င့ါရဲအဖိုးတန်လည်ဆွဲလေး….
Vol. 8 Ch. 96
အာရန်သည် သူ၏ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး သူ၏ရင်ဘတ်အတွင်းရှိ နှလုံးခုန်သံမှာ ပိုမို၍ မြန်ဆန်လာခဲ့သည်။
ပင်လယ်လေပြေလေးများသည် သူ၏ဆံပင်များကို တရွေ့ရွေ့ လှုပ်ခတ်နေစေပြီး သူသည် ဖီးနစ်ငှက်၏ ကျောပြင် အစွန်းတစ်ဘက်တွင် ရပ်ကာ ထိုပင်လယ်မြွေအား တည့်တည့်ပင် ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
အာရန်သည် ဖီးနစ်ငှက်ကို ရေမျက်နှာပြင်နှင့် ပိုမိုနီးကပ်စွာ ဆင်းသက်ရန် အချက်ပြလိုက်သည်။
သူတို့ချဉ်းကပ်လာသည်နှင့်အမျှ ပင်လယ်မြွေ၏ ကြီးမားသော အရွယ်အစားသည် ပို၍ပင် ထင်ရှားလာလေသည်။
၎င်းပင်လယ်မြွေကြီး၏အကြေးခွံများသည်လရောင်ဖျော့ဖျော့အောက်တွင် စွဲမက်ဖွယ်ကောင်းသော အရောင်အဆင်းများဖြင့် တောက်ပစွာထင်ဟပ်လျက်ရှိနေသည်။
၎င်းနှင့် ပိုမိုနီးကပ်လာပြီးနောက် အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။
ပင်လယ်မြွေ၏ အချက်အလက်များသည် သူ၏မျက်လုံးရှေ့တည့်တည့်ရှိ စနစ်၏ ဖန်သားပြင်တွင် ပေါ်လာလေသည်။
[အမည်: ပင်လယ်မြွေ]
[အဆင့်: ၃၀]
[အချက်အလက် : မရှိ]
[မျိုးဆက်သွေး : မြွေမျိုးရိုး]
[အသက်: ၄၀၈ နှစ်]
[စရိုက်လက္ခဏာများ : နှေးကွေး]
-အဆင့်သတ်မှတ်ချက်များ-
[ခွန်အား: ၄၅၂]
[သွက်လက်မှု: ၁၄၃]
[ခံနိုင်ရည်: ၇၀၅]
[ဉာဏ်ရည်: ၀၈]
[မာနာ : ၀]
၎င်း စနစ်၏ အချက်အလက်များကို ကြည့်ခြင်းဖြင့် အာရန်သည် သူ့ရှေ့ရှိ သားရဲကြီး ၏ခွန်အားအစစ်အမှန်ကို ခန့်မှန်းနိုင်ခဲ့လေသည်။
၎င်းသည် သူ၏ဒုတိယမြောက် တပည့်ကို သတ်ဖြတ်ရန်ကျိုးစားခဲ့သည့် ထိုကျိလင်းမြို့စား၏ခွန်အားနှင့် ခန့်မှန်းခြေအားဖြင့် တူညီနိုင်လေသည်။
၎င်းသည် သူ၏ စနစ်ခန့်မှန်းချက်များအရ အဆင့်ငါးဆယ်ရှိသော ရှုယင်ထက်များစွာ အားနည်းနေလေသည်။
သူမသာ ဤနေရာတွင် ရှိနေပါက သူတို့သည် ချွေးပင်ထွက်စရာမလိုဘဲ ထိုအရာကို လွယ်ကူစွာ သုတ်သင်နိုင်မည်ဖြစ်သည်။
“စနစ်က ရှုယင်ဆီကနေ အကူအညီယူခွင့် မပေးတာ အံ့ဩစရာ မရှိတော့ပါဘူး သူ့အကူအညီနဲ့ သာဆို ပင်လယ်နဂါးကို အမဲလိုက်ဖို့ အဆင့်ထိပြောင်းသွားမှာပဲ”
“ပစ်မှတ်က ငါထင်ထားတာထက် အများကြီး အားနည်းနေတယ် သူက ပိုကြီးပြီး ပိုကြောက်စရာကောင်းပုံပေါ်နေရုံလေးပဲ ဒါပေမယ့်.......
သူမနဲ့ နှိုင်းယှဉ်ရင် သူက အားနည်းတယ်ဆိုပေမဲ့ ငါနဲ့ နှိုင်းယှဉ်ရင်ကော ....အင်း… ဒါဆိုရင်တော့ အရမ်းအားကောင်းနေပါသေးတယ် ငါ သူ့ကို အထင်သေးလို့ မဖြစ်သေးဘူး”
သူတို့၏တည်ရှိမှုကို ခံစားမိသော ပင်လယ်မြွေသည် ၎င်း၏ဦးခေါင်းကို ရေပေါ်သို့ ပင့်တင်လိုက်ကာ ၎င်း၏မျက်လုံးကြီးများသည် အာရန်နှင့် ဖီးနစ်ငှက်တို့ကို စိုက်ကြည့်လိုက်လေသည်။
၎င်းသည် သတိပေးချက် ပေးချင်သည့်အလား တုန်ခါသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
အာရန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
သူသည် ယခုအချိန်တွင် ပြန်လည် ဆုတ်ခွာကာ လက်လျှော့နိုင်သေးသည်။
ဤသည်မှာ အစီအစဉ်ကို နောက်ပြန်လှည့်ကာ လက်လျှော့ရန် နောက်ဆုံးအခွင့်အရေးလည်းဖြစ်သည်။
ယခုမဟုတ်လျှင် ဘယ်သောအခါမျှ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
သို့သော် သူသည် တွန့်ဆုတ်မနေခဲ့ပေ။ သူ၏ဓားအပေါ် ဆုပ်ကိုင်ထားမှုသည် ပိုမို တင်းကျပ်လာသည်။
အာရန်သည် သူ၏ ဓားဧကရာဇ် အော်ရာကိုစတင် ထုတ်လွှတ်လိုက်သည်။
အစပိုင်းတွင် ၎င်းသည် သူ့ကို ပိုမိုအားကောင်းပုံပေါ်စေရန် လှည့်စားသည့်စွမ်းရည်တစ်ခုသာ ဖြစ်သည်။
သို့သော် သူလိုချင်သောအရာမှာ ထိုအရာပင် အတိအကျဖြစ်သည်။
သူသည် ပင်လယ်မြွေကို ခဏတာမျှ ထိတ်လန့်သွားစေရန် သို့မဟုတ် ကြောက်ရွံ့သွားစေရန် လိုချင်နေခဲ့သည်။
“အခုပဲ”
အာရန်က သူ၏အင်အားကုန်အော်ဟစ်ရင်း အမိန့်ပေးလိုက်သည်။
ဖီးနစ်ငှက်သည် တုံ့ပြန်သည့်အနေဖြင့် ပြန်လည် မြည်ကြွေလိုက်ပြီး ကောင်းကင်မှ လျင်မြန်စွာ ဆင်းသက်လာကာ ၎င်း၏မီးလျှံများသည် တောက်ပစွာ တောက်လောင်နေလေသည်။
ဖီးနစ်ငှက်သည် သူမ၏ပါးစပ်ကို ဖွင့်ကာ ပင်လယ်မြွေဆီသို့ ပူပြင်းသော မီးလျှံများကို စတင်ပစ်လွှတ်လိုက်ပြီး ၎င်းပတ်ပတ်လည်ရှိရေပြင်ကို မီးလောင်နေသော ငရဲတစ်ခုအသွင် ပြောင်းလဲပစ်လိုက်လေသည်။
အာရန်သည် ခမ်းနားထည်ဝါသောသူ၏ သားရဲသည် ၎င်း၏အင်အားအပြည့်ကို ထုတ်လွှတ်တိုက်ခိုက်နေသည်ကို ကြည့်ရင်း သူ၏နှလုံးသားမှာ တဒုန်းဒုန်းခုန်နေလေတော့သည်။
၎င်းသည် ဖီးနစ်ငှက်မှ သူမ၏အင်အားအကုန်ဖြင့် တိုက်ခိုက်ခြင်းကို သူ့အနေနှင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်သည်။
ပင်လယ်မြွေသည် မီးလျှံများဖြင့် ဝန်းရံခံထားပြီး ၎င်း၏နာကျင်စွာ အော်ဟစ်သံများသည် တိတ်ဆိတ်သော ပင်လယ်ပြင်ထက်တွင် ပဲ့တင်သံများထပ်နေလေသည်။
ကံမကောင်းစွာဖြင့် ၎င်းသည် ကောင်းကင်နှင့် မြေပြင်ကြား တိုက်ပွဲတစ်ခုသာ မဟုတ်ပေ။
၎င်းသည် မီးလျှံများနှင့် ရေပြင်ကြား တိုက်ပွဲတစ်ခုလည်းဖြစ်သည်။
ပင်လယ်မြွေသည် သူ၏ပတ်ဝန်းကျင်ရေပြင်ကို အခွင့်ကောင်းယူလိုက်သည်။
၎င်းသည် မီးလျှံများမှ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားရင်း ရေထဲသို့ တိုးဝင်သွားလေသည်။
“ငါ တောင်းပန်ပါတယ် ဒါပေမယ့် မင်းကို ဒီအတိုင်း ထွက်ပြေးခွင့် ပေးလို့မရဘူး”
အာရန်သည် ဖီးနစ်ငှက်၏ကျောဆီမှ ပင်လယ်အတွင်းသို့ ခုန်ချလိုက်လေသည်။
အကယ်၍ ပင်လယ်မြွေသည်သာ လွတ်မြောက်ခွင့်ရသွားပါက သူသည်ရေထဲမှ တဖန်ပြန် ထွက်ပေါ်လာဦးမည်လား ဟူသည်မှာမသေခြာတော့ပေ။
၎င်းတို့သည် ထိုပင်လယ်မြွေအား လက်လွှတ်လိုက်သည်နှင့် ၎င်းကို ပျောက်ကွယ်ခွင့်ပေးလိုက်ခြင်းသည် အတူတူပင်ဖြစ်လေသည်။
အာရန်သည် ကောင်းကင်မှ ပြုတ်ကျနေစဉ်အတွင်း သူပိုင်ဆိုင်သော အဆောင်ပစ္စည်းများ အား အသုံးပြုလိုက်လေသည်။
ဤ အဆောင်ပစ္စည်းများထဲမှ တစ်ခုသည် သူ့အား ခဏတာအတွင်း ပိုမိုသွက်လက်လျင်မြန်မှုများဖြင့် ရွေ့လျားနိုင်စေနိုင်စွမ်းကို တိုးမြင့်ပေးနိုင်လေသည်။
နောက်ထပ်အဆောင်တစ်ခုမှာ သူ့အား တခဏတာ ခွန်အားအဆင့်ကို တိုးမြင့်ပေးလိမ့်မည်ဖြစ်သည်။
အာရန်သည် သူ၏ ထိုအဆောင်ပစ္စည်းများထဲတွင် အလွန်အရေးပါသော အဆာင်ပစ္စည်းတစ်ခုကိုလည်း ထပ်မံပိုင်ဆိုင်ထားသေးသည်။
၎င်းသည် မိစ္ဆာဂိုဏ်းတွင်ပင် အလွန်ရှားပါးပြီး အလွန်ဈေးကြီးလှလေသည်။
၎င်းသည် အလွန်ဆိုးရွားသော အခြေအနေများတွင်ပင် သူ၏ အသက်ကို ကယ်ဆယ်ပေးနိုင်သည့် ကာကွယ်ရေးအဆောင်တစ်ခုလည်းဖြစ်သည်။
ရေအောက်တွင် နစ်မြုပ်နေသည်ဖြစ်စေ သို့မဟုတ် ရေခဲပြင်များအတွင်း လျှောက်လှမ်းသွားမိသည်ဖြစ်စေ ဤမှော်ဆန်သော အဆောင်သည် ထိုနေရာများတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် လိုအပ်သော ခံနိုင်ရည်အားတစ်ခုကို သူ့ကို ပေးအပ်ထားမည်ဖြစ်သည်။
၎င်းသည် သူ့ကို ရေအောက်တွင် အသက်ရှူနိုင်စေပြီး အလွန်အမင်း ကွာခြားသောအပူချိန်များအောက်တွင် မိနစ်အနည်းငယ်ခန့် ခံနိုင်ရည်အားများကို ရှိလာစေလေသည်။
“မင်းအတွက် ငါ့ရဲ့ရတနာပစ္စည်းတွေ အများကြီး သုံးလိုက်ရတယ် ငါ့ရဲ့ အဖိုးတန် လည်ဆွဲလေးရေ မင်း ထွက်မပြေးတာ ပိုကောင်းမယ်နော်”
ဤအချိန်တွင် အာရန်သည် သူ၏ပတ်ဝန်းကျင် သို့မဟုတ် အန္တရာယ်များကို လုံးဝဂရုမစိုက်တော့ပေ။
သူသည် ထိုပင်လယ်မြွေကြီးနှင့် သူနှင့်ကြား ခွန်အားခြင်းကွာခြားမှုများကိုလည်း မမြင်တော့ပေ... သူသည် အချက်အလက်များကို မမြင်တော့ပေ။
ယခုအချိန်တွင် သူမြင်နေသည်မှာ အကယ်၍ သူသာ သိက္ခာမဲ့စွာ ဆက်လက်မရှင်သန်ချင်လျှင် သူသတ်ကိုသတ်ရမည့် သားရဲတစ်ကောင်သာ ဖြစ်သည်။
ဤအချိန်တွင်အာရန်သည် သူ၏ စိတ်ထဲတွင် သားကောင်ကိုသာရရှိရန် ဦးတည်နေသော မုဆိုးတစ်ဦးဖြစ်ပြီး သူ၏စွမ်းရည်များကိုပင် လွန်လွန်ကဲကဲ ခန့်မှန်းနေပေသည်။
အာရန်သည် ပင်လယ်မြွေ၏ မီးလောင်နေသော အသားအရေပေါ်သို့ ဆင်းသက်လိုက်သည်။
ဖီးနစ်ငှက်၏ မီးလျှံများသည် သူ့ကို မထိခိုက်စေသော်လည်း ပင်လယ်မြွေကြီး၏ မီးလောင်နေသော အသားအရေသည် သူ၏ ဖိနပ်များကို အရည်ပျော်စေပြီး သူ၏ခြေထောက်များကိုပင် မီးလောင်စေရန် လုံလောက်နေလေသည်။
ပင်လယ်မြွေကြီးသည် တစ်စုံတစ်ယောက်မှ ၎င်း၏ကျောပေါ်သို့ ဆင်းသက်လာသည်ကို သတိမထားမိခဲ့ပေ။
သူသိသမျှမှာ သူသည် ဤနာကျင်မှုများကို မနှစ်မြို့ခြင်းပင်ဖြစ်သည်။
အရမ်းပူလွန်းသဖြင့် သူသည် ဤအရာများနှင့် ဝေးရာသို့သာ ထွက်သွားချင်နေလေသည်။
ပင်လယ်မြွေကြီးသည် သူ၏ဦးခေါင်းကို ရေထဲသို့ ငုတ်လိုက်ပြီး မကြာမီ သူ၏ခန္ဓာကိုယ်သည် လည်း သူ၏ ဦးခေါင်းနောက်သို့ လိုက်ပါငုတ်လျှိုသွားလေသည်။
အာရန်သည် နောက်ဘာဆက်ဖြစ်လာမည်ကို ကြိုတင်တွေးလိုက်မိသဖြင့် သူ၏ အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
သူသည် သူ၏ခြေကုပ်အားကို တိုးလာစေရန် ပင်လယ်မြွေ၏ ကျောပေါ်တွင် သူ၏ဓားကို ခိုင်မြဲစွာ ထိုးစိုက်ချလိုက်သည်။
ပင်လယ်မြွေသည် ရေထဲသို့ ရွေ့လျားသွားသောအခါ အာရန်သည် ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ သူရဲကောင်းတစ်ဦးကဲ့သို့ ၎င်းမြွေ၏ ကျောပေါ်တွင် ရပ်တည်နေလေသည်။
သူသည် မှောင်မိုက်လွန်းသော သွေးပင်လယ်ကြီးအတွင်းသို့ ဆွဲခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။
သူသာ ယခင်ကဲ့သို့ရှင်းရှင်းလင်းလင်း တွေးတောမိမည်ဆိုပါက သူသည် အလွန်မိုက်မဲသောအရာတစ်ခုကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေးမိလိမ့်မည်ဖြစ်ပေသည်။
နောက်ဆုံးတွင် သူသည် သွေးပင်လယ်ကြီး၏ အောက်ဘက်တွင် မည်သည့်အရာကိုမျှ ကောင်းစွာ မမြင်နိုင်တော့ပေ။
သူ၏အားသာချက်မှာ သူသည် ယခင်ကဲ့သို့ ရိုးရိုးရှင်းရှင်း မတွေးတောနိုင်တော့ခြင်းပင်ဖြစ်သည်။
သို့မဟုတ် သူသည် ယခုအချိန်တွင် ထိုသို့မတွေးတောချင်၍လည်းဖြစ်လေသည်။
သူသာ အတွေးထပ်များမိသည်နှင့် သူ၏ စုစည်းထားသော သတ္တိများကို ဆုံးရှုံးသွားနိုင်သည်ကိုလည်း သူသိနေလေသည်။
သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ်ဓားတစ်လက်ကို ထပ်မံထုတ်ယူလိုက်သည်။
၎င်းသည် သူရဲကောင်းအကယ်ဒမီမှ သူ့အားပေးအပ်ထားသော ထိုလက်စွပ်ထဲတွင် သိမ်းဆည်းထားသော ဓားတစ်ချောင်းလည်းဖြစ်လေသည်။
သူသည် သူ၏အချက်အလက်များကို ဖော်ထုတ်မိမည်ကို စိုးရိမ်ခဲ့သောကြောင့် ဤဓားကို တစ်ခါမျှ မသုံးခဲ့ရပေ။
သို့သော် ဤနေရာတွင် သူသည် ၎င်းကို တွေးတောနေရန် မလိုအပ်တော့ပေ။
“သေစမ်း”
အာရန်သည် သူ၏ ဒုတိယဓားကို ပင်လယ်မြွေ၏ မီးလောင်နေသော အရေပြားပေါ်သို့ ထိုးစိုက်ချလိုက်လေသည်။
#Catfoot