← Chapters

မြွေတစ်ကောင်အား ကယ်တင်ခြင်း

Vol. 006 Ch. 556

မြွေတစ်ကောင်အား ကယ်တင်ခြင်း

Vol. 006 Ch. 556

ဟော့ဘာယန်အာသည် အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြောလေသည် “စီနီယာအယောက် ၂၀က ဂျူနီယာ ၁၀ယောက်ကို သတ်မလို့၊ ဝူရန်ဒုံ ရှင်က တော်နေတယ်ပေါ့ ဟုတ်လား”

“သူတို့က ငါတို့ကို အရင်ရိုက်တာလေ” အမျိုးသားတစ်ယောက်သည် အနောက်မှအော်လေသည်။

“ဟုတ်တယ် မိန်းကလေးဟော့ဘာ၊ ငါတို့ကစီနီယာတွေ၊ လူသစ်တွေက ရန်လာစတာကို ငါတို့က ဒီအတိုင်း ငြိမ်နေရမှာလား”

“သူတို့က ငါတို့ကို သတ်ချင်နေတာကို မမြင်ဘူးလား၊ ငါတို့က ကိုယ့်ကိုယ်ကိုကာကွယ်တာပဲ”

“ဟုတ်တယ်”

ဝူရန်ဒုံပြုံးပြီး ပြောလိုက်သည် “မိန်းကလေး ဟော့ဘာ၊ ကြားပါတယ်နော် ဒါ ကျွန်တော်တို့အမှားမဟုတ် ဘူး၊ သူတို့က အရင်စတာ၊ ပြီးတော့ ကျွန်တော်တို့ ဘာမှတောင်မလုပ်ရသေးဘူး နှစ်ခါတောင် အရိုက်ခံလိုက်ရ ပြီ”

“ဟွန်း” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “ငါတို့က လူတွေကို မရိုက်တတ်ဘူး၊ ငါမင်းကို ရိုက်တယ်ဆိုတာက မင်းကလူမဟုတ်လို့ပဲ”

“မင်း…” ဝူရန်ဒုံသည် ဒေါသထွက်ချင်သည်။ သို့သော် ဟော့ဘာယန်အာသည် ရှီမာယူယူရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ “မိန်းလေးဟော့ဘာ၊ ကိုယ်တိုင်မြင်တယ်နော် လူသစ်တွေက ဘဝင်မြင့်လွန်း တယ်”

“လူသစ်တွေက ဘဝင်မြင့်တယ်ဟုတ်လား၊ အဲဒါဆို ကျွန်မလည်းပါတာပေါ့” ဟော့ဘာယန်အာသည် အေးစက်သော အမူအရာဖြင့် ပြောလေသည် “ကျွန်မလည်း ကျောင်းသားအသစ်ပဲဆိုတာ မမေ့ပါနဲ့”

“မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်တော်က မိန်းကလေးဟော့ဘာကို ဘာလို့အဲလိုပြောရဲမှာလဲ” ဝူရန်ဒုံသည် အလျင်စလိုငြင်းဆန်လေသည်။ “မိန်းကလေး ဟော့ဘာက သူတို့နဲ့ ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ”

ဟော့ဘာယန်အာသည် စိတ်မရှည်စွာဖြင့် လက်ရမ်းပြကာ ပြောလိုက်သည် “သူတို့က ကျွန်မ သူငယ်ချင်းတွေပဲ၊ ဝူရန်ဒုံ ရှင် သူတို့ကို ပြဿနာရှာရဲရင် ကျွန်မက အလွတ်မပေးရုံတင်မကဘူး ဟန်သာ သိလို့ ကတော့ ရှင်တို့ကို ရှင်းပစ်မှာပဲ အခုချက်ချင်း မျက်စိရှေ့က ထွက်သွားလိုက်”

ဟော့ဘာဟန်၏ အမည်ကိုကြားသည်နှင့် ဝူရန်ဒုံသည် အလွန်ကြောက်လန့်သွားလေသည်။ သူသည် ဒေါသထွက်နေသော်လည်း ဟော့ဘာဟန်ကို ဒေါသထွက်ဟန်မပြရဲပေ။ သူသည် သူ့လူများကို လက်ရမ်းပြကာ အေးစက်စွာ ပြောလေသည် “သွားရအောင်”

သူ အမြန်သွားလိုက်သော်လည်း ရှီမာယူယူကို မုန်းတီးစွာ ကြည့်ရန်ကိုတော့ မေ့မသွားပေ။

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ လူသတ်မည့်အကြည့်ကို မြင်လိုက်သည်။ သို့သော် သူမသည် ကြောက်ရွံ့ခြင်းမရှိပေ။ ဟော့ဘာဟန်သာ မလာရင် သူတို့သည် သေလူများဖြစ်သွားလောက်ပြီ။

သို့သော် အမြစ်ချန်ထားရသည်မှာ မကောင်းလှပေ။

သူတို့ထွက်သွားသည်ကို ဟော့ဘာယန်အာ မြင်သောအခါ လှည့်ပြီး ပြောလေသည် “ရှင်တို့ အဆင်ပြေ ရဲ့လား”

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေးဟော့ဘာ” ရှီမာယူယူသည်လက်အုပ် ချီကာ ဟော့ဘာယန်အာအား ကျေးဇူးတင်စကားပြောလိုက်သည်။ သို့သော် အစကတည်းက သူမ အကူအညီ မလိုခဲ့ပေ။

“ဝူရန်ဒုံရဲ့ အရည်အချင်းကအဲလောက်မကောင်းပေမယ့် သူက ဝူရန်မျိုးနွယ်ရဲ့ ပထမဆုံးဇနီးရဲ့ သားပဲ သူသာ လူမြင်ကွင်းမှာအသတ်ခံရရင် ဝူရန်မျိုးနွယ်က တစ်ခုခုပြောမှာပဲ” ဟော့ဘာယန်အာသည် ပြုံးပြီး ပြော လေသည်။

ရှီမာယူယူသည် မျက်ခုံးများပင့်လိုက်သည်။ သူမက သူ့ကို လူမြင်ကွင်းမှာမသတ်ဖို့ပြောတယ်ဆိုတော့ တိတ်တဆိတ်သတ်လိုက်ရမှာလား။

“မင်းတို့ ဘယ်သွားကြမလို့လဲ” ဝမ်ခိုင်သည် သူတို့အား အထက်စီးဆန်စွာ မေးလေသည်။

ရှီမာယူယူသည် ဝမ်ခိုင်နှင့် မူလင်းတို့ကို အရေးမလုပ်ပေ။ သူထိုကဲ့သို့ မေးသဖြင့်လည်း သူ့ကို ဂရုစိုက် မနေပေ။ သူမသည် ဟော့ဘာယန်အာကို ပြောလိုက်သည် “မိန်းကလေးဟော့ဘာ ကျွန်တော်တို့ လုပ်စရာတွေ ရှိလို့ ဒီမှာပဲ နှုတ်ဆက်လိုက်ပါမယ်”

“ကျွန်မတို့က အစတုန်းက ရှင်တို့ကို အမှတ်တရစားသောက်ဆိုင်ခေါ်သွားမလို့၊ ရှင်တို့ မအားမှတော့ ထားလိုက်ပါတော့” ဟော့ဘာယန်အာသည် နှမြောစွာဖြင့် ပြောလေသည်။

“မိန်းကလေးဟော့ဘာ၊ ဟော့ဘာဟန်နဲ့ အဆက်အသွယ်မရဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ရတယ် ဒါပေမဲ့ သူက အခုအတွင်းဂိုဏ်းမှာလေ၊ သူ ထွက်လာချင်တိုင်းထွက်လို့မရဘူး၊ သူ့ကို တစ်ခုခု ပြောစရာရှိလို့လား” ဟော့ဘာယန်အာ မေးလိုက်သည်။

“မရှိပါဘူး၊ အရင်တစ်ခေါက်က သူ ကျွန်တော့်ကို ဆေးဖော်ခိုင်းထားတာရှိလို့၊ ကျွန်တော်ပြီးသွားလို့” ရှီမာယူယူသည် စကားမဆုံခင်မှာပင် ဝမ်ခိုင်ဖြတ်ပြောလေသည်။

“ဟန်ကို ဆေးပေးချင်တယ်ဆိုရင် ငါတို့်ကိုပေးလို့ရပါတယ်၊ ငါတို့ မင်းအစား ပေးပေးပါမယ်”

“ရပါတယ်” ရှီမာယူယူသည် သူ့အား တိုက်ရိုက်ပင် ငြင်းလိုက်လေသည် “သူက လျှို့ဝှက်ထားခိုင်းလို့ပါ အဲဒါ ဘာဆေးလဲဆိုတာ တခြားလူတွေကို အသိခံလို့မဖြစ်ဘူး၊ အဲဒါကြောင့် သူ့ကို သတင်းပေးပြီး သူ ကိုယ်တိုင်လာယူဖို့ ပြောပေးဖို့ကို မိန်းကလေးဟော့ဘာကို အကူအညီတောင်းပါတယ်”

“မင်း” ဝမ်ခိုင်သည် သူ့စကားကို ရှီမာယူယူဖြတ်လိုက်သောကြောင့် ဒေါသဖြစ်ကာ သူမအား တင်းမာစွာ ကြည့်လေသည်။

ရှီမာယူယူသည် သူကဲ့သို့ တခြားလူကို အထက်စီးဆန်ပြီး အထင်သေးတတ်တဲ့လူကို တကယ်ပင် မကြိုက်ပေ။ သူမသည် ဟော့ဘာဟန်ကို ကုသပေးရန် ကတိပေးပြီးဖြစ်ကာ ဟော့ဘာယန်အာသည် မဆိုးလှ သဖြင့် သူမ သိပ်အာရုံမထားတော့ပေ။

အစပိုင်းတွင် သူမသည် ရပ်မကြည့်နိုင်သဖြင့် သူတို့ကိုကူညီခဲ့သည်။ သို့သော် ဝမ်ခိုင်နှင့် မူလင်းတို့သည် ဘဝင်မြင့်သော လူများဖြစ်ကြောင်း နောက်မှ သိခဲ့ရသည်။ သူမတွင် ကျောထောက်နောက်ခံ ကြီးကြီးမားမား မရှိ သည်ကို သူတို့သိပြီးသည့်အခါ အထက်စီးမှ ဆက်ဆံခဲ့သည်။ သူတို့သည် ဟော့ဘာယန်အာတို့နှင့် တွဲသွား တွဲလာလုပ်သည်မှာ သူတို့သည် လွှမ်းမိုးမှုရှိချင်၍သာဖြစ်သည်။

“မစိုးရိမ်ပါနဲ့ ကျွန်မပြောလိုက်ပါမယ်” ဟော့ဘာယန်အာသည် ရှီမာယူယူ မျက်နှာပျက်သွားသည်ကို မြင် သောအခါ ပြောလိုက်သည်။

“ဒါဆို သွားလိုက်ပါဦးမယ်” ရှီမာယူယူသည် ဟော့ဘာယန်အာအား လက်အုပ်ချီနှုတ်ဆက်ပြီးနောက် ရှီမာယူလင်းတို့နှင့်အတူ ထွက်သွားလေသည်။

“ဒီလူက ရှီမာယူယူပဲ ယန်အာ မင်းက သူ့ကိုကယ်ပေးပေမယ့် သူကဒီလိုလုပ်သွားတယ်၊ ရိုင်းလိုက်တာ” ဝမ်ခိုင်သည် တခြားလူများဆီမှ ထိုကဲ့သို့ ဆက်ဆံမခံရကာ ဒေါသထွက်နေလေသည်။

ဟော့ဘာယန်အာသည် ဝမ်ခိုင်၏ အပြုအမူကိုတွေ့သောအခါ မျက်ခုံးများတွန့်သွားကာ ပေါ့ပါးစွာ ပြော လိုက်သည် “သူလည်း အရင်ကငါတို့ကိုကယ်ဖူးခဲ့တာပဲလေ”

ပြောပြီးနောက်တွင် သူမ လျှောက်သွားလေသည်။ ဖန်ဝူဟန်သည် တစ်ချိန်လုံးတိတ်နေခဲ့သည်။ ဟော့ဘာယန်အာ စိတ်မကောင်းဖြစ်သွားသည်ကို တွေ့သောအခါ သူသည် သူမအနောက်လိုက်သွားကာ ဝမ်ခိုင် ကို ဂရုမစိုက်တော့ပေ။ သူတို့ ဆက်ဆံရေးမှာလည်း အကောင်းကြီးမဟုတ်ပေ။

“ဝူ]န် ဟန်က ယူယူ့ကို ဘယ်လိုဆေးမျိုးဖော်ခိုင်းလို့ လျှို့ဝှက်ထားခိုင်းရတာလဲ” ဟော့ဘာယန်အာ မေး လေသည်။

“အရေးကြီးလို့နေမှာ မဟုတ်ရင် လျှို့ဝှက်ထားခိုင်းမှာမဟုတ်ဘူး” ဖန်ဝူဟန်သည် ခန့်မှန်းလေသည်။

“အင်း သူ့ကို မြန်မြန်ပြောမှဖြစ်မယ်” ဟော့ဘာယန်အာ ပြောလေသည် “အတွင်းဂိုဏ်းက ထွက်ချင် သလို ထွက်လို့မရဘူးဆိုတော့ ဘယ်အချိန်မှ ထွက်လာမလဲသိချင်တယ်”

“ရှီမာယူယူလည်း အလောကြီးတဲ့ပုံမပေါ်ဘူး၊ အဲတော့ အရေးမကြီးလောက်ဘူးလားလို့ ပြီးတော့ သူ သတင်းကြားတာနဲ့ သူ့ဘာသာ စီစဉ်ပါလိမ့်မယ်” ဖန်ဝမ်ဟန်ပြောလေသည်။

ဝမ်ခိုင်သည် ဟော့ဘာယန်အာ သူ့ကိုမစောင့်သည်ကိုတွေ့သောအခါ သူမ၏ အေးစက်ပုံကို တွေးနေ မိသည်။ သူမသည် သူ့ကို အပြစ်တင်သလိုပြောသွားသည်ကို စဉ်းစားမိသောအခါ သူ့ စိတ်ထဲတွင် ဒေါသပိုကြီး လာသည်။ သူသည် အလေးအနက်တွေးကာ ရှီမာယူယူတို့ထွက်သွားသောဘက်သို့ ကြည့်လိုက်သည်။

“ဘာတွေ အဲလောက်ဒေါသထွက်နေတာလဲ” မူလင်းသည် သူ့ပခုံးကို ပုတ်ရင်းပြောလေသည်။

“ဒီကောင်ပေါ်လာကတည်းက ဟော့ဘာယန်အာက သူ့ကိုအထူးတလည် ဆက်ဆံတယ်၊ အဲကလေးက ဘာတွေကောင်းတာလဲတော့ မသိဘူး၊ သူက အနိမ့်ပိုင်းတိုင်းပြည်ကလာတဲ့ ငနဲပဲ၊ သူမက ငါ့ကို သူ့ကြောင့်နဲ့ လာအပြစ်တင်နေသေးတယ်၊ အရှုပ်ထုတ်ပဲ” ဝမ်ခိုင်သည် မုန်းတီးစွာ ပြောလေသည်။

“တကယ်ကို မုန်းစရာပဲ” မူလင်း ပြောလိုက်သည် “သူက တည်ဆောက်မှုသခင်ဖြစ်ပြီး အဂ္ဂိရတ်ပညာရှင် ဖြစ်လိုက်သေးတယ်၊ ဒါပေမဲ့ ငါတို့ကို ရိုသေမှုတောင်မရှိဘူး”

“ဟင်း သူက တည်ဆောက်မှုသခင်နဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်တော့လည်း ဘာဖြစ်လဲ သူ့ကို ချက်ချင်းပဲ ရှင်းလိုက်မယ်”

“မင်းသူ့ကို ရှင်းချင်ရင်တောင် မလွယ်လောက်ဘူးလားလို့၊ ဘာလို့ကိုယ်တိုင်လှုပ်ရှားမှာလဲ” မူလင်းသည် ဝန်လေးစွာ ပြောလေသည်။

“ဘာကိုပြောချင်တာလဲ”

“ယန်အာက သူ့ကို သူငယ်ချင်းကောင်းလို ဆက်ဆံနေတာ၊ မင်းသူ့ကို ပြဿနာရှာလိုက်ရင် ယန်အာ စိတ်ညစ်သွားမှာကို မကြောက်ဘူးလား” မူလင်းသည် ဂိုဏ်းဘက်ကိုကြည့်ကာ ပြောလေသည်။

ဝမ်ခိုင်သည် ရုတ်တရက် သတိတစ်ခုရသွားကာ ပြုံးလိုက်လေသည် “ဟုတ်တယ်၊ ငါ သူ့ကိုလုပ်တာကို သာ ယန်အာသိသွားရင် ဒေါသထွက်လွန်းလို့ ငါ့ကို လျစ်လျူရှုသွားနိုင်တယ်၊ ဝူရန်ဒုံကလည်း သူရိုက်တာခံထား ဖူးတော့ အလွတ်ပေးမှာမဟုတ်ဘူး၊ အဲအချိန်ရောက်ရင်တော့… ဟင်း”

ရှီမာယူူသည် လှည့်မကြည့်သော်လည်း သူမ နောက်ကျောမှ အကြည့်ကို ခံစားမိသည်။ မည်သူဖြစ်သည် ကိုတော့ သူမ မှန်းကြည့်စရာပင်မလိုပေ။

လယ်သမားနှင့် မြွေပွေးပုံပင်လိုပင်။ သူမသည် မြွေကို ကယ်လိုက်မိပြီထင်သည်။

All Chapters