေးမိသည်နှင့် သူတို့ကိုလည်း မတွေ့ရသည့်အချိန်မှာ ကြာနေပြီဖြစ် သောကြောင့် ရှီမာယူမင်တို့ကို စုဝေးရန် ဖက်တီးကျူအား ပြောခိုင်းလိုက်သည်။

ရှီမာယူမင်နှင့် တခြားသူများသည် ရောက်လာသော်လည်း တုလေးသည် ပါမလာပေ။

“တုလေးရော”

“တုလေးကို ဒုကျောင်းအုပ်ခေါ်သွားတယ်၊ သူ့ကိုကိုယ်တိုင် ပျိုးထောင်ချင်တယ်လို့ ပြောတယ်” ရှီမာယူရန် ပြောလေသည် “သူ့မှာ မိစ္ဆာသွေးသားရှိတယ်ဆိုတာ ဒုကျောင်းအုပ်သိသွားပြီလို့ ထင်တယ်”

“ဒုကျောင်းအုပ်ကလား” ရှီမာယူယူသည် ကြင်နာတတ်ကာ တောက်ပလေ့ရှိသော မျက်လုံးများရှိသော အဘိုးကြိးကို တွေးလိုက်ရာ ဝူလင်းယူ မှတ်ချက်ပေးသည်ကို ပြန်ကြားယောင်လာသည်။ ဒါဆိုရင် တုလေးက သူနဲ့ရှိနေရင် ပြဿနာမရှိနိုင်ပါဘူး။

အားလုံးစုပြီးသောအခါ အားလုံးသည် အိမ်သို့ပြန်ကြည့်ကြသည်ဟု ဆို၍ အားလုံးသည် ကျောင်းမှ ခွင့်ယူကာ ပြန်ရန် ပြင်ဆင်ကြလေသည်။ သူတို့သည် ကျောင်းပေါက်သို့ရောက်သောအခါ ဂိုဏ်းအတွင်း လမ်းလျှောက်ဝင်လာသော အဖွဲ့ကို တွေ့လိုက်လေသည်။

“အာ.. ဒါက မျိုးနွယ်တစ်ခုလုံးကို သတ်သွားတဲ့ ဘေဂုံထန်မလား၊ သူမက ဒီကို ဘာလာလုပ်တာလဲ” လှပပြီးဆွဲဆောင်မှုရှိသော အဝတ်အစားကိုဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ဘေဂုံထန်ကိုမြင်သောအခါ အသံမြှင့်ပြီး ပြောလိုက်လေသည် “ကျွတ်ကျွတ် တစ်ဖွဲ့လုံးမှာမှ မိန်းကလေးတစ်ယောက်တည်းဖြစ်နေတာ အကုန်လုံးက သူမအကြိုက်တွေလား၊ သူမက ယောက်ျားတွေကို မြူစွယ်တဲ့နေရာမှာတော့ တော်သားပဲ၊ သူမ အမေက သူမကို ဘေဂုံမျိုးနွယ်က ကယ်ထုတ်လာတာ ဒီလိုပုံမျိုးနဲ့ဆိုတာရောသိရဲ့လား”

သူတို့ ထိုစကားကို ကြားသောအခါ ရှီမာယူယူတို့သည် ခြေလှမ်းများတုန့်သွားကြလေသည်။ သူတို့သည် ထိုလူတစ်စုကို မျက်နှာများတင်းမာကာ ပြောလိုက်သည်။

“လင်းလေး၊ အဲဒါ နင်ပြောတဲ့ ဘေဂုံထန်ဆိုတာလား” သူမ အဖွဲ့ထဲမှ အမျိုးသားတစ်ယောက်က ပြော လိုက်သည်။

“သူတို့မလား” ဆုလင်းအာသည် ဘေဂုံထန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

“ဟူး မိန်းမလှလေးဆိုတဲ့ အဓိပ္ပာယ်ကဒီလိုလား နို့နံ့မစင်သေးတဲ့ ကောင်လေးတွေနဲ့ တရုန်းရုန်းပေါ့၊ ငါတို့နဲ့လိုက်ခဲ့ပါလား၊ ဒီသခင်ကြီးက မင်းကို…”

“ဘုန်း…”

ထိုလူ စကားမဆုံးခင်မှာပင် လွင့်သွားလေသည်။

All Chapters