ဒီကလူတွေအားလုံးက ဉာဏ်ကောင်းကြတယ်
Vol. 006 Ch. 559
သူမ စိုးရိမ်မှုဖြစ်နေသည်ကို ဟော်လန်သတိထားမိရာ တစ်ခုခုဖြစ်နေပြီဆိုသည်ကို သိသဖြင့် ပြောလိုက် သည် “အခု နားလည်သွားပြီလား နားလည်ပြီဆို ပြန်လိုက်တော့၊ ငါ လုပ်စရာရှိသေးတယ်”
ရှီမာယူယူသည် သွားတော့မည်ဟု ပြောမလို့လုပ်နေတုန်းရှိသေးသည်။ သူမသည် ဟော်လန် ပြောလိုက် သည့်စကားကိုကြားသောအခါ ပြန်ဖြေလိုက်သည် “နားလည်ပါပြီ သင်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာလည်း လုပ်စရာရှိတော့ ကျွန်တော်ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး”
ပြောပြီးနောက်တွင် သူမသည် စာအုပ်များ စုကာ ထွက်ခဲ့လိုက်သည်။
ဟော်လန်သည် သူမ အလျင်စလိုပြေးထွက်သွားသည်ကို ကြည့်ပြီး ခေါင်းရမ်းလိုက်သည် “ဒီကလေးက ဘာလို့ အဲလောက်တောင် လောနေတာလဲ”
သူသည် အစက ရှီမာယူယူကို သင်ပြပေးရန် ကတိပေးလိုက်ရခြင်းမှာ ဒုကျောင်းအုပ်၏ ညွှန်ကြားချက် အရဖြစ်သည်။ နောက်တွင် သူမအား လက်ခံပြီးနောက် သူမသည် အရည်အချင်းရှိသည်ကို သိပြီး သဘောကျ လာသည်။ သူမသည် ရက်အနည်းငယ်အတွင်းပင် စာအုပ်အများအပြားဖတ်ပြီးသည်ဟု စာကြည့်တိုက်မှူးပြော သည်ကို ကြားပြီးနောက် သူမသည် စာများကို ကြည့်ရုံသာကြည့်သည်ဟု ထင်ခဲ့သည်။ သို့သော် ဒီနေ့တွင် ထို စာအုပ်များထဲမှ အကြောင်းအရာများကို စစ်ဆေးလိုက်ရာ သူမသည် လျင်မြန်စွာနှင့် မှန်ကန်စွာ ဖြေနိုင်သည်ကို သိလိုက်ရသည်။ ထိုသည်မှာ သူမသည် စာအုပ်များကို သေချာဖတ်ထားခြင်းဖြစ်သည်။
ရှီမာယူယူ ရုံးခန်းမှထွက်ပြီးသည်နှင့် သူမသည် လူထုပန်းခြံသို့ အပြေးသွားလိုက်သည်။ လာရာလမ်း တွင်လည်း ကျောင်းသားများသည် ထိုနေရာသို့ ပြေးသွားနေသည်ကို မြင်လိုက်ရသည်။ သူတို့ပြေးရင်းနှင့် ပြော သွားကြလေသည် “မြန်မြန် ငါတို့်နောက်ကျနေပြီ ဘာမှကြည့်လိုက်ရမှာမဟုတ်ဘူး”
“အုပ်စုလိုက်တိုက်ကြမှာ၊ မတွေ့တာတောင် အတော်ကြာပြီ” တစ်ယောက်သည် စိတ်လှုပ်ရှားစွာ ပြော လေသည်။
“အုပ်စုဖွဲ့တိုက်မှာ ဟုတ်လား၊ ဘယ်လိုလဲ၊ အဖွဲ့လိုက်လူသတ်သမားလား”
“လူသစ်တွေနဲ့ စီနီယာတွေနဲ့ တိုက်မှာ၊ ဒါပေမဲ့ သူတို့ ဘယ်လိုနောက်ဆုတ်ရမယ်ဆိုတာ မသိသေး ဘူး သူတို့ထပ်ပြီး အသက်ဆက်မရှင်ချင်တော့ဘူးထင်တယ်၊ သူတို့က ဘယ်လိုလုပ် စီနီယာတွေရဲ့ ပြိုင်ဘက်ဖြစ်မှာ လဲ”
“မင်းသေချာမသိသေးဘူးပဲ အဲဒီလူသစ်တွေက စီနီယာ ၂ယောက်ကိုတောင် သတ်ပြီးသွားပြီ ဒါပေမဲ့ ဝူရန်ဒုံတို့က သူတို့ကို လူအများရှေ့မှာ သတ်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ”
“လူသစ်တွေတော့ ဒီတစ်ခါတော့ ကံဆိုးမိုးမှောင်ကျပြီပဲ၊ ဒီတစ်ခေါက်ကို ဝူရန်ဒုံက လူအများကြီးခေါ် လာတယ် ကြားတယ်၊ ပြီးတော့ သူတို့က ၁၀ယောက်ထဲ၊ သူတို့က ဝူရန်ဒုံတို့လောက် သန်မာမှာမဟုတ်ဘူး”
“အဲဒါတော့ မသေချာဘူးလေ၊ သူတို့က အားမနည်းဘူးလို့ကြားတယ် ပြီးတော့ သူတို့အားလုံးမှာ အထွတ်အထိပ်မိစ္ဆာတွေရှိတယ်တဲ့”
“သူတို့အားလုံးမှာ အထွတ်အထိပ်မိစ္ဆာရှိနေတာလား၊ မဖြစ်နိုင်တာ၊ သူတို့က ဒီလောက်ငယ်သေးတာ ဘယ်လိုလုပ် အထွတ်အထိပ်မိစ္ဆာနဲ့ စာချုပ်ချုပ်နိုင်မှာလဲ၊ သူတို့က ဝါးမျိုးခံရမှာ မကြောက်ဘူးလားမသိဘူး”
“သူတို့မှာ တကယ်ပဲ အထွတ်အထိပ်မိစ္ဆာရှိတယ်ဆိုရင် ဘာလို့ အရင်က အဲလောက်စိုးတဲ့အထိ အရိုက် ခံတာလဲ”
“မြန်မြန်သွားကြည့်ရင် သိမှာပေါ့”
ဝူရန်ဒုံသည် လူအများခေါ်လာသည်ဟု ထိုလူများပြောစကားကို ရှီမာယူယူ ကြားသောအခါ ခြေလှမ်း သွက်လိုက်သည်။ သူမသည် လူထုပန်းခြံဆီသို့ မြန်မြန်ရောက်ရန် ဆုတောင်းမိသည်။ သူမ လူထုပန်းခြံဘေး ရောက်သောအခါ အပြင်တွင် လူတစ်စုရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဟော့ဘာယန်အာ၏ အသံ သည် အထဲမှထွက်လာသည်။
“ဝူရန်ဒုံ သူတို့က ကျွန်မသူငယ်ချင်းတွေပါလို့ ပြောထားပြီးသားလေ၊ သူတို့ကို မထိရဘူး ကျွန်မပြေတာ ကို လျစ်လျူရှုတာလား” ဟော့ဘာယန်အာသည် ဝူရန်ဒုံအား ဒေါသဖြင့် မေးခွန်းမေးလေသည်။
“မိန်းကလေးဟော့ဘာကို ကျွန်တော်က ဘယ်လိုလုပ်လျစ်လျူရှုရမှာလဲ၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ညီအစ်ကို ၃ယောက်ကို သတ်သွားတယ်၊ ဒီအတိုင်းလွှတ်ထားပေးစရာ အကြောင်းမရှိတော့ဘူး” ဝူရန်ဒုံ ပြော လိုက်သည် “မဟုတ်ရင် ကျွန်တော့်ညီအစ်ကိုတွေကို တရားမျှတမှုမရတော့ဘူး၊ နောက်ကို ကျွန်တော့်နောက်ကို ဘယ်သူလိုက်တော့မှာလဲ”
“ကျွန်မ မသိဘူးမထင်နဲ့ အဲလူတွေက ရှီမာယူလီကို သတ်ဖို့ အရင်ကြိုးစားတာ၊ သူတို့ ၃ယောက်က အဖွဲ့လိုက် ၁ယောက်ကို ရိုက်တာလေ၊ မျက်နှာပြောင်ရုံတင်မကဘူး သူတို့အတွက် လက်စားချေပေးရဲသေးတာ လား” ဟော့ဘာယန်အာ ပြောလိုက်သည်။
“လက်စားချေတာက တရားမျှတမှုပဲလို့ မိန်းကလေးဟော့ဘာပြောမှတော့ ကျွန်တော်ကလည်း ညီအစ်ကိုတွေအတွက် လက်စားချေပေးရတာပဲ၊ ဒီကိစ္စမှာ မိန်းကလေးဟော့ဘာ ဝင်မပါပါနဲ့လို့ တောင်းဆိုပါ တယ်” ဝူရန်ဒုံဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်ကောင်လေးသည် ပြောလိုက်သည်။
ထိုအချိန်တွင် ဟော့ဘာယန်အာဘေးတွင် ရပ်နေသော ဝမ်ခိုင်သည် ပြောလိုက်သည် “ယန်အာ ဒါက သူတို့ကြားက ကိစ္စပဲ၊ ရှီမာယူလီတို့က သူတို့လူကိုသတ်လိုက်မှတော့ သူတို့လက်စားချေမှာကို ဘာလို့တားနေ တာလဲ”
“နင်က ဘယ်သူ့ကိုယ်စားပြောပေးနေတာလဲ” ဟော့ဘာယန်အာသည် ဝမ်ခိုင်အားကြည့်လိုက်သည်။
“ယန်အာ ဒေါသမထွက်ပါနဲ့၊ ငါကအမှန်ကိုပြောရုံပါ” ဝမ်ခိုင်သည် ဟော့ဘာယန်အာ၏ အေးစက်သော အကြည့်ကို မြင်သည်နှင့် သူမ သဘောမတွေ့သည်ကို သိလိုက်သည်။ သူတို့၏ ရှီမာယူယူနှင့် ပတ်သတ်သော အမုန်းတရားသည် ပိုပိုမြင့်လာသည်။
ရှီမာယူယူသည် လူအုပ်ကြီးကိုဖြတ်ပြီးနောက် ရှီမာယူလင်းတို့ အားလုံး အဆင်ပြေနေသည်ကို တွေ့ လိုက်ရသည်။ တိုက်ပွဲသည် မစသေးသည့်ပုံပင်။ ဟော့ဘာယန်အာသည် ရှေ့ထွက်ကာ တိုက်ပွဲမစခင်ကို တား နေသည်ဟု သူမ ခန့်မှန်းမိသည်။
သို့သော် နှစ်ဖက်ကြားမှ တင်းမာမှုသည် ဓားနှင့်ဖြတ်၍တောင် မပြတ်တော့ပေ။
သူမ လျှောက်သွားကာ ရှီမာယူလင်းတို့ကို ပြုံးပြပြီးနောက် သူတို့ရှေ့တွင် ရပ်လိုက်သည်။
“ကောင်လေး နောက်ဆုံးတော့ရောက်လာပြီပေါ့ မင်း လိပ်ကအခွံထဲမှာပုန်းနေသလို ပုန်းနေ တယ်ထင်နေတာ” ဝူရန်ဒုံသည် သူမအား မြင်သောအခါ သူ့မျက်လုံးများသည် အမုန်းတရားများ တောက်သွားပြီး သူမ သူ့အပေါ် မည်မျှ နင်းခြေ ခံရပုံများကို ပြန်တွေးမိသည်။
“လိပ်က အခွံထဲမှာ ပုန်းနေတယ်ဆိုတာ မင်းကိုပြောနေသလိုပဲ” ရှီမာယူယူ ပြောလိုက်သည် “မဟုတ် ရင် ငါ့အစ်ကိုတွေကို သတ်ဖို့ကို ကိုယ်တိုင်မလုပ်ပဲနဲ့ ဘာလို့တခြားလူတွေကို လွှတ်ရတာလဲ၊ မင်းဒီလိုလုပ်ပြီးရင် နောက်ထပ် အသက်ရှင်နိုင်မလား ဆိုတာ သိလား မသိဘူးလား”
“ယူယူ” ဘော့ဟာယန်အာသည် ရှီမာယူယူအား စိုးရိမ်စွာကြည့်လိုက်သည်။ သူ ထိုအတိုင်းပြောလာ တာက ဝူရန်ဒုံက သူ့ကို တည့်တိုး ဆန့်ကျင်သလိုဖြစ်သွားတာကို မစိုးရိမ်ဘူးလား။
ရှီမာယူယူသည် ဟော့ဘာယန်အာကို ပြုံးပြီး ပြောလိုက်သည် “မိန်းကလေးဟော့ဘာ ကျေးဇူးတင်ပါ တယ်၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့ပြဿနာပါ၊ ကျွန်တော်တို့ဘာသာ ရင်ဆိုင်ရမှာ”
ဟော့ဘာယန်အာသည် ဟော့ဘာဟန်ပြောခဲ့ဖူးသော စကားကို သတိရလိုက်သည်။ ရှီမာယူယူတို့သည် အနိမ့်ပိုင်းတိုင်းပြည်မှ လာသော်လည်း သာမာန်လူများမဟုတ်ကြပေ။ ရှီမာယူယူသည် ဝူရန်ဒုံနှင့် တိုက်ရန် ရွေး လိုက်ခြင်းမှာ ယုံကြည်ချက်ရှိ၍ဖြစ်သည်။ ဝူရန်မိသားစုနှင့် ရှင်းရမည့်အချိန်ရောက်လာလျှင် သူ နည်းလမ်း စဉ်းစားပြီးသားရှိမည်။
သူမ ထိုအကြောင်းတွေးမိလိုက်သည်နှင့် ခေါင်းညိမ့်ကာ နောက်ဆုတ်ပြီး အားလုံးနှင့်အတူ စောင့်ကြည့် လေသည်။
ဟော့ဘာယန်အာ ထပ်ပြီးဝင်မပါတော့သည်ကို ဝူရန်ဒုံမြင်သောအခါ တိတ်တဆိတ်သက်ပြင်းချမိသည်။ တကယ်တော့ သူသည် ဟော့ဘာမျိုးနွယ်နှင့် ကတောက်ကဆဖြစ်ရမည်ကို အမှန်တကယ်ပင် ကြောက်သည်။ အခု ဟော့ဘာယန်အာ ဝင်မပါတော့သည်ကို မြင်သောအခါ လွတ်လပ်သွားပြီး ရှီမာယူယူတို့အား အေးစက်စွာ ကြည့်လိုက်သည်။ ရှီမာယူယူ ရိုက်မည်အလုပ်တွင် သူသည် တစ်စုံတစ်ရာပြောမည်ဟန်ပြင်လိုက်သည်။
“ဝူရန်ဒုံ မင်းက လက်စားချေချင်တယ်လို့ ပြောမှတော့ လက်စားချေဖို့ အကြောင်းပြောကြမယ်” ရှီမာယူယူသည် ပွဲကြည့်ရန်လာကြသော ဝိုင်းနေကြသော လူအများကိုကြည့်လိုက်ပြီး အချက်ပေးမှု အခွင့်အရေး ကိုယူလိုသည်။ မဟုတ်လျှင် သူတို့၏ လေ့လာမှုနှင့် ကျင့်ကြံခြင်းတွင် အနှောင့်အယှက်ဖြစ်လာနိုင်သည်။
“မင်းက ငါတို့လူတွေကို သတ်ပြီးတာကို လက်စားချေဖို့အကြောင်းကို ပြောချင်သေးတယ်ဟုတ်လား” တစ်ယောက်က မဲ့ပြုံးပြုံးလိုက်သည်။
“ဒါပေါ့” ရှီမာယူယူသည် စွမ်းအင်အကုန်မခံတော့ပဲ ခုံတစ်ခုံ ထုတ်ကာ မြေပေါ်ချလိုက်ပြီး ထိုင်ချလိုက် သည်။ သူမသည် အေးဆေးသော အမူအရာဖြင့် စိုးရိမ်မှုမရှိသောပုံဖြင့် “ဒီအကြောင်းပြချက်ကြောင့် ငါ့အစ်ကို ငယ်ကို သတ်ချင်တဲ့အကြောင်းကို မပြောနဲ့တော့၊ အဲဒီ ဉာဏ်ရည်နိမ့်တဲ့လူတွေက ယုံမှာမဟုတ်ဘူး မဟုတ် လည်း မေးကြည့်ပေါ့”
သူမသည် ပွဲလာကြည့်သောလူများကို ညွှန်ပြလိုက်သည်။ ထိုလူများသည် ခေါင်းများပုဝင်သွားကြသည်။ သူတို့က ဝူရန်ဒုံ ဖိအားပေးတာကိုခံရပြီး ဝူရန်ဒုံနဲ့ ဘာမှမဆိုင်ဘူးဟု ပြောလိုက်ခြင်းက အဲလူတွေကို ဉာဏ်ရည် နိမ့်တယ်လို့ပြောလိုက်တာပဲမလား။
ရှီမာယူယူသည် သူတို့ကို အခက်တွေ့အောင်မလုပ်တော့ပဲ ဆက်ပြောလေသည် “ဒီကလူအားလုံးက ဉာဏ်ရည်မြင့်မယ်လို့ ယုံကြည်ပါတယ်၊ အားလုံးနဲ့အတူပဲ သခင်လေးဝူရန်ကလည်း ဉာဏ်ရည်မြင့်မှာပါပဲ၊ အနောက်ကလူတွေက ဉာဏ်မရှိဘူးလို့ ပြောချင်ရင်လည်း ကျွန်တော်မတတ်နိုင်ပါဘူး”
“ဟား”
ဘေးမှလူများသည် မရယ်ရဲကြသော်လည်း ဟော့ဘာယန်အာသည် ချက်ချင်းပင် ရယ်မောလိုက်သည်။
သူမတွင် ထိုအပြုအမူမျိုးရှိမည်ဟု ဘယ်သူထင်ထားမှာလဲ။
“ဟင်း” ဝူရန်ဒုံသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ထိုသို့ပြောလိုက်သည်နှင့် သူတို့သည် သူနှင့် ဘာ ဆက်ဆံရေးမှ မရှိဟု ပြောလိမ့်မည်။ ထိုသို့ဖြစ်သွားပါက သူ့ကို ယုံမည့်သူမရှိတော့ကာ သူသည် လှောင်စရာ ဖြစ် သွားမည်။
“အဲလူတွေက ငါ့အစ်ကိုငယ်ကို သတ်ဖို့ကြိုးစားတယ်ဆိုတာ ဝန်ခံချင်ရင် ပြောလိုက်ပါ၊ ရှင်းပြတာကို တော့ နားထောင်ပါမယ်”