← Chapters

ဒီကျောက်စိမ်းဆွဲသီးကို ဘယ်ကရတာလဲ

Vol. 006 Ch. 563

ဒီကျောက်စိမ်းဆွဲသီးကို ဘယ်ကရတာလဲ

Vol. 006 Ch. 563

“သခင်လေးရှီမာ ကျွန်တော်တို့ရော အတူလိုက်လို့ရမလား” ဖန်ယုဟန်သည် မေးလိုက်သည်။

ရှီမာယူယူသည် ဖန်ယုဟန်အားကြည့်လိုက်သော်လည်း သူ့ကို သူမ မသိပေ။

“ကျွန်တော်က ဖန်ယုဟန်၊ ဝူဟန်ရဲ့ အစ်ကိုကြီးပါ” ဖန်ယုဟန်သည် ပြုံးပြီး သူ့ကိုယ်သူမိတ်ဆက်လေ သည် “ကျွန်တော်ဒီတစ်ခေါက်ကို ဟန်နဲ့အတူ ထွက်လာခဲ့တာပါ”

ဖန်မျိုးနွယ်ဝင်လား။

သူမ ခေါင်းညိမ့်ပြီးနောက် တိုက်ပွဲတွင် ကျခဲ့သော အလောင်းများကို ရှင်းလင်းရန် ကျွမ်းကျင်သူကို ရှာဖွေ လိုက်သည်။ ထို့နောက်တွင် သူမသည် ဟော့ဘာဟန်တို့အား ခြံဝန်းအတွင်းခေါ်ခဲ့လေသည်။

ဝမ်ခိုင်နှင့် မူလင်းတို့လည်း လိုက်လာရန် ဟန်ပြင်ကြသော်လည်း ရှီမာယူယူသည် အားနာသလို ပြုံးပြပြီး ပြောလေသည် “ကျွန်တော့်အစ်ကိုနဲ့ တခြားသူတွေက ဒဏ်ရာရထားကြတယ်၊ အဲဒီတော့ လူအများကြီးလိုက် လာလို့ အဆင်မပြေဘူး”

“ဒါဆို ကျွန်တော်တို့ နောက်တစ်ခါမှ လာလည်ပါဦးမယ်” မူလင်းနှင့် ဝမ်ခိုင်တို့သည် ရှက်ကိုးရှက်ကန်း နှင့်ပြောလေသည်။

သူတို့ထွက်သွားသည်နှင့် ရှီမာယူယူသည် ဟော့ဘာဟန်တို့ သုံးယောက်အား သူမနေရာသို့ ခေါ်သွား လေသည်။

“ကျွန်တော့်ကို ဒီမှာခဏစောင့်ပေးပါ၊ ကျွန်တော့်အစ်ကိုလတ်ကို အရင်သွားကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် သူတို့အား ဧည့်ခန်းသို့ခေါ်သွားကာ လက်ဖက်ရည်ဖြင့် ဧည့်ခံပြီး ထွက်သွားလေသည်။

ရှီမာယူမင် ပြန်လာသောအခါ သူသည် အိပ်ပျော်နေခဲ့သည်။ ထို့နောက်တွင် သူ ဆေစားပြီးနောက် ပို သက်သာလာသည်။ ရှီမာယူရန်သည် သူ့ဘေးတွင် ဂရုစိုက်ပေးနေသည်။

“အစ်ကိုလေး၊ ဒီနေ့ပွဲပြီးတော့ ဂိုဏ်းကလူတွေက အစ်ကိုတို့ကို ထပ်ပြီးတော့ မနှောင်ယှက်ရဲတော့ဘူး၊ ကျွန်တော်လုပ်စရာလေးရှိလို့ ၂ရက်တော့ ခဏထွက်သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟော့ဘာဟန်နဲ့လုပ်စရာရှိလို့လား” ရှီမာယူရန် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူခေါင်းညိမ့်ပြီး အနည်းငယ် နားပူနားဆာလုပ်ပြီး ထွက်သွားလေသည်။

သူမသည် ဧည့်ခန်းသို့သွားလိုက်ချိန်တွင် သူတို့သည် လက်ဖက်ရည်သောက်ပြီးနေပြီ။ သို့သော် ဟော့ဘာဟန်နှင့် ဖန်ယုဟန်တို့တွင် ကျန်နေသေးသည်။

“မိန်းကလေးဟော့ဘာ ဘယ်သွားလိုက်တာလဲ”

“ကျွန်တော် သူ့ကို အိမ်ပြန်ခိုင်းလိုက်တာ” ဖန်ယုဟန် ပြောလေသည်။

ဟော့ဘာဟန် ခေါင်းညိမ့်ကာ ပြောသေလည် “သူမကို မသိစေချင်တာရှိလို့”

“သခင်လေးဟော့ဘာက သခင်လေးဖန်ကိုတော့ ယုံတယ်ထင်တယ်” ရှီမာယူယူ မှတ်ချက်ပေးလေ သည်။

“ကျွန်တော် အန္တရာယ်ဖြစ်တဲ့အချိန်တွေမှာ သူက ကျွန်တော့်ကိုကယ်ခဲ့တယ်လေ” ဟော့ဘာဟန်သည် ဝေ့ဝိုက်မနေပဲ “အဲဒါကြောင့် သူက ကျွန်တော့်လက်ရှိအခြေအနေကို သိနေတယ်”

ရှီမာယူယူသည် ထိုအကြောင်းအား ဘာမှမပြောပေ။ သူမသည် သူတို့ဘေးရှိ ခုံဆီသို့ လျှောက်သွားကာ ထိုင်ချပြီး ပြောလိုက်သည် “အရင်ဆုံး ခင်ဗျားရဲ့ သွေးကြောကို စမ်းကြည့်ဦးမယ်”

“ကောင်းပါပြီ” ဟော့ဘာဟန်သည် သူ့လက်တစ်ဖက်ကို လက်ဖက်ရည်စားပွဲတွင်တင်လိုက်ရာ ရှီမာယူယူသည် သူ့လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများတင်လိုက်ပြီး သူ့အခြေအနေကို စစ်ကြည့်လေ သည်။

ဖန်ယုဟန်သည် သူမ အလေးအနက်ဖြစ်နေသည်ကို ကြည့်ကာ တိုက်ပွဲကွင်းအတွင်းက ရန်လိုသော လူ နှင့် ဆက်စပ်၍မရဖြစ်နေသည်။

ခဏအကြာတွင် သူမသည် လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် လုပ်ပေးတဲ့ အပ်စိုက်ကုထုံးက သက်ရောက်မှုရှိတဲ့ပုံပဲ၊ ခင်ဗျားအခြေအနေက အဆိုးဆုံးမဟုတ်တော့ ဘူး”

“ကျွန်တော်လည်း ခံစားမိပါတယ်၊ ကျွန်တော့်ခန္ဓာကိုယ်က အရင်ကထက်ပိုကောင်းလာပြီး ကျင့်ကြံတဲ့ နေရာမှာလည်း အရင်ကထက်ပိုမြန်လာတယ်” ဟော့ဘာဟန် ပြောလေသည်။

“အတွင်းဂိုဏ်းက အချိန်ဘယ်လောက် ထွက်ခွင့်ပေးလိုက်တာလဲ” သူမသည် သူ့အချိန်ဇယားပေါ် မူတည်ပြီး စီစဉ်ရန်ဖြစ်သည်။

“သုံးလ” ဟော့ဘာဟန် ပြန်ဖြေလိုက်သည်။

“သုံးလ အာ…” ရှီမာယူယူသည် စားပွဲအား ညင်သာစွာခေါက်ပြီး ခေတ္တမျှစဉ်းစားကာ ပြောလိုက်သည် “အဲလိုဆိုရင် ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ အပ်စိုက်ပေးပြီး ဆေးလည်း ပြင်ပေးမယ်၊ ပြီးတော့ သုံးလ တစ်ကြိမ် ကျွန်တော့်ကိုလာရှာပါ၊ ၁နှစ်ကြာရင်တော့ လုံးဝပျောက်သွားအောင် ကုပေးနိုင်တယ်”

“၁နှစ်လား” ဖန်ယုဟန်သည် တိုးညင်းစွာ အော်လိုက်သည်။

၁နှစ်ဆိုသော အချိန်သည် ရှည်လျားသည်ဟု သူခံစားနေမိသည်ဟု ရှီမာယူယူထင်ကာ ရှင်းပြလေသည် “၁နှစ်ဆိုတာက ခန့်မှန်းခြေပါ၊ ခင်ဗျားရဲ့ အဆိပ်ကို ကုဖို့ ဆေးဖော်ဖို့ပြင်ဆင်ဖို့ဆိုရင် မတူညီတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို ဖော်စပ်ဖို့ နည်းလမ်းလည်းရှာရဦးမယ်၊ ကျွန်တော် ဆေးကို အောင်အောင်မြင်မြင် ဖော်နိုင်ရင် တော့ အကောင်းဆုံးပေါ့၊ အရေးအကြီးဆုံးက အဲဆေးဖက်ဝင်ပစ္စည်းတွေက ရှာရတာခက်တယ်၊ ကျွန်တော် အဲဒီ ဆေးဖက်ဝင်ပစ္စည်းတွေရှာဖို့ အချိန်လိုမယ်၊ ဒါပေမဲ့ ၁နှစ်လောက်တော့ အချိန်လိုဦးမှာပဲ”

“သခင်လေးရှီမာ အထင်လွဲနေပြီ ကျွန်တော်ပြောတာ ၁နှစ်က အချိန်ကြာတယ်လို့ ပြောတာမဟုတ်ဘူး” ဖန်ယုဟန် ရှင်းပြလေသည်။ “ခင်ဗျားက သူ့ကို ၁နှစ်အတွင်း ကုပေးမယ်ဆိုလို့ အံ့သြသွားတာ၊ အချိန်က လုံးဝ မထင်မှတ်ထားသလောက်ကို တိုတယ်”

“ကျွန်တော်ကလည်း အဲ၁နှစ်ဆိုတာက ခန့်မှန်းခြေလို့ပြောတာပါ၊ ကျွန်တော်သာ ဆေးဖက်ဝင်ပစ္စည်း တွေကို ချောချောမွေ့မွေ့ဖော်နိုင်ရင် ၁နှစ်တောင်မလိုဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ခင်ဗျားလိုတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေစာရင်းကို ရေးပြီး ကျွန်တော့်ကိုပေးလိုက်ပါ၊ ကျွန်တော့်လူတွေ ကို ရှာပြီးပြင်ခိုင်းထားလိုက်မယ်” ဟော့ဘာဟန်သည် သူ့ခန္ဓာကိုယ်ကို ၁နှစ်အတွင်း ကုသပြီးမည်ဟု သူမ ပြော စကားကိုကြားလိုက်သောအခါ အလွန်ပင် ကျေးဇူးတင်မိလေသည်။ သူသည် ထိုအဆိပ်၏ သက်ရောက်မှုကို ဆယ်စုနှစ် တချို့ခံစားပြီးဖြစ်လေသည်။ အခု ၁နှစ်အတွင်း ကုသပေးမည်ဟု ကြားသောအခါ အိမ်မက်မက်နေ သည်ဟု ထင်မိလေသည်။

“အခုတော့ မလိုသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် အခု လိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်း တွေကို သေချာ လေ့လာရဦးမယ်၊ နောက်တစ်ခါ ခင်ဗျား ကျွန်တော့်ကိုလာရှာတဲ့အချိန်ကျရင် ဘာတွေလိုလဲ ဆိုတာ ပြောမယ်လေ၊ အခုတော့ ခင်ဗျားသွေးနည်းနည်းလိုမယ်”

“သွေးလား”

ဖန်ယုဟန်နှင့် ဟော့ဘာဟန်တို့သည် ကြက်သေသေသွားကြလေသည်။

အဆိပ်မိတဲ့သူကို ကုဖို့ သွေးလိုလို့လား။ သူမက သူ့သွေးတွေကို အကုန်စုပ်မလို့တော့မဟုတ်ဘူး မလား။

သူတို့ အမူအရာများကို ရှီမာယူယူတွေ့သည်နှင့် သူတို့သည် အတွေးမှားနေပြီကို သိလိုက်သည်။ သူမ ရှင်းပြလေသည် “ခင်ဗျားသွေးကို အကုန်လိုတာမဟုတ်ပါဘူး၊ ဒီခွက်အပြည့်ဖြည့်ပေးရင်ရပါပြီ”

မျက်နှာသစ်ဇလုံထက်ကြီးသော ခွက်ကို ရှီမာယူယူထုတ်လာသည်ကို သူတွေ့လိုက်သောအခါ ဟော့ဘာဟန်သည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “ယူယူ ဒီခွက်ကိုအပြည့်ဖြည့်ပေးရမှာလား”

သူသာ ဒီလောက် သွေးထုတ်ပေးရင် သူ့ခန္ဓာကိုယ်ထဲမှာ သွေးရောကျန်ပါ့မလား၊ သူ့ခန္ဓာကိုယ် ခြောက် သွေ့သွားမှာပေါ့။

ရှီမာယူယူသည် တစ်စုံတစ်ခုတွင် အတွေးလွန်နေသည်။ သူမ ဟော့ဘာဟန်၏ မေးခွန်းကို ကြား သောအခါ သူမ ခေါင်းမော့ကြည့်ရာ မျက်နှာသစ်ဇလုံထက်ကြီးသော ခွက်ကို ထုတ်ပေးမိသည်ကို မြင်လိုက်ရာ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။ သူမသည်ခွက်ကိုသိမ်းလိုက်ပြီး နောက် ခွက်ကြီးတစ်ခုကို ထုတ် ပြီး ပြောလိုက်လေသည် “အဟွတ် အဟွတ် ကျွန်တော်မှားထုတ်မိပြီ၊ ဒီခွက်လောက်ဆိုရပါပြီ”

ဟော့ဘာဟန်သည် ခွက်အသစ်ကိုတွေ့မှာပင် စိတ်အေးသွားလေသည်။ ထိုခွက်သည် ကြီးသေး သော်လည်း အရင်ကခွက်နှင့်ယှဉ်လျှင် အများကြီးသေးသည်။

သူ ဓားထုတ်ကာ သူ့လက်မောင်းကိုဖြတ်ကာ ခွက်ထဲသို့ သွေးများထည့်လိုက်သည်။ လျင်မြန်စွာပင် ခွက် သည် ပြည့်သွားလေသည်။

သွေးထုတ်ပြီးနောက်တွင် ရှီမာယူယူသည် ဆေးပစ္စည်းတချို့ထုတ်ကာ သူ့ဒဏ်ရာကို ဆေးစည်းပေး လိုက်လေသည်။ သွေးထွက်ခြင်း ချက်ချင်းရပ်သွားကာ ချက်ချင်းပင် ဒဏ်ရာပျောက်သွားလေသည်။ သူ၏ ဖျော့ တော့နေသော မျက်နှာကိုမြင်သောအခါ သူမသည် ဆေးတစ်လုံးထုတ်ပြီး ကျွေးပြီး ပြောလိုက်သည် “ဒီဆေးစား လိုက်၊ ဒါက သွေးကို ပြန်ဖြည့်ပေးလိမ့်မယ်”

တကယ့်ယောကျ်ားအစစ်အမှန်ဆိုလျှင် သွေးပြန်ဖြည့်စရာလိုဘူးဟု ဟော့ဘာဟန် ပြောချင်သည်။ သို့သော် သူ့ဘေးမှ လတ်ဆတ်သောသွေးများပြည့်နေသော ခွက်ကိုတွေ့သောအခါ ဆေးကို တိတ်တဆိတ်ပင် စားလိုက်သည်။

ဖန်ယုဟန်သည် ရှီမာယူယူထုတ်လိုက်သော ဆေးအမှုန့်ကို စိတ်ဝင်စားကာ မေးလိုက်သည် “ယူယူ အဲဒီ ဆေးအမှုန့်က ဘာလဲ”

“သွေးတိတ်စေတဲ့ အမှုန့်ပါ” ရှီမာယူယူသည် သွေးခွက်ကိုသိမ်းလိုက်သည်။ သူသည် ကုသမှု လေ့လာ ရာ နေရာတွင်သုံးရမည်။

“အဲဒါကို ခင်ဗျားပဲ ဖော်ထားတာလား” ဖန်ယုဟန် မေးလေသည် “အဲလို သွေးတိတ်စေတဲ့ဆေးရှိတယ် ဆိုတာ ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး”

“တကယ့်ကို အဆင့်မြင့်တဲ့ လျှို့ဝှက်ဆေးနည်းပေါ့ ကျွန်တော်ဖော်ထားတာပါ” ရှီမာယူယူ ပြောလိုက် သည်။

“ဒါဆို ကျွန်တော့်ကို နည်းနည်းလောက်ပေးလို့ရမလား၊ ကျွန်တော်ပြောတာက ရောင်းပေးပါလားလို့” ဖန်ယုဟန် ပြောလိုက်သည်။

ရှီမာယူယူသည် မျက်လုံးမှိတ်ကာ ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းမော့ကာ သူ့အား ကြည့်ပြီး ပြောလိုက် သည် “ခင်ဗျားကို ပေးဖို့က မဖြစ်နိုင်စရာမရှိပါဘူး၊ ဒါပေမဲ့ မေးစရာတော့ရှိတယ်”

“ကျွန်တော့်ကို မေးဖို့လား”

အံ့သြသွားသူမှာ ဖန်ယုဟန် တစ်ယောက်တည်းမဟုတ်ပေ။ ဟော့ဘာဟန်လည်း အံ့သြသွားလေသည်။ သူတို့နှစ်ယောက်က အခုမှ တွေ့တာမဟုတ်လား။ သူမက သူ့ကို ဘာအကြောင်းမေးမလို့လဲ။

“ဟုတ်တယ်” ရှီမာယူယူသည် မေးစရာရှိသည်ဟု သေချာသောအကြည့်ဖြင့်ကြည့်လိုက်သည်။

သူသည် အံ့သြသွားသော်လည်း ရှီမာယူယူ၏ သွေးတိတ်စေသော ဆေးရရန်အတွက် ချိုသာစွာပင် ပြော လေသည် “မေးပါ ကျွန်တော်သိတာဆိုရင် ပြောပြပါမယ်”

ရှီမာယူယူသည် ကျောက်စိမ်းဆွဲပြားကိုထုတ်ပြီး သူ့ကိုကြည့်ကာ မေးလေသည် “ဒီကျောက်စိမ်း ဆွဲပြား ကိုသိလား”

ဖန်ယုဟန်သည် ကျောက်စိမ်းဆွဲပြားကို ကြည့်ရန် ခြေ၂လှမ်းတိုးလာလေသည်။ သူသည် ရှီမာယူယူ၏ ကျောက်စိမ်းဆွဲပြားကို ကိုင်ကာ မေးလေသည် “ဒီကျောက်စိမ်းဆွဲပြားကို ဘယ်ကရတာလဲ”

All Chapters