← Chapters

တစ်စုံတစ်ရာဖြစ်ပွားခြင်း

Vol. 006 Ch. 557

တစ်စုံတစ်ရာဖြစ်ပွားခြင်း

Vol. 006 Ch. 557

သူတို့ပြန်သွားရာ အိမ်တွင် တစ်ည်နေပြီး ရှီမာယူလင်းသည် ဂိုဏ်းအတွင်းရှိ သူတို့နေထိုင်မှုဘဝကို ပြော ပြလေသည်။ သူတို့သည် နောက်နေ့မနက်တွင် ပြန်လာကြသည်။ ဘေဂုံထန်နှင့် တခြားသူများသည် အတန်းသို့ တိုက်ရိုက်သွားကြပြီး သူမသည် စာကြည့်တိုက်သို့သွားလေသည်။ အနည်းငယ် မျက်စိလည်နေပြီးနောက် နာရီ ဝက်အကြာတွင် ရောက်လေသည်။

သူမသည် ဟောင်းနွမ်းနေသောအဆောက်အဦးကို မြင်သောအခါ တကယ်ပင် ကျိန်ဆဲမိချင်သည်။ ဂိုဏ်းသည် ငွေကြေးချမ်းသာပါလျက်နှင့် ဘာလို့ စာကြည့်တိုက်ကိုပိုကောင်းအောင် မထိန်းသိမ်းတာလဲ။

သူမ စာကြည့်တိုက်ထဲဝင်ရာ အစက အပြင်ပိုင်းသည် ဟောင်းနွမ်းနေသော်လည်း အထဲတွင်တော့ ပိုကောင်းအောင် ထိန်းသိမ်းထားမည်ဟု ထင်ထားခဲ့သည်။ အနည်းဆုံးတော့ သူမ စစ်သူကြီးအိမ်တော်မှာရှိစဉ်က စာကြည့်တိုက်နှင့် ကွဲပြားသင့်သည်။

ဝင်သွားလိုက်ရင်လည်း တူညီမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ဟောင်းနွမ်းကာ စုတ်ပြဲနေသော ဝါကျင့်ကျင့် စာအုပ်များသာရှိသည်။ စာအုပ်စင် အမြင့်ပိုင်းတွင်ရှိသော စာအုပ်များသာ အနည်းငယ်ကောင်း သည်။

စာအုပ်ပေါ်မှ ရှေးဟောင်းအမှတ်အသားများကို ရှီမာယူယူတွေ့သောအခါ ဒီစာကြည့်တိုက်သည် အချိန် မည်မျှကြာခဲ့ပြီဆိုသညိကု သိချင်မိသည်။

အားလုံးသည် အတန်းများသွားတက်ကြသဖြင့် စာကြည့်တိုက်တွင် လူရှင်းနေသည်။ ဟိုဟိုဒီဒီ ကျောင်းသားအနည်းငယ်သာရှိသည်။

သူမ တံခါးဖွင့်ဝင်သွားချိန်က ထောင့်တွင် စားပွဲဟောင်းတစ်လုံးရှိသည်။ စားပွဲနောက်တွင် ဟောင်းနွမ်း နေသော လှုပ်ကုလားထိုင် တစ်လုံးရှိနေသည်။ အဘိုးကြီးတစ်ယောက်သည် ထိုလှုပ်ကုလားထိုင်ပေါ်တွင် အနား ယူနေလေသည်။

ဒီအဘိုးကြီးက ဝူလင်းယူ ရိုသေပါလို့ပြောလိုက်တဲ့ တစ်ယောက်လား။ သူသည် သာမာန်အဘိုးကြီး တစ်ယောက်လိုပင်။

သူမ သူ့အား အကဲခတ်နေသည့်အချိန်တွင် တစ်ဖက်လူသည် မျက်လုံးဖွင့်လာသည်။

“ကျောင်းသားသစ်လား”

“ဟုတ်ပါတယ်”

“မင်းနာမည်ပြားထားပြီး ဝင်သွားလိုက်” အဘိုးကြီးသည် ပြောပြီးနောက် မျက်လုံးပြန်ပိတ်သွားသည်။

ရှီမာယူယူသည် သူမ၏ နည်းပြပေးထားသော နာမည်ပြားကို ထုတ်ကာ စားပွဲပေါ်တင်ပြီး အထဲသို့ဝင် သွားလိုက်သည်။ ခြေလှမ်း ၂လှမ်းပြီးနောက် သူမ ပြန်လာကာ မေးလေသည် “ဆေးပညာစာအုပ်တွေ ဘယ်မှာ ထားတာလဲဆိုတာ မေးပါရစေ”

အဘိုးကြီးသည် မျက်လုံးဖွင့်ကာ သူမအရွယ်အစားကို ကြည့်ကာ ပြောလေသည် “တတိယအထပ် အနောက်ဘက်ဧရိယာနဲ့ ၅ထပ် အနောက်ဘက်မှာ”

အောက်ဆုံး ၃ထပ်တွင် ယေဘုယျကျသော စာအုပ်များသာ ထားသည်။ သူတို့သည် အသုံးများသော စာအုပ်များကို အခြေခံ၍ထားသဖြင့် ဆေးပညာစာအုပ်များသည် အပေါ်ထပ်တွင်ရှိနေသည်။ ၄ထပ်နှင့် ၅ထပ်ရှိ စာအုပ်များသည် အသုံးပြုနည်းသော စာအုပ်များ စီစဉ်ထားရှိသည်။ ဆေးပညာစာအုပ်များသည်လည်း ထို အနောက်တွင် ရှိလေသည်။

“ကျေးဇူးတင်ပါတယ်” သူမသည် ပြောပြီးသည်နှင့် ထောင့်ရှိ လှေကားများထဲမှ တစ်ခုကိုသုံးကာ ၃ထပ် သို့တက်ခဲ့လိုက်သည်။

ဆေးပညာစာအုပ်များရှိသော နေရာသို့ သွားပြီးနောက် သူမသည် သေချာစွာ ရွေးထုတ်လိုက်သည်။ သူမသည် စာအုပ်များကို ပိုက်ပြီး ပထမအထပ်ရှိ တံခါးသို့သွားလိုက်သည်။

“ကျွန်တော် ဒီစာအုပ်တွေကို ငှားချင်ပါတယ်” သူမသည် ပြောရင်းနှင့် စာအုပ်များကို စားပွဲပေါ်သို့ တင် လေသည်။

ထိုအဘိုးကြီးသည် ဖြေးညင်းစွာ မတ်တပ်ရပ်လေသည်။ ရှီမာယူယူသည် သူ့ကိုမြင်သောအခါ ထိုင်ခုံ သည် ဘယ်တော့ယိမ်းသွားပြီး သူ့ကို လဲကျစေမလဲဟု တွေးနေမိသည်။

ထိုအကြောင်းအားတွေးလိုက်သောအခါ သူမ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

အဘိုးကြီးသည် သူမအား ကြည့်လိုက်ရာ သူမသည် ချက်ချင်းပင် စပ်ဖြီးဖြီးမျက်နှာအား ပြင်လိုက်ရ သည်။ သူသည် သူမယူလာသော စာအုပ်များကို တစ်အုပ်စီကြည့်ပြီး စာအုပ်ပုံထဲမှ စာအုပ် ၂အုပ်ထုတ်ကာ သူမ အား ကျန်စာအုပ်များကို ပြန်ပေးလေသည်။

“မင်း ဒီစာအုပ် ၂အုပ်ကို စာကြည့်တိုက်ကနေယူသွားလို့မရဘူး၊ အဲဒါအပြင် လူတိုင်းက တစ်ခါကို စာအုပ် ၅အုပ်ပဲ ငှားလို့ရမယ်”

ထို့ကြောင့် သူမ အပြင်ဘက်သို့ ယူသွားခွင့်မရှိသော စာအုပ်များလည်းရှိနေသည်။ သို့သော် သူမသည် ထိုစာအုပ်နှစ်အုပ်ကိုကြည့်လိုက်သည်။ သူမသည် ထိုစာအုပ်၂အုပ်ကို ချောင်ကျသော စာအုပ်စင်မှယူလာခြင်း ဖြစ်သည်။ ထိုစာအုပ်စင်သည် တခြားစင်များနှင့် အရောင်ကွဲသည်ကို သူမ သတိထားမိခဲ့သည်။ ထိုစာအုပ်စင်မှ စာအုပ်များသည် စာကြည့်တိုက်မှ ယူသွား၍မဖြစ်နိုင်ခြင်းဖြစ်မည်။

“ဒါမင်းရဲ့ တိုကင်၊ သေချာသိမ်းထား သွားလို့ရပြီ” အဘိုးကြီးသည် ရှီမာယူယူ အတွေးလွန်နေသည်ကို ကြည့်ပြီး ပြောလေသည်။

“ဒီစာအုပ် ၂အုပ်ကို သူ့နေရာအတိုင်းပြန်ထားဖို့ မလိုဘူးလား” သူမ မေးလိုက်သည်။

“မင်း သူတို့ရဲ့ မူလနေရာကို ရှာနိုင်လား”

“ကျွန်တော် မှတ်မိတယ်”

“ဒါဆို သွားထားလိုက်”

ရှီမာယူယူသည် စာအုပ်၂အုပ်ကိုယူကာ အပေါ်သို့ တက်သွားလေသည်။ သူမသည် အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် စာအုပ်များ၏ မူလနေရာသို့ ထားလိုက်သည်ကို အဘိုးကြီးတွေ့သောအခါ စိတ်လှုပ် ရှားစွာဖြင့် မျက်ခုံးများ ပင့်လိုက်သည်။

စာကြည့်တိုက်သည် ကြီးမားသဖြင့် ပထမဆုံးအကြိမ်ရောက်ဖူးသူများအဖို့ လူအများစုသည် ထိုနေရာ တွင် ဝင်္ကပါကဲ့သို့ လမ်းပျောက်ကာ မျက်စိလည်ကြသည်။ သို့သော် သူမသည် တစ်ခါတည်းနှင့် စာအုပ်များ၏ နေရာကို မှတ်မိသည်။ သူသည် အံ့သြမိသည်။

လျင်မြန်စွာပင် သူမ စာအုပ်များပြန်ထားပြီး ပြန်လာရာ ထိုအဘိုးကြီးသည် အပြင်လောကကို ဂရုမစိုက်ပဲ မျက်လုံးမှိတ်ကာ ပြန်အနားယူနေသည်ကို တွေ့လိုက်ရသည်။ သူမသည် စားပွဲမှ စာအုပ်များနှင့် သူမ နာမည်ပြား ကိုယူကာ ထွက်သွားလိုက်သည်။ သူမ စာကြည့်တိုက်မှ ထွက်သွားသောအချိန်တွင် သူမ လှည့်ကာ အဘိုးကြီး အားကြည့်မိလေသည်။ သူနှင့်ပတ်သတ်ပြီး ဘာမှ ထူးခြားတာမျိုး မခံစားမိပါဘူး ဘာလို့ ဝူလင်းယူက အဘိုးကြီး ကို အထူးတလည်ဆက်ဆံပေးဖို့ သူမကို ပြောခဲ့တာလဲ။

သူမ ပြန်ရောက်သောအခါ ဝူလင်းယူကို ရှာပြီးမေးလေသည်။ ဝူလင်းယူသည် စိတ်မပါသလိုပြန်ပြော လေသည်။ “သူ့ကို လူထူးလူဆန်း အဘိုးကြီးလို့ ငါဘယ်တုန်းက ပြောမိလို့လဲ”

“သူ့ကို တရိုတသေဆက်ဆံဖို့ မပြောခဲ့ဘူးလား အဲဒါက သူက အကျင့်ဆိုးလို့ မဟုတ်ရင် တစ်ခုခုကြောင့် အဲလိုပြောတာမလား” သူမသည် မျက်လုံးပြူးများဖြင့် မေးလေသည်။

သူမ အပြုအမူကို ဝူလင်းယူမြင်သောအခါ သူမနဖူးကို ခေါက်လိုက်ပြီး ပြောလေသည် “သူ့လွှမ်းမိုးမှုက ကြီးလို့ သူ့ကို တရိုတသေဆက်ဆံခိုင်းတာ၊ သူက ဒီမှာ သက်တမ်းအကြာဆုံးပဲ အဲဒါကြောင့် လေးစားခိုင်းတာ”

ရှီမာယူယူသည် ဆွံ့အသွားသည်။ ထိုစကားသည် သူမအား နားလည်မှုလွဲသွားစေသည်။

“လူထူးလူဆန်းအကြောင်းပြောရမယ်ဆိုရင် အကျင့်ဆိုးရှိတဲ့လူက ငါတို့ဆရာလို့ပြောရမယ်၊ တကယ်ဆို အတွင်းပိုင်းဂိုဏ်းက အဘိုးကြီးကလည်း ထူးဆန်းတာပဲ” ဝူလင်းယူပြောလေသည်။

“အတွင်းဂိုဏ်းက အဘိုးကြီးဟုတ်ဘား၊ အဲဒါဘယ်သူလဲ” ရှီမာယူယူသည် စပ်စုစွာ မေးလေသည်။

ဝူလင်းယူသည် အဘိုးကြီးအကြောင်းပြောရာတွင် သူ့အမူအရာသည် ထူးဆန်းနေခဲ့သည်။ ထို့ကြောင့်ပင် တစ်ခုခုရှိလိမ့်မည်ဟု သူမ ခံစားမိသည်။ ထိုနှစ်က သူအတွင်းဂိုဏ်းတွင်ရှိစဉ်က သူသည် ထိုအဘိုးကြီးရဲ့ လက် အတွင်းကျခဲ့တာ ဖြစ်ရမယ်။

ရှီမာယူယူ၏ စိတ်လှုပ်ရှားနေသော အမူအရာအားကြည့်ရင်း ဝူလင်းယူ၏ မျက်လုံးများသည် တောက်ပ လာကာ ပြောလေသည် “မင်းနောက်ကို အတွင်းဂိုဏ်းကိုဝင်ရမယ့် အခွင့်အရေးရလာရင် အဲအချိန်ကျ သိလာ လိမ့်မယ်၊ မင်းအဲဒီကို မဝင်နိုင်ဘူးဆိုရင် ငါပြောပြလည်း အသုံးမဝင်ဘူး၊ မင်းစာအုပ်တွေကိုသာ ကောင်းကောင်း ဖတ်ပါ”

သူ့ဆီမှ သတင်းမပေါက်ကြားနိုင်ဘူးဆိုသည်ကို ရှီမာယူယူသိသည်။ သူမ အတွင်းဂိုဏ်းကိုဝင်ရသည်နှင့် ထိုအကြောင်းအားမေးရမည်။

သူ့ဆီမှ သတင်းမရနိုင်သည်ကို ကြည့်ပြီး သူမ စာအုပ်များ ဖတ်လေသည်။ ဝူလင်းယူရှိနေသဖြင့် သူမ သည် စိုးရိမ်မှုမရှိပဲ ဝိဉာဉ်စေတီအတွင်းဝင်ပြီး အချိန်ချွေတာ၍ရသည်။

၅ရက်ကြာသောအခါ ရှီမာယူယူသည် စာကြည့်တိုက်သို့ ထပ်သွားလေသည်။ သူမသည် စာအုပ် ၅အုပ် အား ပြန်ပေးကာ နောက်ထပ် ၅အုပ်ထပ်ငှားချင်သည်။

“အားလုံးဖတ်ပြီးသွားပြီလား” အဘိုးကြီးသည် ရှီမာယူယူဆီမှ စာအုပ်များယူကာ ထိုစာအုပ်များကို ဒီလောက် မြန်မြန်ပြန်ပေးလိမ့်မည်ဟု ထင်မထားပေ။

ရှီမာယူယူသည် စာအုပ် ၅အုပ်ကို စားပေါ်တင်ကာ ပြောလေသည် “အကုန်ဖတ်ပြီးသွားပြီ”

အဘိုးကြီးသည် ဘာမှမပြောတော့ပဲ နောက် ၅အုပ်ငှားပေးလိုက်သည်။ နောက် ၅ရက်ကြာသောအခါ သူမသည် ပြန်လာပေးသည်။

ထိုနေ့တွင် သူမသည် ဝိဉာဉ်စေတီအတွင်း စာအုပ်ဖတ်နေစဉ်တွင် ပင်ပန်းလာသဖြင့် နားရန်ပြင်တုန်းမှာ ပင် ဝူလင်းယူ သူမအားရှာနေသည်ဟု ဝိဉာဉ်လေးပြောသဖြင့် သူမ  ထွက်ခဲ့သည်။ သူမ ထွက်လာသည့်အချိန် တွင် ဝူလင်းယူအပြင်မှ ဝင်လာသည်ကို တွေ့လိုက်သည်။

“ဘာဖြစ်လို့လဲ”

“မင်းအစ်ကိုငယ် ဒဏ်ရာရထားတယ်” ဝူလင်းယူ ပြန်ဖြေလေသည်။

“အစ်ကိုလေး ဒဏ်ရာရထားတယ်ဟုတ်လား၊ သူဘယ်လိုဖြစ်ပြီးရသွားတာလဲ” ရှီမာယူယူသည် စိုးရိမ်စွာ မေးလေသည်။

“သူ တခြားသူတွေနဲ့ တိုက်ပြီးတော့ ဒဏ်ရာရသွားတယ်” ဝူလင်းယူ ပြောလေသည် “အတန်းပြီးမှ ဖြစ် တာဆိုတော့ ဆရာတွေကလည်း ဂရုမစိုက်ဘူးလေ”

သူဆိုလိုသည်မှာ ထိုအဖြစ်အပျက်အတွက် ဘယ်သူမှ သတိမမူဘူးဟု။

“ကျွန်တော်သိပြီ၊ အစ်ကိုငယ်ကို သွားကြည့်လိုက်ဦးမယ်” ပြောပြီးနောက်တွင် သူမသည် လျှပ်တပြက် အတွင်း ပျောက်သွားလေသည်။

ရှီမာယူလီသည် အိမ်ရာပေါ်တွင် လှဲနေသည်။ ဘေဂုံထန်သည် သူ့ဒဏ်ရာများအတွက် ဆေးပေးပြီးသား ဖြစ်သည်။ သို့သော် သူ့ဒဏ်ရာများမှာ ပြင်းထန်သဖြင့် ချက်ချင်း ပျောက်မသွားပေ။

လူတစ်စုသည် အိမ်နားတွင် ဝန်းရံကာ အခြေအနေမှာ တင်းမာနေသည်။ ဘေဂုံထန် မတ်တပ်ရပ်ကာ ပြောလိုက်သည် “ငါ သူတို့်ကို သွားသတ်မယ်”

သူမဘေးတွင် ရှိနေသော ဝူရန်ဖေသည် သူမအား လှမ်းဆွဲကာ ပြောလေသည် “သူတို့က အခုငါတို့ ထွက်လာမှာကို စောင့်နေကြတာ၊ မင်းအခုသွားလိုက်တာနဲ့ သူတို့ထောင်ချောက်ထဲဝင်သွားမှာပဲ”

All Chapters