အဆင်သင့်ဖြစ်နေခြင်း
Vol. 006 Ch. 555
“မင်းဘယ်သူလဲ ငါတို့သခင်လေးကိုရိုက်ရဲတယ်ဟုတ်လား” ထိုလူသည် မြေပေါ်မှထလာပြီးနောက် ဗိုက်ကိုဖိရင်းနှင့် ရှီမာယူယူအားကြည့်လိုက်သည်။
“ငါက မင်းကိုရိုက်လိုက်တာပဲ” ရှီမာယူယူသည် ခြေထောက်ကိုပြန်ရုတ်သိမ်းကာ ပြောလေသည်။
“မင်းကဘယ်သူလဲ၊ မင်းက ငါတို့ဝူရန်မျိုးနွယ်ရဲ့ သခင်လေးကို နှောင့်ယှက်ရဲတယ်ဟုတ်လား” ထိုလူ တစ်စုသည် ရှီမာယူယူအား သတိဖြင့် ဆက်ကြည့်လေသည်။
သူမ ပြေးလာပြီး ဝူရန်ဒုံကို မည်သို့ကန်လိုက်သည်ကို သူမ ရှင်းလင်းစွာ မမြင်လိုက်ရပေ။ သူတို့သည် သူမ မည်မျှသန်မာသည်ကို အမှန်တကယ်ပင် မမြင်လိုက်ရပေ။
သို့သော် သူမကို အရင်ကလည်းမမြင်ဖူးခဲ့ပေ။
သူတို့သည် ရှီမာယူလင်းနှင့် တခြားလူများကို မျက်မှန်းတန်းမိသော်လည်း သူတို့ရှေ့ကလူကိုတော့ အလွန်ရင်းနှီးနေသော်လည်း သူ့ကိုတော့ မှတ်မိခြင်းမရှိပေ။
“မင်းတို့ကရဲတင်းတာပဲ၊ ကျောင်းကလူတွေကို သူတို့ကို မနှောင့်ယှက်အောင် သတိပေးထားတာကို မင်းတို့က သူတို့ကိုနှောင့်ယှက်ရဲတယ်၊ မင်းတို့ အသက်မရှင်ချင်တော့ဘူးထင်တယ်”
ရှီမာယူယူလှည့်ပြီး ရှီမာယူလင်းတို့ကို ကြည့်လိုက်သည်။ သူမ အမူအရာကိုကြည့်လျှင် သူမသည် လေးလေးနက်နက်ဖြစ်နေသည်ကို သိနိုင်သည်။
“မင်းတို့ထင်ချင်သလိုသာထင် ငါတို့က ဘာလို့မင်းတို့စကားကိုနားထောင်ရမှာလဲ” သူမသည် သူတို့အား ကြည့်လိုက်သည်။ သူတို့သည် စာရင်းအတူသွင်းခဲ့သည့်လူများမဟုတ်သဖြင့် စီနီယာများဖြစ်နိုင်သည်။
ဝူရန်ဒုံသည် လျှောက်သွားကာ ရှီမာယူယူဆီသို့ ဝိဉာဉ်စွမ်းအင် ပစ်လိုက်သည် “မင်းက ဒီသခင်ကြီးကို တိုက်ရဲတယ်၊ မင်းသတိပြန်ဝင်လာအောင်လုပ်ပေးမယ်”
သူ့တိုက်ခိုက်မှုကို ရှီမာယူယူမြင်သည်နှင့် သူသည် အံ့ဖွယ်ဘုရင်အဆင့်မြင့်ဖြစ်သည်ကို သိလိုက်ရ သည်။ သူသည် သူမထက်ပင်အဆင့်၁ဆင့်မြင့်နေသည်။ သို့သော် သူ့တိုက်ခိုက်မှုသည် သူမလောက် အား ကောင်းသည့်ပုံမပေါ်သဖြင့် လျင်မြန်စွာပင် အတားအဆီးလုပ်ကာ သူ၏တိုက်ခိုက်မှုကို ပိတ်လိုက်သည်။
သူမ အချိန်ကိုက်ပင် သူ့ကို ပျံပြီး တိုက်ခိုက်လိုက်သည်။ ဝူရန်ဒုံသည် အချိန်တိုအတွင်းတွင် သူမ ထိုကဲ့ သို့ တုံ့ပြန်လိမ့်မည်ဟု ထင်မထားသဖြင့် ကြက်သေသေနေလေသည်။ သူ၏ တွေဝေနေမှုကြောင့် ရှီမာယူယူ၏ ဝိဉာဉ်တိုက်ခိုက်မှုသည် သူ့ကို တိုက်ရိုက်ထိမှန်သွားလေသည်။
“သခင်လေးဝူရန်” ဆုလင်းအာနှင့် တခြားလူများသည် သူ့အနားပြေးသွားကာ လျင်မြန်စွာပင် ထူပေး လိုက်သည်။
“မင်းကတကယ်ပဲ ရဲတင်တာပဲ သခင်လေးဝူရန်ကို အနာတရဖြစ်အောင်လုပ်ရဲနေတယ်”
ရှီမာူယူသည် ဝူရန်ဖေအားကြည့်ကာ ပြောလိုက်သည် “ဝူရန် သူက နင်နဲ့ မျိုးရိုးနာမည်တူနေတယ်၊ ဒါပေမဲ့ မင်းနဲ့ယှဉ်ရင်တော့ သူက သုံးစားမရတဲ့ အကျင့်စရိုက်နဲ့ပဲ”
သူသည် အကျင့်စရိုက်ဆိုးသည်သာမက ရက်စက်သည်။ သူသည် လူတစ်ယောက်အား အကြောင်း အရင်းမရှိ သတ်ရန် အမြဲအဆင်သင့်ဖြစ်နေသည်။
“ယူယူ” ရှီမာယူလင်းနှင့် တခြားသူများ ပြေးလာကာ သူမဘေးတွင် ရပ်လိုက်သည်။ နှစ်ဖက်လုံးသည် ပေါက်ကွဲတော့မည့် အနေအထားဖြစ်နေသည်။
“ဘေဂုံ အဲဒါဘယ်သူလဲ” ရှီမာယူယူသည် ဆုလင်းအာရှိရာသို့ မေးငေါ့ပြပြီး မေးလိုက်သည်။
သူမသည် ထိုအမျိုးသမီး အခုလေးတင်ပြောလိုက်သော ရက်စက်သောစကားများကို မေ့မရပေ။
“အဲဒါ ဆုလင်းအာ… ဘေဂုံအောင်က အလယ်ပိုင်းလက်အောက်ခံနယ်က ဆုမျိုးနွယ်က အမျိုးသမီး တစ်ယောက်နဲ့ လက်ထပ်ဖူးတယ်၊ သူက အဲဘက်မျိုးနွယ်က မျိုးဆက်ပဲ” ဘေဂုံထန်သည် မျက်နှာပျက်နေသည် “သူမ အမေက ဘေဂုံအောင်နဲ့ ဆက်ဆံရေးအဆင်ပြေတယ်”
“သြော် သူမကလည်း ဘေဂုံမျိုးနွယ်ကပဲကိုး အဲဒါကြောင့် ဒီလိုဖြစ်နေတာ” ရှီမာယူယူသည် အေးစက်စွာ ပြုံးလိုက်သည်။
“သူမလည်း ကောင်းကင်ဂိုဏ်းမှာရှိနေမယ်လို့ ထင်မထားဘူး၊ ငါလည်း စာရင်းသွင်းတယ်ဆိုတာကို သူမ သိရော၊ ငါ့ကို ပြဿနာလာရှာဖူးတယ်” ဘေဂုံထန် ပြောလေသည်။
သူမ မပြောပဲချန်ထားခဲ့သည်မှာ ဆုလင်းအာခေါ်လာသော လူများသည် လာသည့်အချိန်တိုင်းတွင် ပို အားကောင်းလာရာ သူမသည် အကြိမ်တိုင်းတွင် အနိုင်ကျင့်ခံခဲ့ရသည်။ ထိုသို့အနိုင်ကျင့်ခံသည်မှာလည်း သူတို့ သည် အထွတ်အထိပ်မိစ္ဆာများနှင့် စာချုပ်ချုပ်ထားသည်ကို မသိစေချင်၍ ဖြစ်သည်။
သို့သော် သူတို့ ဒီအကြောင်းအရာကို ရှီမာယူယူကို ဘယ်လိုဖုံးကွယ်ထားလို့ရမှာလဲ။ သူမသည် ရှီမာယူလင်းတို့၏ ပုံမှန်မဟုတ်သော အမူအရာကိုကြည့်ပြီး နားလည်လိုက်သည်။
“မင်းတို့ အနိုင်ကျင့်ခံရတာပဲ၊ ဘာလို့ငါ့ကိုမပြောကြတာလဲ” သူမ ပြောလိုက်သည်။
“အဟွတ် အဟွတ် မင်းအလုပ်များနေလို့မလား၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂိုဏ်းထဲရောက်ရောက်ချင်း ပြဿနာရှာတာ မကောင်းဘူလို့ တွေးလို့လေ” ရှီမာယူမင် ပြောလိုက်သည်။
“အဲဒါကြောင့် အနိုင်ကျင့်ခံလိုက်တာလား” ရှီမာယူယူသည် သူတို့အား ခွင့်မပြုသလိုကြည့်လေသည်။
သူတို့သည် ကျောင်းသားသစ်များဖြစ်သဖြင့် နှိမ့်ချရမည်ဟု တွေးထားသည်။ သို့သော် ထိုသဘောမှာ အနိုင်ကျင့်ခံရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူတို့သာ တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကိုခံရလျှင် သူတို့ ဘယ်လောက် သန်မာကြောင်းပြလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။
“အားလုံးကို ပြဿနာမဖြစ်စေချင်တာ ငါပါ” ဘေဂုံထန် ပြောလေသည်။
ရှီမာယူယူသည် သူမအားကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမ ကိစ္စနှင့်ပတ်သတ်လျှင် တည်ငြိမ်ပြီး အေးဆေးလွန်းသည်။
“ဆုမျိုးနွယ်က သန်မာလား” သူမ မေးလိုက်သည်။
“ရင်မျိုးနွယ်ထက် သန်မာတယ်” ဘေဂုံထန် ပြောလေသည်။
“ငှက်လေးထက် သန်မာလား”
အာ…
ရှီမာယူယူ ဆိုလိုရင်းကို ဘေဂုံထန် နားလည်သည်။ သူတို့ သန်လာသည်ဆိုလျှင်တောင် သူမတွင် ငှက်လေး နောက်ခံရှိသည်။
“ငါနားလည်ပြီ” သူမ ခေါင်းငြိမ့်လိုက်သည်။
တစ်ဖက်လူသည် သူတို့ကို ဂရုမစိုက်ပဲ သူတို့ဘာသာ စကားပြောနေကြသည်ကို ဆုလင်းအာနှင့် ဝူရန်ဒုံ တို့ မြင်လိုက်ရသည်။ သူတို့ကို မမြင်သလိုလုပ်နေကြသည်ကို မြင်သောအခါ ဒေါသထွက်ကြလေသည်။
“စီနီယာအများစုက ကျောင်းသားသစ်တွေကို အနိုင်မကျင့်ကြပေမယ့်လည်း ငါတို့ကတော့ ကျောင်းသားသစ်တွေရဲ့ စိတ်ဆွတာကို သည်းခံမှာမဟုတ်ဘူး၊ မဟုတ်ရင် ငါတို့စီနီယာတွေကို အစွမ်းအစမရှိ ဘူးလို့ ထင်သွားကြလိမ့်မယ်” အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်က ပြောလေသည်။
“ငါမင်းကို သေချာပေါက်သတ်မယ်” ဝူရန်ဒုံသည် ရှီမာယူယူအား လူသတ်မည့်အကြည့်ဖြင့် ကြည့်လေ သည်။
“မင်းလိုလူက ငါ့ကိုသတ်နိုင်မယ်ထင်လား” ရှီမာယူယူသည် သူ့အား ရွံ့ရှာဖွယ်ကြည့်ကာ “ငါ့ကို သတ်ချင်တဲ့လူကို ငါက အမြစ်တောင်ချန်မထားတတ်ဘူး”
“ယူယူ ထားလိုက်တော့ ဝူရန်မျိုးနွယ်က.. အပြင်ပိုင်းဒေသမှာ လွှမ်းမိုးမှုရှိတယ်” ဘေဂုံထန် ပြောလေ သည်။
“ဝူရန်မျိုးနွယ်က အဲလောက်တောင် ကောင်းတာလား” ရှီမာယူယူ မေးလိုက်သည်။
ဘေဂုံထန် ခေါင်းညိမ့်လိုက်သည်။ ထို့ကြောင့်ပင် သူမသည် သူတို့အား ပေါ်တင်မဆန့်ကျင်ခြင်းဖြစ် သည်။
ဝူရန်ဒုံနှင့် ဆုလင်းအာတို့၏ ဆက်ဆံရေးသည် ကောင်းလွန်းသည်။ သူသည် သူမကို ပိုးပန်းနေသည်ဟု လည်း သူမကြားခဲ့သည်။ ထို့ကြောင့်ပင် သူမ ဘေဂုံထန်အား ပြင်ပေးလိုသည်ဟု ကြားသည်နှင့်သူ ပြေးလာခြင်း ဖြစ်သည်။
သူတို့သည် စာရင်းသွင်းပြီးစကျောင်းသားသစ်များ မဟုတ်ပါက ဘေဂုံထန်တို့အား တိုက်ခိုက်ကာ သတ်လိုက်မည်ဖြစ်သည်။
“ငှက်လေးထက် သန်မာတာလား” ရှီမာယူယူ ထပ်မေးလိုက်သည်။
အာ…
ဘေဂုံထန် ခေါင်းရမ်းလိုက်သည်။ ငှက်လေးသည် ဂဠုန်များ၏ ဘုရင်ဖြစ်သည်။ ဂဠုန်များသည် သူ၏ အမိန့်ကို နာခံကြသည်။ ဝူရန်မျိုးနွယ်သည် သန်မာသော်လည်း ငှက်လေးနှင့် ယှဉ်ရမည်မဟုတ်ပေ။
“သူဂိုဏ်းကိုဝင်တာ ဘယ်လောက်ကြာပြီလဲ”
“နှစ် ၁၀၀ပြည့်တော့မယ်” ဖက်တီးကျူ ပြန်ဖြေလေသည်။
“သူ ဝင်တာ နှစ် ၁၀၀တောင်ပြည့်တော့မယ် အတွင်းဂိုဏ်းကိုမဝင်နိုင်တာက သူ့အရည်အချင်းက မပြည့် သေးဘူးလို့ ဆိုလိုတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုဆိုမှတော့ သူ့ကိုငါသတ်လိုက်ရင်တောင် ဝူရန်မျိုးနွယ် က ဘာမှပြောမှာမဟုတ်ဘူး”
“ဟားဟား မင်းလိုလူက ငါ့ကိုသတ်ချင်တယ်ဟုတ်လား” ဝူရန်ဒုံသည် သူ့ဘဝတစ်လျှောက်လုံး အရယ်ရ ဆုံး ဟာသတစ်ခုကဲ့သို့ ရယ်မောလေသည် “မင်းတို့အားလုံး သွား သတ်လိုက်တော့”
“ဟုတ်ကဲ့ သခင်လေးဝူရန်” တခြားလူများသည် လူသတ်မည့် ရောင်ဝါကိုထုတ်လွှတ်လိုက်ကြသည်။ စီနီယာများ၏ ဂုဏ်သိက္ခာအတွက် သူတို့တစ်ယောက်မှ လွှတ်ပေးလို့မရဘူး။
ရှီမာယူယူနှင့် တခြားလူများသည်လည်း တစ်ဖက်လူကို အမြစ်ဖြုတ်ရန် စွမ်းအင်များကို ပြင်ဆင်ရင်း တည်ဆောက်လိုက်ကြသည်။
ကောင်းကင်ဂိုဏ်းသည် ယိလင်းတိုင်းပြည်မှ ဂိုဏ်းနှင့်ကွဲပြားသည်။ လူသတ်မှုအတွက် ကန့်သတ်ထား ခြင်းမရှိပေ။ မသန်မာသော လူတစ်ယောက် ဂိုဏ်းအတွင်းအသတ်ခံရခြင်းအတွက် ဂိုဏ်းမှ ဂရုစိုက်ခြင်းမရှိပေ။
နှစ်ဖက်အဖွဲ့သည် တိုက်ခိုက်မည်အလုပ်တွင် ဂိုဏ်းအတွင်းမှ အော်သံထွက်လာသည်။
“ရပ်လိုက်ကြ”
ရှီမာယူယူသည် အသံကြားလိုက်သည်နှင့် မည်သူ့အသံဆိုသည်ကို သိလိုက်သည်။
ဟော့ဘာယန်အာသည် ရှီမာယူယူရှေ့လာကာ ပြောလိုက်သည် “ဝူရန်ဒုံ မင်းက ငါဟော့လာယန်အာရဲ့ သူငယ်ချင်းကို သတ်ဖို့ လုပ်ရဲတယ်ပေါ့”
ဖန်ဝူဟန်၊ ဝမ်ခိုင်နှင့် မူလင်းတို့လည်း ရောက်လာကြသည်။
“မိန်းကလေး ဟော့ဘာ၊ ဒီကို ဘာလာလုပ်တာလဲ” ဝူရန်ဒုံသည် ဟော့ဘာယန်အာကို တွေ့သည်နှင့် ချွေးအေးများပျံလာသည်။
အရင်ရက်များက သူသည် လှပသော ဟော့ဘာယန်အာအားတွေ့ပြီး ရိုင်းစိုင်းသော စကားအနည်းငယ် ပြောမိသည်။ နောက်ဆုံးတွင် သူမအဖွဲ့မှ ဆိုးရွားစွာ ရိုက်ခြင်းခံလိုက်ရသည်။ သူမသည် အတွင်းပိုင်းတောင်များ ဒေသမှ ဟော့ဘာမျိုးနွယ်၏ သခင်မလေးဖြစ်သည်ကို တွေါ်လိုက်သည်နှင့် သူကြောက်မိသည်။ ထို့အပြင် သူမ သည် လူများကို ရိုက်သည့်နေရာတွင်တော်သည်။ သူမ လက်သီးသည် အားပြင်းသည့်ပုံမပေါ်သော်လည်း နာကျင်မှုမှာ ငရဲတမျှပင်။
ထို့ကြောင့်ပင် သူမအားမြင်သည်နှင့် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုထပ်ဖြစ်လာသည်။