← Chapters

တစ်ခုတည်းသောနည်းလမ်း

Vol. 8 Ch. 104

တစ်ခုတည်းသောနည်းလမ်း

Vol. 8 Ch. 104

“မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

အာရန်သည် မင်းသားသည် အစောင့်တစ်ဦးကိုတိတ်တဆိတ် ခေါ်လာခြင်းဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း အမှန်တကယ်တွင်ထိုသို့မဟုတ်ခဲ့ပေ။

မင်းသားတွင် ထိုသို့ခေါ်လာခြင်းမျိုးမရှိသဖြင့် သူသည် အမှန်တကယ် အံ့အားသင့်သွားသည်။

၎င်းတို့သည် အရွယ်ရောက်ပွဲအတွင်း ၎င်းတို့၏ ပထမဆုံးအကြိမ်အဖြစ် အမဲလိုက်ခြင်းကို စေလွှတ်ခံခဲ့ရခြင်းဖြစ်လေသည်။

အမဲလိုက်နေစဉ် ၎င်းတို့သည် တစ်ယောက်ချင်းစီသာ ရှိသင့်လေသည်။

အမဲလိုက်ခြင်းတွင် လူတန်းစားခွဲခြားမှုမရှိသဖြင့် မင်းသားဟူ၍လည်းသီးသန့်အခွင့်ထူးရမထားပေ။

ထို့ကြောင့် တော်ဝင်အစောင့်တစ်ဦးသည် သူ့နှင့်အတူ လုံးဝမရှိနေသင့်ပေ။

“ငါ့ရဲ့အစ်မတော်ကြီး က မင်းကို စေလွှတ်လိုက်တာလား” သူကထိုအစောင့်အား ပြန်မေးလိုက်လေသည်။

သူမ၏ဆန္ဒအရ အင်ပါယာ၏စည်းမျဉ်းများကို လိုသလိုပြောင်းလဲနိုင်သောသူ ဟူ၍ တစ်ဦးတည်းသာ ရှိလေသည်။

၎င်းမှာ ပင်လယ်နဂါးအင်ပါယာတစ်ခုလုံးကိုအုပ်စိုးသော အင်ပါယာဘုရင်မလည်းဖြစ်သည့် သူ၏အစ်မအကြီးဆုံးပင်ဖြစ်လေသည်။

“ခွင့်ပြုချက်မရှိဘဲ လိုက်ပါလာမိတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမယ့် ဒါက အရှင်မရဲ့ ညွှန်ကြားချက်အရ မဟုတ်ပါဘူး ကျွန်တော်မျိုး ပြန်ရောက်တဲ့အခါ ခွင့်ပြုချက်မရှိဘဲ လိုက်ပါလာတဲ့အတွက် ကျွန်တော်မျိုးရဲ့အပြစ်ဒဏ်ကို ခံယူပါ့မယ် ဒါပေမယ့် အခုလောလောဆယ်တော့ မင်းသားရဲ့လုံးခြုံရေးအတွက် ကာကွယ်ပေးပါရစေ”

အစောင့်က ရိုသေစွာဖြင့် ပြန်လည်ပြောလိုက်သည်။

ဖြစ်နိုင်လျှင် သူ့ကိုယ်သူ ယခုအချိန်တွင် ထုတ်ဖော်ပြသရန် မလိုလားခဲ့ပေ။

သူသည် မင်းသားကို နောက်ကွယ်ကနေသာ အကာအကွယ်ပေးရန် လိုလားခဲ့လေသည်။

သို့သော် သူသည် ယခုကဲ့သို့ ထုတ်ဖော်ခံလိုက်ရသောကြောင့် အနာဂတ်တွင် သူ၏အပြစ်ဒဏ်ကိုသာ ခံယူရတော့မည်ဖြစ်လေသည်။

“ဒါဆို အစ်မတော်လတ်က မင်းကို စေလွှတ်တာပဲ”

ပင်လယ်နဂါးမင်းသားသည် အရာအားလုံးကို နားလည်သွားသည်။

သူ၏အစ်မအကြီးဆုံးသည် အင်ပါယာဘုရင်မဖြစ်သည်။

သူမသည် သူမ၏ကိုယ်ပိုင်စည်းမျဉ်းများကို ဖန်တီးနိုင်သော်လည်း အထူးသဖြင့် ယခုအလုပ်မှာ ပင်လယ်မြွေများကို အမဲလိုက်ရန်သာဖြစ်သောကြောင့် သူမသည် သူ့ကို စိတ်ချထားခြင်းသည် အဓိပ္ပာယ်ရှိသည်။

တစ်ဖက်တွင် သူ၏အစ်မလတ်သည် သူ့အား ပို၍ဂရုစိုက်ခဲ့လေသည်။

သူမသည် သူ့အား အမြဲတစေစိုးရိမ်ပူပန်နေခဲ့သည်။

ယခု အမဲလိုက်ခြင်းတွင် သူကိုယ်တိုင် မပါဝင်ရန်ပင် သူမက သူ့ကို နားချခဲ့သေးသည်။

သူသည် ခေါင်းမာပြီး သူ၏အစ်မလတ်၏ပြောစကားကို နားမထောင်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် အရွယ်ရောက်ပွဲနေ့ ၏ စမ်းသပ်ပွဲတွင် ပါဝင်ခဲ့ပြီး အမဲလိုက်ရန် ထွက်လာခဲ့ခြင်းဖြစ်လေသည်။

သူ၏အစ်မအလတ်သည် အင်ပါယာကို ထိန်းချုပ်နိုင်ခြင်းမရှိသော်လည်း သူမသည် တော်ဝင်မျိုးနွယ်ဝင်တစ်ဦးဖြစ်နေသောကြောင့် သူမတွင်လည်း လက်အောက်ငယ်သား အနည်းငယ်ရှိနေလေသည်။

အင်ပါယာဘုရင်မကို မသိစေဘဲ သူမ၏မောင်လေးကို လျှို့ဝှက်စွာ ကာကွယ်ရန် တော်ဝင်အစောင့်တစ်ဦးကို စေလွှတ်ထားခဲ့ခြင်းဖြစ်လေသည်။

“အစ်မလတ်က ငါ့ကို တကယ် ကလေးတစ်ယောက်လို ထင်နေတာပဲ ဒါပေမယ့် ဒီတစ်ခါတော့ သူမ ဒီလိုလုပ်ခဲ့မိတာကို ဝမ်းသာတယ် ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီး... သူမက တကယ်အန္တရာယ်များတယ်”

ပုံမှန်အားဖြင့် မင်းသားသည် ဤသို့ လိုက်၍ စောင့်လျောက်ခံရခြင်းကို သူ့အားအထင်သေးသည်ဟုခံစားရသဖြင့် ဒေါသထွက်နေပေလိမ့်မည်ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် အမှန်တကယ်အကူအညီလိုအပ်ကြောင်း သဘောပေါက်ခဲ့လေသည်။

ထိုအမျိုးသမီး သည် သူတစ်ယောက်တည်းစွမ်းအားဖြင့် ကိုင်တွယ်နိုင်သည့်အတိုင်းအတာထက် များစွာပိုလွန်နေကြောင်း ခံစားမိထားလေသည်။

သူသည်လည်း ကြောက်ရွံ့သူတစ်ဦးကဲ့သို့ ထွက်ပြေးရန်လည်း မလိုလားနေခဲ့ပေ။

....

ရှုယင်သည် နဂါးမင်းသားအား တိုက်ခိုက်တော့မည့်အချိန်တွင် လူတစ်ဦးသည် ၎င်းတို့ကြားတွင် ဝင်ရောက်ထွက်ပေါ်လာခဲ့သည်။

သူမသည် အလျင်အမြန်ပင် နောက်ပြန် ဆုတ်ခွာကာ အာရန်ဘေးတွင် ရပ်လိုက်မိသည်။

အာရန်သည် ရှုယင်အား ထိုမင်းသားငယ်ကို တိုက်ခိုက်ရန် ပြောခဲ့သော်လည်း သူမကိုမူ ထိုသို့အမှန်တကယ်တိုက်ခိုက်ရန် မလိုအပ်ကြောင်း အချက်ပြခဲ့ပြီးဖြစ်လေသည်။

သူမသည် အာရန်၏ ဆိုလိုချက်ကို နားလည်ပြီး ပုန်းနေသော အစောင့်များကိုသာ ထုတ်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

‘တစ်ယောက်တည်းလား...’

အာရန်သည် အနည်းဆုံး အစောင့်နှစ်ဦး သို့မဟုတ် ထို့ထက်ပိုများလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုမူ တစ်ဦးတည်းသာ ပေါ်လာခဲ့လေသည်။

မင်းသားနှင့်အတူ အစောင့်တစ်ဦးတည်းသာ ခေါ်လာခဲ့ခြင်းလား သို့မဟုတ် ပုန်းနေသော အစောင့်များ ထပ်မံ၍ရှိနေသေးမလား သူသေချာမသိနေခဲ့ပေ။

သူသည် ထိုအစောင့်ကိုလည်း ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်အား အသုံးပြုလိုက်လေသည်။

[အမည်: နေးမ်]

[အဆင့်: ၄၂]

[အချက်အလက် : ပင်လယ်နဂါးအင်ပါယာ၏ တော်ဝင်အစောင့်]

[မျိုးဆက်သွေး : ပင်လယ်နဂါးမျိုးဆက်သွေး]

[အသက်: ၄၈၅]

[စရိုက်လက္ခဏာများ: သစ္စာရှိ]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၆၉၀]

[သွက်လက်မှု: ၉၀၃]

[ခံနိုင်ရည်: ၉၇၀]

[ဉာဏ်ရည်: ၂၁]

[မာနာ: ၁၀၀၅]

[ကျင့်ကြံခြင်း: မရှိ]

[သူရဲကောင်းအဆင့်: မရှိ]

[နတ်ဘုရားမကာကွယ်မှု: မရှိ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့်ပစ္စည်းများ: မရှိ]

‘ကျုပ်... နားလည်ပြီ’

အဆင့်သတ်မှတ်ချက်ဇယားကို ကြည့်ပြီးသောအခါ အာရန်က အရာအားလုံးကို နားလည်သွားခဲ့လေတယ်။

စနစ်က သူ့အား အကူအညီသုံးခြင်းမှ မတားဆီးရသည့် အကြောင်းရင်းမှာ ရှင်းနေခဲ့လေသည်။

ယခုအစောင့်မှာ ရှုယင်ထက် အဆင့် ရှစ်ဆင့်တိတိ နိမ့်နေခဲ့သော်လည်း သူ၏ မျိုးဆက်သွေး အားသာချက်ကြောင့် သူမ၏အဆင့်များနှင့် ယှဉ်နိုင်နေလေသည်။

ထိုအစောင့်နဂါး၏ အမြန်နှုန်းမှာ ရှုယင်ထက် အနည်းငယ် နိမ့်နေခဲ့သော်လည်း သူ၏ ခွန်အားမှာမူ ရှုယင်ထက် ပို၍သန်မာနေခဲ့လေသည်။

အကယ်၍ အာရန်သာတစ်ယောက်တည်းဆိုပါက ဤပင်လယ်နဂါးအစောင့် တစ်ဦးတည်းနှင့်ပင် သူ့အား အလွယ်တကူ နင်းချေပစ်နိုင်စွမ်းရှိ‌နေခဲ့လေသည်။

နဂါးမင်းသားက စစ်သည်တစ်ဦး၏ လမ်းကြောင်းကို စတင်လျှောက်လှမ်းရုံသာ ရှိသေးသော သာမန်လူငယ်လေးတစ်ဦးသာ ဖြစ်နေခဲ့သည်ဆိုလျှင် ထိုအစောင့်နဂါးမှာမူ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ပြီးခဲ့သော အတွေ့အကြုံရင့် ပင်လယ်နဂါးတစ်ကောင်ပင် ဖြစ်နေခဲ့လေသည်။

ရှုယင်၏ ဆွဲဆောင်မှုအစွမ်းမှာလည်း လူသားများအပေါ်တွင်သာ အလုပ်လုပ်သောကြောင့် ယင်းက ပင်လယ်နဂါးများရှေ့တွင် အသုံးမဝင် ဖြစ်သွားခဲ့ရလေသည်။

သူမသည် သူမ၏ ခွန်အားသက်သက်နှင့် သူမ၏ စွမ်းရည်အချို့ကိုသာ အားကိုး၍တိုက်ခိုက်နိုင်မည်ဖြစ်သည်။

‘ပုန်းနေတဲ့ အစောင့်တွေ နောက်ထပ် ရှိသေးလားဆိုတာကို မသိနိုင်ဘူး ဒါပေမယ့် ဒါက ဒီတစ်ယောက်ပဲရှိမယ်လို့ခန့်မှန်းရတယ် ဒီအတိုင်းဆိုရင်တော့ ဒါကငါကိုင်တွယ်နိုင်တဲ့အတိုင်းအတာအတွင်းမှာပဲ ရှိနေပါသေးတယ်’

အာရန်သည် သူ၏ စိတ်ထဲတွင် အစီအစဉ်များအား ရုတ်တရက်ဖြစ်ရပ်များအပေါ် တွက်ချက်ကာ အမြဲတမ်း ပြုပြင်ပြောင်းလဲမှုများလုပ်နေခဲ့ခြင်းဖြစ်လေသည်။

သူသည် အောင်မြင်မှုရယူနိုင်ရန်အတွက် အလွယ်ကူဆုံးနည်းလမ်းကိုရရှိရန် ရှာဖွေ တွက်ချက်မှုများစွာ လုပ်ဆောင်နေခဲ့မိသော်လည်း နည်းလမ်းတစ်ခုသာ အထိရောက်ဆုံးဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

သူသည် မင်းသားကို သတ်ရန် ကြိုးစားနေစဉ်တွင် ရှုယင်မှာ ထိုအစောင့်ကို တိုက်ခိုက်နေစေရမည်ဖြစ်သည်။

သူသည် အခြားနည်းလမ်းကို ကြိုးစားနိုင်သေးသည်။

သူသည် အစောင့်ကို တိုက်ခိုက်ကာ မင်းသားကို သတ်ရန် ရှုယင်အတွက် အချိန်လုံလောက်ရန် တားဆီးပေးကာ သူ၏ အသက်ကို ကာကွယ်နိုင်ရန်အတွက် လည်း အကာအကွယ်လည်ဆွဲကို အသုံးပြုနိုင်သေးသည်။

ကံမကောင်းစွာဖြင့် ဤအစီအစဉ်မှာ မင်းသားတွင် လွတ်မြောက်ခြင်းလက်ဝတ်တန်ဆာ မရှိမှသာလျှင် အလုပ်ဖြစ်မည် ဖြစ်လေသည်။

အကယ်၍ မင်းသားကိုသာ ရှုယင်နှင့် ထိပ်တိုက်တွေ့စေခဲ့လျှင် သူ၏ အနိုင်ရရန်အခွင့်အရေးမှာ မဖြစ်နိုင်သလောက်ရှိကြောင်းကို နားမလည်လောက်သည်အထိ ရူးမိုက်ပါမူက သူသည် ဦးနှောက်မရှိသည့်လူမိုက်တစ်ဦး ဖြစ်နေမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထိုသို့ဆိုလျှင်ပင် မင်းသားသည် ထွက်ပြေးလွတ်မြောက်သွားနိုင်သေးသည်သာဖြစ်လေသည်။

တစ်ဖက်မှာတော့ အာရန်သည်သာ မင်းသားကို ကိုယ်တိုင် တိုက်ခိုက်ခဲ့မည်ဆိုရင် မင်းသားအတွက်လည်း အောင်မြင်နိုင်ခြေ လုံလောက်အောင် ရှိနေပုံ‌ပေါက်နေမည်ဖြစ်သည်။

စနစ်မျက်နှာပြင်တွင် ဖော်ပြထားချက်အရ ထိုမင်းသား၏ စိတ်မြန်လက်မြန်ရှိသော စရိုက်လက္ခဏာဖြင့်ဆိုပါက သူသည် သင့်လျော်သော အောင်မြင်နိုင်ခြေတစ်ခု ရှိနေခဲ့လျှင် ထွက်ပြေးမည့်လမ်းကို ရွေးတော့မည် မဟုတ်ပေ။

ယင်းသည် အာရန်ကို မင်းသားအား ရှင်းပစ်ရန် အခြေအနေ၏ အားသာချက်ကို အရယူနိုင်သည့်တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်ပေသည်။

သို့သော် အခြားနည်းလမ်းတစ်ခုလည်း ရှိနေခဲ့သေးသည်။

သူနှင့်ရှုယင်တို့နှစ်ဦးသည် အစောင့်နဂါးအား ပူးပေါင်းတိုက်ခိုက်ကာ အနိုင်ယူခြင်းသည်လည်းဖြစ်နိုင်ချေရှိလေသည်။

အာရန်အတွက် အဓိကလိုအပ်သည်မှာ မှတ်ဉာဏ်အပိုင်းအစကို အသုံးပြုနိုင်ရန်အတွက် ပင်လယ်နဂါးတစ်ကောင်ကို သတ်ရန်သာလိုအပ်ခြင်း ဖြစ်သည်။

သို့သော် စနစ်၏ မည်သည့်ရွေးချယ်မှုတွင်မှ ထိုရွေးချယ်မှုအကြောင်း မပါဝင်ခဲ့ပေ။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း အာရန်သည် ကြိုမြင်နိုင်ခဲ့လေသည်။

အကယ်၍ မင်းသားကိုသာ ထွက်ခွာသွားရန် ခွင့်ပြုလိုက်ပါက ၎င်းသည် ဒုတိယ ရွေးချယ်မှုအောက်သို့အလိုအလျှောက်ကျရောက်သွားတော့မည်သာ ဖြစ်သည်။

၎င်းတို့က ထိုအစောင့်ပင်လယ်နဂါးကို သတ်ခဲ့လျှင်ပင် မင်းသားမှာ ထွက်ပြေးလွတ်မြောက်သွားနိုင်မည်ဖြစ်သဖြင့် ယင်းက ကပ်ဘေးတစ်ခု ကိုသာ ယူဆောင်လာစေလိမ့်မည်ဖြစ်လေသည်။

မင်းသားက အင်ပါယာမှ အခြားပင်လယ်နဂါးများကို ထပ်မံခေါ်ဆောင်လာကာ ၎င်းတို့၏ ထွက်ပြေးမှုကိုပင် ပင်လယ်တစ်ခုလုံးသို့ ပိတ်ဆို့ကာ ဝင်ရောက်ကြားဖြတ်တားဆီးနိုင်ပေသေးသည်။

ထိုသို့ဖြစ်ခဲ့လျှင် အာရန်သည် ဒုတိယ ဆုလာဘ်ဖြစ်သော ခေါင်းတလားကိုသာ ရရှိတော့မည်ဖြစ်ပြီး ယင်းအတွက်လည်း ဖြစ်နိုင်ချေရှိသည့် အကြောင်းပြချက်များမှာလည်း ရှိနေခဲ့ပြီးဖြစ်လေသည်။

‘အဲဒီလိုဆိုတော့လည်း င့ါအတွက် ဒီရွေးချယ်မှုကိုသာ ရွေးစရာကျန်တော့တယ် ငါက မင်းသားကို ကိုယ်တိုင်သတ်မှရတော့မယ် တော်ဝင်ပင်လယ်နဂါး မျိုးဆက်သွေးကို ဝါးမြိုလိုက်တာကလည်း ဖြုန်းတီးမှုတစ်ခုတော့ ဟုတ်ပုံရပါဘူးလေ...’

#Catfoot

All Chapters