← Chapters

မင်းက ကလေးထိန်းနဲ့ပါလား

Vol. 8 Ch. 103

မင်းက ကလေးထိန်းနဲ့ပါလား

Vol. 8 Ch. 103

အာရန်သည် သွေးပင်လယ်အတွင်းမှ ပြန်လည်ထွက်ပေါ်လာပြီး သူ၏အဝတ်အစားများသည် သူ၏အသားအရေနှင့် ကပ်လျက်ရှိနေပြီး သွေးစက်များသည် တစ်စက်တစ်စက် စီးကျလျက်ရှိလေသည်။

“လန်းဆန်းသွားတာပဲ”

ဤတစ်ကြိမ်တွင် သူသည် သူ့ကိုယ်သူ သန့်ရှင်းရေးပြန်လုပ်လိုက်ပြီး ခြောက်သွေ့သောအဝတ်အစားများကို ပြန်လည် လဲလှယ်ထားလိုက်သည်။

“ဆီလက်စ်ကော နိုးပြီလား”

အာရန်သည် ဆံပင်ကို ခြောက်အောင်သုတ်ရင်း ရှုယင်အားမေးလိုက်သည်။

“သူမက အခုထိ အိပ်နေတုန်းပဲထင်တယ်”

ရှုယင်က အတော်ကြာကြာကတည်းက နိုးနေပြီဖြစ်သောသော ဖီးနစ်ငှက်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

ဖီးနစ်ငှက်သည်နိုးနေသေည်လည်း အိပ်ပျော်နေသော ဆီလက်စ်ကို မနှောင့်ယှက်လိုသဖြင့် ငြိမ်သက်စွာပင် နေပေးခဲ့လေသည်။

“သူမက ဒီတစ်ခေါက်အိပ်တာ အတော်ကြာတာပဲ”

အာရန်က တစ်ချက်တွေးလိုက်သည်။

ဆီလက်စ်ကလေးသည် အဘယ်ကြောင့် ပို၍ကြာကြာ အိပ်စက်နေရသည်ကို သူလည်း သိချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် ဆီလက်စ်ကဲ့သို့ မျိုးစိတ်မျိုးသည် ဤကမ္ဘာတွင်ပင် တည်ရှိမနေသင့်သောကြောင့် ထိုကိစ္စအား စစ်ဆေးနိုင်ရန်မည်သည့်အချက်အလက်မျှရှိမနေခဲ့ပေ။

အာရန်သည် ဆီလက်စ်ကလေးဆီသို့ လျှောက်သွားကာ သူမကို အထူးဂရုစိုက် ၍ ပွေ့ယူလိုက်သည်။

“သူမကို နှိုးနေတာလား”

အာရန် ၏လုပ်ရပ်များကို မြင်ပြီးနောက် ရှုယင်က မေးလိုက်သည်။

“ကိုယ်တို့ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး ဒီကျွန်းကနေ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ထင်တယ် သူမက အရင်အတိုင်းကိုယ့်အိပ်ကပ်ထဲမှာပဲ ပြန် အိပ်ရလိမ့်မယ်”

အာရန်သည် ဆီလက်စ်ကလေးအား အရင်ခရီးစဉ်အတွင်းပြုမူခဲ့သည့်အတိုင်း ပြန်လည်နေရာချထားရန် သူ၏အိတ်ကပ်ထဲသို့ ဂရုတစိုက် ပြန်လည် ထည့်ထားလိုက်သည်။

“ကျွန်မတို့ အခု သွားတိုက်ခိုက်တော့မလား” ရှုယင်က မေးလိုက်သည်။

အာရန်သည် မြေပုံကိုဖွင့်ကာ အထူးသီးသန့်ညွှန်ပြထားသော နေရာတစ်ခုကို ကြည့်လိုက်သည်။

“ဟုတ်တယ် ဒီကို လာခဲ့တဲ့ကိစ္စကို ပြီးအောင်လုပ်ဖို့ အချိန်တန်ပြီ ပင်လယ်နဂါးတစ်ကောင်ကို အမဲလိုက်ဖို့ စတင်လိုက်ကြစို့”

“ဟင်”

အာရန်သည် သူ၏ဝါကျကို အဆုံးသတ်လိုက်သည်နှင့် သူ၏ရှေ့တွင် ပေါ်လာသော စနစ်၏ ဖန်သားပြင်ကို ကြည့်လိုက်မိရင်း မျက်မှောင်ကြုတ်လိုက်သည်။

[ရွေးချယ်မှု (၁) : သင့်အား တိတ်တဆိတ် စောင့်ကြည့်နေသူအား စိန်ခေါ်၍ သတ်လိုက်ပါ။

ဆုလာဘ်: မင်္ဂလာနှောင်ကြိုး]

‘ ငါ့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့သူရှိနေတာလား ရှုယင်ကိုပြောတာမဟုတ်ဘူးဆိုတာတော့ သေခြာပါတယ်တယ် ဒါဆို တခြားတစ်ယောက်ယောက် ဒီမှာ ရှိကိုရှိနေရမယ်’

အာရန်သည် ထိတ်လန့်ဖွယ် အမှန်တရားတစ်ခုကိ သိရှိပြီးနောက်ပင် သူ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မပြသခဲ့ပေ။

သူသည် ရွေးချယ်စရာများကို ဆက်လက်ဖတ်ရှုနေခဲ့သည်။

[ရွေးချယ်မှု (၂) : ဘာမှမသိသလို ဟန်ဆောင်ပြီး သင်ရဲ့ နဂိုအစီအစဉ်အတိုင်းဆက်လုပ်ပါ။

ဆုလာဘ်: သင်နှစ်သက်သော အရောင်အသွေးရှိသည့် ခေါင်းတလားတစ်လုံး]

‘အခွက်ပြောင်တဲ့ ကိုဖိုးစနစ်ရေ နောက်တစ်ကြိမ် ပြန်ရောက်လာပြီလား’

အာရန်သည် အသံထွက် သီးလုနီးပါး ဖြစ်သွားရသည်။

ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ဆုလာဘ်များကို မမြင်တွေ့ရတော့သည်မှာ အချိန်ကြာမြင့်လှပြီဖြစ်လေသည်။

သို့တိုင် ၎င်းက သူသည် မည်မျှ အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်ကိုလည်း သိရှိစေခဲ့သည်။

[ရွေးချယ်မှု (၃) : သင်၏ နဂိုအစီအစဉ်များအားလုံးကို စွန့်လွှတ်၍ သင်၏ တိုက်ကြီးဆီသို့ ပြန်ပြေးပါ။

ဆုလာဘ်: ကံကောင်းခြင်း +၂]

‘ထွက်ပြေးပြီး ငါကြိုးစားခဲ့သမျှအားလုံးကို စွန့်လွှတ်ရမှာလား ကျေးဇူးတင်ပါတယ် အခုသာ စွန့်လွှတ်လိုက်ရင် ငါဒီကို ပြန်လာဖို့ သတ္တိရှိတော့မှာ မဟုတ်ဘူး’

[ရွေးချယ်မှု (၄) : တိတ်တဆိတ် စောင့်ကြည့်နေသူအား သင်သည် ၎င်းအားလက်နက်ချလိုကြောင်း ပြောပြလိုက်ပါ။

ဆုလာဘ်: အမည်မသိ သော့]

‘စတုတ္ထရွေးချယ်မှုအတွက် ဆုလာဘ်က ဘာလဲတော့မသိဘူး ဒါပေမယ့် ငါ့ဘဝကို တခြားတစ်ယောက်ရဲ့လက်ထဲကို ထည့်မထားနိုင်ဘူး ဒါကြောင့် ငါ့အတွက် ရွေးချယ်စရာက တစ်ခုပဲကျန်တော့တယ်’

သူသည် လက်ကိုဝှေ့ယမ်းကာ စနစ်ဖန်သားပြင်ကို ပိတ်လိုက်သည်။

အရင်ကနှင့်မတူဘဲ ယခုအကြိမ်တွင် ရှုယင်၏အကူအညီကို ရယူခြင်းအတွက် မည်သည့် ကန့်သတ်ချက်မျှမဖော်ပြထားပေ။

အကြောင်းရင်းကို သူနားမလည်သော်လည်း ခန့်မှန်းချက်အနည်းငယ်တော့ ရှိနေလေသည်။

ထိုသူသည် ရှုယင်နှင့် အတူတူနီးပါး အားကောင်းသောကြောင့်ပင် ဖြစ်နိုင်သည်။

“မင်းက သူလျှိုတစ်ယောက်လို ဘယ်လောက်ကြာကြာ ပုန်းနေဖို့ စီစဉ်ထားတာလဲ”

အာရန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုလိုက်လေသည်။

“မင်းက ငါ့ရဲ့ တည်ရှိမှုကို ခံစားနိုင်လိမ့်မယ်လို့

ငါတကယ် မမျှော်လင့်ထားဘူး အားနည်းတဲ့ လူသားတစ်ယောက်အတွက်တော့ ဒီဟာက မဆိုးဘူးလို့ပြောရမယ်”

လူငယ်တစ်ဦးသည် လှေကားများပေါ်တွင် လမ်းလျှောက်နေသည့်အလား ရေထဲမှ ထွက်ပေါ်လာလေသည်။

သူသည် သွေးများပြည့်နေသော ရေပြင်မှ ထွက်လာခြင်းဖြစ်သော်လည်း သူ၏အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းမနေခဲ့ပေ။

ယင်းအစား ၎င်းတို့သည် သန့်ရှင်းခြောက်သွေ့လျက်ရှိပြီး မည်သည့် ရေမျှစိုစွတ်ထားခြင်းမရှိသည့်အတိုင်းပင်ဖြစ်နေလေသည်။

အထူးသဖြင့် ထိုသူ၏ဆံပင်များထက်တွင် စစ်မှန်သောစိန်ပွင့်သဏ္ဍာန် ဦးချိုများရှိနေသောကြောင့် အာရန်သည် ထိုလူငယ်အား မြင်သောအခါ အတော်လေး အံ့အားသင့်သွားရလေသည်။

အာရန်တွင် သံသယများစွာရှိသောကြောင့် သူသည် ထိုလူငယ်အား ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို တိုက်ရိုက်အသုံးပြုလိုက်လေသည်။

[အမည် : အလီဇီယန်]

[အဆင့် : ၁၀]

[အချက်အလက် : ပင်လယ်နဂါးအင်ပါယာ၏ အငယ်ဆုံးမင်းသား]

[မျိုးဆက်သွေး : တော်ဝင်ပင်လယ်နဂါး မျိုးဆက်သွေး]

[အသက်: ၁၀၀]

[စရိုက်လက္ခဏာများ: စိတ်မြန်လက်မြန်ရှိ]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၁၉၀]

[သွက်လက်မှု: ၁၅၀]

[ခံနိုင်ရည်: ၁၇၀]

[ဉာဏ်ရည်: ၀၉]

[မာနာ: ၁၆၅]

[ကျင့်ကြံခြင်း: မရှိ]

[သူရဲကောင်းအဆင့်: မရှိ]

[နတ်ဘုရားမကာကွယ်မှု: မရှိ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့်ပစ္စည်းများ : လွတ်မြောက်ခြင်းလက်ဝတ်တန်ဆာ]

‘ပင်လယ်နဂါးအင်ပါယာရဲ့ အငယ်ဆုံးမင်းသားဆိုပါလား ဘာတွေလာဖြစ်နေတာလဲ’

အာရန်သည် ပြောစရာ စကားလုံးများ ပင်ဆွံ့အသွားရလေသည်။

အကယ်၍ ဤနဂါးမင်းသားသည်သာ ဤနေရာတွင် ရှိနေပါက ၎င်းတို့၏ ပင်လယ်နဂါးများဆီသို့ သွားရောက်မည့် အစီအစဉ်အတိုင်းပင်ဖြစ်လာသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။

သို့သော် ထိုမင်းသားသည် အစောင့်သက်တော်စောင့်များနှင့်အတူ လာရောက်ခြင်းဆိုပါက ၎င်းသည် တစ်ဦးချင်းတိုက်ပွဲဟုကောခေါ်ဆို၍ ရနိုင်ပါဦးမည်လာ။

စနစ်၏ အဆင့်များအရ ရေတွက်လျှင် လူငယ်နဂါးမင်းသားသည် အဆင့် (၁၀) တွင်သာရှိသေးသော်လည်း ၎င်း၏မျိုးရိုးကြောင့် ၎င်း၏အချက်အလက်များမှာ ပို၍မြင့်မားသည်ဟုလည်း ပြော၍ရလေသည်။

သို့သော် ၎င်း၏မြင့်မားသောအချက်အလက်ဖြင့်ပင် ၎င်းသည် ရှုယင်နှင့် နှိုင်းယှဉ်၍ မရနိုင်သေးပေ။

ပင်လယ်နဂါးများသည် အားကောင်းကြသည်မှာ မှန်သော်လည်း ယခုရောက်လာသောတစ်ယောက်သည် ၎င်း၏အရွယ်ရောက်ပွဲသို့ လာရောက်ယှဉ်ပြိုင်နေသော ငယ်ရွယ်သူတစ်ဦးဖြစ်သောကြောင့် အလွန်အားကောင်းမနေသေးပေ။

‘ရှုယင်ရဲ့အကူအညီနဲ့ဆို သူ့ကိုသတ်နိုင်ဖို့ဆိုတာ လွယ်ကူမယ်ထင်တယ် ဒါဆို ဘာလို့ အကူအညီယူခြင်းကို တားမြစ်ထားတယ်လို့ ရွေးချယ်မှုမှာတုန်းက သတ်မှတ် ဖော်ပြမထားရတာလဲ’

ပထမတွင် ထိုမင်းသားသည် အားအလွန်ကောင်းသောကြောင့်ဟု သူထင်မိခဲ့သော်လည်း အမှန်တကယ်မှာထိုသို့ဖြစ်ပုံမရပေ။

စနစ်သည် သူ့ကို ကြင်နာသောကြောင့်ဟု သူလုံး၀မထင်ထားခဲ့ပေ။

၎င်းသည် ဖြစ်နိုင်ချေတစ်ခုတည်းသာ ကျန်တော့လေသည်။

‘သူ တစ်ယောက်တည်းမဟုတ်ဘူး သူ့နဲ့အတူရှိတဲ့သူတွေက ပိုပြီးတော့ အားကောင်းလိမ့်မယ် ငါမှန်းတာမမှားဘူးဆိုရင် သူ့အစောင့်တွေဆီက ဖြစ်လိမ့်မယ်’

၎င်းသည် သူရှောင်ရှားလိုသော အရာတစ်ခုလည်း ဖြစ်လေသည်။

၎င်းသည် အဖွဲ့လိုက်တိုက်ပွဲတစ်ခု ဖြစ်တော့မည့်အခြေအနေတွင် ရှိနေလေသည်။

“ငါတို့မျိုးနွယ်ကသူတွေကို သတ်ချင်တယ်လို့ တစ်ယောက်ယောက်ပြောတာကို ငါကြားမိတယ်လို့ ထင်တယ် သာမန်လူသားတစ်ယောက်အနေနဲ့ မင်းမှာ တကယ် ကို သတ္တိတွေ အများကြီးရှိနေတာပဲ”

“ငါ့မှာ သတ္တိရှိတာမှန်ပေမယ့် ကံမကောင်းစွာနဲ့ မင်းမှာတော့ ရှိမနေဘူး ကလေးထိန်းအဖြစ် အစောင့်ကိုပါအတူခေါ်လာရတယ်ဆိုတော့ မင်းက အားကောင်းဟန်ဆောင်ရတာကို တကယ်ကို နှစ်သက်ပုံရတယ်” အာရန်သည် ထိုလူငယ်နဂါးမင်းသားကို ကဲ့ရဲ့လိုက်လေသည်။

“အစောင့်ဟုတ်လား ဟားဟား ငါ့အတွက် အစောင့် မလိုဘူး”

နဂါးမင်းသားသည် သူ့တွင် အစောင့်ရှိကြောင်း မသိသည့်အလား ပြန်လည်ခွန်းတုံ့ပြန်လိုက်လေသည်။

“အဲဒီလိုဆိုရင်လဲ စမ်းသပ်ကြည့်ရအောင်လေ”

အာရန်သည် သူ၏ လက်များကို ပြန်ပိုက်ထားလိုက်လေသည်။

အာရန်သည် သူ၏ယူဆချက်မှာ မှန်ကန်နေကြောင်း သေချာနေလေသည်။

ထို ပုန်းနေဆဲဖြစ်သော အစောင့်ကို ထုတ်ဖော်ရန် နည်းလမ်းတစ်ခုသာ ရှိလေသည်။

“ယင်းအာလေးရေ ကိုယ်တို့ရဲ့ချစ်လှစွာသော ဧည့်သည်တော်ကြီးကို ကျေးဇူးပြုပြီး သတ်ပေးလို့ရမလား”

ရှုယင်သည် အာရန်စကားကိုကြားသည်နှင့် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေခဲ့ပဲ ရှေ့သို့ တဟုန်ထိုးပြေးထွက်သွားလေသည်။

မင်းသားသည်မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိမီ ရှုယင်သည် သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။

မင်းသားသည် လူသားတစ်ဦးသည် ဤမျှအားကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားမိသဖြင့် ထိုနေရာတွင်ပင် ကြောင်၍ ရပ်တန့်နေမိလိုက်သည်။

ရှုယင်သည် မင်းသားကို ထိတော့မည့်အချိန်တွင် အရိပ်တစ်ခုသည် မင်းသားရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။

ရှုယင်သည် တန်ပြန်တိုက်ခိုက်မှုကို အထိခိုက်မခံပဲ ချက်ချင်းပင် နောက်သို့ ပြန်ခုန်ဆင်းကာ သူမ၏ခြေလှမ်းများကို ထိန်းချုပ်လိုက်လေသည်။

#Catfoot

All Chapters