← Chapters

လက်စားချေခြင်း

Vol. 006 Ch. 558

လက်စားချေခြင်း

Vol. 006 Ch. 558

“ဖုန်း…”

ရှီမာယူယူသည် ရှီမာယူလင်း၏ အိမ်သို့ တဟုန်ထိုးပြေးရာ အထဲမရောက်ခင်ပင် အသံကြားလိုက်ရ သည်။ သူမ အရှိန်မြင့်ကာ အထဲသို့ အလောတကြီးသွားကြည့်ရာ ကွဲနေသော စားပွဲကိုတွေ့လေသည်။ ဘေဂုံထန်သည် ဘေးတွင်ရပ်နေကာ ဒေါသထွက်နေသည်။ သူမသည် အံ့သြစွာ ပြောလိုက်သည် “ဘာတွေဖြစ် နေတာလဲ”

“ယူယူ ဒီကိုဘာလာလုပ်တာလဲ” ဖက်တီးကျူသည် အံ့သြစွာ မေးလေသည်။

ရှီမာယူယူသည် ရှီမန်ဆန်ကို ကုသရန်အတွက် နည်းလမ်းကို စိုးရိမ်တကြီးရှာဖွေနေသည်ကို သူတို့ သိ ကြသည်။ သူမ ထိုအကြောင်းကို သေချာစွာ မပြောသော်လည်း သူမ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အလွန်စိုးရိမ် နေသည်ကို သူတို့သိကြသည်။

သူမသည် သူ့ကို တတ်နိုင်သလောက် မြန်မြန်ကယ်နိုင်ရန်အတွက် ဆေးပညာလေ့လာနေသည်ကို သူတို့သိကြသည်။ သူတို့သည် သူမအား မနှောင့်ယှက်ချင်သဖြင့် ရှီမာယူလီ၏ ဒဏ်ရာအကြောင်းကို မပြောခဲ့ ကြပေ။

သူမ ဘာလို့လာတာလဲ။

ရှီမာယူယူသည် သူတို့မျက်နှာမှ ဒေါသများကို ဖုံးဖိနေသည်ကို ကြည့်ပြီးနောက် အိပ်ရာပေါ်တွင်လှဲနေ သော ရှီမာယူလီအား ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာဖြစ်နေကာ ဘယ်ဘက်ပခုံးမှ ခါးအထိ ရှရာ ဖြစ်နေသည်။ သူသည် ဆေးစားပြီးသော်လည်း ဒဏ်ရာများမှာ ကုထားသော်လည်း ပြင်းထန်တုန်း ပင်ဖြစ်သည်။

သူမ ရှေ့တိုးကာ သူ့လက်ကိုကိုင်ပြီး အခြေအနေကို စမ်းလိုက်သည်။ သူ့ဒဏ်ရာများသည် ပြင်းထန် သော်လည်း အသက်အန္တရာယ်မရှိပေ။ သူအဆင်ပြေသည်ကို သေချာမှပင် သူမ စိတ်အေးရသည်။ သူမသည် သူ့လက်ကိုလွှတ်လိုက်ပြီး အေးစက်သောအမူအရာဖြင့် ပြောလိုက်သည် “သူ့ကို ဒီလိုဒဏ်ရာရအောင်လုပ်တာ ဘယ်သူလဲ”

“ဟိုနေ့က ဝူရန်ဒုံနဲ့ အတူရှိတဲ့လူပဲ” ရှီမာယူလီ ပြောလေသည် “သူတို့အတန်းက ငါတို့အတန်းဘေးမှာ ဒီနေ့ အတန်းပြီးတော့ သူက ပြဿနာလာရှာတာနဲ့ တိုက်ကြတယ်၊ နောက်တော့ နှစ်ယောက်ထပ်ရောက်လာ တယ် သူတို့နှစ်ယောက်လုံးက အံ့ဖွယ်ဘုရင် အဆင့်မြင့်တွေပဲ အဲဒါကြောင့်….”

“ဝူရန်ဒုံ…” ရှီမာယူယူသည် လက်သီးဆုပ်လိုက်သည် “သူက တကယ်ပဲ အစ်ကို့ကို သတ်ဖို့လုပ်တာ လား၊ သူ့ကို မသတ်ရဲဘူးများထင်နေလား”

“အဲတခြား ၂ယောက်က ဘယ်သူတွေလဲ အဲနေ့က ဂိုဏ်းအပေါက်ဝမှာ တွေ့တဲ့လူတွေထဲကပဲလား”

“မဟုတ်ဘူး ဒါပေမဲ့ သူတို့က ဝူရန်ဒုံရဲ့ အမိန့်နဲ့လာတာ” ဝေကျိရွှီသည် ဒေါသဖြစ်နေသာ ရှီမာယူယူကို တွေ့သည်နှင့် ပြောလိုက်သည် “ယူယူ ဒေါသမထွက်နဲ့၊ မင်းနောက်ပိုင်းကို အလုပ်ရှုပ်နေတာ အားလုံးသိကြ တယ်၊ အဲဒါကြောင့် ငါတို့ မင်းကို မပြောတာ၊ ဒါပေမဲ့ သူတို့ကို ဆက်ပြီးသည်းမခံတော့ဘူးလို့ ငါတို့တိုင်ပင်ပြီးသွား ပြီ”

“သူတို့က ငါတို့်ကို သတ်ဖို့ကြိုးစားရဲမှတော့ သူတို့ကို လွှတ်ပေးစရာအကြောင်းမရှိတော့ဘူး” ရှီမာယူရန် ပြောလေသည်။

ဘေဂုံထန်သည် ရှီမာယူယူ ဒေါသထွက်နေသေးသည်ကို မြင်သောအခါ ပြောလိုက်သည် “ယူယူ နင် ဒီကို ဘာလာလုပ်တာလဲ”

“အစ်ကိုငယ် ဒဏ်ရာရသွားတယ်လို့ စီနီယာအစ်ကိုပြောလို့” ရှီမာယူယူသည် မျက်မှောင်ကြုတ်လိုက် သည် “ငါနောက်ကို မကြာခဏလာမှဖြစ်တော့မယ်”

သူမသည် ဝူလင်းယူ ကာကွယ်ပေးထားသဖြင့် စိုးရိမ်မှုမရှိ ဝိဉာဉ်စေတီအတွင်းဝင်ရသော်လည်း သူတို့ အနိုင်ကျင့်ခံနေရသည်ကို ကြည့်မနေနိုင်ပေ။

သူမသည် အံ့ဖွယ်ဘုရင်အဆင့်မြင့် ၂ယောက်နှင့် အံ့ဖွယ်ဘုရင် အလယ်အလတ်အဆင့်တို့က ရှီမာယူလီကို ထပ်ပြီး အနိုင်ကျင့်သည်ကို ထပ်မမြင်ချင်တော့ပေ။

“ညီလေး ၅၊ ငါတို့ကိုယ့်ဘာသာဖြေရှင်းနိုင်တယ်…” အိပ်ရာပေါ်တွင်လှဲနေသော ရှီမာယူလီသည် ခေါင်း ထောင်ပြီး ပြောလေသည်။ သူသည် စကားမဆုံးခင်ပင် ရှီမာယူယူသည် အကြည့်တစ်ချက်ဖြင့် စကားစဖြတ်လိုက် လေသည်။

“နင်တို့ မနက်ဖြန်ကို အတန်းဆက်တက်ကြ၊ နင်တို့ကို လာရန်စတဲ့လူတွေရဲ့ သရုပ်မှန်ကို သေချာ သိ အောင်လုပ်ခဲ့” ရှီမာယူယူ ပြောလိုက်သည် “သူတို့က အစ်ကိုငယ်ကို ဒီလိုဖြစ်အောင် လုပ်ရဲမှတော့ သေဖို့ ပြင် ထားကြတော့”

“အိုခေ”

“အဲလူတွေ နင်တို့ကို ထပ်ပြီး ရန်စရင် သူတို့ကိုရှင်းပစ်မယ်၊ တစ်ခုခုဖြစ်ရင် စီနီယာကိုရှင်းခိုင်းမယ်” ရှီမာယူယူသည် မျက်နှာပြောင်စွာပင် ဝူလင်းယူကို ဆွဲထည့်လိုက်သည်။

“သူတို့ကိုသတ်လိုက်ရင် အဆင်ပြေပါ့မလား” ရှီမာယူလင်း မေးလိုက်သည်။

“မပြောစရာဘာရှိလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းက ငါတို့သူတို့ သတ်လို့မရဘူးလို့ ပြောထားတာမှ မဟုတ် တာ၊ အဲဒီဆရာတွေက ဂရုတောင်စိုက်တာမဟုတ်ဘူး၊ အချိန်ရောက်လို့ လာပြီး ဝင်စွက်ဖက်ရင် စီနီယာကို ရှင်း ခိုင်းလိုက်မယ်၊ ဘယ်သူမှ ဘာမှမပြောရင်တော့ သူ့ကို ဒုက္ခပေးစရာမလိုတော့ဘူးပေါ့၊ တစ်ခုခုဆိုသိရအောင် ငါ့ ပျားတွေကို နင်တို့နားမှာ လွှတ်ထားမယ်၊ အန္တရာယ်ရှိလာမယ်ဆို ငါပြေးလာခဲ့မယ်၊ ငါတို့် အဲဒီ လူအိုကြီးတွေကို ရန်မစမချင်း အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ငါတို့လည်း အစတုန်းက အေးဆေးနေပြီး ပြဿနာမရှာပဲနေမလို့၊ ဒီလိုနေရင်းက ယူလီ ဒဏ်ရာ ရမယ်လို့ ဘယ်သူထင်မှာလဲ၊ ပြီးတော့ တခြားသူတွေက ငါတို့က အနိုင်ကျင့်ရတာလွယ်တယ်လို့ ထင်သွားကြ တော့မှာ” ဝေကျိရွှီ ပြောလိုက်သည်။

“နင်တို့ အထွတ်အထိပ်မိစ္ဆာတွေကို ထပ်ပြီး ဖွက်ထားဖို့မလိုတော့ဘူး၊ နင်တို့ သူတို့နဲ့ မတိုက်နိုင်ရင် ဝိဉာဉ်မိစ္ဆာတိုက်ပွဲသာလုပ်တော့” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ငါတို့အဲလိုလုပ်လိုက်မယ်၊ အခုတော့ ငါတို့ ဝူရန်ဒုံနဲ့အဖွဲ့ကို ဘယ်လိုရှင်းရမလဲဆိုတာ သေချာ တိုင်ပင်လိုက်ဦးမယ်”

နောက်ရက်များတွင် ရှီမာယူယူသည် ဝူလင်းယူ၏ အိမ်သို့မသွားတော့ပေ။ ဝူလင်းယူသည်လည်း ဂိုဏ်း အတွင်း မရှိသည့်ပုံပင်။ သူမသည် သူ့အိမ်သို့ ၂ရက်အကြာတွင်သွားရာ သူသည် ကိစ္စရှိ၍ သွားသည်၊ တစ်ခုခုဖြစ်ပါက ဒုကျောင်းအုပ်အား သွားရှာရန် စာထားခဲ့လေသည်။

“စီနီယာ စကားတစ်ခွန်းမှမပြောပဲထွက်သွားတယ်၊ အဲဒါကို ကျွန်တော့်ကို သင်ပေးချင်သေးတယ် ဟုတ်လား” သူမသည် စာအား တစ်စီစုတ်ဖြဲလိုက်လေသည်။

သို့သော်  သူရေးထားသည်ကို ကြည့်ရသည်မှာ ဘယ်လိုကိစ္စပင်ဖြစ်ပါစေ ဒုကျောင်းအုပ်ကို သွားရှာရ မည့်ပုံပင်။ ထိုသည်မှာ သူသည် ဒုကျောင်းအုပ်နှင့် အတော်အတန် ရင်းနှီးသည်ကို ပြနေသည်။

နောက် ၂ရက်ကြာသောအခါ ရှီမာယူယူသည် အိမ်ထဲတွင် စာဖတ်နေရာ ဝိဉာဉ်စေတီအတွင်းတွင် လှုပ်ရှားမှုရှိနေသည်ကို သူမ ခံစားလိုက်ရသည်။ သူမသည် အာရုံစိုက်ပြီး နားထောင်ပြီးနောက် ပြုံးသွားကာ စာ ဆက်ဖတ်နေလေသည်။

၂နာရီကြာပြီးသောအခါ ရှီမာယူလီတို့အား သတ်ရန်ကြိုးစားခဲ့သောလူများအားလုံး သေသွားကြလေ သည်။

ဂိုဏ်းမှ ကျောင်းသားများသည် လွန်ခဲ့သည့် ရက်ပိုင်းက ရှီမာယူလီ အရိုက်ခံရ၍ သေတော့မည့်ဆဲဆဲ ဖြစ်ခဲ့သည့် အကြောင်းများကို သိကြသည်။ ထို့ကြောင့်ပင် လူအများသည် သူတို့အတွက်သနားသော်လည်း သူတို့အသတ်ခံရသည်ကို ကြည့်နေခဲ့ကြသည်။

သူတို့သည်ဝူရန်မျိုးနွယ်၏  အင်အားကို ကြောက်ရွံ့ဆဲပင်ဖြစ်သည်။

နောက် ၂ရက်အကြာတွင် ထိုအချိန်က ရှီမာယူလီကို ရိုက်နှက်ခဲ့သော အံ့ဖွယ်ဘုရင်အဆင့်မြင့် ၂ယောက်မှာ အသတ်ခံလိုက်ရပြီဖြစ်သည်။ သတ်သူများမှာတော့ ရှီမာယူရန်တို့ပင်ဖြစ်သည်။ သို့သော် သူတို့၏ အင်အားအဆင့်များ ကွာခြားမှုများသဖြင့် ယူလင်း၏ တည်ဆောက်မှု အကူအညီကိုယူရသည်။

ကျောင်းသား ၃ယောက်သေသွားပြီးနောက် ဂိုဏ်းဆရာများပင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ထို ဆရာများသည် ဝူရန်မျိုးနွယ်နှင့် ရင်းနှီးသူများဖြစ်ကြပြီး ရှီမာယူလင်းတို့ကို အပြစ်ပေးလိုကြသည်။ သို့သော် ဒုကျောင်းအုပ်မှ စကားတစ်ခွန်းပြောလိုက်သည်နှင့် သူတို့၏ အတွေးများကို ပြန်ရုတ်သိမ်းရတော့သည်။

သူ ပြောလိုက်သည်မှာ “မင်းတို့က ၃ယောက် ၁ယောက် အနိုင်ကျင့်တုန်းကကျ ဝင်မပါပဲ ပြီးသွားတော့ ကျ ဘယ်လိုဖြစ်ပြီးပါချင်နေရတာလဲ၊ ဂိုဏ်းက အမြဲတမ်း တရားမျှတတဲ့နေရာမှာပဲနေတယ်”

“ဒါပေမဲ့ သူတို့က ကျောင်းသား ၃ယောက်ကို သတ်လိုက်တာလေ” တစ်ယောက်သည် ပြန်ချေပလေ သည်။

“ဒီနှစ်တွေမှာ သေသွားခဲ့တဲ့ ကျောင်းသားတွေလည်းရှိတယ်လေ” အနီရောင်ဝတ်ထားသော အမျိုးသမီး ပြောလိုက်သည် “အရင်က အဲကျောင်းသားတွေသေသွားတော့ ဘာလို့ စောဒကမတက်လဲ၊ ဂိုဏ်းမှာ ကျောင်းသားတွေ မတိုက်ခိုက်ရဘူးလို့ တားမြစ်ထားတာမရှိတော့ သေဆုံးသွားတဲ့လူတွေအတွက် အကြောင်းပြ စရာမရှိဘူး၊ အဲလိုဆိုရင် ရှင်သန်ခြင်းက အသင့်တော်ဆုံးပဲလို့ ဘယ်သူပြောလိုက်တာပါလိမ့်”

အသင့်တော်ဆုံးက ရှင်သန်ခြင်း။ ထိုသည်မှာ ကောင်းကင်ဂိုဏ်း၏ ဒဿနပင်ဖြစ်သည်။  သူတို့သည် ကျောင်းသားအချင်းချင်း တိုက်ခိုက်သည်ကို တားမြစ်ခြင်းမရှိခဲ့ပေ။ အကြောင်းအရင်းမှာ သူတို့သည် အားနည်း သော ကျောင်းသားများအတွက် အရင်းအမြစ်များ အလဟသ မဖြစ်ချင်သောကြောင့်ပင်ဖြစ်သည်။ ထိုလူများ သည် ကောင်းကင်ဂိုဏ်းတွင် စာသင်ရန် မသင့်တော်ပေ။

အနီရောင်ဝတ်ထားသော အမျိုးသမီးသည် ပါးစပိတ်သွားသောလူများ၏ အမူအရာကို ကြည့်ကာ ပျော်ရွှင်သွားပြီး ထပ်ပြောလေသည် “ဘယ်လိုပဲ ဝူရန်မျိုးနွယ်ကို ကူညီမယ်ဆိုရင်တောင် သူတို့က ရှင်တို့ကို ရိုသေတော့မှာမဟုတ်ဘူး၊ သူတို့နဲ့ ရင်းနှီးအောင်လုပ်ဖို့ စိတ်ကူးကို လက်လျော့လိုက်ပါ”

သူတို့၏ အတွေးကို သူမ တည့်တိုးပင်ပြောလိုက်သဖြင့် အားလုံးသည် မျက်နှာပျက်ကာ အင်္ကျိလက်ကို ခါပြီး ထွက်သွားလေသည်။

ဆရာများ၏ အခြေအနေမကောင်းပါက ရှီမာယူယူသည် ဒုကျောင်းအုပ်ကို သွားရှာမည်ဟု တွေးထား သည်။ သို့သော် သူတို့ကို ပြဿနာမရှာသဖြင့် သူမလည်း လျစ်လျူရှုလိုက်သည်။

သုံးရက်ကြာသောအခါ ဆရာဟော်တွင် အချိန်ရသည်ဟု သိရသည်နှင့် သူ့ကို ရှာပြီး ဆေးပညာနှင့် ပတ်သတ်သော မေးခွန်းများကို မေးလေသည်။ သို့သော် သူမ စကားမဆုံးခင်မှာပင် နီရဲပျားများ၏ လှုပ်ရှားမှုကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

All Chapters