← Chapters

ကျွန်မမောင်လေးကိုဘယ်သူထိရဲလဲ

Vol. 8 Ch. 101

ကျွန်မမောင်လေးကိုဘယ်သူထိရဲလဲ

Vol. 8 Ch. 101

[အမည်: အာရန် (ရန် နက်ခရိုလိုင်း)]

[အဆင့်: ၄]

[အထောက်အထား: မိစ္ဆာဂိုဏ်းမှ အကြီးအကဲ၊ သူရဲကောင်းဒဏ္ဍာရီအကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူမျိုးဆက်သွေးပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ]

[မျိုးဆက်သွေး: မသိ၊ ဝါးမြိုသူ၊ ပင်လယ်မြွေ]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ: တည်ငြိမ်]

-အဆင့်သက်မှတ်ချက်များ-

[ခွန်အား: ၇]

[သွက်လက်မှု: ၈]

[ခံနိုင်ရည်: ၉]

[ဉာဏ်ရည်: ၂၉]

[မာနာ: ၆၅]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်: SSS]

[နတ်ဘုရားမ၏အကာအကွယ်: မရှိ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့်ပစ္စည်းများ: အကာအကွယ်လည်ဆွဲ၊ အဆိပ်လည်ဆွဲ]

[စွမ်းရည်များ : ဓားဧကရာဇ် ၏ အော်ရာ၊ အော်ရာထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း၊ ဝါးမြိုသူ၊ ရေပြင်ကျွမ်းကျင်မှု]

“ဒါက...”

အာရန်သည် စနစ်၏ ဖန်သားပြင်ကို ကြည့်ရှုပြီးသည်နှင့်တစ်ပြိုင်နက် သူ၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

သူ၏အချက်အလက်များအတွင်း ပြောင်းလဲမှုများစွာ ရှိနေခဲ့လေသည်။

သူ၏ အကြီးမားဆုံးပြောင်းလဲမှုမှာ သူ၏ ဝါးမြိုသူမျိုးဆက်သွေးသည် မပြည့်စုံဟု မှတ်သားထားခြင်းမျိုး မရှိတော့ခြင်းပင်ဖြစ်သည်။

နောက်ထပ်ပြောင်းလဲမှုတစ်ခုမှာ သူ၏မျိုးဆက်သွေးနေရာတွင် ယခုအခါ ပင်လယ်မြွေမျိုး၏ မျိုးဆက်သွေးဖြစ်သည့် နောက်ထပ်မျိုးဆက်သွေးတစ်ခုကို ထပ်မံပြသနေခြင်းပင်ဖြစ်သည်။

သူသည် ပင်လယ်မြွေမ၏ မျိုးဆက်သွေးကို ဝါးမြိုရာတွင် အောင်မြင်မှုရခဲ့ပြီးဖြစ်သည်။

ပို၍အရေးကြီးသည့်အချက်မှာ အာရန်သည် မူလဝါးမြိုသူအသုံးပြုခဲ့သည့် မျိုးဆက်သွေးများကို ဝါးမြိုသည့် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။

ယခင်က သူ၏သူရဲကောင်းအဆင့်သည် အဆင့်သတ်မှတ်ထားခြင်း မရှိခဲ့ပေ။

သို့သော် သူသည် ပထမဆုံးအကြိမ် ဝါးမြိုခြင်းအစွမ်းကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ခြင်းဖြင့် သူ၏ ဝါးမြိုသူမျိုးဆက်သွးကို အသက်သွင်းလိုက်နိုင်ကာ သူရဲကောင်းအဆင့်သည်လည်း အလိုလို ပေါ်ပေါက်လာခဲ့လေသည်။

သူသည် SSS အဆင့်ရှိ သူရဲကောင်းတစ်ဦးအဖြစ် အဆင့်သတ်မှတ်ခြင်း ခံလိုက်ရလေသည်။

အရှေ့တိုက်ကြီးတွင် ကျင့်ကြံခြင်းကိုသာ ပို၍အလေးပေးခဲ့ကြလေသည်။

သို့သော် သူရဲကောင်းများ၏တိုက်ကြီးတွင်မူ မျိုးဆက်သွေးသည်သာ အရာရာဖြစ်လေသည်။

လူတစ်ဦးသည် သူ၏မျိုးဆက်သွေးကို မည်သို့ထိန်းချုပ်ရမည်ကို မသိခဲ့လျှင်ပင် သူ၏အဆင့်ကို မျိုးဆက်သွေးအဆင့်ဖြင့် ဆုံးဖြတ်ကြလေသည်။

သူ၏ဝါးမြိုသူမျိုးဆက်သွေး သည် အတိတ်က အရှင်သခင်လေးဦးကိုပင် သတိထားမိစေရန် လုံလောက်သော အထွတ်အထိပ်အဆင့် မျိုးဆက်သွေး တစ်ခုဖြစ်လေသည်။

ဤသတင်းသာ ပေါက်ကြားပါက ၎င်းသည် သူ၏နောက်ကျောတွင် နောက်ထပ်အနီရောင်ပစ်မှတ်တစ်ခုကို အများမြင်ရန် အမှတ်အသားအဖြစ် ပန်းချီဆွဲထားလိုက်ခြင်းနှင့်ပင်တူညီနေမည်မှန်း သိနေခဲ့လေသည်။

ထိုသို့ဖြစ်ခဲ့ပါက သူသည် စုပေါင်း အမဲလိုက်ခံရမည့် နောက်ထပ်ဝါးမြိုသူတစ်ဦး ဖြစ်လာနိုင်လေသည်။

အာရန် သည်လောလောဆယ်တွင် ဤစွမ်းရည် ကို ဖုံးကွယ်ထားနိုင်ရုံသာ တတ်နိုင်သေးသော်လည်း အနာဂတ်တွင် သူရဲကောင်းအကယ်ဒမီနှင့်ရင်ဆိုင်ရာ၌ ဤစွမ်းရည်ကို မည်သို့အသုံးပြုရမည်ကို သာမြင်ယောင်ကြည့်မိလိုက်သည်။

နောက်ထပ်သေးငယ်သော်လည်း အသုံးဝင်သည့် ပြောင်းလဲမှုတစ်ခုလည်း ရှိခဲ့လေသည်။

ပင်လယ်မြွေကြီး၏ မျိုးဆက်သွေးကို ဝါးမြိုပြီးနောက် သူသည် ထိုပင်လယ်မြွေကြီး ၏ စွမ်းရည်တစ်ခုကိုလည်း ကူးယူနိုင်ခဲ့သေးသည်။

[ရေပြင်ကျွမ်းကျင်မှု: အသုံးပြုသူအား ရေအောက်တွင် မြင်နိုင်၊ကြားနိုင်၊ စကားပြောဆိုနိုင်ပြီး အသက်ရှူနိုင်ကာ ပင်လယ်ပြင် မှမွေးဖွားလာသူ သက်ရှိတစ်ဦး အလား ပင်လယ်ပြင်တွင် ကျွမ်းကျင်စွာကူးခတ်နိုင်စေသည်]

၎င်းသည် တိုက်ခိုက်ရေးအတွက် ဖန်တီးထားသော စွမ်းရည်တစ်ခုမဟုတ်ပေ။

အထူးသဖြင့်ထိုစွမ်းရည်သည် တိုက်ကြီးများပေါ်တွင်အသုံးမဝင်နိုင်ပေ။

သို့သော် ဤနေရာတွင်မူ ဤစွမ်းရည်သည် အလွန်အသုံးဝင်လေသည်။

ယခင်က အာရန်၏မျက်လုံးများဖြင့် မြင်နိုင်သမျှမှာ သွေးရောင်အနီရဲရဲများဖြင့် နောက်ကျိနေသော သွေးရေများကိုသာဖြစ်လေသည်။

ဤစွမ်းရည်ဖြင့်မူ သူသည် ရေထဲသို့ ပြုတ်ကျခဲ့လျှင်ပင် ရှင်သန်နိုင်ဦးမည်ဖြစ်သည်။

ပင်လယ်မြွေနှင့် တိုက်ခိုက်ခဲ့စဉ်အခါက ဤစွမ်းရည်သာရှိနေခဲ့ပါက သူသည် သူ၏ခြေလှမ်းများကို ခန့်မှန်းရန်၊ ပင်လယ်မြွေကြီး၏ တန်ပြန်တိုက်ခိုက်မှုများကို ရှောင်ရှားရန်နှင့် ထိုမြွေကြီးကို သတ်ဖြတ်ရန် တွက်ချက်မှုများကို ထိုမျှအထိခေါင်းစားခံရန်လိုအပ်မည်မဟုတ်ခဲ့ပေ။

“အတော်လေးကောင်းမွန်တဲ့ စွမ်းရည်တစ်ခုပဲ”

အာရန်သည် သူ၏ယခုရရှိမှုအတွက် အလွန်ကျေနပ်စွာဖြင့် ဖန်သားပြင်ကို ပိတ်လိုက်သည်။

ထို့အပြင်အပြင်သို့ပြန်မထွက်ခင် ကျန်ရှိသည့် မြွေကြီး၏ နှလုံးသားကိုပါ ရိတ်သိမ်းယူဆောင်သွားရန် ဆုံးဖြတ်လိုက်လေသည်။

သူသည် ဤအရာအား အနာဂတ်တွင် ရောင်းချခြင်း သို့မဟုတ် အခြားနည်းလမ်းများတွင် အသုံးပြုခြင်းများကိုလည်း ပြုလုပ်နိုင်သေးသည် မဟုတ်ပါလော။

ထိုမြွေကြီး၏ နှလုံးသား အကြွင်းအကျန်များကို ခန္ဓာကိုယ်မှ ခွဲထုတ်ပြီးနောက် သူသည် ၎င်းတို့ကို သူ၏စနစ်သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားလိုက်သည်။

ထိုနောက် အာရန်သည် ပင်လယ်မြွေကြီး၏ ဦးခေါင်းဆီသို့ လာရာလမ်းအတိုင်း ပြန်လျှောက်လှမ်းသွားလိုက်လေသည်။

အနံ့အသက်များနှင့် ညစ်ပတ်မှုများသည် ယခုအချိန်တွင်သူ့အတွက် အနှောင့်အယှက်မဖြစ်တော့ပေ။

ဤသေးငယ်သောအရာများကို သတိမထားမိနိုင်လောက်အောင်ပင် သူသည် ပျော်ရွှင်လွန်းနေခဲ့ပြီဖြစ်သည်။

....

ပင်လယ်ရေပြင်အောက် နက်ရှိုင်းသော တစ်နေရာတွင် ခမ်းနားထည်ဝါစွာတည်ရှိသော နန်းတော်အဆောက်အဦးကြီးတစ်ခုသည် ဘုန်းအသရေပြည့်စုံစွာဖြင့် မားမားမတ်မတ် ရပ်တည်လျက်ရှိနေသည်။

ထိုနေရာတွင် နန်းတော်တစ်ခုထဲသာမက ပင်လယ်ရေလှိုင်းများ၏အောက်တွင် ပုံးကွယ်နေဟန်ရသော ကြီးမားသည့် မြို့ကြီးတစ်မြို့လည်းရှိနေခဲ့လေသည်။

ဤရေအောက်မြို့တော်သည် ၎င်း၏ ကျက်သရေရှိသော ဗိသုကာလက်ရာများနှင့် တောက်ပထင်းလင်းနေသောတည်ဆောက်ပုံများနှင့်အတူ အလွန်ကြည့်ရှု၍လှပသော မြင်ကွင်းတစ်ခုလည်းဖြစ်လေသည်။

ကောင်းကင်သို့တိုင် ဟိန်းဟောက်နေဟန်ရသော နဂါးများအား သရုပ်ဖော်ထားသည့် နဂါးရုပ်တုများမှာလည်း ထိုမြို့တစ်ဝှမ်းလုံးတွင် တည်ရှိနေလေသည်။

ဤရုပ်တုများကို သည်အတိုင်းသာမန် ရပ်ကြည့်မိရုံဖြင့်ပင် သာမန်လူတစ်ဦးသည် ဖိနှိပ်မှုတစ်ခုကိုခံစားလိုက်ရမည်ဖြစ်ပြီး ဦးညွှတ်ကာ အရိုအသေပေးလိုစိတ်များ ပင်တဖွားဖွားပေါ်လာမည် ဖြစ်လေသည်။

သို့သော် ဤမြို့ကို အမှန်တကယ် ထူးခြားသွားစေသောအရာမှာ ၎င်းကို ဝန်းရံထားသော ကာကွယ်ရေးအစီအရင်များပင်ဖြစ်လေသည်။

ဤအစီအရင်များသည် အစွမ်းထက်သော အကာအကွယ်လွှာတစ်ခုအဖြစ် တည်ရှိနေသည့်အပြင် ၎င်းတို့၏ ဤမြင့်မြတ်သောနယ်မြေအတွင်းသို့ သွေးရောင်လွှမ်းနေသည့်ရေများ ဝင်ရောက်လာခြင်းမှလည်း ကာကွယ် တားဆီးပေးထားလေသည်။

ဤရေအောက်မြို့တော်ကြီးသည် သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် လျှို့ဝှက်တည်ရှိသော လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုနှင့် ပင်တူညီနေလေသည်။

၎င်း၏ အလယ်ဗဟိုတည့်တည့်တွင်ရှိသော နန်းတော်အတွင်းတွင် ခမ်းနားထည်ဝါသော ခန်းမဆောင်တစ်ခုလည်းရှိနေလေသည်။

ထို ခန်းမဆောင်၏အဆုံးတွင် ပလ္လင်တစ်ခုရှိနေသည်။

ထိုပလ္လင်ပေါ်တွင် ကျက်သရေရှိသော အော်ရာတစ်ခု ထုတ်လွှတ်နေကာ ကြွေသားကဲ့သို့ ဝင်းပနေသော အသားအရေတစ်ခုကို ပိုင်ဆိုင်ထားသည့် အပြာရောင်ဆံပင်နှင့် အမျိုးသမီးတစ်ဦး ထိုင်လျက်ရှိနေလေသည်။

ထိုအမျိုးသမီးသည် အသက်နှစ်ဆယ်ခန့်သာရှိသေးပုံရသော်လည်း ဤမြို့မှမြို့ခံများသာ သူမသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိနေပြီဖြစ်ကြောင်း သိထားကြလေသည်။

သူမ၏ဦးခေါင်းတွင် နဂါးကဲ့သို့ ဦးချိုနှစ်ချောင်းရှိပြီး ၎င်းသည် မျိုးဆက်ပေါင်းများစွာတိုင်အောင် မြို့ကိုကာကွယ်ပေးခဲ့သည့် အစွမ်းထက် နဂါးများနှင့် သူမ၏မျိုးရိုးမှာ ဆက်နွယ်နေကြောင်းကို ပြသနေလေသည်။

သူမ၏ စူးရှသော အကြည့်တစ်ချက်တွင် ရာစုနှစ်ပေါင်းများစွာကျင်လည်ခဲ့ဘူးသည့် ခွန်အားနှင့် ဉာဏ်ပညာများ စုပေါင်းပါဝင်နေဟန်ရပြီး သူမ၏ရှေ့မှောက်သို့ ဝင်လာသူအားလုံးကို ဖမ်းစားထားနိုင်လေသည်။

သူမသည် သာမန်အုပ်စိုးသူတစ်ဦးသာမကပဲ အာဏာတစ်ခု၏ သင်္ကေတတစ်ခုအဖြစ်ပါ အများကအသိအမှတ်ပြုထားကြသူလည်းဖြစ်လေသည်။

ဤသည်မှာ ၎င်းတို့၏ကိုယ်ပိုင်အင်ပါယာလေးတစ်ခုဟု ခေါ်ဆိုနိုင်သော ပင်လယ်နဂါးများ၏သီးသန့်မြို့တော်လည်းဖြစ်လေသည်။

ပလ္လင်ပေါ်ရှိ ထိုအမျိုးသမီးမှာမူ အင်ပါယာဘုရင်မပင်ဖြစ်လေသည်။

အမျိုးသမီး၏ရှေ့တွင် လူငယ်နှစ်ဆယ်ကျော် ရပ်လျက်ရှိနေလေသည်။

လူငယ်များသည် သူမနှင့် အသက်အရွယ်တူပုံရသော်လည်း သူမ၏မျက်လုံးများထဲတွင်မူ ၎င်းတို့အားလုံးသည် ကလေးများသာ ဖြစ်နေလေသည်။

“ဒီနေ့က မင်းတို့ရဲ့ အရွယ်ရောက်ပွဲစမ်းသတ်တဲ့နေ့ပဲ မင်းတို့ရှေ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ် စမ်းသပ်မှုကို ခံယူပြီး မင်းတို့ကိုယ်မင်းတို့ သက်သေပြပါ ဒါမှမဟုတ် ဒီနိုင်ငံတော်ကနေ ထာဝရထွက်သွားလိုက်ပါ ကဲ ဘာကို ရွေးချယ်မလဲ”

ပင်လယ်နဂါးအင်ပါယာဘုရင်မ၏ စကားသံသည် ဖိနှိပ်နိုင်သော ခွန်အားတစ်ခုဖြင့် ပြည့်နှက်နေခဲ့ကာ ခမ်းနားထည်ဝါသော ဤခန်းမဆောင်ထဲသို့ ပဲ့တင်ထပ်စွာမြည် ဟီးသွားလေသည်။

လူငယ်များသည် စိုးရိမ်တကြီးအကြည့်များဖြင့် အချင်းချင်း ချင်းဖလှယ်မိလိုက်ကြသော်လည်း ဤစမ်းသပ်မှုအတွင်း၌ ရင်ဆိုင်ရမည့် ၎င်းတို့အား စောင့်ကြိုနေသော မည်သည့်စိန်ခေါ်မှုများကိုမဆို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

“မင်းတို့မှာ ဒီလိုသတ္တိရှိတာတွေ တွေ့ရတာ တကယ်ကောင်းတယ် မင်းတို့ရဲ့စမ်းသပ်ပွဲကတော့ ရိုးရှင်းပါတယ် မင်းတို့ဟာ ဒီနိုင်ငံအတွင်းကနေ ထွက်သွားပြီး ပင်လယ်မြွေအကောင်ငါးဆယ်ကျော်စီကို အမဲလိုက်ရမယ် သက်သေအဖြစ် သူတို့ရဲ့နှလုံးသားတွေကို ငါ့ဆီ ပြန်ယူလာပေးရမယ်”

“မင်းတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် မကူညီနိုင်အောင်လို့ မတူညီတဲ့ ဦးတည်ရာတွေကို သွားကြရမယ် နားလည်လား ဒါက မင်းတို့အတွက် တစ်ဦးချင်း စမ်းသပ်မှုပဲ အဖွဲ့လိုက်စမ်းသတ်မှုတစ်ခု မဟုတ်ဘူး”

အင်ပါယာဘုရင်မသည် သူမ၏ရှေ့မှ လူငယ်များကို ပျင်းရိစွာ ကြည့်ရင်း ပြောလိုက်လေသည်။

“ကျွန်တော်မျိုးတို့ အရှင်မကို စိတ်မပျက်စေရပါဘူး”

လူငယ်နဂါးများမှ တညီတညွတ်တည်း အော်ဟစ်ပြောဆိုလိုက်ကြလေသည်။

“မကြာခင် သိရမှာပေါ” အင်ပါယာဘုရင်မက ပြန်ဖြေလိုက်သည်။

“မင်းတို့ အခုပဲသွားနိုင်ပြီ”

သူမသည် ပြန်လည် မှေးစက်သွားသည့်အလား သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်လေသည်။

လူငယ်နဂါးလေးများသည် သူမအား အနှောင့်အယှက်မပေးလိုကြသဖြင့် အသီးသီး လှည့်ဤ ထွက်ခွာသွားကြလေသည်။

လူငယ်နဂါးများထွက်သွားစဉ် ခန်းမတွင် ပင်လယ်နဂါးတစ်ကောင်သာ ကျန်ရစ်ခဲ့သည်။

သူသည် အင်ပါယာဘုရင်မ၏ လက်အောက်ငယ်သားတစ်ဦးလည်းဖြစ်လေသည်။

၎င်းသည် ဒူးတစ်ဖက်ထောက်လိုက်ကာ အင်ပါယာဘုရင်မအား တစ်စုံတစ်ရာကို ရည်ညွှန်းပြောဆိုလိုက်လေသည်။

“အရှင်မ ရှင့် အရှင်မင်းသားကိုလည်း ဒီစမ်းသပ်မှုမှာ ပါဝင်စေဖို့ တကယ်ကို လိုအပ်လို့လား တော်ဝင်မျိုးနွယ်တစ်ယောက်အနေနဲ့ အရှင်မရဲ့မောင်တော်ကို ဒီစမ်းသတ်မှုမှာ ကင်းလွတ်ခွင့်ပေးသင့်ပါတယ် တကယ်လို့သူသာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

အင်ပါယာဘုရင်မသည် သူမ၏ မျက်လုံးများကိုပင် မဖွင့်ကြည့်ပဲ တုံ့ပြန်စကားအချို့ကို ပြန်လည်ပြောဆိုလိုက်သည်။

“ငါ့မောင်အကြောင်းကို ငါသိတယ် သူက ဒီလောက်လေးတော့ ကိုင်တွယ်နိုင်သင့်တယ်လေ ဒါ့အပြင် ဘယ်သူကကော ငါမောင်ကို ဒီအချိန်ခဏလေးအတွင်းမှာ ထိခိုက်အောင် လုပ်ရဲမှာလဲ မင်း စိုးရိမ်နေတာ အဓိပ္ပါယ်မရှိပါဘူး”

#Catfoot

All Chapters