ရှုယင်၏ လျှို့ဝှက်ချက်
Vol. 8 Ch. 94
အာရန်သည် ထိုလည်ဆွဲများ၏ မူလအစကို နားမလည်နိုင်ခဲ့ပေ။
သူသည် ဤကမ္ဘာသို့ ရောက်ရှိလာသည့်နေ့မှစ၍ စနစ်ဆီမှ ဆုလာဘ် များစွာကို ရရှိခဲ့ပြီးဖြစ်လေသည်။
သူသည် မေးသမျှမေးခွန်းတိုင်းအတွက် အဖြေအားလုံးနီးပါးကို ပြန်လည်ဖြေကြားနိုင်သော
သူကိုယ်တိုင်မှပင် စာရေးဆရာဟုထင်မှတ်မိခဲ့သောထူးဆန်းသည့်ပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်သွယ်ရန် ဖန်တီးပေးသော မေးခွန်းဘောက်ချာတစ်ခုကိုလည်း နှစ်ကြိမ်တိတိပင် ရရှိခဲ့ဖူးပြီဖြစ်သည်။
အခြားအချိန်များတွင်လည်း သူသည် အော်ရာတစ်ခုနှင့်နှင့် အင်အားကြီးမားသော မျိုးဆက်သွေး တစ်ခုကိုပင် ရရှိခဲ့ပြီးဖြစ်သည်။
ထို့အပြင် ဤကမ္ဘာတွင် တည်ရှိမနေသင့်သော ထူးဆန်းသည့် သက်ရှိတစ်မျိုးဖြစ်သည့် ဆီလက်စ်ကလေးကိုပင် သူသည်ရယူနိုင်ခဲ့သေးသည်။
ဤဆုလာဘ်များ အားလုံးသည် မည်သူ့ကိုမဆို အံ့အားသင့်စေရန် လုံလောက်သော်လည်း ထိုအထဲတွင် သူသည် လည်ဆွဲဆုလာဘ်များသည်သာ သူ့အတွက် အသုံးဝင်ဆုံးဟု ယူဆမိထားဆဲဖြစ်သည်။
ခွန်အားမြင့်လည်ဆွဲသည် အသူရာဂိုဏ်းချုပ်ကိုပင် လွယ်ကူစွာ သတ်နိုင်ခဲ့သော ပစ္စည်းတစ်ခုဖြစ်လေသည်။
အကာအကွယ်လည်ဆွဲသည်လည်း အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုသုံးကြိမ်မှ သူ၏အသက်ကို မဆုံးရှုံးစေရန်ကာကွယ်ပေးထားနိုင်သော သူ့အတွက်အဖိုးတန်လွန်းသည့်အရာတစ်ခုလည်းဖြစ်လေသည်။
ထို အကာအကွယ်လည်ဆွဲသည် အရှင်သခင်တစ်ဦး၏ အင်အားအကြီးဆုံး တိုက်ခိုက်မှုကိုပင် ကာကွယ်ပေးနိုင်သော ထူးခြားသည့်အရာတစ်ခုဖြစ်
လေသည်။ ထိုတစ်ချက်နှင့်ပင် ၎င်း၏တန်ဖိုးမြင့်မားပုံကို နားလည်ရန် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
လည်ဆွဲဆုလာဘ်များသည် သူ့အတွက် အသုံးအဝင်ဆုံးဆုလာဘ်များဖြစ်ကြောင်း အတိတ်ဖြစ်ရပ်များမှ သက်သေပြခဲ့ပြီးဖြစ်လေသည်။
၎င်းသည် အာရန်အား သူ့ကိုယ်သူ ကာကွယ်ရန် အကူအညီဖြစ်စေခဲ့ရုံသာမက အန္တရာယ်များသော အခြေအနေများစွာမှ လွတ်မြောက်ရန်လည်း အကူအညီများစွာပြုခဲ့လေသည်။
ယခုသူသည် ခွန်အားမြင့်လည်ဆွဲကို လုံးဝအသုံးပြုပြီးပြီဖြစ်၍ အကာအကွယ်လည်ဆွဲသာ သူ့တွင်ကျန်ရှိတော့လေသည်။
အာရန်သည် ၎င်းလည်ဆွဲကို အသုံးပြုမိမည်ကို အလွန်ပင် တွန့်ဆုတ်နေမိခဲ့လေသည်။
သူသည် နောက်ထပ်လည်ဆွဲဆုလာဘ်တစ်ခု ပေါ်လာရန် အမြဲတမ်း မျှော်လင့်နေခဲ့မိလေသည်။
ယခုအကြိမ်တွင်မူ သူ၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ရွေးချယ်စရာတစ်ခုတွင် လည်ဆွဲဆုလာဘ်တစ်ခု ပါဝင်လာခဲ့ပြီဖြစ်သည်။
အဆိပ်လည်ဆွဲသည် အကာအကွယ်လည်ဆွဲနှင့် ခွန်အားမြင့်လည်ဆွဲတို့နှင့် မတူညီပေ။
အာရန်သည် ၎င်းလည်ဆွဲသည် သူ့အား ပိုမိုအားကောင်းလာစေမည် မဟုတ်မှန်း သေချာနေခဲ့လေသည်။
သို့သော် ၎င်းသည် လည်ဆွဲတစ်ခုပင်ဖြစ်သောကြောင့် ၎င်းလည်ဆွဲသည်လည်း ၎င်း၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ထူးခြားနေမည်မှာ သေခြာနေလေသည်။
သူသည် ခွန်အားမြင့်လည်ဆွဲ အသုံးပြုခွင့်သုံးကြိမ်ကို ကုန်စင်အောင် အသုံးပြုခဲ့ပြီးသည့်နောက် ယခုတွင် နောက်ထပ်တိုက်ပွဲများအတွက် ရွေးချယ်စရာများစွာ မရှိကျန်ရှိတော့ပေ။
ထိုပြသနာအတွက် အဆိပ်လည်ဆွဲသည် အကူအညီတစ်စုံတစ်ရာပေးနိုင်ပုံရလေသည်။
ပင်လယ်နဂါးတစ်ကောင်ကို သတ်ဖြတ်ရန်မှာ သာမန်နည်းလမ်းများကို အားကိုး၍ ရမည်မဟုတ်ပါ။
ရှုယင်၏အကူအညီဖြင့်ပင် အနိုင်ယူနိုင်ရန်မသေခြာပါ။
သို့သော် ၎င်းသည် အဆိပ်နှင့်ဆက်စပ်သော အရာတစ်ခုဆိုလျှင်...
စတုတ္ထရွေးချယ်စရာသည် အလွယ်ဆုံးဖြစ်သော်လည်း အဆိုးဝါးဆုံးဆုလာဘ်နှင့်အတူ ပေါ်လာခဲ့ခြင်းသည်။
ဒုတိယရွေးချယ်စရာမှာလည်း အခက်အခဲကိုသာ နှစ်ဆတိုးလာစေပြီး နေ့ခင်းဘက်ဖြစ်၍ မြင်ကွင်းအားသာချက်လေးတစ်ခုသာ ပို၍ရရှိမည်ဖြစ်သည်။
သူသည် ဝိညာဉ်တစ်ဦးအား ဆင့်ခေါ်နိုင်ခဲ့လျှင်ပင် ထိုဝိညာဉ်သည် သူ့အတွက် တိုက်ခိုက်ပေးနိုင်ခြင်းရှိမည် မဟုတ်သောကြောင့် ယခုတိုက်ပွဲတွင် အသုံးမဝင်နိုင်ပေ။
ဝိညာဉ်များသည် သူ့အား လမ်းညွှန်မှုများကိုသာ ပေးနိုင်ပြီး ၎င်းသည်သူ့ကဲ့သို့ ကျင့်ကြံခြင်းအဆင့် အနိမ့်ပါးဆုံးသော သူတစ်ယောက်အတွက် လက်ရှိအခြေအနေတွင် အသုံးမဝင်သလောက်နီးနီးပင် ဖြစ်လေသည်။
တတိယရွေးချယ်စရာနှင့် ပတ်သက်၍ သူသည် အမှန်တကယ်သာ တစ်ရက်အတွင်း ပင်လယ်နဂါးတစ်ကောင်ကို ဤမျှလွယ်ကူစွာ သတ်နိုင်စွမ်းရှိမည်ဆိုပါက အဘယ်ကြောင့် ဤမျှ စိုးရိမ်ထိတ်လန့်နေရမည်နည်း။
မည်သည့် ပြင်ဆင်မှုမှမရှိဘဲ ပင်လယ်နဂါးတစ်ကောင်ထံသို့ တိုက်ရိုက်သွားရောက်ခြင်းသည် ပိုမို၍ပင် ဆိုးရွားသော ရွေးချယ်မှုတစ်ခုပင် ဖြစ်လေသည်။
ရွေးချယ်စရာအားလုံးထဲတွင် တစ်ခုချင်းအလိုက်ကိုယ်ပိုင် အခက်အခဲများ ရှိနေကြသော်လည်း ထိုအထဲတွင် ရွေးချယ်မှုတစ်ခုသည်သာ သူ့အတွက် အဓိပ္ပာယ်ရှိနေလေသည်။
ထိုအရာကို ပြီးမြောက်ရန်အတွက် သူသည် မနက်နေမထွက်မှီအချိန်အတွင်း ပင်လယ်မြွေတစ်ကောင်ကို အမဲလိုက်ရမည်ဖြစ်လေသည်။
“ဒီအရာက ငါလုပ်ကိုလုပ်ရမယ့်အရာဖြစ်တယ်လို့ တွေးမိထားတယ်”
ယနေ့မနက်တွင်ပင် သူသည် ပင်လယ်မြွေတစ်ကောင်ကို တွေ့ရှိခဲ့ပြီးဖြစ်သည်။
ထိုသားရဲကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ဟုပင် သူတွေးမိခဲ့သေးသည်။
သို့သော် ယခုတွင် သူသည် ထိုသားရဲမျိုးတစ်ကောင်အား အမဲလိုက်ရန် စီစဉ်နေရပြီဖြစ်လေသည်။
သူသည် ကြောက်ရွံ့မှုအပါအဝင် သူ၏အခြားစိတ်ခံစားချက်များကို ဘေးချိတ်ထားရမည့် အခြေအနေတစ်ခုဖြစ်သဖြင့် မိမိကိုယ်ကိုယ်
တစ်ချက်ပြန်တွေးမိလိုက်၍ လှောင်ရယ်လိုက်မိသည်။
“ ကိုယ် အမဲလိုက်ဖို့ အပြင်ခဏ ထွက်သွားဦးမယ် ကျွန်းပေါ်မှာပဲခဏနေခဲ့ဦးနော်”
အာရန်က ဖီးနစ်ငှက်ကို ပုတ်ရင်း ရှုယင်အား ပြောလိုက်သည်။
တတိယရွေးချယ်မှုတွင် ရှုယင်ထံမှ အကူအညီရယူခြင်း ပါဝင်ခဲ့သည်။
ထို့ကြောင့် ဤ ပထမရွေးမှုမှာ ၎င်းကို တိုက်ရိုက်ဖော်ပြထားခြင်းမရှိသော်လည်း သူကိုယ်တိုင်သာ ပြီးမြောက်ရမည့်ရွေးချယ်မှုဖြစ်သည်ဟု သူသည် နားလည်ထားခဲ့လေသည်။
ရှုယင်သာ သူ့နှင့်အတူ ပူးပေါင်းလိုက်ပါခဲ့ပါက ၎င်းသည် တတိယရွေးချယ်စရာကို ရွေးချယ်ခြင်းနှင့်ခြားနားတော့မည်မဟုတ်ပေ။
၎င်းသည် သူ့အတွက် အဆိုးရွားဆုံးအခြေအနေတစ်ခုလည်းဖြစ်လေသည်။
“ကျွန်မ တစ်ခုခု အမှားလုပ်မိခဲ့လို့လား”
ရှုယင်က တွန့်ဆုတ်စွာဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
အာရန်က သူမကို ထားရစ်ခဲ့ပြီး တစ်ယောက်တည်း အပြင်ထွက်သွားရသည့် အကြောင်းရင်းကို သူမ နားမလည်နိုင်ခဲ့ပေ။
“မင်း ဘာမှမမှားပါဘူး ဒီတစ်ခုက အောင်မြင်ချင်ရင် ကိုယ်ကိုယ်တိုင်လုပ်မှ ရမယ့် အလုပ်တစ်ခုဖြစ်နေလို့ပါ ကိုယ်ပြန်ရောက်ရင် မင်းကိုသေခြာ ရှင်းပြပါ့မယ်”
အာရန်သည် ဖီးနစ်ငှက်၏ ကျောပေါ်သို့ တက်လိုက်သည်။
ထို့နောက် ဖီးနစ်ငှက်သည် သူမ၏အတောင်ပံများကို ဖြန့်ကာ လေထဲသို့ ပျံတက်သွားတော့သည်။
“ဒါပေမယ့် ရှင်တစ်ယောက်တည်းဆို အန္တရာယ်များတယ်လေ”
ရှုယင်သည် လည်းအပေါ်သို့ လိုက်ပါပျံတက်သွားခဲ့လေသည်။
သူမသည် ဖီးနစ်ငှက်၏ ကိုယ်ပေါ်သို့ မဆင်းသက်ခဲ့သော်လည်း အာရန်အား တစ်ယောက်တည်း သွားခွင့်မပြုလိုခဲ့ပေ။
“ကိုယ့်မှာ အသက်အန္တရာယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ် ကိုယ့်ကိုစိတ်ချပါကိုယ်ဘာမှမဖြစ်စေရပါဘူး”
အာရန်က ရှုယင်ကို ပြုံးပြရင်း အားပေးစကားပြန်ပြောလိုက်သည်။
“ကိုယ် ဘေးကင်းစွာနဲ့ ပြန်လာခဲ့မယ်လို့ ကတိပေးပါတယ်”
အာရန်သည် သူ၏ ဖီးနစ်ငှက်နှင့်အတူ ကောင်းကင်သို့ ပျံတက်သွားခြင်းမပြုမီ နောက်တစ်ခေါက်ထပ်မံကတိပေးလိုက်သည်။
ရှုယင်သည် အာရန်၏ အဝေးသို့ ထွက်ခွါပျောက်ကွယ်သွားသောပုံရိပ်ကို ကြည့်နေစဉ် သူမသည် သူ၏ နောက်သို့ လိုက်ပါသွားချင်နေခဲ့နေသည်။
သူမသည် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။
တစ်ဖက်တွင် သူမသည် သူ့ကို ဘေးကင်းကြောင်း သေချာစေရန် သူ့နောက်သို့ လိုက်ချင်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း သူမသည် သူ၏ ဆုံးဖြတ်ချက်ကို မလေးစားသည့်အတွက် သူမအား မုန်းတီးသွားမည်ကိုမလိုလားခဲ့ပေ။
သူတစ်ယောက်တည်းလုပ်ဆောင်ရန် လိုအပ်သည့်အရာတစ်ခုကို သူမက လိုက်ပါ မိပါက ဖျက်ဆီးမိသလိုဖြစ်သွားနိုင်လေသည်။
ထိုသို့ပြုလုပ်ပါက သူမသည် သူ့အား အနှောင့်အယှက်ပေးသလိုသာ ဖြစ်သွားစေမည်ဟု တွေးလိုက်မိသောအခါ သူမ၏နှလုံးသားသည် ထပ်မံနာကျင်သွားရလေသည်။
“ကျွန်မ ရှင့်နောက်ကို မလိုက်တော့ဘူး ဒါပေမယ့် ကျွန်မရှင့်ကို ဆက်ပြီး ကာကွယ်ပေးပ့ါမယ်...”
အချိန်တခဏခန့်စဥ့်စားလိုက်ပြီးနောက် ရှုယင်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
သူမသည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ သူမ၏လက်ချောင်းထိပ်ကို ကိုက်ခဲလိုက်သည်။
သူမ၏လက်ချောင်းထိပ်တွင် ထိုကိုက်ခဲခြင်းကြောင့် ကျဆင်းလာသည့် သွေးစက်များဖြင့် သူမ၏ လက်ဖမိုးပေါ်တွင် သေးငယ်သော သင်္ကေတတစ်ခုကို ရေးဆွဲလိုက်လေသည်။
တိုးညှင်းသောရေရွတ်မှုတစ်ခုကိုပြုလုပ်ပြီးနောက် သူမသည် သူမ၏ သွေးကိုအရင်းအမြစ်အဖြစ် အသုံးပြုထားသော ထိုပုံစံကွက်ကို အသက်သွင်းလိုက်လေသည်။
၎င်းသည် မိစ္ဆဂိုဏ်းချုပ်ဖန်းယုတစ်ယောက်မှလွဲ၍ မည်သူမျှ မသိသော ရှုယင်၏ လျှို့ဝှက်ချက် တစ်ခုလည်းဖြစ်သည်။
အာရန်သာ ဤနေရာတွင် ရှိနေပါက သူသည် လွန်စွာ အံ့အားသင့်သွားလိမ့်မည်ဖြစ်သည်။
၎င်းသည် ဆင့်ခေါ်ခြင်းပုံစံတစ်မျိုးဖြစ်ပေသည်။
မူလဝတ္ထုထဲတွင် ရှုယင်မှာ ထိုသို့လုပ်ဆောင်နိုင်သည်ဟူသော အချက်များကို လုံး၀ဖော်ပြထားခဲ့ခြင်းမရှိပေ။
ရှုယင်သည် ဆင့်ခေါ်ခြင်းစက်ဝိုင်းအား အသုံးပြုပြီးသွားသောအခါ သူမ၏ ရှေ့ရှီ လေထုထဲတွင် ဝိညာဉ်ဂိတ်တံခါးတစ်ချပ် ပေါ်ပေါက်လာခဲ့လေသည်။
ထိုဝိညာဉ်ဂိတ်တံခါးသည် ရှေ့ခေတ်အော်ရာ အငွေ့အသက်များဖြင့် လွှမ်းခြုံထားလျက်ရှိပြီး မြေအောက်ကမ္ဘာတစ်ခုနှင့်လည်း ဆက်သွယ်ထားပုံလည်းရလေသည်။
ထိုဂိတ်တံခါး ရုတ်တရက် ပွင့်လာသောအခါ ရှုယင်၏ ရှေ့တွင် နတ်ဆိုးဆန်ဆန်အပြုံးတစ်ခုဖြင့် ပြန်လည်ပြုံးပြနေသော အမျိုးသမီးငယ်လေးတစ်ဦးသည် ထိုဂိတ်တံခါးအတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။
သူမ၏ပုံစံသည် သက်ရှိလူသားတစ်ဦးထက် ဝိညာဉ်တစ်ဦးနှင့်ပင် ပိုမို၍တူနေခဲ့လေသည်။
“နင် ငါ့ကို ဘယ်တော့မှ ထပ်မဆင့်ခေါ်တော့ဘူးလို့ အရင်တစ်ခါက ကြိမ်ဆိုခဲ့ဘူးတယ်လို့ ငါမှတ်မိနေသလိုပဲ”
ထိုအမျိုးသမီး၏ စကားများအတွင်းတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
“နင် ငါ့ကို ဆင့်ခေါ်ရင် ပြန်ပေးရမဲ့ တန်ရာတန်ကြေးကိုတော့ သတိရသေးတယ် မဟုတ်လား”
“ငါ မှတ်မိတယ်”
ရှုယင်က ထိုဝိညာဉ်မလေးအပေါ် နွေးထွေးမှုကင်းမဲ့သောအသံဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလိုက်သည်။
#Catfoot