← Chapters

ပျောက်ဆုံးခြင်း

Vol. 006 Ch. 564

ပျောက်ဆုံးခြင်း

Vol. 006 Ch. 564

ဖန်ဟုဟန်သည် အားပါနေသည်ကို တွေ့ပြီးနောက် ဟော့ဘာဟန်သည် သူ့လက်ကိုဆွဲကာ ပြောလိုက် သည် “ဟန် စိတ်အေးအေးထား သူနာနေပြီ”

ဖန်ယုဟန်သည် ရှီမာယူယူ၏ လက်ကို လွှတ်ပြီးပြောလိုက်သည် “တောင်းပန်ပါတယ် ကျွန်တော် စိတ်လှုပ်ရှားသွားတယ်”

ရှီမာယူယူသည် နီရဲသွားသော သူမလက်ကောက်ဝတ်ကို နှိပ်နယ်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြော လေသည် “ခင်ဗျား ဒီကျောက်စိမ်းဆွဲပြားကို သိတယ်ပေါ့”

ဖန်ယုဟန်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ဟော့ဘာဟန်ဘက်လှည့်ကာ ပြောလေသည် “ဟန်၊ အပြင်ထွက်ပေးဖို့ ပြောရတော့မှာပဲ”

ဟော့ဘာဟန်သည် ဖန်ယုဟန်၏ လေးနက်သော အမူအရာကိုတွေ့သောအခါ မတ်တပ်ရပ်ပြီး ပြော လိုက်သည် “ဒါဆို ငါမင်းကို အပြင်မှာစောင့်မယ်”

သူ ပြောပြီးနောက် ထွက်သွားလေသည်။

ဖန်ယုဟန်သည် ကျောက်စိမ်းဆွဲပြားကို ကြည့်ပြီးပြောလေသည် “ဒီကျောက်စိမ်းပြားကို ဘယ်ကရတာ လဲ”

“ဒီကျောက်စိမ်းပြားကို သိတယ်ပေါ့” ရှီမာယူယူသည် သူ့အမူအရာကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။

“ဒီကျောက်စိမ်းပြားက ကျွန်တော်တို့ ဖန်မျိုးနွယ်ပိုင်တာပဲ ဒါဘယ်ကရတာလဲ”

ရှီမာယူယူသည် စိတ်လှုပ်ရှားနေသောသူ့ကိုကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် စိုးရိမ်မှု အရိပ်အယောင်လည်းရှိနေသည်ကို တွေ့သဖြင့် သူ့ကို ပြောလိုက်သည် “လူတစ်ယောက်က ကျွန်တော့်ကို ပေး ခဲ့တာ”

“ဘယ်သူလဲ အခုသူဘယ်ရောက်သွားတာလဲ” ဖန်ယုဟန်သည် မေးခွန်းများ ဆက်တိုက်မေးလေသည်။

“ဒီကျောက်စိမ်းဆွဲပြားရဲ့ အရင်းအမြစ်ကိုအရင်ပြောပြပါ၊ ဒီဟာက ခင်ဗျားပြောတာဟုတ်ရဲ့လားလို့ သိ ချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဖန်မျိုးနွယ်ရဲ့ ပထမဇနီးရဲ့ သားတစ်ယောက်ပဲ ဒီကျောက်စိမ်းဆွဲပြားရှိတယ်၊ ပြီးတော့ ကျောက်စိမ်း ဆွဲပြားတစ်ခုစီက လူတစ်ယောက်ရဲ့ ထူးခြားတဲ့ ပုံရိပ်ကို ကိုက်ညီအောင်လုပ်ထားတာ၊ ကျွန်တော့်တို့ မျိုးနွယ်ဝင် တွေက သူတို့ရဲ့ ကျောက်စိမ်းဆွဲပြားကို လက်လွတ်စပယ်မပေးကြဘူး၊ အခု ဒီကျောက်စိမ်းပြားဘယ်လိုရလာ တာလဲဆိုတာ ပြောပြ”

“ဖန်ကျိရှင်းကိုသိလား” ရှီမာယူယူ မေးလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ဦးလေးနာမည်ကို ဘယ်လိုသိတာလဲ၊ ဒီကျောက်စိမ်းဆွဲပြားက သူ့ဆီကရလာ တာလား၊ ဦးလေးဘယ်မှာရှိလဲဆိုတာ သိလား၊ သူဘယ်မှာလဲ” ဖန်ဟုဟန်သည် မေးခွန်းတစ်ခုပြီးတစ်ခု မေးလေ သည်။

ရှီမာယူယူသည် သူ့မေးခွန်းများကို ကြားသောအခါ သူမစိတ်ထဲမှ စိုးရိမ်မှုများ ကြီးလာသည်။ “သူက သူ့မျိုးနွယ်ကို ပြောသွားတာမဟုတ်ဘူးလား၊ သူပြန်မလာဘူးလား”

“ဦးလေးပြန်လာတယ်ဟုတ်လား၊ သူပြန်မလာပါဘူး သူ ပျောက်သွားတာ အခုဆို နှစ်တွေကြာနေပြီ” ဖန်ယုဟန် ပြောလေသည်။ သူသည် ကျောက်စိမ်းဆွဲပြားကို လှန်ကြည့်ရာ ကျောဘက်တွင် သေးငယ်သော စာလုံးများရေးထားသည်ကို တွေ့လိုက်သည်။ သူ့မျက်နှာသည် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုရောနှောနေသည်။ “ဒါ တကယ်ပဲ ဦးလေးရဲ့ ကျောက်စိမ်းဆွဲပြားပဲ ဦးလေးနဲ့ ဘယ်မှာတွေ့ခဲ့တာလဲ၊ အခုသူဘယ်မှာလဲဆိုတာ သိလား”

ဖန်ယုဟန်သည် ဟန်ဆောင်နေခြင်းမဟုတ်သည်ကို ရှီမာယူယူတွေ့သောအခါ ပြောလိုက်သည် “သူ ဘယ်မှာလဲဆိုတာကို ကျွန်တော်မသိဘူး၊ သူက ပညာရှိစံအိမ်တော်နဲ့ ကိစ္စရှင်းစရာရှိတယ်လို့ ပြောပြီး ထွက်သွား ခဲ့တာပဲ၊ သူက ဒီကျောက်စိမ်းဆွဲပြားကို ပေးပြီး ကျွန်တော် ကမ္ဘာဦးနယ်မြေကိုလာရင် ဒီဆွဲပြားကို အမှတ်အသား တစ်ခုအနေနဲ့ပြလိုက်လို့ မှာသွားတယ် ပြီးတော့ ထွက်သွားတာပဲ”

ဖန်ယုဟန်သည် ရှီမာယူယူအား တည့်တည့်ကြည့်ကာ ပြောလိုက်သည် “ကျွန်တော် ခင်ဗျားကို ဘယ်လို ယုံရမှာလဲ”

ရှီမာယူယူ ပြုံးပြီးပြန်ဖြေလေသည် “ကျွန်တော်ကရော ခင်ဗျားကို ဘယ်လုံယုံရမှာလဲ”

ဖန်ယုဟန်သည် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်လိုက်သည်။ ထိုဆွဲပြားသည် ဖန်ကျိရှင်း၏ ဆွဲပြား နှင့် ဆင်တူသော်လည်း ဘေးဘက်တွင် အနည်းငယ်ကွာခြားမှုှရှိသည်။

“ဖန်မျိုးနွယ်ရဲ့ ပထမဇနီးရဲ့ သားမှာပဲ ဒါရှိတယ်” ဖန်ယုဟန်သည် ကျောက်စိမ်းဆွဲပြား ၂ခုကို ယှဉ်ထား လိုက်ကာ ပြောလေသည် “ဒီလောက်ဆို ကျွန်တော်နဲ့ ဦးလေးရဲ့ ဆက်ဆံရေးကို သက်သေပြဖို့လုံလောက်တယ် ထင်တယ်၊ အခု ခင်ဗျားနဲ့ ဦးလေးရဲ့ ဆက်ဆံရေးကို သက်သေမပြနိုင်ရင် ခင်ဗျားက ဦးလေးကို ခြေရာခံလိုက်တဲ့ လူတွေထဲက တစ်ယောက်ပဲ”

ရှီမာယူယူသည် တူညီသော ကျောက်စိမ်းပြား ၂ခုကိုကြည့်ကာ ပြောလိုက်သည် “ကျွန်တော် အခု ယုံပါ ပြီ”

ပြောပြီးနောက်တွင် သူမသည် ဖန်ကျိရှင်း၏ ရောင်ဝါကိုထုတ်လွှတ်လိုက်လေသည်။ ထိုသည်မှာ သူမ ကိုယ်ထဲတွင် တစ်ချိန်လုံးရှိနေခဲ့သော သူထားခဲ့သော ပုံတူပင်ဖြစ်သည်။

“ဦးလေးရဲ့ ရောင်ဝါပဲ” ဖန်ယုဟန်သည် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်လေသည်။ ထို့နောက်တွင် သူ တစ်စုံတစ်ရာအားတွေးမိကာ သူမအား သံသယဖြင့်ကြည့်လေသည် “ဝိဉာဉ်ပုံတူ၊ ဘယ်လိုလုပ် သူ့ရဲ့ ဝိဉာဉ် ပုံတူ ရှိနေရတာလဲ၊ ခင်ဗျားနဲ့ ဦးလေးနဲ့က ဘယ်လိုဆက်ဆံရေးမို့လို့ ခင်ဗျားကို ကာကွယ်ဖို့ သူ့ဝိဉာဉ်ပုံတူကို ထားခဲ့ တာလဲ”

“သူက ကျွန်တော့်ဆရာပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်ဆရာက ခင်ဗျားရဲ့ ဦးလေးဆိုတော့ သူ့အခြေအနေကို သိမှာပဲ၊ သူပျောက်နေတာ ဘယ်လောက်ကြာပြီလဲ”

“ကျွန်တော့်ဦးလေးက ကျွန်တော်တို့နဲ့ မတူူဘူး၊ သူက အတွင်းပိုင်းဒေသမှာ ကြီးခဲ့တာမဟုတ်ဘူး၊ ကျွန်တော်ငယ်ငယ်တုန်းက သူ့ကို နည်းနည်းပဲတွေ့ဖူးတယ်” ဖန်ယုဟန်ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ မျိုးနွယ် ပြဿနာတက်တော့ မျိုးနွယ်က သူ့ကိုပြန်လာဖို့ စာပို့လိုက်တယ်၊ ဒါပေမဲ့ သူပြန်မလာခဲ့ ဘူး၊ နောက်မှသတင်းကြားတာက သူက တစ်ခုခုကြောင့် နှောင့်နှေးနေပြီး အမြန်ပြန်မလာနိုင်ဘူးတဲ့၊ ဒါပေမဲ့ နောက်ကျ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း မရောက်လာခဲ့ဘူး၊ အဲဒါကြောင့် သူပျောက်နေတယ်လို့ ပြောတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ ခြေရာခံတာ မှားသွားတဲ့ပုံပဲ”

“ဘာကို ခြေရာခံတာလဲ”

“ဦးလေးကို အတွင်းပိုင်းဒေသက ထွက်ပြီးတော့ ပျောက်သွားတယ်လို့ပဲထင်ခဲ့တာ၊ အဲဒါကြောင့် အတွင်း ပိုင်းဒေသတွေကို အမြဲစုံစမ်းနေတာ၊ ဒါပေမဲ့ ခင်ဗျားပြောသလိုဆိုရင် သူက အတွင်းပိုင်းဒေသတွေမှာ ပျောက် သွားတာ မဟုတ်ပဲ…”

“ယိလင်းတိုင်းပြည်မှာ” ရှီမာယူယူ ပြောလေသည်။

“သူက ပျောက်သွားပြီး ယိလင်းတိုင်းပြည်ကနေထွက်မလာခဲ့ဘူး” ဖန်ယုဟန် ပြောလေသည် “အမှန်သာ ဆိုရင် ကျွန်တော်တို့ ရှာတဲ့နေရာကို ပြောင်းမှာပဲ၊ အဲဒါကြောင့် နှစ်တွေကြအောင် ရှာတာကို ဘာသတင်းမှာ မကြားရတာ၊ မဖြစ်တော့ဘူး၊ ဒီသတင်းကို ကျွန်တော့်မျိုးနွယ်ကို သွားပြောမှဖြစ်မယ်၊ နောက်တစ်ခါလည်း ခင်ဗျားကို ဒုက္ခပေးရတော့မယ်၊ သွားတော့မယ်”

“ဟူး ခဏလေး” သူထွက်သွားတော့မည် ဟန်ပြင်နေသည်ကို ရှီမာယူယူမြင်သောအခါ ချက်ချင်းပင် သူ့ လက်မောင်းကို ဆွဲလိုက်သည်။

“ဘာလဲ”

“ကျွန်တော့ဆရာရဲ့ ကျောက်စိမ်းပြားကို ပြန်ပေးခဲ့ဦး” ရှီမာယူယူသည် သူ့လက်ထဲက ကျောက်စိမ်းပြား ကို ညွှန်ပြလေသည်။

ဖန်ယုဟန်သည် ခေတ္တတွေဝေသွားသော်လည်း ရှီမာယူယူဆီသို့ ကျောက်စိမ်းပြားပြန်ပေးကာ “ဦးလေး ရဲ့ ကျောက်စိမ်းပြားကို သေချာလေး ထိန်းသိမ်းထားမယ်လို့ မျှော်လင့်ပါတယ်”

ပြောပြီးနောက်တွင် သူသည် တံခါးဖွင့်ကာ ထွက်သွားလေသည်။

ရှီမာယူယူသည် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ကာ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ သူမ စိတ်ထဲမှ စိုးရိမ်မှုများ ပိုကြီးမားလာသည်။

ဆရာက ပျောက်နေတာလား။ သူက ဒီကိုပြန်လာမည်အလုပ်ကို ပျောက်သွားတာလား၊ ဒီနှစ်တွေမှာ သူ ဘယ်ရောက်သွားတာလဲ။

သို့သော် သူမ စိတ်အေးရသည်မှာ သူဘယ်နေရာပင်ရောက်နေပါစေ အနည်းဆုံးတော့ သူအသက်ရှင် နေသေးသည်။ ူသာ သေသွားပါက သူမ ခန္ဓာကိုယ်ထဲမှ သူထားခဲ့သော ဝိဉာဉ်ပုံတူသည် ပျောက်ကွယ်သွားမည် ဖြစ်သည်။

သူမ ညာဘက်လက်ကို နဖူးပေါ်တင်ထားကာ ပြောလိုက်သည် “ဆရာ ဘယ်တွေရော်ကနေတာလဲ ကျွန်တော် ရှာမယ်”

ဟော့ဘာဟန်သည် လျှောက်ဝင်လာရာ ရှီမာယူယူ အတွေးလွန်နေသည်ကို တွေ့ပြီး ပြောလိုက်သည် “ယူယူ ခင်ဗျား ဟန်ကို ဘာပြောလိုက်တာလဲ၊ သူ အလောတကြီးထွက်သွားတယ်”

“ကျွန်တော်တို့် ဖန်မျိုးနွယ်ရဲ့ အခြေအနေကို ပြောတာပါ” ရှီမာယူယူသည် ကျောက်စိမ်းပြားကို သိမ်းရင်း ပြောလေသည် “ကျွန်တော့် အစ်ကိုရဲ့ အခန်းကိုသွားပြီး အပ်စိုက်ကြမယ်”

“ကောင်းပါပြီ” ရှီမာယူယူ ထိုအကြောင်းမပြောချင်သည်ကို ဟော့ဘာဟန်တွေ့သောအခါ ဘာမှထပ် မပြောတော့ပဲ သူမ နောက်လိုက်ကာ အခန်းသို့သွားလိုက်သည်။

တစ်နာရီကြာပြီးနောက် ရှီမာယူယူသည် အပ်စိုက်ခြင်းပြီးဆုံးလေသည်။ သူသည် အဝတ်အစားများ ပြန်ဝတ်ပြီးချိန်တွင် ဟော့ဘာယန်အာ ဝင်လာကာ ပြောလေသည် “အစ်ကိုကြီးဖန်က ဘာဖြစ်တာလဲ၊ သူ ဝူဟန် ကိုရှာပြီး အလောတကြီးထွက်သွားတာပဲ ကျွန်မမေးတာတောင် ဘာမှဖြေမသွားဘူး”

ဟော့ဘာဟန်သည် ရှီမာယူယူကို ကြည့်ပြီး ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ သူ့မျိုးနွယ်နဲ့ ပတ်သတ်တဲ့ ကိစ္စပေါ်လို့နေမှာပါ”

“စိုးရိမ်စရာမရှိရင်တော့ ကောင်းတာပေါ့” ဟော့ဘာယန်အာ ပြောလိုက်သည်။

“ကောင်းပြီ အခုပြန်ကြအောင်” ဟော့ဘာဟန် ပြောလိုက်သည်။

ဟော့ဘာယန်အာသည် ဟော့ဘာဟန်အား ကြည့်ပြီးနောက် ရှီမာယူယူကို ကြည့်လိုက်လေသည်။ သူမ သည် သူတို့တစ်ချိန်လုံး အတူရှိနေခြင်းအကြောင်းကို သိချင်သော်လည်း သူတို့က မပြောပြသဖြင့် သူမ မမေးခဲ့ ပေ။ သူမသည် သူတို့ပြန်ရောက်သည်အထိ စောင့်ရုံပင်။

ဟော့ဘာယန်အာ နှင့် ဟော့ဘာဟန်တို့ထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် ဘေဂုံထန်တို့အား သွားရှာလေသည်။ ထိုအချိန်က ဖန်ကျိရှင်းသည် သူတို့၏ ဆရာလည်းဖြစ်ခဲ့သည်။ အခု သူပျောက်နေသည်ကို သူတို့အား အသိပေးရန်လိုသည်။

“ယူူယူ ယူယူ ကျွန်တော့်နောက်လိုက်ခဲ့ အမြန်” ဖန်ယုဟန်သည် ရုတ်တရက် သူမ အိမ်သို့ ပြေးလာကာ ရှီမာယူယူအား ဆွဲပြီး အပြင်သို့ပြေးသွားလိုက်သည်။

All Chapters