လက်သီးတစ်ချက်
Vol. 006 Ch. 560
“ဒါဆို ငါ့ဆီကဘာလိုချင်တာလဲကို ပြောလိုက်” ဝူရန်ဒုံသည် သူက ကြိုးကိုင်သူဖြစ်ခြင်းကို မငြင်းပယ်ပဲ စကားကို ဆက်ပြောလေသည်။
“ငါ မျက်စိဆို မျက်စိ၊ သွားဆိုသွား ပြန်ရမှ ကျေနပ်ရတဲ့သူ၊ ငါ့ရန်သူတွေ ငါ့အပေါ်သုံးတဲ့နည်းလမ်း အတိုင်း ပြန်သုံးရတာကို ကြိုက်တဲ့သူ၊ မင်းတို့က ငါတို့ကို သတ်ဖို့ကြိုးစားမှတော့ ရှင်းပါတယ်၊ တန်ရာတန်ကြေး အနေနဲ့ မင်းတို့အသက်ကိုလိုချင်တယ်” ရှီမာယူယူသည် အေးဆေးစွာ ပြောလေသည်။
“ငါ့အသက်ကို လိုချင်တယ်ဟုတ်လား၊ ဟားဟားဟား မင်းတို့ လူသစ်လေးတွေကလေ” ဝူရန်ဒုံအနောက် မှ လူအုပ်သည် ရယ်မောကြလေသည် “သခင်လေးဝူရန် သူတို့က ကျွန်တော်တို့ကို သတ်ဖို့ လုပ်ထားမှတော့ ကျွန်တော်တို့လည်း သည်းခံစရာအကြောင်းမရှိဘူး”
ဝူရန်ဒုံခေါင်းညိမ့်ကာ ပြောလိုက်သည် “ဒါဆိုလည်း တိုက်ပွဲဧရိယာကိုသွားကြတာပေါ့”
“စိတ်ဝင်စားစရာပဲ” ရှီမာယူယူ မတ်တပ်ရပ်ကာ ပြောလိုက်သည် “သွားကြမယ်၊ တိုက်ပွဲဧရိယာက ဘယ်လိုလဲဆိုတာ သွားကြည့်ကြတာပေါ့”
တိုက်ပွဲဧရိယာသည် ကျောင်းသားများ၏ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖြေရှင်းသောနေရာဖြစ်သည်။ တခြားနေရာမှာဆိုလျှင် သတ်ဖြတ်ခြင်းကို ခွင့်မပြုပေ။
အရင်က ရှီမာယူလီကို ဂိုဏ်းအတွင်း သတ်ရန်ကြိုးစားစဉ်က ထိုလူများသည် ဂိုဏ်းမှ အပြစ်ပေးခြင်းကို ခံရမည်။ သို့သော် ဆရာများသည် ဝူရန်ဒုံအား မျက်နှာသာပေးသဖြင့် သူတို့အား လွှတ်ပေးခဲ့သည်။
သူတို့သည် တိုက်ပွဲဧရိယာသို့သွားရာ ကြည့်ရန်လာကြသော လူအုပ်မှာလည်း လိုက်လာကြသည်။ ဒီလို အဖွဲ့လိုက် တိုက်ပွဲကို မမြင်ရသည်မှာ အတော်ကြာပြီဖြစ်သည်။
သူတို့ တိုက်ပွဲဧရိယာသို့ ရောက်သောအခါ သာမာန်ကွင်းနှင့် မကွာခြားလှသည့်ပုံပေါ်သည်။ အရွယ် အစား ပိုကြီးသည်သာ ရှိသည်။
“တစ်ယောက်ချင်းစီ လုပ်မလား၊ အကုန်အတူပဲလား” ဝူရန်ဒုံသည် ရှီမာယူယူတို့အား အထင်သေးစွာ ကြည့်လိုက်သည်။
“တစ်ယောက်ချင်းစီက အချိန်ကုန်တယ် အကုန်လုံးပဲ စလိုက်ကြတာပေါ့” ရှီမာယူယူသည် ပြောပြီးသည် နှင့် စင်ပေါ်ကို ပျံသွားရာ ရှီမာယူလင်းတို့လည်း နောက်မှလိုက်လာကြသည်။
ဝူရန်ဒုံသည် သူ့လူများကို မည်သည့်နည်းဖြင့် တစ်ယောက်ချင်းစီပို့ရမည်ကို စဉ်းစားနေသည်။ သူ နည်းနည်းသာ ပို့လိုက်ပါက သူတို့ အနိုင်ရနိုင်ချေမရှိပေ။
“ဘာတွေစဉ်းစားနေတာလဲ ငါ့ကိုသတ်ချင်ရင် အကုန်အတူတက်လာခဲ့လေ” ရှီမာယူယူသည် အပေါ်မှ နေ၍ အော်လေသည်။
“မင်းပြောတာနော်” ဝူရန်ဒုံသည် လက်ဝေ့လိုက်ရာ အားလုံးသည် စင်ပေါ်ပျံသွားကာ ရှီမာယူယူတို့ ရှေ့ သို့ ရောက်သွားလေသည်။
“ခဏလေး ကျွန်တော်လည်း အဲအဖွဲ့ကပဲ ကျွန်တော်လည်း တက်ချင်တယ်” တုလေးသည် ဧရိယာ အပြင်ဘက်မှ အော်လေသည်။ သူသည် စင်အောက်သို့ပြေးလာကာ တက်ချင်နေသည်။
“မလာနဲ့” ရှီမာယူယူ အော်လိုက်သည်။
တုလေးသည် စင်ပေါ်သို့ တက်မည်အလုပ်တွင် ရပ်သွားသည်။ သူသည် ခေါင်းမော့ကာ ရှီမာယူယူ အားပြောလိုက်သည် “အစ်ကိုကြီး ကျွန်တော်လည်း တက်ပြီးအတူတူ တိုက်ချင်တယ်”
“တုလေး ငါတို့ကို အဲအောက်မှစောင့်နေ၊ ငါတို့ကို အဲဒီကနေ အားပေးနေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ တုလေးလည်း တိုက်ချင်တယ်”
“တုလေး လိမ္မာစမ်း” ရှီမာယူယူသည် သူ့အား မစိုးရိမ်နှင့်ဆိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဝူရန်ဒုံတို့ ဘက်လှည့်ကာ ပြောလိုက်သည် “စမယ်”
ရှီမာယူယူသည် သူ့အား မတက်ခိုင်းသည်ကို တုလေးတွေ့သောအခါ အောက်တွင်သာ စောင့်နေပြီး ကြည့်နေလိုက်သည်။
“မင်းတောင်းဆိုတာနော် တိုက်ပွဲကွင်းက သေတာရှင်တာကို ဂရုစိုက်တာမဟုတ်ဘူး၊ ငရဲသွားပြီးသာ စောင့်လိုက်” ဝူရန်ဒုံသည် ပြောရင်းနှင့် မဲ့ပြုံးပြုံးလိုက်သည်။
“ဟုတ်လား မင်းအဲစကားတွေကို ပြန်လက်ဆောင်ပေးမယ်၊ အခုက မင်းရဲ့ နောက်ဆုံးအချိန်ပဲ ပြောချင် တာရှိရင် ပြောထားခဲ့လို့ရတယ်၊ ခဏနေရင် စကားပြောခွင့်မရှိတော့ဘူး” ရှီမာယူယူပြောလိုက်သည်။
“ဟားဟား မင်းကငတုံးလား” ဆုလင်းအာသည် ရယ်မောလေသည် “မင်းတို့မှာ လူဘယ်လောက်ပဲ ရှိလဲဆိုတာ ကြည့်လိုက်၊ ငါတို့က မင်းတို့အားလုံးထက် အားကောင်းတယ်၊ မင်းတို့က ငါ့တို့ကို သတ်ချင်တယ် ဟုတ်လား၊ ဟာသပဲ”
“ခဏနေရင် တွေ့ရပါလိမ့်မယ် ငါ နောက်တာ ဟုတ်မဟုတ်ကို” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ စာချုပ်မိစ္ဆာတွေခေါ်လိုက်”
သူမသည် ဟာစွန်အား ခေါ်ထုတ်ချင်သည်။ အံ့ဖွယ်နယ်ရှင်များစွာ ရှိနေကြသော်လည်း သူတို့သည် ဟာစွန်၏ ပြိုင်ဘက်မဟုတ်ကြပေ။
သို့သော် သူမ ဟာစွန်ကိုခေါ်ထုတ်ရခြင်းမှာ သူတို့ကို အနိုင်ယူရန်မဟုတ်ပေ။
“ဟာစွန် အကုန်လှုပ်ရှားပြီဆိုတာနဲ့ မင်းနေရာတစ်ခုလုံးကို နှေးသွားအောင် ထိန်းချုပ်ရမယ်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
“အိုခေ” ဟာစွန် ပြန်ဖြေလေသည်။
ဟာစွန်အပြင် သူမသည် အိမ်မက်လေးမှလွဲပြီး တခြားသော စာချုပ်မိစ္ဆာများကို ခေါ်ထုတ်သည်။
“ယူယူ ငါ့ကိုမခေါ်ထုတ်တာ တော်တော်ကြာနေပြီ” ဟိန်းသံလေးသည် ချက်ချင်းပင် ရှီမာယူယူ၏ ရင်ခွင် သို့ ခုန်တက်ကာ ပြောလေသည်။
“အခုခေါ်လိုက်ပြီမလား” ရှီမာယူယူသည် သူ့ခေါင်းအားပုတ်လိုက်သည်။
သူမ အပြင် တခြားသူများလည်း စာချုပ်မိစ္ဆာများကို ခေါ်ထုတ်လိုက်သည်။ သူတို့တွင် အနည်းဆုံး အထွတ်အထိပ်မိစ္ဆာ၂ကောင်စီ ရှိကြသည်ကို တွေ့သောအခါ အားလုံးသည် အလွန်အံ့အားသင့်ကြသည်။
“သူတို့က အနိမ့်တိုင်းပြည်ကလာကြတယ်လို့ ပြောတယ်မလား၊ ဘာလို့ အထွတ်အထိပ်မိစ္ဆာအဲလောက် များနေရတာလဲ”
“အဲလူတွေကို မကြည့်နဲ့ဦး အလယ်ကလူကိုကြည့်လိုက်”
“ငါအဲလူကိုသိတယ်၊ ဒီနှစ်ကို ဆေးပညာဌာနကို ဝင်သွားတဲ့တစ်ယောက်ပဲ”
“သူက အဲလူလား၊ ဒီနှစ်ကို သူတစ်ယောက်ပဲရှိတယ်လို့ ကြားတယ်၊ သူ့အတွက် သင်ရိုးမလုပ်ပေးပဲနဲ့ ဆရာဟော်ကိုပဲ သင်ခိုင်းတယ်ပြောတယ်၊ သူက ဆရာဟော်ပြောတဲ့ ပါရမီရှင်ဆိုတာလား”
“ဟုတ်တယ် သူပဲ”
“သူ့သရုပ်မှန်ကို ပြောနေတာမဟုတ်ဘူး သူ့ဘေးက စာချုပ်မိစ္ဆာကိုကြည့်လိုက်”
“များလိုက်တာ အဲဒါအကုန်သူ့ဟာလား”
“တစ်ကောင် နှစ်ကောင် သုံး လေး ငါး၊ အထွတ်အထိပ်မိစ္ဆာ ငါးကောင်၊ သူ့မှာ အထွတ်အထိပ်မိစ္ဆာကို ဘာလို့ အဲလောက် များရတာလဲ”
“၂ကောင်က အသွင်ပြောင်းနိုင်တာပဲ”
“သူက ဘယ်လိုလူမျိုးလဲ”
“ရူးလောက်တယ်၊ အတွင်းဂိုဏ်းမှာတောင်နဲ့ အတွင်းပိုင်းဒေသက အင်အားကြီးတွေတောင်မှ လူတစ်ယောက်ကို အထွတ်အထိပ်မိစ္ဆာ ၅ကောင်ရှိတာ မဟုတ်ဘူး”
“ပြီးတော့ သူက အခုမှ အသက် ၂၀ကျော်ပဲရှိသေးတယ် ကြားတယ်”
“ဘာ အသက် ၂၀ကျော်ပဲဟုတ်လား မဖြစ်နိုင်တာ”
“သူတစ်ယောက်တည်း အသက် ၂၀ကျော် မဟုတ်ဘူး၊ သူ့ဘေးကလူတွေကလည်း ၂၀ က ၃၀ ကြားပဲ”
“အသက်၂၀နဲ့ အံ့ဖွယ်အဆင့်ရောက်တာ၊ ပြီးတော့ သူတို့က အဂ္ဂိရတ်ပညာရှင်၊ တည်ဆောက်မှုသခင်၊ လက်နက်ပညာရှင်နဲ့ မိစ္ဆာထိန်းကျောင်းသူတွေ တစ်ဖွဲ့တည်းဖြစ်နေတာ၊ ပညရှင်အများစုက အားနည်းကြပေ မယ့်… ဒါကတော့ မလွယ်ဘူးပဲ”
“သူတို့ဒီသတင်းတွေကို သိတာလည်း ဖြစ်နိုင်တာပဲ၊ သူတို့လို အရည်အချင်းရှိတဲ့လူက ဘယ်လိုလုပ် အနိမ့်ပိုင်းတိုင်းပြည်ကလာရတာလဲ” တစ်စုံတစ်ယောက်သည် သံသယဖြင့် ပြောလေသည်။
“ဟေး အဲဒါသာ အမှန်ဆိုရင် ဝူရန်ဒုံကတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ”
“ဒါပေမဲ့ သူတို့မှာ အထွတ်အထိပ်မိစ္ဆာများပေမယ့် ဝူရန်ဒုံမှာ သူတို့ထက်သန်မာတဲ့ လူများတယ်၊ အဆုံး သတ်ကတော့ သေချာနေပြီ”
“ဒါဆို စောင့်ကြည့်ကြတာပေါ့”
ဝူရန်ဒုံတို့သည် ရှီမာယူယူနှင့် တခြားလူများ အထွတ်အထိပ်မိစ္ဆာများ ခေါ်ထုတ်လိုက်သည်ကို တွေ့ သည်နှင့် စိတ်လှုပ်ရှားသွားကြသည်။ သို့သော် သူတို့သည် ဂရုမစိုက်ကြပေ။ သူတို့တွင် လူအများရှိကြကာ သူ့လူ များတွင်လည်း အထွတ်အထိပ်စာချုပ်မိစ္ဆာများရှိကြသည်။
“အခုပဲ”
ရှီမာယူယူ ပြောလိုက်သည်နှင့် ဟာစွန်သည် ထိုနေရာ၏ ဆွဲငင်အားကို တိုးလိုက်ကာ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို နှေးကွေးစေပြီး သူတို့၏ တိုက်ပွဲစွမ်းရည်များ ကျသွားစေသည်။ သို့သော် ရှီမာယူယူနှင့်အဖွဲ့ကို တော့ သက်ရောက်မှုမရှိပေ။
နှစ်ဖက်လုံးသည် စတင်လှုပ်ရှားကာ တိုက်ပွဲဧရိယာပတ်လည်မှ ကာကွယ်ရေးအတားအဆီးသည် အသက်ဝင်လာပြီး နှစ်ဖွဲ့လုံးကို တိုက်ပွဲဧရိယာအတွင်း ပိတ်ထားလိုက်သည်။
တစ်ဖက်အဖွဲ့မှ လှုပ်ရှားမှုများနှေးကွေးသွားသည်ကို ဖက်တီးကျူမြင်သည်နှင့် တစ်ယောက်ချင်းစီ မျက်နှာကို ထိုးလိုက်ရာ ထိုလူများသည် ချက်ချင်းပင် မြောက်တက်သွားလေသည်။
ဖက်တီးကျူ ထိုလူကို ထိုးနေသည်ကို ကြည့်ရာ အားလုံးသည် ခေါင်းများကိုရှောင်မိကြလေသည်။ ထို ထိုးချက်သည် သူတို့မျက်နှာကို လာထိမှန်သလိုပင်။