← Chapters

စိတ်မကောင်းစရာပဲ

Vol. 8 Ch. 97

စိတ်မကောင်းစရာပဲ

Vol. 8 Ch. 97

အာရန်၏ ဒုတိယဓားသည် ပင်လယ်မြွေ၏ မီးလောင်နေသော အရေပြားကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

ပင်လယ်ရေများသည် မြွေကြီး၏ သွေးများကြောင့် ပိုမိုညစ်နွမ်းသွားကြပြီး အာရန်အတွက်လည်း ပတ်ဝန်းကျင်ကိုမြင်နိုင်ရန် ပိုမို၍ခက်ခဲလာခဲ့သည်။

သို့သော် အာရန်သည် ထိုအရာကို သူ့အတွက် အတားအဆီးတစ်ခုဖြစ်သွားရန် ခွင့်မပြုလိုက်နိုင်ပေ။

အာရန်သည် သူ၏ ထိုးနှက်ချက်တစ်ချက်စီတိုင်းအတွက် သူ၏ခွန်အားအားလုံးစုံကို အသုံးပြုခဲ့လေသည်။

အာရန်သည် ဓားနှစ်လက်လုံးကို သူ၏ လက်သည်းများသဖွယ် ပင်လယ်မြွေကြီး၏ ကျောပြင်ကို ထိုးနှက်တွယ်ကပ်ထားကာ ယိမ်းထိုးလှုပ်ရှားနေသော ၎င်း၏ကျောပေါ်တွင် ရှေ့သို့ ဆက်လက်ရွေ့လျားနေခဲ့လေသည်။

ပင်လယ်မြွေကြီးသည် နာကျင်မှုကြောင့် လူးလိမ့်ကာ ရုန်းကန်နေခဲ့ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် အာရန်အား ဟန်ချက်ပျက်သွားစေရန် ခြိမ်းခြောက်နိုင်သည်အထိ အင်အားလှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။

သို့သော် အာရန်သည် သူ၏ ဓားနှစ်လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကို လုံး၀ လွတ်ထွက်မသွားစေခဲ့ပေ။

သူသည် တစ်ချက်ပြီးတစ်ချက် ထိုပင်လယ်မြွေကြီး၏ ကျောပြင်ကို ထိုးနှက်နေခဲ့ရာ တဖြည်းဖြည်းဖြင့် ထိုမြွေကြီး၏ခွန်အားမှာ ဆုတ်ယုတ်လာနေသည်ကို ခံစားမိနေလေသည်။

သို့သော်အာရန်သည် သူ၏ အကာအကွယ်ယူထားမှုကို လျှော့ချပစ်၍မရသေးကြောင်း သိထားလေသည်။

ထို့အပြင်ယခုအခြေအနေဖြင့် ထိုမြွေကြီးကိုသတ်နိုင်ရန်မှာ အလွန်ဝေးကွာနေသေးသည်။ ထိုသားရဲကြီးအား သွေးထွက်လွန်ကာ သေဆုံးနိုင်သည့်အထိ များစွာပို၍ ထိခိုက်စေရန် လိုအပ်ဦးမည်ဖြစ်သည်။

ရုတ်တရက် ထိုပင်လယ်မြွေကြီးသည် အာရန်အား သူ၏ကျောပေါ်မှ လွှင့်စင်သွားစေရန် ရည်ရွယ်၍ ပြင်းထန်သော အမြီးရိုက်ချက်တစ်ချက်ကို ပြုလုပ်လိုက်လေသည်။

သို့သော် အာရန်သည် ထိုတိုက်ခိုက်မှုကို ကြိုတင်မျှော်မှန်းထားပြီးဖြစ်သဖြင့် လျင်မြန်စွာပင် ရှောင်တိမ်းကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြေမွသွားစေနိုင်သော ထိုအမြီးရိုက်ချက်ကို အနည်းငယ်ပွတ်ကာသီကာဆိုရုံမျှဖြင့် ရှောင်တိမ်းလိုက်နိုင်လေသည်။

အာရန် သည် သူခံစားနေရသော ရေထုဖိအားနှင့် ရေစီးကြောင်းအပေါ် အခြေခံ၍ သားရဲ၏ တန်ပြန်တိုက်ခိုက်မှုများကို ကြိုတင်ခန့်မှန်းကာ ဆက်လက်၍ ရှေ့သို့ရွေ့လျားနေခဲ့လေသည်။

ရေစီးကြောင်းဖြင့်ပင် မြွေကြီး ဦးခေါင်း၏ ဦးတည်ရာကို ခန့်မှန်းနိုင်ခဲ့သည်။

အာရန်သည် ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်နိုင်သည့်တိုင် မှန်ကန်သော ဦးတည်ရာသို့ ဆက်လက်ရွေ့လျားနေလေသည်။

စက္ကန့်တစ်ခုစီတိုင်းတွင် အဆောင်ပစ္စည်းများ၏ အာနိသင်များသည်လည်း တဖြည်းဖြည်း ပိုမို ဆုတ်ယုတ်လာခဲ့သည်။

အာရန်သည် တောင်တက်သမားတစ်ဦးအလား ရှေ့သို့သာ အာသွန်ခွန်စိုက်ဖြင့် ရွေ့လျားရင်း သူ၏အရှိန်ကိုသာ တိုးမြှင့်နေမိလေသည်။

သူသည် ပင်လယ်မြွေကြီး၏အရွယ်အစားနှင့် သူအစောပိုင်းက ဆင်းသက်ခဲ့သည့်တည်နေရာနယ်နိမိတ်ကို ခန့်မှန်းခြေအားဖြင့် သိရှိထားပြီးဖြစ်သည်။

ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် သူသည် သူ၏တည်နေရာရွေ့လျားမှုများကို ခန့်မှန်းနေခဲ့သည်။

မကြာမီ အာရန်သည် မြွေကြီး၏ ဦးခေါင်းရှိရာဆီသို့ ရောက်ရှိသွားသည်နှင့် ရှေ့သို့ ဆက်လက်ရွေ့လျားခြင်းကို ရပ်တန့်လိုက်သည်။

သွေးများစွာဆုံးရှုံးသွားပြီးသည့် နောက်တွင်ပင် ထိုပင်လယ်မြွေကြီးသည် အသက်ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် ဆက်လက်ရှင်သန်နေသော်လည်း ၎င်း၏ကျောပေါ်တွင် အခန့်သားရှိနေသော အာရန်အားမည်သို့မျှ ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ချေ။

မြွေကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို လှိမ့်ချရန် သို့မဟုတ် အာရန်ကို ၎င်း၏ကျောပေါ်မှ လွင့်စင်သွားစေရန် မျိုးစုံကြိုးစားခဲ့သော်လည်း မည်သည့်အရာကမျှ အလုပ်မဖြစ်ခဲ့ပေ။

အကယ်၍ အာရန်အား အမှန်တကယ် သတ်ဖြတ်နိုင်ရန်မူ ၎င်းသည် ရေပြင်အပေါ်ဘက်သို့ ပြန်လည်ထွက်ခွာရန်လိုအပ်သော်လည်း ထိုနေရာတွင် မီးလျှံများမှုတ်နိုင်သည့် သားရဲတစ်ကောင်သည် သူ့အားစောင့်ဆိုင်းနေကြောင်း ကိုလည်း သိထားလေသည်။

‘ဒီနေရာပဲ...’

အာရန်သည် ဓားနှစ်လက်စလုံးကိုအသုံးပြုကာ သူ၏တွက်ချက်မှုများကို ပြုလုပ်၍ မခုန်ကျခင် အစောပိုင်းက သူခွဲခြားသတ်မှတ်ထားခဲ့သော မြွေကြီး၏ အဓိကအားနည်းချက်မျက်လုံး နေရာအား ပစ်မှတ်အဖြစ်ထားကာ တိကျစွာ ချိန်ရွယ်၍ ထိုးနှက်လိုက်လေသည်။

ပင်လယ်မြွေကြီးသည် ၎င်း၏မျက်လုံးကို ထိုးနှက်ခံလိုက်ရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်မိပြီး ၎င်း၏ဧရာမခန္ဓာကိုယ် အောက်ပိုင်းသည် နာကျင်မှုကြောင့် ခါယမ်းသွားလေသည်။

ပင်လယ်မြွေကြီးသည် ထပ်မံသည်းမခံနိုင်တော့ပေ။

သူ့ကို နာကျင်စေသော ဤပိုးကောင်ငယ်ကို သတ်ဖြတ်နိုင်ရန် သွေးပင်လယ်အတွင်းမှတိုးထွက်လာ လိုက်လေသည်။

ရေအောက်တွင် ရွေ့လျားနေခဲ့သော မြွေကြီးသည် အပေါ်သို့ပြန်လည် ကူးခတ်သွားပြီး မကြာမီပင် ရေမျက်နှာပြင်ပေါ်သို့ ခုန်၏ထွက်ပေါ်လာလေတော့သည်။

ယခုအချိန် အတိအကျကို ကြိုတင်စောင့်ဆိုင်းနေသည့်အလား အာရန်သည်ရုတ်တရက် “နောက်တစ်ကြိမ်ဟေ့” ဟု အော်ဟစ်သတိပေးလိုက်လေသည်။

အာရန်၏အရိပ်အခြေကိုကြည့်၍ လှုပ်ရှားရန်အသင့်စောင့်ဆိုင်းနေသော ဖီးနစ်ငှက်သည် အာရန်နှင့်သူ၏ စိတ်ချင်းချိတ်ဆက်ထားမှုကြောင့် ပင်လယ်မြွေသည် ရေထဲမှ ခုန်ထွက်လာသည်နှင့် တစ်ပြိုင်နက်အချိန်ကိုက်ပင် သူမ၏ပါးစပ်ကိုဖွင့်ကာ ပြင်းထန်သော မီးလျှံလှိုင်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

တောက်ပသော မီးလျှံများသည် ပင်လယ်မြွေကြီးကို ထပ်မံဝိုင်းရံသွားကာ ထောင်ချောက်အတွင်း သက်ဆင်းသွားသော တောရိုင်းသားရဲကြီးတစ်ကောင်ကဲ့သို့ နာကျင်မှု၊ ဒေါသများ နှင့်အတူ လူးလိမ့်ခံစားသွားရစေသည်။

အာရန်သည် မြွေကြီး၏ အသက်စွမ်းအားများ မှေးမှိန်လာနေသည်ကို ခံစားနိုင်သော်လည်း သူသည်အာရုံကိုအလွတ်မခံပဲ အလုပ်ကို အမြန်ဆုံး ပြီးမြောက်အောင်သာအာရုံစိုက်ထားလိုက်လေသည်။

ဤစက်ဆုပ်ဖွယ်ကောင်းသော သွေးပင်လယ်ရေအောက်သို့ နောက်ထပ်ခရီးတစ်ခုကို ထပ်မံမသွားချင်တော့ပေ။

အာရန်သည် သူ၏နောက်ဆုံးကျန်ရှိသော ခွန်အားများကို စုစည်းလိုက်ကာ သူ၏ ဓားနှစ်လက်လုံးကို ပင်လယ်မြွေကြီး ၏ဦးခေါင်းခွံအတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ချလိုက်လေသည်။

နောက်ဆုံးတွင် ပင်လယ်မြွေကြီးသည် ၎င်း၏အသက်ငြိမ်းသတ်မသွားမှီတွင် နားကွဲလုမတတ် အော်သံအကျယ်ကြီးတစ်ချက်ပြုလိုက်ကာငြိမ်သက်သွားလေသည်။

ဖီးနစ်ငှက်သည် ရှေ့သို့ အလျင်အမြန်ပျံသန်းသွားကာ ၎င်း၏လက်သည်းများကို အသုံးပြု၍ ဧရာမပင်လယ်မြွေကြီး ၏ခန္ဓာကိုယ်ကို ပင်လယ်ထဲသို့ ထပ်မံမကျဆင်းသွားမီ အလျင်အမြန်ပင် ဆုပ်ကိုင်ထားလိုက်လေသည်။

အာရန်သည် ဤသားရဲသည် အမှန်တကယ်သေသွားပြီလားဟု မသေချာသေးပေ။

ထိုပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်ကို ရေထဲသို့ ထပ်မံကျဆင်းခွင့်ပြုလိုက်ပြီးမှ ထိုအရာသည် ဆက်လက်အသက်ရှင်နေသေးပါက သူသည် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ထိုပင်လယ်မြွေကြီး သေဆုံးသွားလျှင်ပင် သူသည် ဤသားရဲကြီး ၏ခန္ဓာကိုယ်ကို လိုချင်နေခဲ့ပြီး အဓိကအားဖြင့် သူသည် အချိန်အတော်ကြာကတည်းက တွေးတောနေမိခဲ့သော အရာတစ်ခုကို စမ်းသပ်ရန်အတွက်လည်း ဖြစ်လေသည်။

ဖီးနစ်ငှက်သည် ထိုအရာကို သယ်ဆောင်သွားနိုင်လောက်အောင် အမှန်တကယ် အားကောင်းပါ့မလားဟု သံသယရှိခဲ့သော်လည်း သူသည်ထိုအရာကို ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်ထိုအကြံအလုပ်ဖြစ်သောအခါ သူသည် သူ့ကိုယ်သူ အတော်လေး ကျေနပ်သွားခဲ့ရသည်။

အာရန်သည် သူ၏ ဖီးနစ်ငှက်မှ သယ်ဆောင်လာသော အသက်မဲ့နေပြီဖြစ်သည့် ပင်လယ်မြွေကြီး ၏ခန္ဓာကိုယ်ပေါ်တွင် ရပ်လျက်ရှိနေလေသည်။

သူ၏အသက်ရှူသံသည် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်သည် သွေးများ၊ ချွေးများဖြင့် ဖုံးလွှမ်းနေလေသည်။

တိုက်ပွဲသည် ပြင်းထန်ခဲ့သော်လည်း အဆောင်ပစ္စည်းများ၏ အာနိသင်များ မကုန်ဆုံးမီတွင် သူသည် အချိန်မီ အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့လေသည်။

အာရန်သည် အေက်ဘက်ရှိ သွေးပင်လယ်ကြီးကို ငုံ့ကြည့်လျက်ရှိပြီး သူ၏ အဝတ်အစားများမှာ သွေးရေများဖြင့် ပေပွလျက်ရှိပြီး အောက်ရှိ ပင်လယ်အတွင်းသို့ တစ်စက်ချင်း စီးကျလျက်ရှိနေလေသည်။

အာရန်၏ ဆံပင်များသည် လေတိုက်ခတ်မှုကြောင့် ယိမ်းနွဲလျက်ရှိပြီး အောင်ပွဲအရသာကို မြိန့်မြိန့်ကြီးခံစားကြည့်မိနေလေသည်။

ဤသည်မှာ သူ၏ ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ယူရသော အောင်ပွဲလေးတစ်ခုလည်း ဖြစ်လေသည်။

“ငါ ဒါကို လုပ်နိုင်ခဲ့တယ်ဆိုတာကို အခုထိ မယုံနိုင်သေးဘူး”

အာရန်သည် သေဆုံးနေသော ပင်လယ်မြွေကြီး၏ကျောပေါ်သို့ လှဲချလိုက်ကာ လရောင်များဖြာကျနေသော ကောင်းကင်ကြီးအောက်တွင် မီးလျှံတဝင်းဝင်းဖြင့် တောက်ပနေသော သူ၏လှပသည့် ဖီးနစ်ငှက်ကို စိုက်ကြည့်နေမိလေသည်။

ဤဖီးနစ်ငှက်ဖြင့် သူသည် ဤတိုက်ပွဲကိုဖော်ဆောင်ရန် ယုံကြည်မှုများစွာကို ရရှိခဲ့ခြင်းဖြစ်လေသည်။

“ ဒီ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ ငါရှင်သန်နိုင်လိမ့်မယ်လို့ထင်တယ်”

................

အာရန်သည် ပင်လယ်မြွေကြီး ၏ခန္ဓာကိုယ်ကို ရှုယင်ရှိရာ ကျွန်းလေးသို့ ပြန်လည်သယ်ဆောင်နေစဉ် သူနှင့် မဝေးသောနေရာတစ်ခုတွင် ဝိညာဉ်တစ်ကောင်သည် နှစ်သက်ဖွယ်ကောင်းသော အပြုံးတစ်ခုဖြင့် သူ့အား စောင့်ကြည့်နေခဲ့လေသည်။

“ပုံစံကတော့ သိပ်မဆိုးပါဘူး ဟိုကောင်မလေး သူ့ကို ကြွေသွားတာ အံ့ဩစရာတော့ သိပ်မရှိပါဘူး စိတ်မကောင်းစရာက......”

“သူက ငါ့အကူအညီ လုံးဝမလိုတော့တဲ့ပုံပဲ ဘယ်လိုအချိန်ဖြုန်းမှုမျိုးလဲ.. ငါက နဲနဲလောက်ဝင်ပါရမယ်ထင်ထား.....”

သူမသည် သူမ၏ဝါကျကို ဆုံးအောင်မပြောလိုက်မိပါ။

..............

အာရန်သည် ကျွန်းအနီးသို့ ရောက်ရှိသောအခါ ပင်လယ်မြွေကြီးသည် အမှန်တကယ် သေဆုံးသွားပြီဟု ယူဆလိုက်လေသည်။

[ပင်လယ်မြွေတစ်ကောင်ကို သတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်]

[သင့်အတွက် အတွေ့အကြုံအမှတ် ၃ မှတ် ရရှိခဲ့ပါတယ်]

[သင်၏ အဆင့်တက်သွားပါပြီ]

[သင်၏ အဆင့်တက်သွားပါပြီ]

[သင်၏ အဆင့်တက်သွားပါပြီ]

ပင်လယ်မြွေကြီးကို သတ်နိုင်သည့်အတွက် ဂုဏ်ပြုသော အသိပေးချက်သည် သူ၏အဆင့်တက်မှုများကို အသိပေးခြင်းနှင့်အတူ သူ၏ရှေ့တွင် ပေါ်လာသည်။

တစ်ချိန်တည်းတွင် နောက်ထပ်ဖန်သားပြင်တစ်ခုသည်လည်း သူ၏ရှေ့တွင် ထပ်မံ ပေါ်လာခဲ့သည်။

[သင်သည် သတ်မှတ်ထားသော ရွေးချယ်စရာတစ်ခုကို ပြီးမြောက်ခဲ့ပါပြီ]

[သင်သည် အဆိပ်လည်ဆွဲအား ဆုအဖြစ်လက်ခံရရှိပါသည်]

အာရန်သည် အသိပေးချက်ကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏လည်ပင်းတွင် နောက်ထပ်လည်ဆွဲတစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။

#Catfoot

All Chapters