← Chapters

ဝါးမြိုသူ၏ သားကောင်များ

Vol. 8 Ch. 100

ဝါးမြိုသူ၏ သားကောင်များ

Vol. 8 Ch. 100

ရှုယင်သည် စားသောက်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အာရန်အား လှမ်း၍ ခေါ်လိုက်လေသည်။

အာရန်သည် ရှုယင်ချက်ပြုတ်ထားသော ပင်လယ်မြွေသားဟင်းမှလာသော စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခုကို ရရှိလိုက်သည်။

သူ၏ဗိုက်သည် တုံ့ပြန်သည့်အနေဖြင့် တဂွိဂွိပင်မြည်နေပြီဖြစ်ကာ ထိုထူးခြားသော အရသာကို မြည်းစမ်းရန် စိတ်အားထက်သန်လျက်ရှိနေလေသည်။

မူလပင်လယ်မြွေကြီး၏ ပုံစံကိုသာခဏ မေ့ထားနိုင်ပါက အစားအစာသည် အမှန်တကယ်ပင် အရသာရှိမည့်ပုံပေါ်နေပြီး ရှုယင်၏ချက်ပြုတ်ထားသည့် လက်ရာကြောင့်လည်း ပို၍ပင် စားကောင်းမည့်ပုံပေါက်နေလေသည်။

ထို့နောက် အာရန်နှင့် ရှုယင်တို့သည် မီးဖိုဘေးတွင် အတူတကွ ထိုင်လိုက်ကြကာ ပင်လယ်မြွေသားဟင်းအား အတူတကွစတင်စားသောက်လေတော့သည်။

ပင်လယ်မြွေ၏ အသားသည် အံ့အားသင့်စဖွယ်ပင် နူးညံ့လွန်းနေခဲ့ပြီး ၎င်း၏အရသာသည် အာရန်၏ မျှော်လင့်ထားမှုများထက်ပင် ပိုမို ကျော်လွန်ကောင်းမွန်နေခဲ့လေသည်။

အာရန်သည် စားမိသည့်အလုပ်စီတိုင်းတွင် အသား အလွှာချင်းစီ၏ နူးညံ့ဖွယ်အရသာထူးကဲမှုများကို တစိမ့်စိမ့်ခံစားရင်း အံ့ဩမင်သက်မိနေလေသည်။

အစပိုင်းတွင် သူသည် သူ၏ စွမ်းရည်အတွက် စမ်းသပ်ချက်တစ်ခုအနေနှင့်သာ စားနေခြင်းဖြစ်သည်ဟုတွေးထားခဲ့သော်လည်း နောက်ပိုင်းတွင်၎င်းကိုပင်မေ့သွားပြီး မြိန်ရှက်စွာ တစ်ကိုက်ပြီးတစ်ကိုက် ဆက်တိုက်စားသောက်မိနေလေတော့သည်။

၎င်းတို့သည် ပင်လယ်မြွေသားဟင်းကို ပျော်ရွှင်စွာစားသောက်နေကြစဉ် အာရန်သည် အတွေးများကိုပြန်လည်စုစည်းရန် ကြိုးစားလိုက်ရသည်။

မကြာမီ သူ၏ စိတ်သည် ဝါးမြိုခြင်းအစွမ်းအကြောင်း ပြန်လည်သုံးသပ်မိလိုက်လေသည်။

ထိုမြွေသားကို စားသုံးခြင်းဖြင့်သူသည် စွမ်းရည်အသစ်များကို လက်ခံရရှိမလား သို့မဟုတ် ဝါးမြိုခြင်းစွမ်းရည်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်လေမလားဟု တွေးတောမိနေခဲ့သည်။

မြွေကြီး၏အသားများကို ကိုက်ဝါးမိသည့်အကြိမ်တိုင်းတွင် သူသည် သူ၏ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများ အကြောင်းကို အသေးစိတ်ဂရုစိုက် လေ့လားနေလိုက်လေသည်။

ထို့နောက် စားသောက်ပြီးသောအခါ အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကိုအသုံးပြုကာ စနစ်ဖန်သားပြင်ကို ထပ်မံစစ်ဆေးကြည့်လိုက်လေသည်။

ကံမကောင်းစွာဖြင့် သူသည် တစ်ဖန် စိတ်ပျက်သွားခဲ့ရပြန်လေသည်။

‘ငါ ဘာဆက်လုပ်ရမှာလဲ’ အာရန်သည် စိတ်ပျက်စွာ တွေးလိုက်မိသည်။

သူ့အတွက် အခြားသူတစ်ဦး၏စွမ်းရည်ကို အသုံးပြုရန် အဘယ်ကြောင့် ဤမျှခက်ခဲရသည်ကို သူနားမလည်နိုင်တော့ပေ။

၎င်းသည် အမှန်တကယ် သူ့အတွက် အသုံးမဝင်သော အရာတစ်ခုသက်သက်ပင်လောဟု သံသယပင်ဝင်လိုက်မိလေသည်။

“နတ်ဆိုးဝါးမြိုသူရဲ့ သားကောင်တွေအကြောင်းကို မင်း တစ်ခုခုသိထားတာရှိလား” သူသည် ရှုယင်ကို မေးလိုက်သည်။

သူသိသောအရာတစ်ခုမှာ နတ်ဆိုးဝါးမြိုသူသည် သူ၏ သားကောင်များကို ဘယ်တော့မှ အသက်ရှင်လျက် ချန်ထားလေ့မရှိခြင်းပင်ဖြစ်သည်။

“နတ်ဆိုးဝါးမြိုသူလား ရှင်က ဘာလို့ ရုတ်တရက် သူ့ကို သတိရသွားရတာလဲ” ရှုယင်က ပြန်လည်မေးလိုက်သည်။

၎င်းသည် အာရန်မှ သူမကို ဤကိစ္စနှင့်ပတ်သတ်၍ မေးသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သူမမှတ်မိလေသည်။

ပထမအကြိမ်က သူသည် သူမအား ထိုနတ်ဆိုးဝါးမြိုသူ၏စွမ်းရည်သည် မည်သို့အလုပ်လုပ်ကြောင်းကို သိသလားဟု မေးမြန်းခဲ့ပြီး သူမတွင် အဖြေမရှိခဲ့ပေ။

နောက်ဆုံးတွင် မည်သူမျှ ထိုနတ်ဆိုးဝါးမြိုသူ၏စွမ်းရည်သည် မည်သို့အလုပ်လုပ်သည်ကို မသိခဲ့ကြပေ။

သို့သော် ယခုတွင်လည်း အာရန်သည် ၎င်း၏သားကောင်များအကြောင်းကိုထပ်မံ မေးမြန်းနေပြန်လေသည်။

“သူ့ရဲ့စွမ်းရည်နဲ့ အဲ့ဒါဘယ်လို အလုပ်လုပ်လဲဆိုတာကို ကိုယ်တော်တော် သိချင်နေတယ် ဘယ်သူမှ မသိတဲ့အတွက်လည်း ပိုပိုပြီးတော့ သိချင်လာတယ်” အာရန်က ပြန်လည်ဖြေလိုက်လေသည်။

“သူ့ရဲ့ သားကောင်ဖြစ်သွားရတဲ့သူတွေအားလုံးဟာ သေဆုံးလျက်သားတွေပဲ တွေ့ခဲ့ရတယ်ဆိုတာ ကိုယ်သိပြီးပြီ ပြီးတော့ အများအားဖြင့် သူ့ရဲ့သားကောင်တွေဆိုတာ သူ့ကို သတ်ဖို့ကြိုးစားတဲ့သူတွေပဲ”

“လူတွေရှာတွေ့ခဲ့ကြတဲ့အခါမှာ အဲ့သားကောင်တွေရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေတာများရှိတယ်လို့ကြားဘူးခဲ့သေးလား”

ရှုယင်သည် ခဏတာ ပြန်လည်စဥ့်စားနေလိုက်သည်။

ထိုသူသည် ကြာမြင့်စွာကတည်းက သေဆုံးသွားသောကြောင့် သူမသည် ထိုသူအား အာရုံစိုက်မှုများစွာ မရှိခဲ့ပေ။

သူသည် အရှင်သခင်လေးဦး၏ ပူးပေါင်းသုတ်သင်ခြင်းကို ခံခဲ့ရခြင်းဖြစ်လေသည်။

၎င်းသည် ဤတိုက်ကြီးလေးခုမှ အရှင်သခင်များ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ပထမဆုံးနှင်ြ နောက်ဆုံးအကြိမ်လည်း ဖြစ်လေသည်။

“ဂိုဏ်းချုပ်ဖန်းယုသာဆိုရင်တော့ အဲဒီအကြောင်းကို ပိုသိနိုင်မယ်ထင်တယ် ဒါပေမယ့် ဝါးမြိုသူရဲ့ သားကောင်ဖြစ်သွားကြသူတွေရဲ့ ခန္ဓာကိုယ်တွေကို တွေ့ရှိခဲ့တဲ့အခါတိုင်းမှာ သွေးတွေနဲ့ပဲအမြဲ ဖုံးလွှမ်းနေခဲ့တယ်ဆိုတာ သိခဲ့ရတယ် ပြီးတော့ သူတို့ရဲ့ရင်ဘတ်တွေမှာ အပေါက်တစ်ခုစီရှိနေခဲ့ကြပြီး သူတို့ရဲ့နှလုံးသား တွေကတော့ ပျောက်ဆုံးနေခဲ့ကြတယ်”

ရှုယင်က တစ်စုံတစ်ခုကို မှတ်မိလိုက်သဖြင့် အာရန်အားပြန်ပြောပြလိုက်သည်။

ရှုယင်သည် “နတ်ဆိုးဝါးမြိုသူက သူ့ကို သတ်ဖို့ကြိုးစားတဲ့သူတွေရဲ့ နှလုံးသားတွေကို ချေမွပစ်ရတာကို နှစ်သက်ပုံရတယ်လို့ ကျွန်မထင်တယ်” ဟု ထပ်မံပြောခဲ့သည်။

‘နှလုံးသား...’

အာရန်သည် အတွေးထဲတွင် နစ်မြုပ်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။

“သူက သူတို့ရဲ့နှလုံးသားတွေကို ချေမွပစ်ရတာကို တကယ်ပဲ နှစ်သက်တာလား ဒါမှမဟုတ် တစ်ခုခု သက်ဆိုင်နေတာများရှိလို့လား...”

“ကိုယ် ခဏနေ ပြန်လာခဲ့မယ်”

အာရန်သည် ပင်လယ်မြွေ၏ ဧရာမခန္ဓာကိုယ်ဆီသို့ ပြေးသွားလိုက်သည်။

ထိုသားရဲတွင် နှလုံးသားမှာ မည်သည့်နေရာတွင်ရှိသည်ကို သူမသိသောကြောင့် သူသည် အစမှနေ၍တစ်ခုချင်းစီသာ စစ်ဆေးနိုင်ခဲ့လေသည်။

သူသည် အသက်မဲ့နေသော ပင်လယ်မြွေကြီး၏ ပါးစပ်ပေါက် မှနေ၍ ထိုသားရဲကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလိုက်လေသည်။

၎င်းသည် အလွန်ကြီးမားလွန်းသောကြောင့် ဤသားရဲကိုယ်အတွင်းပိုင်းတွင် လမ်းလျှောက်ရခြင်းသည် ကျယ်ပြန့်သောဥမင်လှိုင်ခေါင်းတစ်ခုအတွင်း လမ်းလျှောက်ရခြင်းနှင့် တူညီလေသည်။

အာရန်သည် ပင်လယ်မြွေ၏ခန္ဓာကိုယ်အတွင်း လမ်းလျှောက်၍ဝင်သွားခဲ့လေသည်။

ထိုမြွေ၏ ချက်ပြုပ်ပြီးသော အသားသည် အလွန်အရသာရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်အတွင်း လမ်းလျှောက်ရခြင်းသည် အနံ့အသက်ဆိုးများ နေရာတိုင်းတွင် ရှိနေသောကြောင့် ထိုအထဲတွင်သွားလာရခြင်းသည် စက်ဆုပ်ဖွယ်ကောင်းသောခရီးစဉ်တစ်ခုဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်း၏ ခန္ဓာကိုယ်အတွင်းတွင် အက်ဆစ်ဓာတ်များမရှိပေ။

သွေးပင်လယ်အတွင်းမှ သွေးအချို့သာထင်ကျန်ရှိနေပြီး ၎င်းသည် သူ၏အောက်ပိုင်းခန္ဓာကိုယ်ကို အနည်းငယ် စွန်းထင်းစေခဲ့သော်လည်း သူ့ကို မည်သို့မျှ အန္တရာယ်မပေးခဲ့ပေ။

အာရန်သည် ပင်လယ်မြွေ၏ ဧရာမခန္ဓာကိုယ်အတွင်းတွင် မှောင်မိုက်သော လမ်းကြောင်းများကို ဂရုတစိုက်ဖြင့် လျှောက်လှမ်းလာခဲ့သည်။

သူ၏ခြေသံများသည် လှိုဏ်ဂူနံရံများတွင် ပဲ့တင်ထပ်လျက်ရှိနေပြီး ထိုနံရံများကို အမှတ်တမဲ့ ပွတ်တိုက်မိသောအခါ သွေးများ ရံဖန်ရံခါ စီးကျလာလေ့ရှိလေသည်။

ဤသားရဲ၏ အတွင်းဘက်နေရာတစ်ခုတွင် သူ၏ဝါးမြိုခြင်းစွမ်းရည် လျှို့ဝှက်ချက်များကို ဖွင့်ထုတ်ရန်သော့ချက်ဖြစ်သော ၎င်း၏နှလုံးသားတစ်စုံရှိနေကြောင်း ကိုသူသိနေလေသည်။

သူ၏ ဤခန့်မှန်းချက်သာ မှန်ကန်ပါက သူသည် သူ၏ ဝါးမြိုခြင်းစွမ်းရည်ကို အတည်ပြုနိုင်ရန် တစ်လှမ်းသာ လိုတော့မည်ဖြစ်သည်။

ယခု အသစ်ထပ်မံရှာဖွေတွေ့ရှိမှုတစ်ခုဖြင့် သူသည်စွမ်းအင်အသစ်တစ်ခုအား ရယူပိုင်ဆိုင်နိုင်တော့မည်ဟူသောအတွေးသည် သူ့အား ပို၍ပင် စိတ်အားထက်သန်စေခဲ့သည်။

အာရန်သည် ပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ ပို၍နက်ရှိုင်းစွာ ဝင်ရောက်မိသည်နှင့်တစ်ပြိုင်နက် ပို၍ဝေးကွာသောနေရာမှ ထွက်ပေါ်လာသော တုန်ခါ၍အလင်းရောင်အချို့ထွက်နေသော အရာတစ်ခုကို သတိပြုမိလိုက်သည်။

ထိုအလင်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးတိုင်းတွင် ပိုမို၍ တောက်ပလာလျက်ရှိပြီး အာရန်အား သူ၏ဦးတည်ရာနှင့် ပို၍နီးကပ်လာပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။

၎င်းသည် ထိုသားရဲကြီး၏ နှလုံးသား သို့မဟုတ် ၎င်း၏ အသက်စွမ်းအား ရင်းမြစ်တစ်ခုနှင့် ပို၍နီးကပ်လာနေကြောင်း ဖော်ပြနေသည့် လက္ခဏာတစ်ခုလည်းဖြစ်သည်။

ထိုပင်လယ်မြွေကြီးသည် သေဆုံးသွားပြီဖြစ်သော်လည်း ၎င်း၏နှလုံးသားတွင် အသက်စွမ်းအားအချို့ ကျန်ရှိနေသေးလေသည်။

အာရန်သည် ထိုနေရာသို့သွားရခြင်းသည် ထာဝရကြာညောင်းသည်ဟု ခံစားရပြီးနောက် နောက်ဆုံးတွင် ပင်လယ်မြွေ၏နှလုံးသား တည်ရှိသောနေရာသို့ ရောက်ရှိသွားခဲ့လေသည်။

၎င်းသည် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်လေသည်။ ထိုနှလုံးသားသည် ဧရာမကြီးမားနေပြီး အာရန်၏ ခန္ဓာကိုယ် ကိုယ်တိုင်ထက်ပင် ပို၍ကြီးမားသေးသည်။

ထိုမြွေကြီး၏ နှလုံးသည် မခုန်တော့သော်လည်း အာရန်သည် ၎င်းမှ ထွက်ပေါ်နေသော အသက်စွမ်းအင်အချို့ကိုမူ ခံစားနိုင်သေးသည်။

အာရန်သည် လက်ကိုဆန့်တန်းလုက်ကာ ထိုနှလုံးသား၏မျက်နှာပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။

၎င်းသည် သူ၏လက်ချောင်းများအောက်တွင် တုန်ခါလျက်ရှိနေပြီး သူ၏တည်ရှိမှုကို တုံ့ပြန်ခဲ့လေသည်။

“ဒီတစ်ခါတော့ အလုပ်ဖြစ်ပါစေ”

သူသည် ဓားမြှောင်တစ်လက်ကို ထုတ်ကာ ပင်လယ်မြွေကြီး၏နှလုံးသားကို အစိတ်အပိုင်းအနည်းငယ်ခန့် လှီးဖြတ်လိုက်ပြီး သူ၏လက်များသည် သွေးများဖြင့် စွန်းထင်းသွားလေသည်။

၎င်းသည် သူ့အတွက်ပင် စက်ဆုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

သို့သော် ၎င်းသည် လိုအပ်သော ခြေလှမ်းတစ်ခုသာဖြစ်ကြောင်း သူသိလေသည်။

ဤကမ္ဘာတွင် ရှင်သန်လိုပါက သူသည် ယခင်ကမ္ဘာပေါ်တွင် ရှိခဲ့စဉ်က ပိုင်ဆိုင်ထားသော အသိဉာဏ်နှင့် အတွေးအမြင်အချို့ကို စွန့်လွှတ်ထားနိုင်ရမည်ဖြစ်လေသည်။

အာရန်သည် သူ၏ မျက်လုံးများကို မှိတ်ကာ ထိုပင်လယ်မြွေကြီး၏နှလုံးသားကို တစ်ကိုက်စားလိုက်လေသည်။

တစ်ကိုက်ကိုက်ကြည့်ရာမှ နှစ်ကိုက်ဖြစ်လာပြီး ထို့နောက် ပို၍များပြားလာလေသည်။

မကြာမီ အာရန်သည် လှီးဖြတ်ထားသော အစိတ်အပိုင်းအနည်းငယ်ကို ကုန်စင်အောင်စားပစ်လိုက်ပြီးဖြစ်လေသည်။

၎င်းနှလုံးသားသည် အပြင်ပိုင်း ၌ အရသာရှိသည့်ပုံမပေါ်ပဲ ပို၍ စက်ဆုပ်ဖွယ်ပင်ကောင်းပုံရသည်။

သို့သော် ထိုအရာ၏ အရသာကိုသူသည် ကြိုက်နှစ်သက်မိနေကြောင်း သဘောပေါက်လိုက်သောအခါ အာရန်သည် သူ့ကိုယ်သူ မယုံနိုင်အောင်ပင် ဖြစ်သွားရလေသည်။

သူသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် တကယ်ပင်အရာရာ ပြောင်းလဲသွားခဲ့တာများလား။

သူ့တွင် ထိုအကြောင်းကို ဆက်လက်တွေးတောရန် အချိန်မရှိပေ။

စားသောက်ပြီးသည်နှင့်ဆက်၍ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်လေသည်။

#Catfoot

All Chapters