← Chapters

သူမကို ရန်မစသင့်ဘူး

Vol. 006 Ch. 562

သူမကို ရန်မစသင့်ဘူး

Vol. 006 Ch. 562

အားလုံးသည် ရှီမာယူယူ၏ အပြုံးကိုမြင်သောအခါ တစ်ခုခုကို ကြိုတင်ခံစားမိလိုက်သလိုပင်။

“ယူယူ့အပြုံးက… ဘယ်လိုဖြစ်ပြီး…” ဟော့ဘာယန်အာသည် သူမ ခံစားမှုကို ရှင်းပြချင်သော်လည်း စကားများ ထွက်မလာပေ။

“အနည်းဆုံးတော့ သူအဆင်ပြေမှာပါ” ဟော့ဘာဟန် ပြောလိုက်သည်။

“အစ်ကို  ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ” ဖန်ယူဟန်သည် လျှောက်လာကာ ဟော့ဘာဟန်ဘေးမှ လူကို ပြောလိုက်သည်။

“မင်းဒီရောက်နေတယ်ဆိုတာ သိလို့ လာကြည့်တာ”

“အစ်ကို ယူယူတို့က ကျွန်တော်တို့ကို အရင်ကကယ်ဖူးတယ်” ဖန်ယူဟန်သည် အရိပ်အမြွက်ပေးလိုက် သည်။

“သိတယ် ဟန်က ပြောပြီးသွားပြီ” ဖန်ယုဟန် ပြောလေသည် “ဒါပေမဲ့ တိုက်ပွဲ ဧရိယာမှာတော့ ငါတို့ လည်း ဘာမှမတတ်နိုင်ဘူး”

ဟော့ဘာဟန်သည် အတွင်းဂိုဏ်းသို့ ရောက်သွားသောအခါ သူတို့နှစ်ယောက်တွေ့သည်နှင့် စာမေးပွဲ အတွင်းက ဖြစ်ပျက်သမျှကို ပြောပြခဲ့သည်။ သူတို့သည် ဖန်တံလျှပ်ထဲတွင် အန္တရာယ်ကြုံခဲ့ရခြင်းအကြောင်းကို လည်း ပြောပြသည်။ ရှီမာယူယူတို့က သူတို့ကို ကယ်တင်ခဲ့ကြောင်းလည်း ပါဝင်သည်။

သို့သော် တိုက်ပွဲဧရိယာသည် ပိတ်ပြီးဖြစ်နေရာ သူတို့ဘာမှလုပ်မရပေ။

“စိတ်ချပါ ဘယ်သူကံဆိုးမလဲဆိုတာ မသိသေးဘူး” ဟော့ဘာဟန်ပြောလိုက်သည် “သူတို့ နှစ်ယောက် လုံး အေးဆေးဖြစ်နေတာ မတွေ့ဘူးလား”

ဝူရန်ဟိုင်သည် ရှီမာယူယူ ပြောလိုက်သော စကားအဓိပ္ပာယ်ကို နားမလည်ဖြစ်ကာ ကြည့်လိုက်သည်။ သို့သော် သူ အများကြီးမစဉ်းစားတော့ပဲ သူမဘေးမှ ဝိဉာဉ်မိစ္ဆာကိုညွှန်ပြကာ ပြောလိုက်သည် “မင်းမှာ စာချုပ် မိစ္ဆာတွေများနေပေမယ့် သူတို့က အားကောင်းတာမဟုတ်ဘူး၊ ငါ သူတို့ကို တစ်ကောင်ချင်းစီသတ်လိုက်ရင် မင်း ဒီလိုပဲ ဘဝင်မြင့်နိုင်မလားကြည့်ကြတာပေါ့”

သူ၏ လူသတ်မှုကျူးလွန်တော့မည့် ရောင်ဝါသည် စင်တစ်ခုလုံးပြည့်သွားသည်။ လူအများစုသည် လူသတ်မည့် ရောင်ဝါကို ခံစားမိသည်နှင့် တုန်ယင်နေကြသည်။ သို့သော် ရှီမာယူယူသည် တုန့်ပြန်မှုမရှိပေ။ သူမ ဝိဉာဉ်မိစ္ဆာများသည် ပို၍ စိတ်ကြီးဝင်ပြီး ဟိန်းသံလေးသည် လှည့်ကာ သူ၏ တင်ပါးကိုပြလေသည်။

သူ့ကို ဒီလိုအထင်သေးမှုသည် ဝူရန်ဟိုင်၏ ရင်ထဲမှ ဒေါသကို ပိုပြီး ကြီးလာစေသည်။ သို့သော်သူသည် ဝူရန်ဒုံကဲ့သို့ တဇွတ်ထိုး မလုပ်ပေ။ ရှီမာယူယူ၏ မိစ္ဆာများ၏ အပြုအမူကို မြင်သောအခါ သူသည် ချက်ချင်း မတိုက်ခိုက်ပေ။

“စစ်သူကြီးလုံရိ လူတစ်ယောက်ကတော့ ငှက်လေးကိုသတ်ချင်နေပြီ ထွက်လာပြီး မကယ်ချင်ဘူး လား” ရှီမာယူယူ ပြောပြီးသည်နှင့် စစ်သူကြီးလုံရိသည် တိုက်ပွဲဧရိယာတွင်ပေါ်လာသည်။

လူသားအသွင်နှင့် မိစ္ဆာတစ်ကောင်ပေါ်လာသည်ကို ကြည့်ပြီး အားလုံးသည် အံ့သြသဖြင့် ခုန်မတက်ဖြစ် သွားသည်။ သူမက နောက်ထပ် စာချုပ်မိစ္ဆာရှိနေတာလား။

“အဲဒါ သူ့စာချုပ်မိစ္ဆာထဲက တစ်ကောင်မဟုတ်ဘူးပဲ” ဖန်ယုဟန်သည် သေချာစွာ ပြောလိုက်သည်။

“ဟုတ်တယ် သူတို့က စာချုပ်ဆက်ဆံရေးမဟုတ်ဘူး၊ သူဆန္ဒနဲ့ရောက်လာတာပဲ” ဟော့ဘာဟန် ပြော လိုက်သည်။

“မင်း ဘယ်သူလဲ” ဝူရန်ဟိုင်သည် ရုတ်တရက်ပေါ်လာသော လူကိုတွေ့သောအခါ စိုးရိမ်တကြီးမေးလေ သည်။

“ဂဠုန်လုံရိ”

ဝူရန်ဟိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့နာမည်သည် ရင်းနှီးနေသော်လည်း မည်သူဖြစ်သည် ကို ပြန်ဖော်၍မရပေ။

ရှီမာယူယူသည် ကြင်နာစွာဖြင့် သူ့ကို သတိပေးလိုက်လေသည် “တောင်ပံလေးခု ဂဠုန်မျိုးနွယ်မှာ စစ်သူကြီးလေးယောက်ရှိတာ သိတယ်မလား”

သူ ထိုစကားကိုကြားလိုက်သောအခါ ဝူရန်ဟိုင်သည် မသိလိုက်ပဲနှင့် ခြေတစ်လှမ်းနောက်ဆုတ်မိလေ သည်။ သူသည် ဂဠုန်လုံရိကို ညွှန်ပြကာ ပြောလိုက်သည် “မင်းက စစ်သူကြီးလေးယောက်မှာ အဆင့် ၁ ဂဠုန် လုံရိပဲ၊ မင်းက တောင်ပံလေးခု ဂဠုန်ရဲ့ မျိုးနွယ်ဝင်ပဲ”

“ခင်ဗျားက သူ့အကြောင်းကိုတော့ သိသားပဲ” ရှီမာယူယူ ပြောလိုက်သည်။

“စစ်သူကြီးလုံရိ ခင်ဗျားက လူသားတွေကိစ္စမှာ ဘာလို့ဝင်ပါတာလဲ၊ ခင်ဗျားက ဒီလူသားကို သခင် တစ်ယောက်အနေနဲ့ သတ်မှတ်လိုက်တာလား” ဝူရန်ဟိုင်သည် သူ့စိတ်ထဲမှ ကြီးထွားလာသော ကြောက်စိတ်ကို ဖိနှိပ်ကာ အေးစက်သော အသွင်ကို အတင်းယူထားလေသည်။

သူသာ ဂဠုန်လုံရိနှင့် တိုက်ရမည်ဆိုပါက နိုင်နိုင်ချေမရှိပေ။ သူ့တင်မဟုတ်ပေ။ သူ့မျိုးနွယ်တစ်ခုလုံး လာလျှင်တောင် သူတို့သည် တောင်ပံလေးခုဂဠုန်များကို ရင်ဆိုင်နိုင်ခြင်းမရှိပေ။ သူက ရှီမာယူယူ့ကို ဘာလုပ်ရ တော့မှာလဲ။

“မင်းက င့ါဘုရင်ကိုသတ်ချင်နေတာလေ” စစ်သူကြီးလုံရိသည်အေးစက်စွာ ပြောလေသည်။

သူ့တာဝန်သည် ငှက်လေးကို ကာကွယ်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ငှက်လေး၏ သခင်ကို လည်း ကာကွယ်ရန်လိုအပ်သည်။ အခု တစ်စုံတစ်ယောက်သည် သူမကို သတ်ချင်နေသည်ဖြစ်ရာ သူ့ဘုရင်ကို သတ်ချင်သည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်မလား။

“စစ်သူကြီးလုံရိ ကျွန်တော်က ဘယ်တော့မှ ခင်ဗျားရဲ့ ဘုရင်ကို သတ်ဖို့မကြိုးစားဖူးဘူး၊ နားလည်မှုလွဲ နေတာဖြစ်မယ်” ဝူရန်ဟိုင် ပြောလေသည်။

“ဘယ်လိုလုပ် နားလည်မှုလွဲတာဖြစ်မလဲ” ငှက်လေးသည် ရှီမာယူယူ၏ ပခုံးပေါ်တက်ကာ သူ့ လက်သည်းများဖြင့် ညွှန်ပြကာ ပြောလေသည် “မင်းက ငါတို့ကိုသတ်ချင်နေတာပဲ”

“မင်းတို့က မင်းတို့လေး၊ တောင်ပံလေးခုဂဠုန်က တောင်ပံလေးခုဂဠုန်လေ၊ ဘယ်လိုလုပ် သူတို့နဲ့ ဆိုင် မှာလဲ” ဝူရန်ဟိုင် ပြောလိုက်သည်။

ဟိန်းသံလေးသည် သူ့အား ဆွံ့အစွာကြည့်ကာ အထက်စီးဆန်စွာ ပြောလိုက်သည် “ခင်ဗျားက တုံးတာ လား ဘာလား၊ ငှက်လေးက ယူယူရဲ့ စာချုပ်မိစ္ဆာဖြစ်ပြီး ဂဠုန်တွေရဲ့ ဘုရင်ပဲ၊ ခင်ဗျားက ငါတို့ကို သတ်ချင်မှ တော့ ဂဠုန်တွေရဲ့ ဘုရင်ကိုသတ်ချင်တာပဲမလား၊ ခင်ဗျားက သူတို့ဘုရင်ကို သတ်ချင်တုန်းကသတ်ချင်ပြီး အခု မှ ဘာမှမဆိုင်ဘူးတဲ့လား၊ ခင်ဗျားက ဉာဏ်ရည်မမှီဘူးလား”

“မင်းက ဂဠုန်တွေရဲ့ ဘုရင်လား” ဝူရန်ဒုံသည် ငှက်လေးအား မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။

“ငှက်လေး သူက မင်းကိုမယုံဘူး၊ မင်းရဲ့ မူလပုံစံပြောင်းပြီး သူ့ကို ကြည့်ခိုင်းလိုက်” ရှီမာယူယူသည် ခြေလှမ်း ၂လှမ်းဆုတ်ကာ ခုံထုတ်ပြီး ထိုင်လိုက်သည်။ ဟိန်းသံလေးသည် ချက်ချင်းပင် သူမ ပေါင်ပေါ်တက်ပြီး ထိုင်လိုက်သ်ည။

ငှက်လေးသည် သူ၏ မူလပုံစံပြောင်းကာ စင်ကို တစ်ပတ်ပတ်ပြီး ရှီမာယူယူဘေးသို့ ပြန်လာလိုက်သည်။

လူအများသည် မြင့်မြတ်သော ဒဏ္ဍာရီလာဂဠုန်ကိုတွေ့သောအခါ ဂဠုန်မျိုးနွယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်သတိရသွားကြသည်။

“အခုမှတ်မိပြီ၊ တောင်ပိုင်းခုနစ်ခုမြောက်ပြည်နယ်မှာ ဂဠုန်ဘုရင်ပေါ်လာပြီး မြင့်မြတ်တဲ့ ဒဏ္ဍာရီလာ ဂဠုန်အဖြစ် ပြောင်းသွားတယ်လေ၊ သူက လင်းယုန်တွေကိုတောင် အပြတ်ရှင်းခဲ့သေးတယ်၊ ဂဠုန်တွေရဲ့ ဘုရင် ကို ဒီမှာတွေ့ရမယ်လို့ ဘယ်သူထင်မှာလဲ”

“ဂဠုန်တွေရဲ့ ဘုရင်၊ ငါတကယ်ပဲ မျက်လုံးနဲ့ ကိုယ်တိုင်မြင်နေရတာပဲ”

“သူက ဂဠုန်တွေရဲ့ ဘုရင်နဲ့ စာချုပ်ချုပ်ထားမယ်လို့ ဘယ်သူထင်မှာလဲ၊ အံ့သြစရာကြီး”

“အစက လူသစ်တွေနဲ့ ဝူရန်မျိုးနွယ်နဲ့ တစ်ပွဲတစ်လမ်းဖြစ်ပြီထင်တာ၊ ဒါပေမဲ့ ဝူရန်မျိုးနွယ်တော့ ကိုယ့် သေတွင်းကိုယ်တူးမိပြီထင်တယ်”

ဟော့ဘာယန်အာ၏ မျက်လုံးများပြုးလာကာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူမ မျက်နှာသည် မယုံကြည်မှုများပြည့်နေသည်။

ထို့ကြောင့်ပင် ရှီမာယူယူသည် ဝူရန်မျိုးနွယ်ကိုလုံးဝ မကြောက်တာကိုး။ ဂဠုန်များ၏ ဘုရင်နှင့် စာချုပ်ချုပ်ထားသူမှာ ရှီမာယူယူဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိခဲ့ပေ။

ဂဠုန်များ၏ ဘုရင်…. ဆိုလိုသည်မှာ ဂဠုန်မျိုးနွယ်တစ်ခုလုံးသည် သူ့အမိန့်ကို နာခံကြသည်။ ထိုကဲ့သို့ လူမျိုးသည် ဟော့ဘာမျိုးနွယ်၏ သခင်မလေးဟူသော သူမကိုပင် မှေးမှိန်သွားစေသည်။

ဝူရန်ဟိုင်၏ အမူအရာသည် ဝမ်းချုပ်ထားသော လူတစ်ယောက်ကဲ့သို့ မအီမသာဖြစ်နေသည်။ သူ သည် ကြမ်းပေါ်မှ အလောင်းများကို မြင်သောအခါ သူတို့ကို ပိုင်းဖြတ်မိချင်သည်။ သူတို့သည် အသက်ဆုံးရှုံးသွား သော်လည်း သူ့မှာတော့ ဂဠုန်ဘုရင်ကို ရန်သွားစမိနေတယ်လေ။ ထိုအရာမှာ မျိုးနွယ်အတွက် ပြဿနာကြီး တစ်ခု ဖြစ်လာနိုင်သည်။ ဝူရန်မျိုးနွယ်သည် ငှက်မျိုးနွယ်တစ်ခုတည်းကိုတော့ ကြောက်ရွံ့ခြင်းမရှိပေ။ သို့သော် ဂဠုန်မျိုးနွယ် တစ်ခုလုံးဆိုလျှင်တော့ မျိုးနွယ်တွေဘယ်လောက်တောင်ဖြစ်သွားမှာလဲ။ မျိုးနွယ် ၁၀ခုလား၊ မျိုးနွယ် အခု ၁၀၀လား။ သူတို့သာ အားလုံးစုဝေးလိုက်ရင် ဝူရန်မျိုးနွယ်က တစ်စိုးတစိမှ မကျန်အောင် အရှင်းခံ ရတော့မယ်။

“စစ်သူကြီးလုံရိ ဒီလူက အခုပဲ ငါ့ကိုသတ်ဖို့လုပ်ခဲ့တယ်၊ ဒီလိုရက်စက်ပြီး ညှာတာမှုမရှိတဲ့ လူအတွက် ဘယ်ဟာက မှန်ပြီး ဘယ်ဟာကမှားလဲဆိုတာ ပြလိုက်၊ အခုပဲရှင်းလို့ရပြီ” ငှက်လေး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဘုရင်” စစ်သူကြီးလုံရိသည် လူသားမျိုးနွယ်ဆိုလျှင် တွေဝေနေခြင်းမရှိပေ။ ထို့အပြင် ထိုလူ သည် အံ့ဖွယ်နယ်ရှင်အဆင့်မြင့်ရောက်ခါစဖြစ်သည်။

တစ်ချက်မျှ လှုပ်ရှားလိုက်သည်နှင့် ဝူရန်ဟိုင်ကို ဇီဝိန်ချုပ်စေသည်။ သူသည် စင်ပေါ်တွင် တစ်ပတ်လှည့် ပြီးနောက် ရှီမာယူယူ ဘေးသို့ပြန်လာလေသည်။

သူ တစ်ချက်အကြည့်ခံလိုက်ရသည်နှင့်ပင် ပွဲကြည့်နေသော လူများသည် လည်းပင်များပုဝင်သွားကြ လေသည်။ အထူးသဖြင့် ရှီမာယူယူတို့အား ပြဿနာရှာရန် ကြိုးစားကြသောလူများဖြစ်သည်။

“ကျွန်တော် ရှီမာယူယူက လူတစ်ယောက်ကို ပြဿနာရှာရတာ ကြိုက်တဲ့လူမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကို ကြောက်တယ်လို့ ဆိုလိုတာမဟုတ်ဘူး၊ မင်းတို့က ကျွန်တော်တို့်ကို ပြဿနာမရှာရင် ကျွန်တော်တို့ကလည်း ပြဿနာမရှာဘူး၊ ဒါပေမဲ့ မင်းတို့က ကျွန်တော့်ရဲ့သည်းခံမှုကိုစမ်းသပ်ချင်တယ်ဆိုရင်တော့ ဒီနေ့ဖြစ်သလို ထပ် ဖြစ်လာမယ်” ရှီမာယူယူသည် သူတို့အား လက်ရမ်းပြလိုက်သည်။

တစ်ဖွဲ့လုံးကို ရှင်းပြီးသည်နှင့် တိုက်ပွဲဧရိယာ၏ ကာကွယ်ရေးအတားအဆီးသည် ကွယ်ပျောက်သွား လေသည်။ သူမ မတ်တပ်ရပ်ကာ ဝိဉာဉ်မိစ္ဆာများနှင့် သူမခုံကို သိမ်းလိုက်ပြီး အလောင်းများကို ဖြတ်ကျော်ကာ စင်ပေါ်မှ ဆင်းလာလေသည်။

“ဘေဂုံ ငါ့အစ်ကိုလတ်ကို အရင်ခေါ်သွားလိုက်”

“အင်း” သူမသည်လည်း အစောက ဒဏ်ရာအနည်းငယ်ရထားသည်။ သူတို့သည် ရှီမာယူမင်၏ ဒဏ်ရာ ကို စိုးရိမ်မှုနည်းသွားသည်။

“ယူယူ” ဟော့ဘာဟန်သည် လျှောက်လာပြီး သူမကို နှုတ်ဆက်လေသည်။

“ခင်ဗျားလည်း ထွက်လာတာလား၊ ခင်ဗျား ဒီရောက်နေမှတော့ ကျွန်တော်နဲ့ လိုက်ခဲ့လိုက်၊ ခင်ဗျား အတွက် ပစ္စည်းကောင်းပေးစရာရှိတယ်”

All Chapters