← Chapters

ဒဏ္ဍာရီလာ ကောင်းကင်နဂါး

Vol. 8 Ch. 92

ဒဏ္ဍာရီလာ ကောင်းကင်နဂါး

Vol. 8 Ch. 92

“ရှင် ဘာကို ကြည့်နေတာလဲ”

အာရန်သည် ဧရာမ ပင်လယ်မြွေကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုအကြောင်းတွေးတောနေစဉ် သာယာနာပျော်ဖွယ် အသံတစ်ခုသည် သူ၏ နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အာရန်သည် သူ၏ အကြည့်ကို အောက်သို့ ပြောင်းလဲလိုက်ရာ ရှုယင်က သူ့ပေါင်ပေါ်တွင် ငြိမ်းချမ်းစွာ အနားယူနေသည်ကို တွေ့လိုက်သည်။

သူ့ကို ပြန်လည်မော့ကြည့်နေသောသူမ၏ ချစ်စရာမျက်နှာလေး မငြိတွယ်မိပဲ မနေနိုင်ခဲ့ပါ။

“မင်းသာ ကိုယ်ဘေးနားမှာ ရှိနေမှတော့ ကိုယ်က အခြားနေရာကို အာရုံရောက်ဖို့ ဘာလို့လိုအပ်နေဦးမှာလဲ”

အာရန်သည် သူမအား ကလူးကျီဆယ်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။

ရှုယင်သည် ညှို့ငင်မှုများဖြင့် ပြည့်နှက်နေသော သူမ၏ အသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။

“ရှင်က မိန်းကလေးတွေရဲ့နှလုံးသားကို အတော်ဖမ်းစားနိုင်တာပဲနော်”

ထို့နောက်သူမသည် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ကာ

“ရှင် အိပ်ချိန်ကော ရလိုက်သေးရဲ့လား” ဟု မေးလိုက်သည်။

ထိုမေးခွန်းနှင့်အတူ သူမလည်း ထိုင်လိုက်ကာ သူမ၏ အမူအရာတွင် အဖြေကိုသိလိုစိတ်များဖြင့် ထင်ရှားနေခဲ့လေသည်။

“ကိုယ် လုံလောက်အောင် အိပ်ခဲ့ပြီးပါပြီ မင်းမနိုးလာခင် နာရီဝက်အလိုမှာပဲ ကိုယ်နိုးလာခဲ့တာ”

အာရန်က တစ်ညလုံး နိုးနေခဲ့သည့်အကြောင်းကို သူမအား မပြောပြချင်သဖြင့် အနည်းငယ် လိမ်လည်‌ပြောဆိုလိုက်လေသည်။

သူမကိုအမှန်အတိုင်း ပြောခဲ့လျှင် သူမသည် သူမကိုယ်သူမ ထိုအတွက် အပြစ်တင်နေလိမ့်မည်မှန်းကို သူသိနေခဲ့သည်။

ရှုယင်၏ သံသယရှိသော အကြည့်များကို သတိပြုလိုက်သဖြင့် သူသည် ပင်လယ်ဘက်သို့ ပြန်လှည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ ခုအကြိမ်က ပင်လယ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ ဒါက တကယ်ကို စွဲမက်ဖို့ကောင်းတဲ့ မြင်ကွင်းပဲ”

အာရန်သည် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်

“ဒါက တကယ်ကို သွေးပင်လယ်တစ်ခုလိုမျိုး မြင်နေရတယ်။”

“ဒါက သွေးပင်လယ် ဖြစ်နိုင်တယ် ရှင်သိတဲ့အတိုင်း ဒီပင်လယ်အကြောင်းကို ပုံပြင်တွေ အများကြီး ရှိခဲ့ဘူးတယ်လေ”

“ဪ ဘယ်လိုပုံပြင်မျိုးတွေလဲ”

ရှုယင် ပြောပြတော့မည့် ထိုပုံပြင်များအကြောင်းကို ပိုမိုကြားနိုင်ရန်စေရန် အာရန်သည် သူ၏နားများကို သူမ၏ အနီးသို့ ပို၍ကပ်ထားလိုက်လေသည်။

သူသည် ပုံပြင်များနှင့်ပတ်သတ်၍ နောက်ထပ် အထင်မသေးဝံ့တော့ပါ။

ဤနေရာသို့မရောက်ခင်အထိ ဤကမ္ဘာတစ်ခုလုံးမှာ သူ့အတွက် သာမန် ပုံပြင်တစ်ပုဒ်သာ ဖြစ်ခဲ့လေသည်။

ယခု ယင်းပုံပြင်သည် သူ၏လက်တွေ့ဘဝ ဖြစ်လာခဲ့သည်။

မည်မျှပင် မဆီလျော်နေပါစေ ပုံပြင်တိုင်းတွင် အမှန်ဖြစ်နိုင်ခြေများ ရှိကြောင်းကို သူသည် ယုံကြည်လိုက်ရလေပြီဖြစ်သည်။

“တစ်ချိန်က ဒီပင်လယ်က အခြားပင်လယ်တွေလိုပဲ အပြာရောင်ပဲရှိခဲ့တယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ် ရှိခဲ့တယ် အဲ့ထဲမှာ ဒီပင်လယ်ဟာ လူတွေအတွက် ပင်လယ်ထဲက သတ္တဝါတွေကြောင့် အသတ်ခံရမှာကို စိုးရိမ်စရာမလိုဘဲ သင်္ဘောတွေနဲ့ လုံခြုံစွာ ခရီးသွားနိုင်တဲ့ လုံခြုံတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်”

“ဒါဆို ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ”

အာရန်က ဆက်မေးခဲ့သည်။

ပုံမှန်ပင်လယ်တစ်ခုက ဤမျှ ရက်စက်သော သားရဲကြီးများဖြင့် ပြည့်နှက်နေသော သွေးပင်လယ်ကြီးတစ်ခုအဖြစ် မည်သို့ ပြောင်းလဲသွားခဲ့ရသနည်း။

“ဒဏ္ဍာရီတွေအရ ဒီပင်လယ်ထဲမှာ နေထိုင်တဲ့ ကောင်းကင်နဂါးတစ်ကောင် ရှိခဲ့ဘူးတယ် အဲ့ဒီ ကောင်းကင်နဂါးက ဒီပင်လယ်ကြီးရဲ့ အုပ်စိုးသူလည်း ဖြစ်ခဲ့တယ်”

“ကောင်းကင်နဂါးတစ်ကောင်”

အာရန်သည် ယင်းအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

သူသည် သူစီးနေသော ဖီးနစ်ကဲ့သို့ ဤကမ္ဘာထဲတွင် ဒဏ္ဍာရီလာ သားရဲကြီးများ ရှိကြောင်းကိုမူ သိနေခဲ့သည်။

သူသတ်ခဲ့ပြီးသော အဆိပ်နဂါး သို့မဟုတ် သူ၏ ယခုပန်းတိုင်ဖြစ်သော ပင်လယ်နဂါးကဲ့သို့ ဤကမ္ဘာထဲတွင် နဂါးများလည်း ရှိခဲ့လေသည်။

“ကောင်းကင်နဂါးတစ်ကောင်... ကျွန်မအထင်တော့ သူဟာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့အဆင့်မှာရှိတဲ့ နဂါးတစ်ကောင်ဖြစ်တယ်လို့ နားလည်ထားတယ်”

ရှုယင်သည် သူမ၏အမြင်ကို ရှင်းပြလိုက်သည်။

“ဒီဘက်ခေတ်က အားအကောင်းဆုံးလို့ပြောတဲ့ နဂါးတွေတောင် ကောင်းကင်နဂါးနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”

“ကောင်းကင်နဂါးက ပင်လယ်ကို သွေးနီရောင်အဖြစ် ပြောင်းလဲစေတဲ့ အကြောင်းပြချက်လို့ မင်းကပြောချင်နေတာလား” အာရန်က မေးလိုက်သည်။

“အနည်းဆုံးတော့ ဒဏ္ဍာရီပုံပြင်ထဲမှာ အဲဒီလိုပဲ ပြောခဲ့တယ် ပုံပြင်တွေအရ လွန်ခဲ့တဲ့ အချိန်အတော်ကြာက ကောင်းကင်နဂါးဟာ ပင်လယ်အတွင်းက နဂါးနန်းတော်ထဲမှာ နေထိုင်ခဲ့တယ်”

“ကောင်းကင်နဂါးရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီပင်လယ်ကြီးဟာ အလွန် ငြိမ်းချမ်းခဲ့ရတယ် ကောင်းကင်နဂါးလက်အောက်က နဂါးတွေဟာ လူသားတွေကို မထိခိုက်စေရုံသာမကပဲ ၎င်းတို့ကတောင် တစ်ခါတစ်ရံမှာ လူသားတွေကို ကူညီပေးခဲ့ကြသေးတယ်”

“ဒီပုံပြင်ထဲကအကြောင်းအရာတွေဟာ တကယ့်အမှန်တရားရဲ့ အစိတ်အပိုင်းအနည်းငယ်လောက်တောင် ရှိခဲ့ရဲ့လားဆိုတာတော့ ကျွန်မလည်းသေခြာမသိနိုင်ဘူး ဒီလောက် အားကောင်းတဲ့သားရဲကြီးတွေက သာမန်လူသားတွေကို ဘာကိစ္စကြောင့် ဂရုစိုက်နေရဦးမှာလဲ ဒါက လူသားတွေက ပုရွဲဆိပ်တွေကို ဂရုစိုက်နေတာနဲ့တူနေတယ်လေ”

ရှုယင်သည် ထိုပုံပြင်ကို အနည်းငယ်ပင် ယုံကြည်မနေခဲမှန်းသိသာလေသည်။

ဤကမ္ဘာတွင် အားနည်းသူများအတွက် သနားကြင်နာမှု ဟူသည့်အရာမှာ တည်ရှိမနေပါ။

အထူးသဖြင့် ၎င်းတို့ကိုယ်တိုင် အမြင့်မြတ်ဆုံး

သားရဲများ ဟု ယူဆထားသော ပင်လယ်နဂါးများအတွက်မှာလည်း အတူတူပင်ဖြစ်ပေလိမ့်မည်။

“ရပါတယ် အစစ်အမှန်တွေ မဟုတ်ရင်တောင် မင်းပြောတဲ့ပုံပြင်ကို ကိုယ် နားထောင်ကြည့်ချင်သေးတယ် နောက်ကောဘာတွေဆက် ဖြစ်ခဲ့သေးလဲ” အာရန်က ဆက်၍မေးလိုက်သည်။

“နောက်တော့ တစ်စုံတစ်ယောက်က လာပြီး ကောင်းကင်နဂါးကို သတ်ခဲ့တယ် အဲဒီလူက ဘယ်သူလဲ ဒါမှမဟုတ် သူက ဘာကြောင့် ကောင်းကင်နဂါးကို လာ သတ်သွားခဲ့တာလဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး ကောင်းကင်နဂါးရဲ့ သွေးဟာ ပင်လယ်ထဲကို ကျသွားတဲ့အခါ ပင်လယ်ပြင်မှာ ပြောင်းလဲမှုကြီးတစ်ခုကို စတင်ဖြစ်ပေါ်စေခဲ့တယ်”

“ပင်လယ်ထဲက သားရဲအများစုဟာ ကောင်းကင်နဂါးရဲ့ သွေးကြောင့် ဗီဇတွေပြောင်းလဲကုန်ကြပြီး ပို၍ အားကောင်းသန်မာလာခဲ့ကြတယ် ပင်လည်နဂါးရဲ့ နန်းတော်ဟာလည်း အဲဒီနေ့မှာပဲ ဖျက်ဆီးခံခဲ့ရတယ်”

“ဒါကြောင့် ရှင်ဒီနေ့ မြင်နေရတဲ့ သွေးနီရောင် ပင်လယ်ပြင်ကြီးဟာ... ကောင်းကင်နဂါးရဲ့ သွေးကြောင့် နီရဲနေခဲ့တာပဲ အနည်းဆုံးတော့ ဒဏ္ဍာရီတွေအရ အဲဒီလိုပဲယူဆခဲ့ကြတယ်”

“ဒဏ္ဍာရီတွေမှာ ထပ်ပြောထားတာက ကောင်းကင်နဂါးကို သတ်ခဲ့တဲ့သူက သာမန်လူသားတစ်ဦးဖြစ်ပြီး နတ်ဘုရားတစ်ပါးအဆင့်တောင် မဟုတ်ဘူးလို့ ပြောကြတယ်”

“ဒီဖြစ်ရပ်ကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကျိန်စာတိုက်ခဲ့တယ်လို့ ပြောကြတယ် လူသားတွေကို ဒီပင်လယ်ထဲကို ဝင်ခွင့်မပြုတော့ဘဲ လူသားသင်္ဘောတွေဟာ ဒီသွေးရောင်လွှမ်းနေတဲ့ ပင်လယ်ပြင်ကြီးထဲကို ဖြတ်ပြီး ရွက်လွှင့်ဖို့ ကြိုးစားတိုင်း အကုန် ဖျက်ဆီးခံခဲ့ရတယ်”

“ပင်လယ်ထဲမှာ ရွက်လွှင့်ခဲ့တဲ့ ဘယ်လူသားမှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြဘူ ဒါပေမဲ့ အဲ့ဒီစကားဟာ အားနည်းသူတွေအတွက်ပဲ မှန်မယ်လို့ ကျွန်မတော့ ယုံကြည်တယ်”

“ ဒါက ကျိန်စာတစ်ခု မဟုတ်ပါဘူး အားနည်းတဲ့သူတစ်ယောက်က သေခြင်းတရားရဲ့ တားမြစ်ထားတဲ့ တောအုပ်တစ်ခုထဲကို ဝင်သွားခဲ့ရင် သူတို့ က မုချသေရလိမ့်မယ် ဒါကြောင့် ဒါက ကျိန်စာတစ်ခုဖြစ်တယ်ဆိုတဲ့ ပြောစကားက ဆီလျော်မှုရှိမနေဘူး”

“လူသားတစ်ဦးက ကောင်းကင်နဂါးကို သတ်ခဲ့တယ်ဆိုတဲ့ ပုံပြင်က ပိုပြီးတော့တောင် ဆီလျော်မှုရှိမနေဘူး ကောင်းကင်နဂါးက စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်တဲ့အဆင့်မှာမရှိခဲ့လို့ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ်ရင်တော့ သူ့ကို သတ်ခဲ့တဲ့သူဟာ သာမန်လူသားတစ်ဦး ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်မှာမဟုတ်ဘူး”

“နှစ်ခုလုံးက မမှန်နိုင်ဘူး ဒါကြောင့် ပုံပြင်က လူတွေကို ကြောက်လန့်စေဖို့ သက်သက် ဖန်တီးထားတဲ့ အတုအယောင် ပုံပြင်တစ်ပုဒ်ဆိုတာ ရှင်းလင်းနေတာဖြစ်တယ်”

ရှုယင်သည် ပုံပြင်ကို မယုံကြည်ခဲ့ပါ။ သို့တိုင် ထိုဒဏ္ဍာရီမှာ မဆီလျော်ဟုဆို လျှင်ပင် သူမသည် ယင်းဒဏ္ဍာရီကို မေ့ထား၍မရပါ။

ယင်းသည် တောင်ပိုင်းတိုက်ကြီးတွင်သာ ကြားရသော အရာတစ်ခု မဟုတ်ဘဲ ဝေးကွာသော အခြားတိုက်ကြီးများတွင်ပင် ကြားသိနိုင်သော အရာတစ်ခုလည်း ဖြစ်နေခဲ့လေသည်။

“ဒါက အမှန်လည်းဖြစ်နိုင်တယ်လေ” အာရန်က ဝင်ပြောခဲ့သည်။

“ဂိုဏ်းချုပ် ဖန်းယုလည်း သာမန်လူသားတစ်ဦးပဲ မဟုတ်ဘူးလား မစ်စ်လည်း လူသားတစ်ဦးပဲ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက အရမ်း အစွမ်းထက်ကြတယ် ဒါကြောင့် အဲဒီခေတ်တုန်းက ပိုပြီး အားကောင်းတဲ့ တစ်စုံတစ်ယောက် ရှိခဲ့တာလဲဖြစ်နိုင်တာပဲလေ”

“ဘာပဲဖြစ်ဖြစ် ကိုယ်တို့က အမှန်တရားကို ဘယ်တော့မှသိနိုင်မှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်”

အာရန်သည် ဤကမ္ဘာအတွင်းတွင် အလွန်အားကောင်းသော ဖြစ်တည်မှုကြီးများ တည်ရှိနေကြောင်းကို သေခြာသိနေခဲ့သည်။

သူသည် စာရေးဆရာဟု ထင်မှတ်ခဲ့သောထိုပုဂ္ဂိုလ်သည်ပင် ထိုသို့သော တည်ရှိမှုတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။

ထိုပုဂ္ဂိုလ်သည် အချိန်နှင့် ဟင်းလင်းပြင်ဥပဒေသများကိုပင် ရပ်တန့်ထားနိုင်စွမ်း ရှိသူဖြစ်သည်။

ထိုပုဂ္ဂိုလ်ကဲ့သို့ တည်ရှိမှုတစ်ခုသာ ထိုအရာကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ခဲ့လျှင် ယင်းက ကောင်းကင်နဂါး၏ သေဆုံးမှုကို ရှင်းပြပြီးသားဖြစ်သွားပေလိမ့်သည်။

ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် ယင်းအားလုံးက သူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်ခဲ့လေသည်။

အာရန်သည် သူ၏သီအိုရီအကြောင်းကို များစွာ မတွေးတော့ပါ။

အတိတ်သည် ပစ္စုပ္ပန်ကို မည်သို့မျှသက်ရောက်စေနိုင်မည်မဟုတ်ဟု ယူဆမိသောကြောင့်ပင်ဖြစ်သည်။

#Catfoot

All Chapters