← Chapters

လက်နက်တိုက်

Vol. 8 Ch. 91

လက်နက်တိုက်

Vol. 8 Ch. 91

အာရန်သည် အဆင့်မြှင့်တင်မှု ပြီးဆုံးကြောင်း အသိပေးသည့် မျက်နှာပြင်ကို ထိလိုက်သည်။

သူ့လက်ချောင်းက မျက်နှာပြင်ကို ထိလိုက်သည်နှင့် ထိုမျက်နှာပြင်မှာ ပျောက်ကွယ်သွားခဲ့သည်။

ပို၍ကြီးမားသော အသေးစိတ်အချက်အလက်များ ပါဝင်သည့် မျက်နှာပြင်အသစ်တစ်ခုသည် ယင်းနေရာတွင် အစားထိုးပေါ်ပေါက်လာခဲ့သည်။

အချက်အလက်များကို ကြည့်ကာ အာရန်၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ ကွေးတက်သွားခဲ့သည်။

အာရန်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ကံကို မညည်းညူမိသော အခိုက်အတန့်လည်းဖြစ်လေသည်။။

[စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ]

[အဆင့်တက်ခြင်း လုပ်ဆောင်ချက်က ယခုစတင် လုပ်ဆောင်ပါပြီ]

[ဖော်ပြချက်- သင်သည် လူတစ်ယောက်ကိုသတ်မည်ဆိုပါက ထိုသူ၏ ခွန်အားနှင့် သင်၏ အသုံးပြုသော နည်းလမ်းပေါ် မူတည်ကာ သင့်အတွက် အတွေ့အကြုံမှတ် အချို့ကို ရရှိပါလိမ့်မည်။

အတွေ့အကြုံမှတ်များသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုသို့ ရောက်ရှိပြီးသည်နှင့် သင်၏ အဆင့်များကို အထက်သို့တက်နိုင်မည်ဖြစ်ပြီး နောက်ထပ် အချက်အလက်များနှင့် စွမ်းရည်အသစ်များကို ထပ်မံရရှိနိုင်ပါလိမ့်မည်။]

အာရန်အတွက် အကြီးမားဆုံး ပြဿနာမှာ သူ၏ ပြင်ပခွန်အားပင် ဖြစ်လေသည်။

သူသည် ရုပ်ပိုင်းဆိုင်ရာအရ အလွန်အားနည်းခဲ့သည်။ ထို့ပြင် သာမန်အားနည်းသည့် အဆင့်ပင်မကပါ။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများသည် ဤကမ္ဘာထဲတွင် ပျမ်းမျှ သာမန်သေမျိုး အမျိုးသားတစ်ဦးထက်ပင် ပို၍ အားနည်းခဲ့လေသည်။

အဆင့်တက်ခြင်း စနစ်ဖြင့် သူသည် ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေခဲ့လေသည်။

အဆင့်တက်တိုင်းတွင် သူသည် သူ၏အချက်အလက်များကို တိုးမြှင့်ကာ သူ့ခန္ဓာကိုယ်၏ လက်ရှိအခြေအနေမှ တိုးတက်စေနိုင်မည်ဖြစ်သည်။

သူသည် နောက်ထပ် စွမ်းရည်များကိုလည်း ပြန်လည်သုံးသပ်နိုင်ခဲ့သည်။

အာရန်သည် ဝါးမြိုသူ၏ မျိုးဆက်သွေးကို မည်သို့ အသုံးပြုရမည်ကို မသိသေးချေ။

ယင်းစွမ်းရည်သည် သူ၏ ကျင့်ကြံခြင်းကို ချိတ်စည်းပိတ်ခံထားရသည့် ယခုလိုအချိန်များအတွက် အခြားစွမ်းရည်များကို ရရှိသည့် နည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။

‘ငါဟို အသူရာဂိုဏ်းချုပ်ကို သတ်ခဲ့တဲ့အချိန်တွေ၊ ဝိညာဉ်လမ်းလျှောက်သူနဲ့ အခြားသူရဲကောင်းတွေကို သတ်ခဲ့တဲ့အချိန်တွေတုံးကသာ ငါ့မှာသာ ဒီအဆင့်မြှင့်တင်တဲ့ စနစ်ရှိနေခဲ့ရင် ဘယ်လောက်ထိများ အဆင့်တက်နိုင်ခဲ့မလဲ မသိဘူး’

‘ဒါပေမယ့် အတွေ့အကြုံမှတ်က သူတို့၏ အားနဲ့ သူတို့ကိုတိုက်ခိုက်ဖို့ အသုံးပြုတဲ့ နည်းလမ်းအပေါ်လည်း မူတည်သေးတယ်ဆိုတော့ ဒါက ဘာကို ဆိုလိုတာလဲ’

‘ငါက အဆိပ်လိုမျိုး အရာတွေကို အသုံးပြုခဲ့ရင် ငါက အတွေ့အကြုံမှတ် ပို နည်းမည်လို့ ပြောချင်နေတာလား ဒါဆို အခြားသူတွေဆီကနေ အကူအညီယူတာလဲအပါအဝင်လို့ ပြောတာ ဖြစ်နိုင်တယ်’

သူသည် ရှုယင်၏ တည်ငြိမ်သော မျက်နှာလေးကို လှမ်းကြည့်လိုက်သည်။

အကယ်၍ သူသာ သူမ၏ အကူအညီကို ရယူနိုင်ခဲ့လျှင် အခက်အခဲများမှာ များစွာ လျော့ကျသွားနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

သူမက သူ၏ရန်သူများအပေါ် သူမ၏ ဆွဲဆောင်မှုစွမ်းရည်ကို အသုံးပြုခဲ့လျှင် သူသည် ထိုရန်သူများကို ပြန်လည်တိုက်ခိုက်သောအခါ ၎င်းတို့အားလုံးမှာ ငြိမ်သက်၍ ခုခံခြင်းပင် မပြုပဲ ဒီအတိုင်းအသေခံကြမည်မှာ အမှန်ပင်ဖြစ်လေသည်။

“ငါ့မှာ နောက်ထပ် စမ်းသပ်မှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုအပ်နေသေးပုံရတယ် ဒါပေမဲ့ ငါ့ဒီ ကံကောင်းပုံနဲ့သာဆို အဲ့လိုစမ်းသတ်ဖို့ အခွင့်အရေးတွေ ပေါ်လာဖို့ကို အချိန်တစ်ခုပဲစောင့်ရလိမ့်မယ် ငါခံစားနေရတယ်”

အာရန်သည် စနစ်မျက်နှာပြင်ကို ပြန်လည်ပိတ်လိုက်ပြီး အရာရာအနည်းငယ်ပိုမိုကောင်းမွန်လာပြီဟု ခံစားမိလိုက်သည်။

ယခုအချိန်တွင် သူ၏ လက်နက်ရုံ ထဲ၌ အခြားလက်နက်တစ်ခု ထပ်မံရှိခဲ့ပြီးဖြစ်သည်။

တစ်ဖက်တွင် သူသည် သူ၏ ကျင့်ကြံခြင်းချိတ်စည်းကို ဖြည်ရန် အခြားနည်းလမ်းများ ကိုလည်း ထပ်မံရှာဖွေနိုင်ဦးမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အဆင့်တက်ခြင်းကို ဆက်လက်လုပ်ဆောင်ကာ မတူညီသော စွမ်းအားအရင်းမြစ်များရယူနိုင်မည့် ထိုစနစ်တစ်ခုကိုလည်း ထပ်မံ အသုံးပြုနိုင်ဦးမည်ဖြစ်သည်။

ယင်းစွမ်းရည်နှစ်ခုစလုံးက လုံလောက်အောင် ကောင်းမွန်နေခဲ့ပြီဖြစ်သော်လည်း သူ့တွင် တတိယမြောက် စွမ်းရည်စနစ်တစ်ခုရှိသေးသည်ကိုလည်း သူမမေ့သေးပါ။

သူသည် ဝါးမျိုသူ၏ မျိုးဆက်သွေးကို မည်သို့ အသုံးပြုရမည်ဆိုခြင်းကို မသိသေးသော်လည်း ယင်းက ခွန်အားကြီးသောစွမ်းရည်တစ်ခုဖြစ်မှန်းကိုမူ သူသည် သိရှိခဲ့ပြီးဖြစ်သည်။

မူလဝါးမျိုသူ၏ စွမ်းရည်အဆင့်သည် အရှင်သခင်တစ်ဦး၏ အဆင့်ဝန်းကျင်အထိ ရောက်ရှိနိုင်ခဲ့သော တစ်စုံတစ်ဦးလည်း ဖြစ်ခဲ့သည်။

အာရန်သည် အကယ်၍ သူသာ ဤသွေးမျိုးရိုးကို သင့်လျော်မှန်ကန်စွာ အသုံးပြုနိုင်ခဲ့ပါက သူသည် ယင်းစွမ်းရည်ဖြင့် ကြီးမားသော အမြင့်နေရာများဆီသို့ အနာဂါတ်တွင် ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဤကိစ္စတွင် ကြီးမားသော ပြဿနာတစ်ခုလည်း ရှိနေခဲ့သည်။

မျိုးဆက်သွေးဟူသည်မှာ၎င်းနှင့်အတူ မွေးဖွားလာသော လူများသာလျှင် ၎င်းမျိုးဆက်သွေး နိုးထလာသည့်အချိန်တွင် ၎င်းတို့ကို အသုံးပြုရန် မှန်ကန်သော နည်းလမ်းများကို သိရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့်သာ မူလဝါးမြိုသူအစွမ်းပိုင်ရှင်သည် သူ၏ထိုဝါးမြိုခြင်းစွမ်းရည်ကို အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အခြားသူရဲကောင်းများမှာလည်း ၎င်းတို့၏ စွမ်းရည်များမှာ မည်သည့်စွမ်းရည်များဖြစ်သည်ကို သိရှိပြီးမှသာ ၎င်းစွမ်းရည်များ မည်သို့ အလုပ်လုပ်သည်ကို အကြမ်းဖျင်း သိရှိခဲ့ကြခြင်းသည်။

သူရဲကောင်း အကယ်ဒမီကျောင်းသည် ထိုစွမ်းရည်ပိုင်ရှင်များကို သူတို့၏စွမ်းရည်များ မည်သို့အသုံးပြုရမည်ဆိုသည်ကို စနစ်တကျခွဲခြမ်းစိတ်ဖြာ၍ သင်ကြားပေးနေသော နေရာတစ်ခုလည်း ဖြစ်လေသည်။

အာရန်သည် ဤမျိုးဆက်သွေးဖြင့် မွေးဖွားလာသူတစ်ယောက်မဟုတ်ပါ။

သူသည် ဤမျိုးဆက်သွေးကို စနစ်၏ ရွေးချယ်မှုများမှ ဆုလာဘ်တစ်ခုအဖြစ် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ဤစွမ်းရည်၏ အလုပ်လုပ်ပုံ အခြေခံအချက်များကိုပင် မသိရှိနိုင်ခဲ့ပါ။

ယင်းစွမ်းရည်သည် အခြားမျိုးဆက်သွေး ပိုင်ရှင်များကို သတ်ဖြတ်ခြင်းမှ ရယူနိုင်ခြင်းမျိုးလည်း မဟုတ်ပါ။

အာရန်သာ ထိုသို့နည်းလမ်းဖြင့်ရယူနိုင်မည်ဆိုပါက သူသည် ထိုဝိညာဉ်လမ်းလျှောက်သူ၏ စွမ်းရည်ကို အစကတည်းကပင် ရယူနိုင်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

မူလဝါးမြိုသူ အကြောင်းကို မည်သူမျှကောင်းစွာမသိရှိကြပဲနှင့် သူ၏ စွမ်းရည်များကို အသုံးပြုနိုင်သည့် နည်းလမ်းကို သိရှိနိုင်ရန်မှာ လောလောဆယ် ဝေးကွာနေသေးသည့် အနေအထားပင်မဟုတ်ပါလား။

‘ငါက သွေးစုပ်ဖုတ်ကောင်တစ်ကောင်လို အခြားသူတွေရဲ့ သွေးကိုလိုက် သောက်ဖို့ လိုတယ်လို့တော့ ငါ့ကို မပြောနဲ့နော် ဒါနဲ့ ဂိုဏ်းချုပ်ဖန်းယုဆိုရင်ကော မူလဝါးမြိုသူရဲ့ အစွမ်းကို သိနေမလားမသိဘူး သူမက သူ့ကို အဆုံးသတ်မှာ သတ်နိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ပဲ’

‘ဒါပေမယ့် သူမသာ င့ါရဲ့ ဝါးမြိုသူမျိုးဆက်သွေး အကြောင်းကို တွေ့ရှိသွားခဲ့ရင် သူမက ငါကို မူလဝါးမြိုသူရဲ့ မျိုးဆက်တစ်ယောက်လို့ တွေးမှာ မဟုတ်ဘူးလား ငါက သူမသတ်ခဲ့တဲ့လူရဲ့ မျိုးဆက်တစ်ယောက်လို့ထင်သွားရင် သူမက ငါ့ကိုလည်း သတ်ဖို့ ကြိုးစားမှာပဲမလား’

‘ငါက ငါ့ကိုယ်ငါသာ အားကိုးပြီးတော့ အရာရာကို ဖြည်းဖြည်းချင်းပဲ စမ်းသပ်ယူနိုင်မယ်လို့ ထင်တယ်’

သူသည် အနာဂတ်တွင် စမ်းသပ်ရန် အရာများစွာ ရှိနေပြီဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူ၏ လက်နက်တိုက်ထဲတွင် အသုံးဝင်သော်လည်း မပြည့်စုံသေးသော အရာများစွာ ရှိနေသေးသည်။

သူသည် အရှင်သခင်တစ်ယောက်ကိုပင် သတ်ပစ်နိုင်သော ထိုသလင်းကျောက်ဓားလေး အကြောင်းကိုလည်း မမေ့သေးပါ။

သန့်စင်အင်ပါယာတွင်သာ ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်ရန် နည်းလမ်းများကို သိနေလိမ့်မည်ဖြစ်သည်။

သို့သော် သူသည် တတ်နိုင်သမျှ ကာလပတ်လုံး ၎င်းတို့နှင့် ဝေးဝေးတွင်သာ နေချင်နေခဲ့သည်။

“လောလောဆယ်တော့ တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်ထားတာကောင်းမယ် မှတ်ဉာဏ်အစိတ်အပိုင်းကို ဖွင့်ကြည့်နိုင်ဖို့က လောလောဆယ်င့ါရဲ့ ဦးစားပေးပဲ ငါ့ကိုယ်ငါဘယ်သူလဲ သိနိုင်မှသာလျှင် အခြားအရာတွေကိုလည်း နားလည်လာနိုင်မှာဖြစ်တယ်...”

အာရန်သည် တိုးတိုးလေး ရေရွတ်လိုက်ကာ ရှုယင်၏ ချစ်စရာကောင်းသော ပါးလေးများကို ညင်သာစွာ ပွတ်သပ်နေလိုက်လေသည်။

.....

ဖီးနစ်ငှက်သည် တစ်ညလုံးဆက်လက် ပျံသန်းနေခဲ့လေသည်။

ထို ဒဏ္ဍာရီလာ သားရဲမှာ ထိုသို့ တစ်ညလုံးဆက်တိုက်ပျံသန်းခဲ့ရခြင်းအတွက် ပင်ပန်းနွမ်းနယ်နေပုံ မပေါ်သည့်အပြင် သမုဒ္ဒရာပေါ်တွင် ပျံသန်းခဲ့ရသည့်အတွက် စိတ်လှုပ်ရှားနေပုံပင် ပေါ်နေခဲ့သေးသည်။

အာရန်သည် တစ်ညလုံးနီးပါး နိုးနေခဲ့ပြီး အောက်ရှိ ရေပြင်ကို စူးစိုက်ကြည့်နေမိခဲ့သည်။

သို့သော် သူသည် ရေပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါ။

အာရန်သည် ရေပြင်ပေါ်တွင် လ၏မျက်နှာပြင် ရောင်ပြန်ဟပ်နေမှုကို မြင်နိုင်နေခဲ့သော်လည်း သူသည် တစ်ခုခု မှားယွင်းနေကြောင်းကိုမူ ခံစားနိုင်ခဲ့သည်။

ဤရေပြင်သည် သာမန်ရေပြင်နှင့် တစ်စုံတစ်ရာကွဲပြားနေပုံရလေသည်။

အာရန်သည် အဝေးရှိ ကောင်းကင်ယံထက်တွင် နေမင်းကြီးစတင်ထွက်ပေါ်လာသည့် ချိန်မှသာ မည်သည့်အရာမှာ မှားယွင်းနေသည်ဆိုခြင်းကို သဘောပေါက်သွားခဲ့လေသည်။

ဤသမုဒ္ဒရာထဲရှိ ရေပြင်သည် သူ၏ နဂိုမူလကမ္ဘာပေါ်တွင် မြင်ခဲ့ရသော သာမန်လှပသည့် အပြာရောင်ပုံစံရေပြင်တစ်ခု မဟုတ်ခဲ့ပါ။

ထို့အစား သမုဒ္ဒရာတစ်ခုလုံးကို အနီရောင်ရေပြင်ဖြင့် ဖုံးအုပ်ထားခဲ့လေသည်။

သမုဒ္ဒရာသည် သာမန်ရေများဖြင့် ပြည့်နေရမည့်အစား သွေးရေများဖြင့် ပြည့်နေသည့်ပုံပင် ပေါ်နေခဲ့လေသည်။

သူဖတ်ခဲ့ရသော ဝတ္ထုအတွင်းရှိ ဇာတ်လိုက် ရဲ့လန် သည် ဤနေရာသို့ မရောက်ရှိသေးသောကြောင့် ဤသမုဒ္ဒရာအကြောင်း ဖော်ပြချက်တစ်စုံတစ်ရာကို သူသိရှိထားခြင်းမရှိခဲ့ပါ။

ဤသို့သော အရာမျိုးကို မြင်ရခြင်းသည် အာရန်အတွက်မူ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

ထိုစဉ်သူသည် နီရဲသော အနက်ရှိုင်းဆုံးပင်လည်ရေအောက်နေရာမှ ခုန်ထွက်လာသော ဧရာမပင်လယ်မြွေကြီးတစ်ကောင်ကို တစ်ချက်တစ်ချက်တွင် မြင်တွေ့နေရပြီး ၎င်းမြွေကြီး ပြန်လည် ငုပ်လျှိုး ပျောက်ကွယ်သွားစဉ်တွင် အနီရောင်ရေပွက်ကြီးများသည် ဘေးသို့လွင့်စင်ကာ ပြန့်ကားသွားကြလေသည်။

ထိုသတ္တဝါသည် အမြင့်မှ မြင်ရခြင်းအတွက် ပို၍သေးငယ်ပုံပေါ်နေသင့်သော်လည်း ယခုအချိန်တွင်ပင် ထိုမြွေကြီးသည် ဧရာမကြီးမားနေပုံ ပေါ်နေခဲ့လေသည်။

အာရန်မှာ ထိုမြွေကြီးကို အနီးကပ်သာမြင်ရမည်ဆိုလျှင် မည်မျှ ကြီးမားနိုင်မည်နည်းဆိုသည်ကို စိတ်ကူးယဉ်၍ ပင်ရနေလေသည်။

ယင်းသည် သင်္ဘောတစ်စင်းလုံးကို လွယ်လွယ်ကူကူပင် ရစ်ပတ်ဝါးမျိုနိုင်သော အရာတစ်ခုလည်း ဖြစ်လေသည်။

“ဂလု… ဒီလိုအရာမျိုးကို အနိုင်ယူလို့တောင် ရနိုင်ပါ့မလား”

ပုံမှန်အားဖြင့် ကမ်းခြေအနီးတွင်မြင်ရသော သတ္တဝါများမှာ အားအနည်းဆုံးဟုလည်း ပြောကြသည်။ ပင်လယ်နဂါးများ၏တည်နေရာဆီသို့ ရောက်ရှိရန်မှာ သူသည် ပို၍ ဝေးသည့်နေရာများသို့ ထပ်မံသွားရဦးမည် ဖြစ်သည်။

ပင်လယ်မြွေတစ်ကောင်တောင် ဤလောက်ထိ ကြီးမားပြီး အားကောင်းနေခဲ့ရင် ပင်လယ်နဂါးဆိုရင်ကော ဘယ်လောက်ထိ အားကောင်းနိုင်မလဲ အဲ့ဒီလိုတည်ရှိမှုမျိုးကို အနိုင်ယူလို့တောင် ရနိုင်ပါ့ဦးမလားဟု အာရန်သည် တွေးတောနေမိလေသည်။

#Catfoot

All Chapters