← Chapters

ညီကိုသတ်ပြီးရင် အစ်ကိုရောက်လာတယ်

Vol. 006 Ch. 561

ညီကိုသတ်ပြီးရင် အစ်ကိုရောက်လာတယ်

Vol. 006 Ch. 561

ထိုတိုက်ပွဲသည် ရှီမာယူယူနှင့် တခြားသူများအတွက် မလွယ်ကူလှပေ။ တစ်ဖက်လူသည် သူတို့ထက် အဆင့်တစ်ဆင့်ပင် မြင့်နေသည်။ ဟာစွန်သာ နေရာတစ်ခုလုံးကို ထိန်းချုပ်မထားပါက သူတို့သည် အောင်နိုင် မည့် အခွင့်အရေးရမည်မဟုတ်ပေ။

သို့သော် ခက်ခဲသွားသော်လည်း သူတို့သည် အနိုင်ရလိုက်သည်။ ဝူရန်ဒုံနှင့် သူ့လူများသည် အရိုက်ခံရ ပြီး မြေပေါ်တွင် လှဲသွားကြသည်။ လူအများစုသေသွားကြပြီး တချို့မှာ သေမင်းတံခါးဝရောက်နေကြပြီဖြစ်သည်။

ရှီမာယူယူလျှောက်သွားကာ လက်တစ်ဖက်ပြတ်သွားသော ဆုလင်းအာ၏ ရှေ့တွင်ရပ်ပြီး ပြောလိုက် သည် “ဘယ်လိုလဲ မင်းတို့ရှုံးမှာပါလို့ မပြောဘူးလား၊ ငါမှန်တယ်နော်”

“မင်း… မှာဘာလို့အဲလောက် အထွတ်အထိပ်မိစ္ဆာတွေများနေတာလဲ” ဆုလင်းအာသည် နောက်ဆုံး ထွက်သက်ကို အားတင်းရှုနေရသဖြင့် စကားကို အားလျော့စွာပြောလေသည်။

သို့သော် ရှီမာယူယူ ကြားနိုင်သည်။

“အနိုင်ကျင့်လို့ရတဲ့လူရှိသလို အနိုင်ကျင့်လို့မရတဲ့လူဆိုတာလည်းရှိတယ်၊ ပြောချင်တာက မင်းတစ် ဘဝလုံးကို အနိုင်မကျင့်ပဲနေခဲ့ရမှာ၊ ဘေဂုံထန့်ကို မင်းအနိုင်မကျင့်ခဲ့သင့်ဘူး၊ မင်းနားမလည်လိုက်တာတော့ နှမြောဖို့ကောင်းတယ်” ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားကာ ဘေဂုံထန်အား ပြောလိုက်သည် “သူမက အခု နင့်လက်ထဲမှာ”

ဘေဂုံထန်လျှောက်သွားကာ အေးစက်သောအကြည့်ဖြင့် ဆုလင်းအာကို ကြည့်လိုက်သည်။  ဆုလင်း အာ သည် သူမအမေအား နှိမ့်ချစွာဆက်ဆံခဲ့သည်ကို ပြန်တွေးလိုက်လျှင် ဘေဂုံထန်သည် သူမအား စကားပင် မပြောလိုပေ။ မရင့်ကျက်စဉ်က ပြည့်နှက်နေသော ဒေါသများဖြင့် ဘေဂုံထန် ဓားရှည်အား ဆုပ်ကိုင်ကာ ဆုလင်း အာ၏ နှလုံးတည့်တည့်သို့ ထိုးချလိုက်သည်။

“စွက်”

သူမ ဓားရှည်အားထုတ်လိုက်ချိန်တွင် ဆုလင်းအာသည် သွေးများပန်းထွက်ကာ ရလာသည့် ရလဒ်ကို လက်ခံသည့်အနေနှင့် မိုးပေါ်သို့ ကြည့်နေလေသည်။ သူမသည် ဒီလိုပုံစံအတိုင်းသေရမည်ဟု လုံးဝမထင်ထား ခဲ့ပေ။

ဘေဂုံထန်တို့က သေသွားသင့်တာမလား။ ဘာလို့ သူမတို့က သေသွားရတာလဲ…..

ရှီမာယူယူသည် ဝူရန်ဒုံဘေးလျှောက်သွားကာ သူမ လက်ထဲမှ ဓားရှည်ကို မြှောက်လိုက်ပြီး တစ်ချက် တည်း ခုတ်မည့်ဟန်ပြင်ကာ လွှဲလိုက်သည်။

“ရပ်လိုက်”

ရှီမာယူယူ ခုတ်မည်အပြုတွင် စိုးရိမ်မှုပြည့်နေသော အသံသည် အပြင်မှထွက်လာသည်။ နောက်တွင် ပုံရိပ်တစ်ခုသည် အလျင်စလိုဝင်လာသည်။ ဝူရန်ဒုံအသတ်ခံလိုက်ရပြီကို တွေ့သောအခါ ထိုပထမဆုံး ရောက် လာသော အမျိုးသားသည် ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သူ ပျံတက်ပြီး ကန်လိုက်ရာ ရှီမာယူမင်သည် ချက်ချင်းပင် လွင့်ပျံသွားလေသည်။ သူသည် တိုက်ပွဲဧရိယာအပြင်ဘက် ဖွင့်ထားသော နေရာ သို့ကျသွားလေသည်။

“ညီလေး ၂”

“အစ်ကိုလတ်”

ရှီမာယူယူ ပြေးသွားရာ သူ့ပါးစပ်အပြည့် သွေးများအန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမ လျင်မြန်စွာပင် ဆေးကျွေးလိုက်သည်။

ရှီမာယူမင်အား ပျံတက်သွားအောင် ကန်လိုက်သော အမျိုးသားသည် ဒူးထောက်ထိုင်ပြီး ဝူရန်ဒုံအား ဖက်လိုက်သည်။

“ညီလေး ၁၀ ညီလေး ၁၀”

သို့သော် ဝူရန်ဒုံသည် သူ့အား ပြန်မဖြေနိုင်တော့ပေ။

“အာ…….” ထိုအမျိုးသားသည် အော်ဟိန်းလိုက်ကာ ရှီမာယူယူတို့ဘက်ရှိရာသို့ လှည့်ပြီး ကြောက်မက် ဖွယ်ကောင်းသော အကြည့်ဖြင့်ကြည့်လိုက်သည် “ငါ မင်းတို့်အားလုံးကိုသတ်မယ်”

ထိုအမျိုးသားသည် ဒေါသစိတ်မွှန်နေသည်ကို မြင်သည်နှင့် ပွဲကြည့်သူများလည်း ကြောက်ရွံ့မိကြလေ သည်။

“ဝူရန်ဟိုင်က ဒီကိုဘာလာလုပ်တာလဲ”

“ဒီနေ့က အတွင်းဂိုဏ်းက ကျောင်းသားတွေ လွှတ်ပေးတဲ့နေ့ပဲ၊ ဝူရန်ဟိုင်က အဲအချိန်ဆို အမြဲတမ်း ဝူရန်ဒုံကို လာရှာတယ်လေ”

“ဝူရန်ဟိုင်က ဝူရန်ဒုံရဲ့ အစ်ကိုအရင်းပဲ၊ ပြီးတော့ အတွင်းဂိုဏ်းရဲ့ အင်အားကြီး အယောက် ၂၀၀ ထဲမှာ ပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် သူ ထွက်လာတော့ သူ့အားက အံ့ဖွယ်နယ်ရှင်အဆင့်မြင့်တောင် ရောက်ပြီးပြီ၊ သူ ဒီနေ့ကို ပိုသန်မာလာပြီထင်တယ်၊ အဲဒါကတော့ အန္တရာယ်များတယ်”

ထိုစကားပြောလိုက်သောသူသည် ရှီမာယူယူတို့အား ဝမ်းနည်းစွာ ကြည့်လေသည်။ ဝူရန်ဒုံအား ရှင်းပြီး သော်လည်း ဝူရန်ဟိုင် ထွက်လာသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုအချိန်တွင် လူနှစ်ယောက်ဝင်လာသည်။ ကြည့်ရှုရာနေရာတွင် ထိုင်နေသော ဟော့ဘာယန်အာသည် သူတို့အား လက်ယက်ခေါ်ရာ အပြေးဝင်လာလေသည်။

“နင်တို့ ဒီကိုဘာလာလုပ်တာလဲ” ဟော့ဘာယန်အာဘေးတွင် လာရပ်သော ဟော့ဘာဟန်အား မေး လိုက်သည်။

“ဒီနေ့က အတွင်းဂိုဏ်းက ငါတို့ကို အပြင်သွားခွင့်ပေးတဲ့နေ့ပဲ၊ အဲဒါကြောင့် ငါလာပြီး ကြည့်တာ” ဟော့ဘာဟန် ပြောလေသည် “ဘာတွေဖြစ်နေတာလဲ”

ဟော့ဘာယန်အာသည် အဖြစ်အပျက်များကို ပြောပြီးနောက် ပြောလေသည် “ဟန်၊ အခုဆို ဝူရန်ဟိုင် က ပိုသန်မာလာပြီလို့ ပြောသံကြားတယ်၊ ယူယူတို့က သူတို့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ သူက သူ့လူတွေကို တောင် အားနည်းချက်ကိုင်ပြီး ကစားတတ်တဲ့လူမျိုး သူတို့ကို အလွတ်ပေးမှာမဟုတ်ဘူး၊ ငါတို့ ယူယူတို့ကို ကယ် ဖို့ နည်းလမ်းစဉ်းစားရမယ်”

ဟော့ဘာဟန်သည် သူနှင့်အတူလာသော လူအားကြည့်လိုက်သည်။ ထိုလူသည် ခေါင်းရမ်းကာ ပြော လိုက်သည် “ငါလည်း သူ့ကို မနိုင်ဘူး”

“ငါတို့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်က ဆရာတစ်ယောက် ပေါ်လာဖို့ နည်းလမ်းရှာရမှာပဲ” ဖန်ဝူဟန် ပြောလေသည်။

ထိုလူသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ဆရာတွေက ဘယ်တော့မှ ဒီလိုကိစ္စမျိုးနဲ့ ပြိုင်ပဲဧရိယာကို ရောက်လာမှာမဟုတ်ဘူး၊ သူတို့ရောက်လာရင်လည်း သေကြေပြီးမှရောက်လာတာပဲ၊ အဲဒါကြောင့် တစ်ဖက်လူ က ညှာပေးရင်တော့ရတယ်၊ ဒါပေမဲ့ ဘယ်သူမှ ညှာပေးတာမဟုတ်ဘူး”

ထိုလူသည် သူတို့ထက်ပင် ကျောင်းတွင် ဝါရင့်နေမည်။ ထို့ကြောင့်ပင် စည်းမျဉ်းများအကြောင်းကို ရှင်းလင်းစွာသိနေခြင်း ဖြစ်သည်။

“ဒါဆို ငါတို့ဘာလုပ်ကြမလဲ” ဟော့ဘာယန်အာသည် သူပြောလိုက်သည့်စကားကို ကြားလိုက်သည်နှင့် ပိုပြီး စိုးရိမ်လာသည်။

“စိုးရိမ်စရာမလိုပါဘူး၊ သူ့မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိမယ်လို့ ငါယုံတယ်” ဟော့ဘာဟန်သည် ရှီမာယူယူအား ကြည့်ရင်းပြောလိုက်လေသည်။

ဟော့ဘာယန်အာ ကြည့်လိုက်ရာ ရှီမာယူယူသည် ဒေါသထွက်နေသော်လည်း တုန်လှုပ်ကြောက်ရွံ့နေ ခြင်းမရှိပေ။ ထိုသည်မှာ သူမသည် ဝူရန်ဟိုင်ကိုလည်း ဂရုမစိုက်သည့် ပုံပေါက်နေသည်။

“အစ်ကိုလေး၊ အစ်ကိုလတ်ကို ခေါ်ပြီး အရင်ဆင်းသွားလိုက်” ရှီမာယူယူသည် ရှီမာယူရန်အား ပြော လိုက်သည်။

တစ်ဖက်လူမှ သန်မာသည်ကို ရှီမာယူရန် နားလည်သည်။ သူသည် သူတို့ထက်ပင် အဆင့်နည်းနည်း မြင့်သည်။ ထို့ကြောင့်ပင် သူတို့ကို ဒဏ်ရာရစေခြင်းဖြစ်သည်။ သူ့အား ရှီမာယူယူကို ကိုယ်တွယ်စေခြင်းက ပို ကောင်းမည်။

“မင်းက ထွက်ပြေးချင်တာလား မရဘူး” ဝူရန်ဟိုင်သည် လျင်မြန်စွာပင် ဝိဉာဉ်စွမ်းအင်ကို ထုတ်လိုက်ရာ မီးလုံးသည် ရှီမာယူမင်နှင့် တခြားသူများဆီသို့ ဦးတည်သွားလေသည်။

“ဟာစွန်” ရှီမာယူယူ အော်လိုက်ရာ ဟာစွန်သည် ချက်ချင်းပင် ရပ်တန့်စေလိုက်သည်။ ထိုမီးလုံးသည် သူတို့ရှေ့တွင် ရပ်တန့်ကာ လုံးဝ ရွေ့လျားခြင်းမရှိတော့ပေ။

“ကွဲသွားစမ်း” ဟာစွန်အော်လိုက်သည်နှင့် မီးလုံးသည် အမှန်တကယ်ပင် ကွဲသွားကာ လေထဲတွင် ပျောက်သွားလေသည်။

“လေဟာပြင် ဝိဉာဉ်မိစ္ဆာပဲ” ဝူရန်ဟိုင်သည် ဟာစွန်၏ လှုပ်ရှားမှုကို သတိထားမိကာ အေးစက်သော အမူအရာဖြင့် ပြောလေသည် “နှမြောစရာပဲ မင်းက ငါ့ပြိုင်ဘက်ဟုတ်သေးဘူး”

“မင်းကလည်း ငါ့ပြိုင်ဘက်လို့ ဘယ်တော့မှမတွေးထားပါဘူး” ဟာစွန်ပြောလိုက်သည်။

“ဟား အနည်းဆုံးတော့ မင်းက ဉာဏ်ကောင်းသားပဲ” ဝူရန်ဟိုင်သည် အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

ဟာစွန်သည် နှုတ်ဆိတ်နေသည်။ သူသည် ဝူရန်ဟိုင် နောက်တစ်ကြိမ် ဝိဉာဉ်စွမ်းအင်ဖြင့် တိုက်လာ သည်ကို ကြည့်ကာ ထပ်ပြီး ပျောက်ကွယ်အောင်လုပ်လိုက်သည်။

“မိန်းကလေးဟော့ဘာ ဒီတိုင်ထိပ်က တည်ဆောက်မှုကျောက်တုံးကို ယူသွားပေးပါလား” ရှီမာယူယူ သည် စင်ပေါ်မှနေကာ ဟော့ဘာယန်အာ အားပြောလိုက်သည်။

“ဘာလုပ်ချင်လို့လဲ” ဟော့ဘာယန်အာ ပြောလိုက်သည်။

“သူတို့ကို အပြင်ထုတ်ချင်လို့” ရှီမာယူယူသည် စင်အစပ်နားတွင် ရပ်နေသာ ရှီမာယူလင်းတို့ကို ညွှန်ပြ လိုက်သည်။

ဝူရန်ဟိုင် တိုက်ခိုက်လိုက်ခြင်းကြောင့် ကာကွယ်ရေးအတားအဆီးသည် ပြန်လည် သက်ဝင်လာရာ အားလုံးသည် အထဲတွင် ပိတ်မိနေလေသည်။

“ကောင်းပြီ” ဟော့ဘာယန်အာသည် တိုင်ဆီသို့ လျှောက်သွားကာ ကျောက်တုံးအား ယူလိုက်သည်။ ကာကွယ်ရေးအတားအဆီးသည် ချက်ချင်းပင် ပျောက်သွားလေသည်။

ရှီမာယူလင်းတို့ ထွက်သွားသည်အထိ ရှီမာယူယူစောင့်ကာ ကျောက်တုံးအား နေရာတကျပြန်ထားခိုင်း လိုက်သည်။

ကာကွယ်ရေးအတားအဆီး ပြန်လည်အသက်ဝင်လာသည်။

“အဲကျောက်တုံး ဖယ်လိုက်တာနဲ့ ကာကွယ်ရေးက ပျောက်သွားမယ်ဆိုတာ သူဘယ်လိုသိတာလဲ” အားလုံးသည် ကြက်သေသေသွားကြသည်။

“ဘာလို့လဲဆိုတော့ သူက တည်ဆောက်မှု သခင်ဖြစ်နေလို့ပဲ၊ သူက ကာကွယ်ရေးတည်ဆောက်မှု အကြောင်းလည်း သိတယ်” ဟော့ဘာယန်အာ ပြောလိုက်သည်။

“သြော်” မျက်စိတ်တစ်မှိတ်အတွင်းတွင် ဟာစွန်ဒဏ်ရာရသွားသည်ကို သူတို့မြင်လိုက်ရသည်။

“ဒီဆေးကို စားလိုက်” ရှီမာယူယူသည် ဆေးထုတ်ကာ သူ့လက်ထဲထည့်ပေးလိုက်သည်။ ထို့နောက် သူမ ဝူရန်ဟိုင်ဘက်လှည့်ကာ ပြောလိုက်သည် “ခင်ဗျားကဘယ်သူလဲ”

“ငါက ဝူရန်ဒုံရဲ့ အစ်ကိုပဲ မင်းက သူတို့အားလုံးကို ရှောင်ခိုင်းလိုက်ပြီး မင်းတစ်ယောက်တည်း နေခဲ့တာ ပဲ၊ မင်းက ငါ့အတွက် သွေးတောင်မပူဘူး” ဝူရန်ဟိုင် ပြောလိုက်သည်။

“အဲလိုလား” ရှီမာယူယူ ပြုံးလိုက်သည် “ခင်ဗျားရဲ့ ညီက ကျွန်တော့်ကို အခုလေးတင်ပြောသွားတာ သူတို့က ဒီနေ့အနိုင်ရမှာတဲ့ အခုဘာဖြစ်သွားလဲ”

“မင်း အားက ငါ့နဲ့ယှဉ်လို့မရဘူး၊ မင်းကိုသတ်ဖို့က လမ်းလျှောက်သလောက်ကို လွယ်တယ်၊ ဒီနေ့တော့ မင်း လွတ်ဖို့ အိမ်မက်တောင် မမက်နဲ့” ဝူရန်ဟိုင်သည် ပြောရင်းနှင့် ရှီမာယူလင်းတို့်ကို စိုက်ကြည့်လိုက်သည်။

“ထွက်ပြေးဖို့ဟုတ်လား နောက်ကျရင် ခင်ဗျားကသာ ထွက်မပြေးဖို့ကို မျှော်လင့်ပါတယ်” ရှီမာယူယူ သည် မဲ့ပြုံးပြုံးကာ ပြောလေသည်။

“မင်းလောက်နဲ့ ငါက ထွက်ပြေးချင်ပါ့မလား ဟာသာပဲ”

“ကျွန်တော်တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ၊ ကျွန်တော်က ခင်ဗျားနဲ့ တိုက်မယ်လို့ မပြောလိုက် ပါဘူး” ရှီမာယူယူသည် ဝူရန်ဟိုင်အား လှောင်ပြောင်သော အပြုံးပြုံးပြီး ကြည့်လိုက်သည်။

All Chapters