← Chapters

သွေးရဲ့အရသာ

Vol. 8 Ch. 99

သွေးရဲ့အရသာ

Vol. 8 Ch. 99

နေ့တစ်နေ့၏ ပထမဆုံးနေရောင်ခြည်အလင်းတန်းများသည် မိုးကုတ်စက်၀ိုင်းကို ကျော်လွန်၍ စတင်ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပြင်ကြီးတစ်ခုလုံးသည် အလွန်လှပသော ပန်းချီကားတစ်ချပ်အသွင် ပြောင်းလဲသွားခဲ့လေသည်။

ပန်းရောင်၊ လိမ္မော်ရောင်နှင့် ခရမ်းရောင်တို့ ရောနှောပါဝင်နေကာ လက်တွေ့မကျသလို ထင်ရသော ပုံရိပ်များကို ဖန်တီးပေးလေသည်။

သွေးနီရောင်ပင်လယ်ကြီးနှင့်အတူ ဆန့်ကျင်ဘက်အဖြစ် တည်ရှိနေသော ကောင်းကင်ပြာကြီး၏ ပုံရိပ်သည် အခြားမည်သည့်နေရာတွင်မျှ မြင်တွေ့နိုင်မည်မဟုတ်သော လှပသည့်ရှုမျှော်ခင်းတစ်ခုအဖြစ် ပုံပေါ်လျက်ရှိနေပေသည်။

အေးမြသော နံနက်လေသည် သဘာဝလတ်ဆတ်သော လေပြေအေးရနံ့အေးများ ကိုသယ်ဆောင်လာရမည့်အစား သွေးညှီနံ့များဖြင့် ထုံသင်းနေသော သွေးပင်လယ်ကြီး ၏ ရနံ့ကိုသာ သယ်ဆောင်လာလေသည်။

အချိန်များတဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ ကောင်းကင်သည် တောက်ပသော အပြာရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့လေသည်။

ညအချိန်တုံးက မှောင်မိုက်လွန်းသော သစ်ပင်များ၏ပုံရိပ်များသည် ယခုအခါ ကြည်လင်သော ကောင်းကင်ယံ၏ နောက်ခံဖြင့် ဂရုတစိုက်ခြယ်မှုန်းထားသည့် ပန်ချီကားချပ်တစ်ချပ်ပမာ အသေးစိတ်ကောက်ကြောင်းများဖြင့် ထင်ဟပ် လျက်ရှိနေသည်။

နေရောင်ခြည်သည် သူ၏မျက်နှာပေါ်သို့ ကျရောက်လာသောအခါ အာရန်သည် သူ၏အိပ်စက်ခြင်းမှ ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။

သူ၏လက်များကို ဆန့်တန်းကာ အကြောဆန့်လိုက်ရင်း သူ၏ရှေ့မှ စိတ်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရှုနေလိုက်သည်။

ထို့နောက် သူ၏ကိုယ်ပေါ်တွင် စောင်တစ်ထည်ထာရောက် ခြုံပေးထားသည်ကို သတိပြုမိလိုက်သည်။

သူနှင့် မဝေးသောနေရာတွင် သူ့ထက်အရင် နိုးနေသော ရှုယင်ကို တွေ့လိုက်ရသည်။

သူမသည် မီးဖိုတစ်ခုရှေ့တွင် ရပ်နေပြီး တစ်စုံတစ်ခုကို ချက်ပြုတ်နေဟန်ရကာ ထိုအရာမှာ သူ့အတွက်လည်းဖြစ်ဟန်ရလေသည်။

ထိုအနားတွင်ပင် ပင်လယ်မြွေကြီး၏ အလောင်းကိုလည်းလွယ်ကူစွာပင် မြင်ရနိုင်နေလေသည်။

အာရန်ကြည့်နေသည့် မျက်စိတစ်ဆုံးနေရာအတော်များများကိုပင် ပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်ကြီးမှနေရာယူထားလေသည်။

ထိုသားရဲသည် အလွန်ကြီးမားလွန်းလှလေသည်။

သူနိုးလာသောအခါ ပြီးခဲ့သောညကအဖြစ်အပျက်များသည် အိပ်မက်တစ်ခုပင်လောဟုပင် သူထင်မှတ်မိခဲ့လေသည်။

သို့သော် ထိုပင်လယ်မြွေကြီး၏ အလောင်းကိုမြင်လိုက်ရသောအခါမှသာ ၎င်းသည် အမှန်တကယ်ဖြစ်ခဲ့ကြောင်း သဘောပေါက်လိုက်သည်။

သူသည် ညက ထိုသားရဲကို အမှန်တကယ် အမဲလိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်အာရန်သည် သူ၏လည်ပင်းပတ်တွင် တွဲလွဲရှိနေသော အဆိပ်လည်ဆွဲကို ထိကြည့်လိုက်သည်။

၎င်းသည် ပင်လယ်မြွေကို အမဲလိုက်ပြီးနောက် သူရရှိခဲ့သော ဆုလာဘ်တစ်ခုဖြစ်ပြီး ထိုဆုလာဘ်သည် သူ့ကို အမှန်တကယ် စိတ်ပျက်စေခဲ့ခြင်းမရှိပေ။

လည်ဆွဲစီးရီးမှ ရရှိသောဆုလာဘ်များသည် အမြဲတစေ သူ့အတွက် ကောင်းမွန်နေလေ့ ရှိခဲ့သည်။

[အဆိပ်လည်ဆွဲ]

[အသုံးပြုနိုင်သော အကြိမ်အရေအတွက် : ၃ ကြိမ်]

[အာနိသင်များ : သင်၏သွေးကို ဆယ်မိနစ်ကြာ အစွမ်းအထက်ဆုံး အဆိပ်အဖြစ် ပြောင်းလဲပေးနိုင်သည်]

[သတိပေးချက် : ဤလည်ဆွဲကို သင့်အပြင် အခြားသူတစ်ဦးမှ ထိမိပါက ထိုသူသည် အမည်မသိသော အဆိပ်တစ်ခု၏ အကျိုးသက်ရောက်ခြင်းကိုခံရလိမ့်မည်]

သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းဖြင့်ပင် ထိုလည်ဆွဲ၏ အသေးစိတ်အချက်အလက်များကို ပို၍ သိရှိနိုင်ခြင်းမရှိခဲ့ချေ။

ဤအဆိပ်၏ အမှန်တကယ်ခွန်အားအကြောင်းကိုလည်း စနစ်မှ သူအား ပေးသိထားခြင်းမရှိခဲ့ပါ။

သို့သော် ဤသည်မှာ လည်ဆွဲအတွဲတွင်ပါဝင်သော ဆုလာဘ်တစ်ခုဖြစ်သောကြောင့် ၎င်းသည် သူ၏မျှော်လင့်ချက်များကိုပင် ကျော်လွန်နိုင်သည်ဟု ခံစားမိနေခဲ့သည်။

၎င်းသည် အရှင်သခင်တစ်ဦးကိုပင် အနိုင်ယူချင်အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာမှာ ဤအရာကို အသုံးပြုခြင်းပင်ဖြစ်သည်။

အာရန်သည် သူ၏သွေးကို အဆိပ်အဖြစ် ပြောင်းလဲနိုင်လျှင်ပင် ထိုအဆိပ်ကို အသုံးပြုရန် နည်းလမ်းတစ်ခုကို ရှာဖွေရဦးမည်ဖြစ်သည်။

ရန်သူမှ အဆိပ်ကို သောက်သုံးမိစေခဲ့ပါက ၎င်းသည် သူ၏ တိုက်ပွဲ၏လမ်းကြောင်းကိုပါ ပြောင်းလဲပေးနိုင်လိမ့်မည်ဖြစ်သည်။

အာရန်သည် စောင်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ထရပ်တော့မည့်အချိန်တွင် ဆီလက်စ်ကလေးသည် သူ၏ရင်ဘတ်ပေါ်တွင် အိပ်ပျော်နေသည်ကို သတိပြုမိလိုက်သည်။

သူမသည် အလွန်ပေါ့ပါးသောကြောင့် သူမ၏တည်ရှိမှုကို သတိပြုမိရန်မှာမလွယ်ကူလှပေ။

အာရန်သည် သူမအား ဂရုတစိုက် ကောက်ယူကာ ဖီးနစ်ငှက်၏ကျောပေါ်တွင် တင်ထားလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ”

အာရန်သည် ရှုယင်ဆီသို့ လျှောက်သွားကာ သူမကို နောက်မှ သိုင်းဖက်ထားလိုက်သည်။

“ပင်လယ်မြွေကိုချက်နေတာလေ”

ရှုယင်က ပြန်ဖြေလိုက်သောကြောင့် အာရန်၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု စို့နစ်သွားသကဲ့သို့ခံစားလိုက်ရသည်။

“စိတ်မပူပါနဲ့ ကျွန်မက သေခြာဆေးကြောထားပါတယ် ဒါကြောင့် စားလို့ရပြီး ရှင့်ရဲ့ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်ပါတယ် ဒါပေမယ့် ရှင်မကြိုက်ရင် တခြားတစ်ခုခု ပြောင်းစီစဉ်ပေးနိုင်ပါတယ်”

“အဆင်ပြေပါတယ် အဆိပ်မရှိသရွေ့ ကိုယ်အဆင်ပြေပါတယ်”

အာရန်သည် ငြင်းဆန်ခြင်းမပြုခဲ့ပေ။ အကယ်၍ အကြောင်းတစ်စုံတစ်ရာမရှိလျှင် ပင် သူသည် ပင်လယ်မြွေ၏အသားကို စားရဦးမည်သာဖြစ်မှန်းကို သူသိထာားလေသည်။

၎င်းသည် ၎င်းကို စားကြည့်ချင်သောကြောင့် မဟုတ်ပေ။

၎င်းတွင် သူ၏ဝါမြိုခြင်းစွမ်းရည် အကျိုးသက်ရောက်မှုရှိမရှိကိုသာ စမ်းသပ်ကြည့်လိုသောကြောင့် ဖြစ်လေသည်။

ဤအရာသည် မည်သို့အလုပ်လုပ်သည်ကို သူ မသိခဲ့ပေ။

ထို့ကြောင့် သူသည် စမ်းသပ်ချက်များအတွက် တစ်ရက်အချိန်ကို သီးသန့်ဖယ်ထားခဲ့လေသည်။

ထို့ကြောင့်လည်း အာရန်သည် ဤမြွေကြီး၏ အလောင်းကို ဤနေရာသို့ အပင်ပမ်းခံကာ ယူဆောင်လာခဲ့ခြင်းလည်းဖြစ်သည်။

အာရန်သည် ထိုမြွေဆီသို့ ပြန်လျှောက်သွားကြည့်လိုက်သည်။

၎င်း၏ခန္ဓာကိုယ်သည် အလွန်ကြီးမားလွန်းသောကြောင့် ၎င်းကို တစ်နှစ်ကြာအောင် စားသုံးလျှင်ပင် မကုန်နိုင်ဟု တွေးမိလိုက်သည်။

“ငါ ဒါကို ရောင်းလို့ရမယ်ထင်တယ် အခုချိန်ထိ ရှုယင်ပေးထားတဲ့ အဆောင်ပစ္စည်းတွေကိုပဲ အားကိုးနေရတယ် အဲ့အဆောင်တွေက တော်တော်ဈေးကြီးတယ် ငါ့တပည့်တွေကိုလည်း ပြုစုပျိုးထောင် ပေးရဦးမှာဆိုတော့ ငါ့ဘာသာငွေများများရှာထားဖို့ လိုအပ်လိမ့်မယ်။”

တအောင့်ကြာစဥ့်စားကြည့်လိုက်ပြီးနောက် အာရန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ ဓားမြှောင်တစ်လက်ကို ထုတ်ကာ ပင်လယ်မြွေ၏အသားထဲသို့ ထိုးစိုက်လိုက်ပြီး သွေးစီးကြောင်းတစ်ခုကို ထပ်မံယိုစီးစေလိုက်သည်။

အာရန်သည် မြွေကြီး၏ သွေးများကို ဖန်ခွက်တစ်ခုထဲသို့ ထည့်ကာ သူ၏နှုတ်ခမ်းအနီးသို့ ကပ်ကြည့်လိုက်လေသည်။

“ငါ အန်ချင်သလို ခံစားရတယ်”

သူသည် သူအမဲလိုက်ခဲ့သော သားရဲ၏သွေးများပြည့်နေသော သလင်းကျောက်ဖန်ခွက်ကို ကြည့်လိုက်သည်။

“ဝါးမြိုခြင်းအစွမ်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာသိချင်ရင် ဒါကို မစမ်းသတ်ကြည့်လို့မဖြစ်ဘူး”

သူသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖန်ခွက်ကို သူ၏နှုတ်ခမ်းအနီးတွင် တေ့ထားလိုက်သည်။

သူသည် သတ္တိအားလုံးကို စုစည်းလိုက်ပြီး ထိုသွေးများကို သူ၏ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်သည်။

တစ်ကျိုက်တည်းဖြင့် သူသည် သွေးအားလုံးကို ကုန်အောင် သောက်လိုက်လေသည်။

သူသည် အန်ထွက်လာမည်ကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခုကို တွေ့လိုက်ရသည်။

“ဒါက... ထူးဆန်းစွာနဲ့ အရသာရှိလွန်းနေတယ်”

သူသည် ပင်လယ်မြွေ၏ခန္ဓာကိုယ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

သွေးသည် မည်သည့်အရသာရှိသင့်သည်ကို သူ မသိသော်လည်း ဤအရာ၏သွေးသည် ဤမျှအရသာရှိနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အာရန်အတွက်မူ ဤသွေးသည် ဝိုင်ထက်ပင် ပို၍အရသာရှိပြီး လူများကို လွယ်လွယ်ကူကူ စွဲလမ်းစေနိုင်သည်ဟု ခံစားမိလိုက်သည်။

၎င်းသည် သူ၏စိတ်ကိုလည်း သက်ရောက်စေပြီး အပျော့စားမူးယစ်ဆေးဝါးများကဲ့သို့ ခံစားရစေသည်။

“ဒါက တကယ် အရသာရှိသင့်တာလား ဒါမှမဟုတ် ငါ့မှာပဲ တစ်ခုခုမှားယွင်းနေတာလား”

သူသည် ထိုမြွေသွေးများဖြင့် ဖန်ခွက်ကို ထပ်မံဖြည့်လိုက်ရင်း တွေးလိုက်မိသည်။

သူသည် ရှုယင်ဆီသို့ လျှောက်သွားကာ သူ၏လက်ကို ကမ်းပေးလိုက်သည်။

“မင်း သောက်ကြည့်ပြီး သူ့အရသာကို ပြောပြပေးနိုင်မလား”

ရှုယင်သည် အာရန်၏ ခွက်ကိုင်ထားသောလက်ကို သူမ၏လက်ဖြင့်လှမ်းကိုင်လိုက်ပြီး သူ၏ လက်အတွင်းမှပင် သူမ၏နှုတ်ခမ်းဖြင့်တေ့၍ တစ်ငုံသောက်ကြည့်လိုက်သည်။

“သာမန်အရသာပါပဲ”

“ကိုယ်လည်း အဲဒီလိုထင်တယ်...”

အာရန်သည် ကျန်ရှိသော သွေးများကို ကုန်စင်အောင်သောက်လိုက်ပြီး သူမ၏ချက်ပြုတ်မှုသည် မည်ကဲ့သို့အရသာရှိမည်နည်းဟု တွေးကြည့်လိုက်သည်။

အစားအစာသည် ထိုကဲ့သို့ အရသာရှိမရှိကို သိချင်သော်လည်း သူသည် အနည်းငယ်တော့ စိတ်ပျက်သွားမိခဲ့သည်။

အာရန်သည် သူ့ကိုယ်သူ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုခဲ့သော်လည်း သူ့တွင် မည်သည့်စွမ်းရည်အသစ်ကိုမျှ မရရှိလာကြောင်းသတိပြုမိသွားသည်။

သူသည် ပင်လယ်မြွေ၏ မျိုးဆက်သွေးကို ပင်လယ်မြွေ၏ သွေးများသောက်သုံးခြင်းဖြင့်မရရှိနိုင်ခဲ့ပေ။

“သွေးမဟုတ်ရင် အသားဖြစ်နိုင်တယ်”

ရှုယင် ပြီးအောင်စောင့်နေစဉ် သူသည် ပင်လယ်မြွေ၏သွေးများကို စုဆောင်းရန် ကြိုးစားလိုက်ပြီး ၎င်းသည် သူ့အတွက် နောက်ထပ်ဝင်ငွေအမြတ်တစ်ခု ရရှိအောင်ပြုလုပ်နိုင်ကောင်းပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှုယင်က အစားအစာအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကာ အာရန်အားလှမ်းခေါ်လိုက်လေသည်။

#Catfoot

All Chapters