ငှက်မျိုးနွယ်များအားလုံး တိုက်ပွဲဝင်ရန်အသင့်ပြင်ခြင်း
Vol. 006 Ch. 565
“ဖန်ဝူဟန်လား ဘာလုပ်တာလဲ” ရှီမာယူယူသည် ဖန်ဝူဟန်သည် သူမကို တံခါးအပြင်သို့ ဆွဲခေါ်သွား သည်ကို တွေ့လိုက်သည်။ သူသည် ပုံမှန်ဆိုလျှင် အလေးအနက်မရှိတတ်သဖြင့် သူမ အံ့သြစွာ မေးလိုက်သည်။
“ယူယူ ကျွန်တော်နဲ့ အပြင်ကိုခဏလောက်လိုက်ခဲ့ပေးပါ၊ ကျွန်တော့်ဘိုးဘိုးကြီးက ခင်ဗျားကိုတွေ့ ချင်နေတယ်” ဖန်ဝူဟန်သည် စိုးရိမ်စွာ ပြောလေသည်။
“ခင်ဗျားရဲ့ ဘိုးဘိုးကြီးဟုတ်လား”
“ဦလေးရဲ့ အဖေပါ” ဖန်ဝူဟန် ရှင်းပြလေသည် “ခင်ဗျားရဲ့ သတင်းကိုပြောပြလိုက်တော့ သူ ချက်ချင်းပဲ ဒီကိုလိုက်လာတာပဲ၊ သူက ခင်ဗျားကိုတွေ့ချင်တယ်တဲ့”
ဆရာ့ရဲ့ အဖေလား။
“အဲဒါဆိုလည်း ကောင်းပါပြီ ခဏလေးပါ ကျွန်တော် သူတို့ကို သွားပြောလိုက်ဦးမယ်” ရှီမာယူယူသည် သူ့လက်ကိုဆွဲပြီးနောက် အားလုံးကို အခြေအနေသွားပြောကာ ဖန်ဝူဟန်နှင့် ထွက်ခဲ့လေသည်။
သူတို့သည် ဂိုဏ်းအနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့သွားရာ ဖန်ဝူဟန်သည် သူမအား ဒုတိယ အထပ်ရှိ သီးသန့်အခန်းသို့ ခေါ်သွားလေသည်။
“သခင်လေး” တံခါးတွင်စောင့်နေသော ကိုယ်ရံတော်သည် ဖန်ဝူဟန်အားတွေ့သောအခါ အရိုအသေ ပေးလိုက်သည် “ဘိုးဘိုးကြီးက အထဲမှာစောင့်နေပါတယ်”
ဖန်ဝူဟန်သည် တ့ခါးခေါက်လိုက်ရာ ပြန်ဖြေသည်ကို ကြားသည်နှင့် ဝင်လိုက်သည်။ ရှီမာယူယူ သူ့နောက် လိုက်ဝင်လိုက်သည်။
အခန်းထဲတွင် လူ၃ယောက်ရှိနေသည်။ ဖန်ယုဟန်အပြင် တခြား အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ရှိနေသည်။ သူတို့သည် ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူတို့မျက်လုံးများသည် နှစ်ပေါင်း များစွာ အတွေ့အကြုံရှိပြီးဖြစ်သည်ကို ဖော်ပြနေသည်။
“မင်းက ရှင်းလေးရဲ့ တပည့်လား” ဖန်လျုန်သည် သူမအား အကဲခတ်လေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ၏ အကြည့်များသည် တွန့်ဆုတ်ခြင်းမရှိပေ။
“ရှင်းလေးနဲ့ ဘယ်လောက်ကြာအောင် နေခဲ့လဲ” ထိုအမျိုးသမီးကြီးမေးလေသည်။
“လနည်းနည်းလောက်ပါပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဖန်လေးထွက်သွားတဲ့အချိန်ကို ပြောပြနိုင်မလား” ထိုအမျိုးသမီးသည် စိုးရိမ်နေသည်။
သူတို့သည် ဖန်ကျိရှင်းနှင့် ဆင်နေသည်ကို ရှီမာယူယူမြင်မိသည်။ သူမ မေးလိုက်သည် “အဘွားတို့က ကျွန်တော့်ဆရာနဲ့ ဘာတော်တာလဲဆိုတာ သိပါရစေ”
“အဘွားက ရှင်းလေးရဲ့ အမေ ရှန်ဂျင်ပါ၊ သူက ရှင်းလေးရဲ့ အဖေ ဖန်လျုန်ပါ” ရှန်ဂျင်သည် သူမကိုယ် သူမနှင့် ဖန်လျုန်ကို မိတ်ဆက်ပြီးနောက် “ရှင်းလေးရဲ့ အခြေအနေကို ပြောပြလို့ရမလား”
ဆရာ့ရဲ့ အမေလား။ ဒါဆိုရင် သူမကိုဘယ်လိုခေါ်ရမှာလဲ။ သူမကို စီနီယာအရ အဘွားလို့ပဲ ခေါ်ရမှာ လား။
“အဘွားရှန် စိုးရိမ်ဖို့မလိုပါဘူး၊ ဆရာ့ရဲ့ အသက်က အခုမှာ စိုးရိမ်စရာမရှိပါဘူး” ရှီမာယူယူသည် ယိလင်းတိုင်းပြည်မှအခြေအနေကို ပြန်ပြောပြလေသည်။
“သူချန်ထားပေးတဲ့ ဝိဉာဉ်ပုံတူကို ကြည့်လို့ရမလား” ရှန်ဂျင်းမေးလိုက်သည်။
ရှီမာယူယူသည် ဖန်ကျိရှင်း၏ ဝိဉာဉ်ပုံတူကို ထုတ်လွှတ်လိုက်ရာ ပုံရိပ်ဖျော့ဖျော့သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။
ဖန်ကျိရှင်း၏ မျက်လုံးများသည် ပိတ်ထားကာ သူ့ပတ်ဝန်းကျင်တွင် လူများရှိနေသည်ကို မခံစားမိပေ။ သူသည် အိပ်နေသည့်ပုံပေါ်သည်။
ဖန်လျုန်၏ မျက်ခုံးများတွန့်သွားသည် “သူ့ဝိဉာဉ်က ဘာလို့အဲလောက် အားနည်းနေတာလဲ”
“သူအခု အန္တရာယ်များဖြစ်နေလို့လား” ရှန်ဂျင်းသည် ချက်ချင်းပင် ဖန်လျုန်၏ လက်ကို ဆုတ်ကိုင်ကာ အော်လိုက်လေသည်။
“ဘိုးဘိုး၊ ဝိဉာဉ်ပုံတူက တကယ့်ခန္ဓာကိုယ်ထက်စာရင် အားနည်းတတ်တာပဲ၊ အရင်ကလည်း အဲလိုပဲ မစိုးရိမ်ပါနဲ့ ယူယူကိုမေးပြီးမှ မှန်းကြည့်ကြပါ” ဖန်ယုဟန်သည် သူတို့အား နှစ်သိမ့်လေသည်။
“ကျွန်တော် အသက်အန္တရာယ်ကျတုန်းက ဆရာက သူ့ဝိဉာဉ်ပုံတူကို ပေးပြီးကျွန်တော့်ကို ကယ်ပေးခဲ့ တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲကတည်းက ဒီလိုဖြစ်သွားတာ”
“တော်သေးတယ် တော်သေးတယ်” ရှန်ဂျင်းသည် သူမ ရင်ဘတ်အားပုတ်ကာ ပြောလေသည်။ ဒီလို ဖြစ်သည်မှာ သူ့အခြေအနေသည် မဆိုးလှသည်ကို သက်သေပြနေသည် “ကလေး အဘွားတို့ ရှင်းလေးကို ရှာဖို့ ကို ကူညီပေးနိုင်မလား”
“ဆရာပျောက်နေတယ်ဆိုရင်တော့ ကျွန်တော်သူ့ကို ရှာကူမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်တော့်မှာ သူ့ရဲ့ ဝိဉာဉ်ပုံတူရှိနေတော့ သူသာ အနီးအနားမှာရှိရင် ကျွန်တော် အာရုံခံလို့ရပါတယ်”
“ကျေးဇူးပဲ ကလေး” ဒန်ဂျင်းသည် ကျေးဇူးတင်စကားပြောလေသည်။
“ဆရာက ဆရာပဲလေ သူ့ကို ရှာဖို့ တာဝန်ကျွန်တော့်မှာရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဦးလေးက ပျောက်နေတာအတော်ကြာနေပြီ၊ သူ့ကို စရှာဖို့က ကျွန်တော်တို့အတွက် ပိုခက်နေတယ်” ဖန်ယုဟန် ပြောလေသည်။
“ကျွန်တော်လည်း အဲဒါတော့ အာမမခံနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ခင်ဗျားမှာ အကြံရှိလား” ဖန်ယုဟန် ပြောလေသည်။
“ကျွန်တော့်မှာ ဘာရှိနေတာလဲဆိုတာ မေ့သွားတာလား” ရှီမာယူယူ ပြောလိုက်သည် “ဆရာက ဒီ ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာ ပျောက်သွားတာသေချာတယ်၊ သူဘယ်မှာပဲရှိနေရှိနေပါ၊ တစ်ယောက်ယောက် ကတော့ သူ့ကို မြင်ပြီး သူ့နေရာကို သိမှာပဲ”
“ဒါပေမဲ့ သူက အနိမ့်ပိုင်းတိုင်းပြည်ကပြန်လာပြီးတော့ ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်တို့ မသိဘူး လေ၊ ရှေးဟောင်းကမ္ဘာဦးနယ်မြေတစ်ခုလုံးဆိုရင် အကြီးကြီးပဲ၊ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဖြစ်နေမှာ ပေါ့” ဖန်ဝူဟန်သည် စိုးရိမ်စွာပြောလေသည် “ပြီးတော့ ဦးလေးက အားကောင်းလို့ ဘာသံမှမထွက်ပဲ ပျောက် သွားနိုင်တယ်၊ ကျွန်တော်တို့သာ သူ့အကြောင်းကိုပြောရင် သူလည်းအားနည်းတာမဟုတ်ဘူး၊ ကျွန်တော်တို့က ဦးလေးကို မြင်လိုက်တဲ့လူကို ရှာနေရင် သူလည်း အဲလူကို ရှာပြီး နှုတ်ပိတ်လိုက်နိုင်တယ်”
“အရေးကြီးဆုံးဖြစ်နေတာက ဒီနေရာက အရမ်းကြီးနေတာပဲ၊ သူ့ကိုရှာတွေ့ရင်တောင် အချိန်အများကြီး ကုန်သွားနိုင်တယ်၊ အဘွားတို့ ပိုအားကောင်းတဲ့လူရဲ့ အကူအညီလိုတယ်” ရှန်ဂျင်း ပြောလိုက်သည်။
“ကျွန်တော့်မှာ အကြံရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာအကြံလဲ”
“သူ ရှိနိုင်တဲ့ နေရာကို ခန့်မှန်းနိုင်ရင်ပိုကောင်းတယ်” ရှီမာယူယူသည် တည်ငြိမ်စွာ ပြောလိုက်သည်။
ဖန်လျုန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလေသည် “သူသာ ယိလင်းတိုင်းပြည်ကထွက်လာရင် အပြင်ပိုင်းဒေသမှာ ရှိနိုင်တယ်၊ အပြင်ပိုင်းဒေသက ယိလင်းတိုင်းပြည်နဲ့ အနီးဆုံးမလား”
“ဘယ်နယ်မြေမှာလဲဆိုတာ သေချာပြောနိုင်လား”
“မပြောတတ်ဘူး”
အပြင်ပိုင်းဒေသတစ်ခုလုံးသည် ကြီးမားသော်လည်း သူတို့တွင် ထင်မြင်ချက်မရှိတာတော့ မဟုတ်ပေ။
“သူတို့အင်အားကို သုံးမလို့လား” ဖန်ယုဟန် မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူ့ကို ခြေရာခံဖို့ လူသုံးဖို့ခက်နေရင် လူမသုံးတော့ဘူးလေ”
“ဒါဆို ဘာသုံးမှာလဲ”
“ကောင်းကင်နဲ့ မြေကြီးက အရမ်းကြီးတယ်၊ ပြီးတော့ ဝိဉာဉ်မိစ္ဆာတွေလည်း အများကြီးပဲ၊ ပြီးတော့ သတင်းဆိုတာက အရမ်းမြန်တာ၊ ကျွန်တော်တို့ ငှက်မျိုးနွယ်ကိုသုံးလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုရင် ကျွန်တော်တို့ ဆရာ့ကို မြင်မိလားဆိုတာ ငှက်မျိုးနွယ်ကို မေးပြီး လှုပ်ရှားခိုင်းလို့်ရတယ်”
သူမအကြံကြားသောအခါ ဖန်လျုန်နှင့် ရှန်ဂျင်းတို့ မျက်နှာပျက်သွားကြသည်။ ငှက်မျိုးနွယ်သည် အလွန် ကြီးများသည်။ သူတို့သည် ငှက်မျိုးနွယ်ကို အကူအညီတောင်းလိုပါက လွယ်မည်မဟုတ်ပေ။ သို့သော် အကြံမရှိ ခြင်းထက်စာလျှင်တော့ တော်သေးသည်။
“ဟုတ်သားပဲ ကျွန်တော်တို့ ငှက်မျိုးနွယ်တစ်ခုလုံးကို လှုပ်ရှားခိုင်းရင်တော့ ဦးလေးကို ရှာမတွေ့မှာ ပူ စရာမလိုတော့ဘူး” ဖန်ဝူဟန်သည် စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။
“ငှက်မျိုးနွယ်တစ်ခုလုံးကို လှုပ်ရှားအောင်လုပ်ခိုင်းဖို့က မလွယ်ဘူး၊ ငါတို့ မျိုးနွယ်ခေါင်းဆောင်ဆီသွား ပြီး ငါတို့ကိုကူညီဖို့ လူပေးနိုင်မလားလို့ သွားဆွေးနွေးလိုက်မယ်”
“အဘိုး၊ ဒီဟာက တခြားသူတွေအတွက်တော့ ခက်လိမ့်မယ်၊ ဒါပေမဲ့ ယူယူအတွက်တော့ အလွယ်လေး ပဲ” ဖန်ယုဟန်သည် ပြုံးပြီးပြောလိုက်သည်။
“ဘာလဲ နည်းလမ်းရှိတာလား” ရှန်ဂျင်းသည် ရှီမာယူယူအား ကြည့်ကာ မေးလေသည်။
“အဘိုး အဘွား၊ ယူယူက ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်ပဲ၊ သူသာ ဂဠုန်ကို အမိန့်ပေးလိုက်တာနဲ့ ငှက် မျိုးစိတ်တစ်ခုလုံးက သူ့ကိုနာခံကြမှာပဲ” ဖန်ဝူဟန် ရှင်းပြလေသည်။
“မင်းက ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်ဟုတ်လား” ဖန်လျူသည် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။ သူတို့က ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်ကိုတွေ့ရမည်ဟု ထင်မထားခဲ့ပေ။ သူမသည် သူ့သား၏ တပည့်ဖြစ်နေသေး သည်။
“ကောင်းပါပြီ ကျွန်တော်ပြန်ရောက်တာနဲ့ ဆရာ့ရဲ့ပုံတူဆွဲပြီး ငှက်လေးကို သတင်းလွှင့်ခိုင်းလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်တော်သတင်းရတာနဲ့ ဝူဟန်တို့နဲ့ သတင်းပါးလိုက်ပါမယ်”
“ကောင်းပါပြီ ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” ဒန်ဂျင်းသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
“ကျွန်တော်ဆရာ့ပုံတူကို သွားဆွဲလိုက်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“မလိုဘူး အဘွားတို့မှာ အများကြီးရှိတယ်” ရှန်ဂျင်းသည် ကြီးမားသောစာရွက် အလိပ်ကြီးထုတ်လာကာ ပြောလေသည်။ ထိုစာရွက်များသည် ဖန်ကျိရှင်း၏ ပုံတူများဖြစ်သည် “ဒါတွေကို ရှင်းလေးကို ခြေရာခံဖို့ ပြင်လာ တာ”
“ဒီပုံတွေရှိမှတော့ ငှက်လေးကို အခုပဲ အမိန့်ပေးလိုက်တော့မယ်”
ရှီမာယူယူသည် ငှက်လေးအား ခေါ်ထုတ်လိုက်သည်။ ငှက်လေးသည် အခြေအနေကို သိပြီးဖြစ်သဖြင့် သူမပေးသော စာရွက်များကို ယူပြီး မိစ္ဆာအသွင်ပြောင်းပြီး ပျံသွားလေသည်။