ဒီနာမည်ကို ထိုက်တန်စေရမယ်
Vol. 8 Ch. 95
ရှုယင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုဝိညာဉ်မအား ဆက်လက်ပြောဆိုခွင့်ပြုလိုက်သည်။
၎င်းသည် သူမဆန္ဒအလျောက် ပေးချေမည်ပင်ဖြစ်သည်။ ထိုအရာသည်သူမအတွက် အရေးမပါသည့် ပမာဏတစ်ခုပင် မဟုတ်ပါလော။
“ကောင်းပြီဒါဆို ဒီကိစ္စအတွက် နင့်ရဲ့ သက်တန်း တစ်နှစ်ကို ခုတစ်ညတာနဲ့ လဲမယ်”
ထိုဝိညာဉ်မလေးသည် ရှုယင်၏ နဖူးကို လက်ဖြင့်ဖိလိုက်ကာ သူမ၏အသက်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို စုပ်ယူလိုက်လေသည်။
ရှုယင်အတွက် သူမ၏ကျင့်ကြံမှုအဆင့်ကြောင့် ရရှိထားသော သူမ၏ သက်တမ်းရှည်လျားမှုကို တွက်ကြည့်လိုက်မည်ဆိုပါက သူမ၏ ထိုပေးလိုက်ရသည့် သက်တမ်းတစ်နှစ်သည် ဤမျှအရေးပါခြင်းမရှိတော့ချေ။
သူမတွင် နှစ်ပေါင်းရာချီသက်တမ်းများ ကျန်ရှိနေသေးလေသည်။
ထို့ပြင် ကျင့်ကြံမှုအဆင့်များကို ပိုမိုတိုးတက်လာအောင် လေ့လာခြင်းများဖြင့် အနာဂါတ်တွင် သူမသည် ကျန်ရှိသည့်သက်တမ်းအချိန်ကိုများစွာ ထပ်မံ တိုးမြှင့်နိုင်လေသေးသည်။
ထို့ကြောင့် တစ်နှစ်ဟူသည်သူမအတွက် အရေးမပါပေ။
သူမသည် ဤဝိညာဉ်ကို ဤမျှကာလကြာအောင် မခေါ်ယူခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုပေးရသည့်တန်ဖိုးကြောင့် မဟုတ်ပေ။
ယင်းအစား သူမ၏ အတိတ်တွင် ၎င်းနှင့် နက်ရှိုင်းသောပတ်သတ်ဆက်နွယ်မှုအချို့ ရှိခဲ့သောကြောင့်သာဖြစ်လေသည်။
“အရသာရှိလိုက်တာ”
ဝိညာဉ်မလေးသည် ကျေနပ်စွာဖြင့် သူမ၏ဗိုက်ကို ပွတ်သပ်လိုက်ရင်း နောက်သို့ဆုတ်သွားလိုက်သည်။
“ငါ့အမေက ဒီလူသားလောကက တစ်စုံတစ်ယောက်နဲ့ ဘာလို့ကတိကဝတ်ပြုစာချုပ်ချုပ်ဆိုထားရတာလဲလို့ မကြာခဏ မေးလေ့ရှိတယ် ဒါပေမဲ့ သူက ဒီခံစားချက်ကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး...”
“နင် စကားပြောလို့ပြီးပြီ ဆိုရင် အလုပ်အကြောင်းပြောရအောင်”
ရှုယင်သည် သူမ၏စကားကို ကြားဖြတ်ပြောလိုက်သည်။
“ဟင့် နင် က ပျော်ဖို့လဲမကောင်းဘူး အရင်တစ်ခါကိစ္စကို နင်က ခုထိ ဒေါသထွက်နေတုန်းပဲလား”
ဝိညာဉ်မလေးသည် သူမကိုလှည့်ကြည့်ရင်း သူမ၏ပါးနှစ်ဖက်ကို ချစ်စရာကောင်းအောင် လုပ်ဖောင်းထားလိုက်သည်။
“ဖီးနစ်ငှက်တစ်ကောင်ကိုစီးပြီး ယောက်ျားတစ်ယောက် အဲဒီဘက်ကို ထွက်သွားတယ်”
ရှုယင်သည် ထိုဝိညာဉ်မလေး၏အမေးကို ပြန်ဖြေရန်စိတ်မဝင်စားသည့်အလား အဓိကအချက်ကိုပင် တိုက်ရိုက်ပြောလိုက်သည်။
“ယောက်ျားတစ်ယောက်ဆိုတော့ ဘာလဲ နင်က သူ့ကို သွားသတ်စေချင်…..”
ရှုယင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်အော်ရာတစ်ခုကို ခံစားလိုက်ရသောကြောင့် စကာစကိုအမြန်ပင်ဖြတ်လိုက်ရသည်။
“ငါက နောက်တာပါဟာ စိတ်အေးအေးထားနော်”
ထိုဝိညာဉ်မလေးသည် အံ့အားသင့်သွားသော်လည်း ပြန်လည်ရှင်းပြလိုက်သည်။
ရှုယင်သည် သူမနှင့် ပြန်လည်ဆက်သွယ်ရန်ပင် ဆန္ဒရှိသည်အထိ ယောက်ျားတစ်ယောက်ကို ဂရုစိုက်လိမ့်မည်ဟု သူမ ဘယ်တုံးကမှ မမျှော်လင့်ထားခဲ့ပေ။
ထိုမျှသာမက သူမသည် ထိုယောက်ျားကို သတ်ရန် နောက်ပြောင်ရုံဖြင့်ပင် ထိုကဲ့သို့ ကြောက်စရာကောင်းသော အမူအရာကို ပြသနေသေးသည်။
ဤမိန်းကလေးကို ဤသို့ဖြစ်သွားစေနိုင်သော ထိုယောက်ျား၏အကြောင်းကို သူမ အလွန်စပ်စုချင်လာသည်။
“သူ့ကို နင့်အကြောင်းမဖော်ထုတ်မိစေချင်ဘူး အဲ့ဒါကြောင့် နောက်ကနေပဲမသိမသာ လိုက်ကြည့်စေချင်တယ် တကယ်လို့ သူအသက်အန္တရာယ်ကြုံလာပြီဆိုမှသာ သူ့ကို ကယ်တင်ပေးစေချင်တယ် ဒါပေမယ့် ဘယ်လိုနည်းနဲ့မဆို နင်က ငါနဲ့ ဆက်နွယ်နေတယ်ဆိုတာတော့ သူ့ကို လုံး၀ မသိစေနဲ့”
ရှုယင်သည် သူမဂရုစိုက်သော ထိုယောက်ျားကို အသေအခြာကာကွယ်ပေးရန် ဆန္ဒရှိနေကြောင်းအသိပေးလိုက်သည်။
သူမသည် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သူ့ကို ဘေးကင်းစေရန်အတွက် အစွမ်းကုန် လုပ်ဆောင်ရန် ဆန္ဒရှိနေခဲ့လေသည်။
“သူ့အသက်အန္တရာယ် တကယ်ရှိမှသာ ဝင်ရောက်စွက်ဖက်ဖို့ မှတ်ထားပါ နင်က သူ့အတွက် အတားအဆီးတစ်ခု ဖြစ်သွားလို့မရဘူး ပြီးတော့ နင်တောင် မကိုင်တွယ်နိုင်တဲ့ အရာတစ်ခုဆိုရင် ချက်ချင်း ငါ့ကို လှမ်းခေါ်လိုက်ပါ”
“ငါ မကိုင်တွယ်နိုင်တဲ့ အရာတစ်ခုဟုတ်လား ဟမ့် ငါက ဘယ်သူလဲဆိုတာ နင်မေ့သွားတာလား ငါ မကိုင်တွယ်နိုင်တဲ့ အရာဆိုတာ ဒီလောကမှာ မရှိဘူး”
ဝိညာဉ်မလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်သည်။
.....................
“ဖီးနစ်ငှက်က ငါ့နဲ့ ကံကြမ္မာနှောင်ကြိုးချုပ်ဆိုထားတာဆိုထားတဲ့ သားရဲဖြစ်တဲ့အတွက် သူ့ရဲ့ခွန်အားက ငါ့ရဲ့ခွန်အားလို့ ယူဆလို့ရတယ် ငါသာ သတိထားမယ်ဆိုရင် မနက်မတိုင်ခင် ဒါကို ပြီးအောင် လုပ်နိုင်လိမ့်မယ်”
“ပြဿနာတစ်ခုပဲရှိတယ်... ညဘက်ကြီး ပင်လယ်မြွေတစ်ကောင်ကို ဘယ်မှာသွားရှာရမလဲ”
မနက်ပိုင်းအစောပိုင်းခန့်က သူသည် ပင်လယ်မြွေတစ်ကောင်နှင့်ပင် ပက်ပင်းတိုးခဲ့သည်။
သို့သော် ယခုတွင်မူ ပင်လယ်မြွေတစ်ကောင်ကို ရှာဖွေခြင်းသည် သူထင်ထားသည်ထက် ပိုမိုခက်ခဲလေသည်။
သူ့တွင်ရှိသော မြေပုံတွင်ပင် ၎င်းတို့ကို တွေ့နိုင်သော သင့်တော်သော နေရာတစ်ခုကို မပြသထားခဲ့ပေ။
၎င်းသည် ရက်ပေါင်းများစွာ ရှာဖွေရသည့်အထိ ကျယ်ပြန့်သော နယ်မြေကြီးတစ်ခုကိုသာ ညွှန်ပြထားလေသည်။
“ငါမမှားဘူးဆိုရင် မနက်က ငါတွေ့ခဲ့တဲ့တစ်ကောင်က အဲဒီဘက်ကို သွားတာနေမယ်”
သူသည် စာရွက်တစ်ရွက်ကို ထုတ်ကာ တွက်ချက်မှုအချို့ကို စတင်လုပ်ဆောင်လိုက်သည်။
“သူသွားနေတဲ့ အရှိန်နဲ့ သူ့ရဲ့အလျင်ကို တွက်ချက်ပြီး ခန့်မှန်းလိုက်မယ်ဆိုရင် ရှာဖွေရမယ့် နယ်မြေပမာဏကို ပိုပြီး ကျဉ်းမြောင်းသွားစေနိုင်မယ်ထင်တယ်”
တွက်ချက်မှုပြီးစီးပြီးနောက် သူသည် မြေပုံကို တဖန်ပြန်ဖွင့်လိုက်သည်။
သူသည် ပင်လယ်မြွေကို တွေ့ခဲ့သော နေရာကို ပြန်လည်အမှတ်အသားပြုလုပ်လိုက်သည်။
သူသည် ထိုနေရာပေါ်တွင် လက်ချောင်းများကို တင်ကာ မြွေ၏ ဦးတည်ရာကို ခြေရာခံလိုက်လေသည်။
“ဒီနေရာပဲ”
ခန့်မှန်းတွက်ချက်မှုအချို့ပြုလုပ်အပြီးတွင် အာရန်သည် သူ၏လက်ရှိနေရာမှ မဝေးလွန်းသော နေရာတစ်ခုတွင် ထိုပစ်မှတ်ကို တွေ့ရှိခဲ့သည်။
၎င်းသည် ပင်လယ်နဂါးများ၏ နေထိုင်ရာနှင့် ဆန့်ကျင်ဘက်ခြမ်းတွင် ရှိနေလေသည်။
ပင်လယ်မြွေတစ်ကောင်သည် ပင်လယ်နဂါးများ၏ နယ်မြေအတွင်းသို့ မဝင်ရောက်လိုရသည့် အကြောင်းရင်းကို သူနားလည်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းသည် သူ၏ အကျိုးအတွက် အလုပ်ဖြစ်ခဲ့လေသည်။
သူသည် ယခုရှာဖွေမှုအတွင်း ပင်လယ်နဂါးများ၏ အာရုံစိုက်မှု ခံရမည်ကို အမှန်တကယ်ပင်စိုးရိမ်စရာ မလိုတော့ပေ။
ဖီးနစ်ငှက်သည် အာရန်၏ဆန္ဒအတိုင်း လျင်မြန်စွာဖြင့် ဦးတည်ရာကိုပြောင်းလိုက်ကာ ပင်လယ်ပြင်၏ မတူညီသော အခြားတစ်ဖက်သို့ ပျံသန်းလိုက်သည်။
လရောင်အောက်တွင် အာရန်သည် အောက်ရှိ ပင်လယ်ပြင်ကြီးကို ဆက်လက်ကြည့်ရှုနေခဲ့မိသည်။
သူ၏ အားနည်းသော ညဘက်အမြင်ဖြင့်ပင် ပင်လယ်မြွေကဲ့သို့ ကြီးမားသော အရာတစ်ခုကို လွယ်ကူစွာလွဲချော်သွားနိုင်မည်ဟု မယုံကြည်ထားပေ။
နောက်ထပ် အကူအညီတစ်ခုမှာ ဖီးနစ်ငှက်သည် ပုံမှန်အမြင့်ထက် များစွာနိမ့်၍ပျံသန်းနေသော်လည်း ပင်လယ်မြွေခုန်ကိုက်နိုင်သည့် အမြင့်ထက် အနည်းငယ်ပိုမြင့်သောနေရာတွင် ပျံသန်းနေခဲ့ခြင်းဖြစ်သည်။
“ကောင်းကင်နဲ့ ပင်လယ်ကြားက တိုက်ပွဲမှာ ငါတို့ ရှုံးနိမ့်လို့မရဘူး ငါတို့ အနိုင်ရပြီး အောင်ပွဲခံနိုင်ရမယ်”
အာရန်သည် မဖြစ်နိုင်သော တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေစဉ် ဖီးနစ်ငှက်၏ ကျောကို ပုတ်ပေးလိုက်သည်။
သူသည် အကာအကွယ်လည်ဆွဲကို သူ၏လည်ပင်းတွင် ကောင်းမွန်စွာ ရှိနေသေးသလား သေချာစေရန်အတွက် ထပ်မံစစ်ဆေးလိုက်သည်။
သူသည် သူ၏အရှိန်နှင့် ခွန်အားကို ခဏတာ တိုးမြှင့်ပေးနိုင်သောအဆောင်ပစ္စည်း များကို လည်းသေခြာ ပြင်ဆင်ထားလိုက်သည်။
ယခုခွန်အားတိုးမြှင့်အဆောင်များသည် သူသည် နဂို ခွန်အားမြင့်လည်ဆွဲ ၏စွမ်းအားနှင့်နှိုင်းယှဉ်ပါက အနည်းငယ်မျှပင်နီးစပ်နိုင်ခြင်းမရှိကြပေ။
သို့သော် ဤကဲ့သို့ အရေးပေါ်အချိန်များအတွက်မူ ထိုကဲ့သို့ အရာများကို များစွာစိုးရိမ်နေ၍မရပေ။
“သူက ဒီမှာပဲ”
တူညီသောနေရာတစ်ခုကို အထပ်ထပ်ရှာဖွေပြီးနောက်တွင် အာရန်သည် မနက်က တွေ့ရှိခဲ့သော ထိုပင်လယ်မြွေကို ထပ်မံ၍တွေ့လိုက်ရသည်။
သူသည် လက်နက်တစ်ခုကို ပြင်ဆင်လိုက်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
ပင်လယ်မြွေနှင့် နှိုင်းယှဉ်လျှင် သူ၏ခန္ဓာကိုယ်မှာ များစွာ သေးငယ်နေပုံရလေသည်။
အကယ်၍ နှစ်ဦးစလုံးသည် တူညီသော မြေပြင်ပေါ်တွင် အတူတကွယှဉ်၍ ရပ်နေပါက သူသည် ဧရာမသားရဲနှင့် နှိုင်းယှဉ်နေသော ပုရွက်ဆိတ်တစ်ကောင် နှင့်ပင် ခြားနားမည်မဟုတ်ပေ။
သို့သော် ဤပုရွက်ဆိတ်သည် ဤအန္တရာယ်ကို ဖိတ်ခေါ်ရန် ဆန္ဒရှိနေလေသည်။
ဤကမ္ဘာထဲသို့ စတင်ရောက်ရှိလာပြီးသည့်အချိန်မှစ၍ သူသည် စိတ်ပိုင်းဆိုင်ရာအရ မည်သို့ပြောင်းလဲလာသည်ကိုပင် သူ့ကိုယ်သူ သတိမထားမိခဲ့ပါ။
အစပိုင်းတွင် သူသည် ယခုထက်များစွာပို၍ ကြောက်ရွံ့တတ်ခဲ့လေသည်။
အချိန်တိုင်းတွင် သူသည် သတ်ခံရမည်ကိုသာ စိုးရိမ်နေခဲ့လေသည်။
အာရန်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အန္တရာယ်ရှိသောအရာများနှင့် ဝေးဝေးတွင်သာ နေလိုခဲ့သည်။
ယခုတွင်မူ သူသည် သူ့တစ်ကိုယ်လုံးကို တစ်လုပ်တည်းနှင့်မျိုချပစ်နိုင်သော ဧရာမသားရဲကြီးတစ်ကောင်နှင့် တိုက်ခိုက်ရန် ကြိုးစားနေလေပြီဖြစ်သည်။
“ညမုဆိုး ဟုတ်လား ဒီနာမည်ကလဲခေါ်လို့မဆိုးဘူးပဲ ကဲ ဒီနာမည်ကို ငါ့အတွက် အမှန်တကယ်ထိုက်တန်အောင် ကြိုးစားရသေးတာပေ့ါ”
#Catfoot