← Chapters

မျိုးဆက်သွေးကစကားပြောတာလား...

Vol. 8 Ch. 102

မျိုးဆက်သွေးကစကားပြောတာလား...

Vol. 8 Ch. 102

အာရန်သည် ဧရာမပင်လယ်မြွေကြီး၏ခန္ဓာကိုယ်မှ ပြန်ထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်သည် သွေးညှီနံများဖြင့် ဖုံးလွှမ်းသွားလေသည်။

သူသည် သွေးများဖြင့်မကြာမီထပ်မံ စွန်းထင်းတော့မည်ကို နားလည်သောကြောင့် သူ့ကိုယ်သူ ပြန်လည် မသန့်ရှင်းခဲ့သေးပေ။

သူသည် သူ၏ ရေပြင်ဆိုင်ရာကျွမ်းကျင်မှုများကိုလည်း စမ်းသပ်ရဦးမည်ဖြစ်သည်။

အာရန်သည် ပင်လယ်မြွေအတွင်းမှ ထွက်လာသောအခါ အတော်လေး ကျေနပ်ပုံရသည်ကို ရှုယင်မှာ သတိပြုမိလိုက်သည်။

မြွေထဲသို့ မဝင်ခင် သူသည် တစ်စုံတစ်ခုကို အနည်းငယ် စိတ်ဖိစီးပြီး စိုးရိမ်နေပုံရလေသည်။

ယခုတွင်မူ အာရန်သည် ကြာမြင့်စွာကတည်းက သူ့ကို စိုးရိမ်ပူပန်စေခဲ့သော မေးခွန်း၏အဖြေကို ရရှိထားပုံပေါက်နေလေသည်။

“ကောင်းတာ တစ်ခုခု ကြုံတွေ့ခဲ့ရလို့လား”

သူမက တိတ်တဆိတ် ခြေလှမ်းများဖြင့် အာရန်ဆီသို့ ချဉ်းကပ်လာရင်း မေးလိုက်သည်။

ရှုယင်၏ချိုမြိန်သောရနံ့သည် သူ့ခန္ဓာကိုယ်ရှိ သွေးများ၏ အနံ့အသက်များကို ပင် ဖုံးလွှမ်းသွားလေသည်။

“မင်းပြောတာမှန်တယ် ကိုယ့်ကို အချိန်အတော်ကြာကြာကတည်းက ဒုက္ခပေးနေခဲ့တဲ့ ပြဿနာတစ်ခုရဲ့ အဖြေကို ကိုယ်ရှာတွေ့ခဲ့တယ်”

အာရန်က ရှုယင်ထံမှ သူ၏ပျော်ရွှင်မှုကို မဖုံးကွယ်ထားတော့ပဲ ပြန်ဖြေလိုက်သည်။

“ဒီအဖြေနဲ့အတူ အရာအားလုံးလည်း အဆင်ပြေသွားပါပြီ”

“ကျန်တာကတော့ ပင်လယ်နဂါးတစ်ကောင်ကို အမဲလိုက်ဖို့ပဲကျန်တော့တယ် ပြီးရင်ကိုယ်ရှာနေတဲ့ ပဟေဠိတစ်ခုဟာလည်း ပြီးပြည့်စုံသွားလိမ့်မယ်”

အာရန်သည် သူ၏ပန်းတိုင်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။

သူသည် ပင်လယ်နဂါးတစ်ကောင်ကို သတ်ပြီး မှတ်ဉာဏ်အပိုင်းအစကို အသုံးပြုရန်သာ ကျန်ရှိတော့လေသည်။

ထိုအရာဖြင့် သူသည် သူ၏မသိရသေးသော အတိတ်နှင့်ပတ်သက်၍ အဖြေများစွာ ကို ရရှိနိုင်တော့မည်မှန်း သေချာနေခဲ့လေသည်။

“ကျွန်မတို့ အခုပဲ ပင်လည်နဂါးတစ်ကောင်ကို အမဲလိုက်ကြမလား”

ရှုယင်က ပြန်လည်မေးလိုက်သည်။ သူမသည် ထိုအရာကို ဂရုမစိုက်ပေ။

သူမသည် ၎င်းကို မြန်မြန်ပြီးအောင် လုပ်နိုင်လေ အာရန်၏စိုးရိမ်ပူပန်မှုများကို ဖယ်ရှားရန် သူမမြန်မြန် ကူညီနိုင်လေဖြစ်သည်။

ထို့နောက် သူမသည် သူ့ကို ထာ၀ရ ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။

“ဒီနေ့ စလုပ်မှာပါ ဒါပေမယ့် အခုချက်ချင်းတော့ မဟုတ်သေးဘူး အခုလောလောဆယ် စွမ်းရည်တစ်ခုကို ကိုယ်စမ်းသပ်ကျွမ်းကျင် ဖို့လိုနေသေးတယ်”

အာရန်သည် ရှုယင်ကို ကျွန်းပေါ်တွင်သာ နေခဲ့ရန်နှင့် အန္တရာယ်ရှိသော မည်သည့်အရာကိုမဆို တွေ့ရှိပါက ပုန်းခိုနေရန် ပြောဆိုလိုက်သည်။

ရှုယင်က “ရှင် တစ်ယောက်တည်း ထပ်တိုက်ခိုက်ဦးမလို့လား” ဟု မေးသောအခါ စိုးရိမ်ပူပန်မှုအချို့သည် ရှုယင်၏အသံထဲတွင် ပါဝင်နေခဲ့လေသည်။

သူတိုက်ခိုက်သည့်အချိန်တိုင်းတွင် သူမကို အဘယ်ကြောင့် မခေါ်သွားသည်ကို သူမနားမလည်နိုင်ခဲ့ပေ။

သူသည် သူမကို စိုးရိမ်နေ၍လော သို့မဟုတ် တကယ်ပဲ တခြားအကြောင်းပြချက်တစ်ခုသက်သက် ရှိနေ၍လော။

“စိတ်မပူပါနဲ့ ဒီတစ်ခေါက်က ကိုယ်သွားတိုက်ခိုက်မှာ မဟုတ်ပါဘူး ဒါကြောင့်လည်း ဖီးနစ်ငှက်ကိုတောင် ကိုယ်နဲ့အတူ မခေါ်သွားတာကြည့်လေ ကိုယ်က အရာအချို့ကို စမ်းသပ်ဖို့ ဒီအတိုင်း ခဏရေဆင်းကူးရုံလေးပါ မတိုက်ခိုက်ဘူးလို့လည်း မင်းကို ကတိပေးပါတယ်...”

အာရန်သည် ထိုနီရဲနေသောပင်လယ်ပြင်ကို တစ်ချက်လှမ်းကြည့်ရင်း ကျွန်း၏ကမ်းစပ်တွင် ရပ်တန့်နေလိုက်သည်။

ရေနေကျွမ်းကျင်မှုသည် ဝါးမြိုခြင်းအစွမ်းနှင့် မတူပေ။

၎င်းကို အသက်သွင်းရန် အထူးစွမ်းရည်တစ်ခုသက်သက်ရှိမနေပေ။

အာရန်သည် ယခုအခေါက်မှာ စနစ်ဆီမှ မဟုတ်ပဲ အရင်းအမြစ်တစ်ခုဆီမှ တိုက်ရိုက်ကူးယူခဲ့ခြင်းဖြစ်ကြောင့် သူသည် အနည်းငယ်ပို၍ တက်ကြွနေလေသည်။

နောက်ဆုံးတွင် ၎င်းသည် အလိုအလျှောက်အသုံးပြုနိုင်သည့် စွမ်းရည်တစ်ခုနှင့် ပင် ပို၍တူလေသည်။

သူ၏ခန္ဓာကိုယ်သည် သွေးများဖြင့်ပြည့်နေသောရေပြင်တစ်ခုဖြစ်လျှင်ပင် ရေအောက်တွင် သူသည်အသက်ရှူနိုင်စေသော ရေပြင်ကျွမ်းကျင်မှု နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ထားပြီးဖြစ်လေသည်။

ဤစွမ်းရည်သည် သူ၏အတွေးများကို ဖော်ပြနိုင်သည့်အပြင် ရေအောက်တွင် မြင်နိုင်၊ ကြားနိုင်၊ ပြောနိုင်စေလေသည်။

အာရန်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ နီရဲသောသွေးပင်လယ်ကြီးထဲသို့ ငုပ်ဆင်းသွားလိုက်လေသည်။

ရေများသည် သူ့အား ဝန်းရံသွားပြီး သူသည် ငြိမ်သက်တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။

အာရန် ရရှိထားသော ရေပြင်ကျွမ်းကျင်မှုစွမ်းအင်သည် သူ့အားအနက်ရှိုင်းဆုံးနေရာများသို့ပင် အားစိုက်ထုတ်စရာမလိုဘဲ လမ်းကြောင်းပြောင်းသွားလာစေနိုင်လေသည်။

သူသည် ပို၍နက်ရှိုင်းစွာ ကူးခတ်သွားမိသည်နှင့်ပင် သူသည် သူ၏ နေအိမ်တွင်း ရောက်ရှိနေသည့်အလား ရင်းနှီးကြွမ်းဝင်မှုများကို ခံစားရလေသည်။

ရေသည် နီရဲနေသော်လည်း သာမန်သန့်ရှင်းသောရေတွင် ကူးခတ်နေသကဲ့သို့ပင် သူသည် ရေထဲတွင် ရှင်းလင်းစွာမြင်နိုင်ခဲ့လေသည်။

လမ်းတစ်လျှောက်တွင် သူသည် သေးငယ်သော သက်ရှိသားရဲငယ်များကို ပင် မတွေ့ခဲ့ရပေ။

သူကူးခတ်နေသမျှ ကာလပတ်လုံး ပင်လယ်တစ်ခုလုံးသည် ဗလာကျင်းနေပုံရသော်လည်း ကြည့်ရှုရကျိုးနပ်သော မြင်ကွင်းတစ်ခုလည်းဖြစ်လေသည်။

ရေပြင်သည် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၎င်း၏ခုန်နှုန်းသည် သူ၏ခုန်နှုန်းနှင့် ပဲ့တင်ထပ်လျက်ရှိနေသည်ကို ခံစားမိလိုက်သည်။

ရေကူးခြင်းသည် သူ့အတွက် ယခင်က ဤမျှလွယ်ကူနေခဲ့ခြင်းမရှိခဲ့ပေ။

အာရန်သည် မိမိကိုယ်ကိုယ်ပင်လယ်မြွေကိုယ်တိုင်ကဲ့သို့ ခံစားနေရပြီး အလားတူအမြန်နှုန်းဖြင့် ကူးခတ်နေနိုင်လေသည်။

သူသည် သူ့ဘာသာသူ လေထဲတွင်ပျံသန်းနိုင်ခဲ့ပါကလည်း ဤကဲ့သို့ ခံစားချက်နှင့် ဆင်တူနိုင်ကြောင်း တွေးလိုက်မိသည်။

သူ၏လက်ခြေများကို အသုံးပြုရင်းဖြင့် အာရန်သည် အနက်ရှိုင်းဆုံးနေရာများဆီသို့ စူးစမ်းရန် ရှေ့သို့တိုးသွားလိုက်လေသည်။

သူသည် သူ၏ရရှိထားသော စွမ်းရည်အသစ်များကို အစွမ်းကုန် ဖွင့်ထုတ်ကာ သူ၏ ရေပြင်ကျွမ်းကျင်မှု အတိုင်းအတာကို အမှန်တကယ် နားလည်လိုနေခဲ့သည်။

သူသည် ကူးခတ်နေစဉ်အတွင်း ရေများသည် သူ၏တည်ရှိမှုကို တုံ့ပြန်နေသကဲ့သို့ ခံစားနိုင်ပြီး ၎င်းက သူ့ကို ၎င်းတို့၏အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုနေသကဲ့သို့ ဖြစ်နေသည်။

အာရန်သည် သူ၏ရေအောက်ဆက်သွယ်နိုင်စွမ်းကို စမ်းသပ်ကာ သူ၏အတွေးများကို ဖော်ပြရန် ညင်သာစွာ ဆက်သွယ်မှုတစ်ခုပြုလုပ်ကြည့်လိုက်သည်။

အံ့အားသင့်စွာပင် သူ၏စကားများသည် ရေထဲသို့ စီးဝင်သွားပြီး သူ၏နားထဲသို့ ရှင်းလင်းစွာ ပြန်ရောက်ရှိလာခဲ့လေသည်။

ပင်လယ်ကိုယ်တိုင်က သူ၏ဖော်ပြမှုအား ကြားခံတစ်ခုအဖြစ် အသုံးတော်ခံနေသကဲ့သို့ ဆင်တူနေခဲ့လေသည်။

သူသည် သူ၏ရေအောက်ခရီးစဉ်ကို ဆက်လက်ကူးခပ်နေစဉ် အသားစားငါးများနှင့် ဆင်တူသော ငါးအနည်းငယ်ကိုလည်း မကြာမီ တွေ့ရှိခဲ့ရသည်။

ငါးများသည် ၎င်းတို့၏ချွန်ထက်သော သွားများဖြင့် သူ့အား ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။

သို့သော် အာရန်သည် ယခင်ကနှင့်မတူတော့ဘဲ သူ၏စွမ်းရည်အသစ်ကြောင့် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်လေသည်။

သူ၏ဓားကို ဝှေ့ယမ်းခြင်းဖြင့် သူသည် ဤအသားစားငါးများကို ပြန်လည်သတ်ဖြတ်နိုင်ခဲ့လေသည်။

ခဏတာအတွင်း သူသည် နောက်ထပ်စွမ်းရည်သစ်တစ်ခု ရနိုင်မလားဟူသော အတွေးဖြင့် ၎င်းတို့၏နှလုံးသားများကို စမ်းသပ်ကြည့်ရန်ပင် တွေးတောခဲ့သော်လည်း ထိုအတွေးကို လျင်မြန်စွာပင် စွန့်လွှတ်လိုက်သည်။

သူ၏ ဝါးမြိုခြင်းစွမ်းရည်တွင် အကြိမ်ရေမည်မျှကန့်သတ်ထားသည်ကို သူသည် အမှန်တကယ် မသိသေးသည့်အပြင် အမှိုက်နှင့်တူသော ဤအားနည်းသော မျိုးဆက်သွေးများကို စုဆောင်းလိုစိတ်လည်းရှိမနေခဲ့ပေ။

ဝါးမြိုသူတွင် မျိုးဆက်သွေးမည်မျှ အမှန်တကယ် ပိုင်ဆိုင်သည်ကို မည်သူမျှ မသိခဲ့ကြပေ။

အာရန်သည် အနက်ရှိုင်းဆုံးနေရာများဆီသို့ စူးစမ်းနေစဉ် အချိန်သည် သူ့အတွက် အဓိပ္ပာယ်မဲ့သွားသလိုပင် ခံစားလိုက်ရသည်။

သူသည် ရေအောက်ကမ္ဘာက သူ့ကို ပေးအပ်သော လွတ်လပ်မှုနှင့် တည်ငြိမ်မှုတို့ကို ပျော်ရွှင်စွာ ခံစားနေခဲ့လေသည်။

၎င်းသည် သူ၏အတိတ်မှ မသေချာမရေရာသော ရှုပ်ထွေးမှုများနှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်လေသည်။

ဤနေရာရှိ ပင်လယ်၏ ထွေးပွေ့ထားမှုအောက်တွင် သူသည် ပိုင်ဆိုင်မှုတစ်ခုသို့မဟုတ် သူ့ထက်ကြီးမြတ်သောအရာတစ်ခုနှင့် ချိတ်ဆက်နေသည်ကိုပင် ခံစားခဲ့ရသည်။

“ဒါက ဝါးမြိုသူက ဟိုမြွေကြီးရဲ့နှလုံးကို စက်ဆုပ်မှုမရှိဘဲ စားနိုင်အောင် ကူညီပေးနေသလိုပဲ ဒီမျိုးဆက်သွေးက ငါ့ကိုအလားတူ သက်ရောက်စေဖို့ ကြိုးစားနေတာလား ဒီနေရာမှာ ကြာကြာနေရင် အတော်လေး အန္တရာယ်များနိုင်တယ်...”

သူသည် ဆက်လက်စူးစမ်းရန် အတွေးကို ရပ်တန့်ကာ လှည့်ပြန်လိုက်သည်။

အာရန်သည် ရှုယင်မှ သူ့အား စောင့်လျက်ရှိနေသော ကျွန်းလေးသို့ တဖန်ပြန်လည်ကူးခတ်ရန် စတင်လိုက်သည်။

............

ထိုကျွန်းလေးနှင့် သိပ်မဝေးသောနေရာတစ်ခုတွင် နဂါးကဲ့သို့ ဦးချိုများပိုင်ဆိုင်ထားသော လူငယ်လေးတစ်ဦးသည် ရေပေါ်တွင် ရပ်လျက်ရှိနေလေသည်။

သူသည် ကျွန်းပေါ်တွင် ပင်လယ်မြွေတစ်ကောင်ခွေနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။

အများအားဖြင့် ပင်လယ်မြွေများသည် ရေထဲမှ ထွက်လာလေ့သိပ်မရှိကြကြောင်း သူသိထားလေသည်။

သံသယဖြစ်ဖွယ်ကောင်းသောကြောင့် သူသည် ထိုကျွန်းသို့ ချဉ်းကပ်သွားလိုက်လေသည်။

စုံစမ်းစစ်ဆေးမှုများအရ ဤပင်လယ်မြွေများကို ရှာဖွေရခြင်းသည် ၎င်းတို့ကို သတ်ပစ်ရခြင်းထက်ပင် တစ်ခါတစ်ရံ ပိုမိုခက်ခဲလေ့ရှိသောကြောင့် သူသည် ပင်လယ်မြွေများ၏ နှလုံးသားတိုင်းကိုပင် ရသလောက်စုဆောင်းချင်နေခဲ့သည်။

ကျွန်း၏အခြားတစ်ဖက်တွင်မူ အာရန်သည် သွေးနီရောင်ပင်လယ်ရေအတွင်းမှ ထွက်လာခဲ့လေသည်။

#Catfoot

All Chapters