← Chapters

အကုန်ချွတ်လိုက်

Vol. 006 Ch. 566

အကုန်ချွတ်လိုက်

Vol. 006 Ch. 566

ပြီးနောက်တွင် ရှီမာယူယူသည် အားလုံးကိုနှုတ်ဆက်ကာ ဂိုဏ်းသို့ပြန်လာလိုက်သည်။ သူမသည် ဖန်ကျိရှင်းအား စိတ်ပူနေသဖြင့် ပင်ပန်းသလိုခံစားရကာ စိတ်ကိုတည်ငြိမ်အောင်ထားမရသဖြင့် ကျင့်ကြံခြင်းကို လက်လျော့ကာ ရှီမာယူမင်အား သွားရှာလိုက်သည်။

တစ်နေ့တာကုအပြီးတွင် ရှီမာယူမင်သည် ပို၍ တည်ငြိမ်လာသည်။ သို့သော် သူ့ဒဏ်ရာများသည် ပြင်းထန်နေသဖြင့် သတိမရသေးပေ။

ဘေဂုံထန်နှင့်တခြားသူများလည်း ရှီမာယူမင်အားလာကြည့်ရာ တစ်ဖွဲ့လုံးအတူရှိနေလေသည်။

“ယူယူ ဆရာဖန့်ရဲ့ အခြေအနေဘယ်လိုလဲ” ဖက်တီးကျူ စိုးရိမ်စွာမေးလိုက်သည်။

“ပြောစရာအခြေအနေဆိုတာ မရှိသေးဘူး ငှက်လေးက ငှက်မျိုးနွယ်တွေကို အကူအညီတောင်းဖို့ ထွက်သွားပြီ၊  ငါတို့်သိပ်မကြာခင်တော့ရှာတွေ့ဖို့ မျှော်လင့်ပါတယ်”

ထိုအချိန်တွင် ငှက်လေးသည် အပြင်မှပျံလာပြီး သူတို့အားလုံး အိမ်ထဲတွင်ရှိနေသည်ကို တွေ့လိုက်ရ သည်။ သူလျှောက်လာကာ ပြောလိုက်သည် “ယူယူ အမိန့်ပြောခဲ့ပြီးပြီ၊ နောက်ရက်အတွင်းတော့ သတင်းကြားရ မှာပါ”

ငှက်မျိုးနွယ်သည် သတင်းကိုဘယ်လိုရသလဲဆိုသည်ကိုတော့ ရှီမာယူယူမသိပေ။ သို့သော် သူတို့ လုပ်နိုင်ရင် အဆင်ပြေပြီလေ။

“ယူယူ စိတ်ချပါ နင် ငှက်မျိုးနွယ်တွေအကုန် လှုပ်ရှားခိုင်းလိုက်ပြီဆိုတော့ သတင်းမြန်မြန်ကြားရမှာပါ” သူမ မျက်မှောင်ကြုတ်လိုက်သည်ကို ဝေကျိရွှီမြင်သောအခါ နှစ်သိမ့်ပေးလေသည်။

ရှီမာယူယူ သက်ပြင်းချသည် “ငါက ဆရာ့ကိုစိတ်ပူတာပါ၊ သူက နှစ်တွေအများကြီးပျောက်နေတာ၊ ဖန်မျိုးနွယ်ကလည်း မျိုးနွယ်ကြီးပဲ ဒါပေမဲ့ သူတို့တောင် သတင်းမကြားဘူးလေ၊ သူတို့က နေရာလွဲပြီးရှာနေတယ် လို့ပြောရင်တောင် အဲလောက်ပုန်းနေနိုင်တာ တစ်ဖက်လူက အားမနည်းဘူးဆိုတာပြနေတာပဲ၊ ငါ့ဆရာကို ပြန် ပေးဆွဲရအောင် ဘယ်အဖွဲ့ကသတ္တိရှိတာလဲဆိုတာ သိချင်တာ၊ သူအခု ဘာတွေလုပ်နေလဲဆိုတာလည်း သိချင် တယ်”

“ဆရာဖန်ကလည်း လေဟာပြင်ဝင်ပေါက်ဖွင့်နိုင်တယ်မလား၊ အဲဒါဆိုရင် သူလည်းသန်မာတာပဲ သူ ခဏလောက်ပဲ အဖမ်းခံရတာနေမှာပါ” ဝူရန်ဖေပြောလေသည်။

“အဲလိုပဲမျှော်လင့်ရတာပဲ” ရှီမာယူယူသည် ထိုအတိုင်းပြောလိုက်သော်လည်း သူမသည် စိုးရိမ်နေဆဲပင် ဖြစ်သည်။

“ငါသွားနှင့်လိုက်မယ်” ရှီမာယူယူသည် လက်ရှိတွင် ဖြေရှင်းရမည့် ကိစ္စများကို တွေးနေမိသည်။ သူမ သာ ဖန်ကျိရှင်းသတင်းရခဲ့ပါက သေချာပေါက်သွားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိတွင် သူမသည် ဟော့ဘာဟန်၏ အဆိပ်ကို ရှင်းပစ်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။ ထို့နောက်တွင် သူမသည် ရှီမန်ဖန်ကို ကုသ ရမည်။

သူမသည် ပြီးခဲ့သည့်ရက်ပိုင်းက အဖြစ်အပျက်များကို ဟော်လန်ဆီပြောပြီးဖြစ်ရာ ဟော်လန်သည် အလွန်စိတ်ဝင်စားမိပြီး သူကိုယ်တိုင်သွားရှာရန် ခွင့်ပြုလိုက်သည်။ နောက်တွင် သူမသည် သူ့အခြေအနေကိုပါ လေ့လာရန်ဆုံးဖြတ်လိုက်သည်။

သူမသည် ဝူလင်းယူ၏ အိမ်သို့သွားပြီး ထိုနေရာတွင် အတားအဆီးလုပ်ခိုင်းလေသည်။ အတားအဆီးရှိ နေသရွေ့ အပြင်မှလူများသည် ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို မသိနိုင်ဟု သူပြောခဲ့သည်။ ထို့ကြောင့်ပင် သူမ သည် စိုးရိမ်မှုမရှိပဲ ဝိဉာဉ်စေတီအတွင်း ဝင်ခဲ့သည်။

သူမ ဝိဉာဉ်စေတီအတွင်းဝင်သည်နှင့် ချက်ချင်းပင် ဆေးဖော်သည့်အခန်းသို့ ဦးတည်လေသည်။ သူမ သည် ဝိဉာဉ်လေးကို ဆေးဖက်ဝင်ပစ္စည်းများရှာဖွေခိုင်းပြီးနောက်တွင် စမ်းသပ်ခြင်းတွင် စိတ်နှစ်ထားလေသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးကာ သူမသည် ဝိဉာဉ်စေတီအတွင်းတွင် နေ့ညဂရုမစိုက်ပဲ ဆက် စမ်းသပ်လေသည်။ သူမ စမ်းသပ်နေစဉ်တွင် အပြင်လောကတွင် ရက်မည်မျှကုန်ဆုံးသွားခဲ့သည်ကို သူမ မသိ တော့ပေ။ သူမ အခြေအနေတိုးတက်လာသည့်အချိန်လောက်တွင် ငှက်လေးသည် ဖန်ကျိရှင်း၏ သတင်းကို ပြောလေသည်။

ရှီမာယူယူသည် အလောတကြီးထွက်လာရာ ဖန်ကျိရှင်းသည် မြောက်ပိုင်း၆ခုမြောက်ပြည်နယ်တွင် တွေ့ခဲ့သည်ဟု ငှက်လေးပြောလေသည်။

“၆ခုမြောက်ပြည်နယ်… ၇ခုမြောက်ပြည်နယ်က တော်တော်ဆိုးတယ်၊ ဆရာသာ ၇ခုမြောက်ပြည်နယ်ကို သွားမယ်ဆိုရင် ချက်ချင်းပဲသွားသင့်တယ်၊ အထူးသဖြင့် ၆ခုမြောက်ပြည်နယ်အတွက်ဆိုရင် အန္တရာယ်အရမ်းများ တယ်၊ သူသာ ၆ခုမြောက်ပြည်နယ်မှာ ပျောက်သွားတယ်ဆိုရင် ပိုပြီးပြဿနာကြီးတယ်” ရှီမာယူယူ ပြောလိုက် သည် “ငါအရင်ဆုံး ဖန်မျိုးနွယ်ကို ဒီသတင်းပြောလိုက်ဦးမယ်”

သူမသည် ဖန်ဝူဟန်ကို သွားရှာကာ သတင်းပြောပြရာ သူသည် ချက်ချင်းပင် အိမ်ကို သတင်းပြန်ပို့လေ သည်။ ဖန်မျိုးနွယ်သည် မြောက်ပိုင်း ၆ခုမြောက်ပြည်နယ်ဟု ကြားသည်နှင့် ချက်ချင်းပင် သတင်းစုံစမ်းလေ သည်။ ဖန်လျုန်သည် ထိုနေရာသို့ လူများခေါ်ကာ ဦးဆောင်သွားလေသည်။

ဖန်ကျိရှင်းကို ရှာမတွေ့ပါက ရှီမာယူယူအတွက် သွားလျှင်လည်း အသုံးမဝင်ပေ။ သူမသည် ပြန်လာကာ ဟော့ဘာဟန်၏ အဆိပ်ဖြေဆေးကို ဆက်ပြီး စမ်းသပ်နေလိုက်သည်။ သူမပင် အလောကြီး၍လား၊ သို့မဟုတ် မှန်ကန်သော ဆေးပစ္စည်းများကို ရှာတွေ့၍လားတော့မသိပေ။ သူမ၏ စမ်းသပ်မှုသည် အလွန်ပင် ချောမွေ့နေ လေသည်။

သုံးလကြာသောအခါ အတွင်းဂိုဏ်းမှ နောက်တစ်ကြိမ်ခွင့်ပေးသည့်အချိန်ဖြစ်သည်။ ဟော့ဘာဟန် သည် ရှီမာယူယူအားလာရှာလေသည်။

ရှီမာယူယူသည် ခြံဝန်းအတွင်းတွင် သူ့ကို စောင့်နေလေသည်။ သူရောက်သည်ကို မြင်သည်နှင့် ဘာမှ မပြောပဲ သူ့ကို အခန်းအတွင်း ဆွဲခေါ်သွားလေသည်။

ဟော့ဘာဟန်နှင့်အတူပါလာသော ဖန်ယုဟန်သည် သူမ အပြုအမူကိုမြင်သောအခါ အံ့သြသွားကာ မျက်တောင်ခတ်မိလေသည်။ သူ မှားမြင်ခြင်းမဟုတ်သည်ကို အတည်ပြုပြီးသောအခါ အပြင်တွင် စောင့်နေသော ရှီမာယူလင်းအား သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

သူဘာလို့ စိတ်မဖြောင့်နိုင်ဖြစ်နေတာလဲ။

“အဟွတ်အဟွတ် ယူယူ ဒါက..”

“သူပြောတဲ့ ၁နှစ်က ၃လဖြစ်သွားတယ်” ရှီမာယူလင်းသည် ရှီမာယူယူပြောခဲ့သောစကားကို ပြန်ပြောပြ လေသည်။

“သူတို့ဘယ်လောက် ကြာမယ်ဆိုတာမသိဘူး၊ အဆောင်ထဲမှာ ထိုင်စောင့်ကြတာပေါ့” ဖန်ယုဟန် ပြော လေသည်။

သူတို့ အဆောင်သေးသို့ရောက်သောအခါ ရှီမာယူလင်းသည် ပြင်ထားသော လက်ဖက်ရည်အိုးနှင့်ခွက် များကိုထုတ်လိုက်သည်။

“ခင်ဗျားက လက်ဖက်ရည်လုပ်တတ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ” ဖန်ယုဟန်သည် တစ်ငုံသောက် ပြီးနောက် သာမန်လက်ဖက်ရည်ထက် အရသာကောင်းသည်ကို သိလိုက်ရသည်။

“ကျွန်တော်ယူယူဆီက သင်ထားတာပါ” ရှီမာယူလင်း ပြောလိုက်သည်။

“ခင်ဗျားတို့က အမြဲအတူရှိနေတာလား” ဖန်ယုဟန်သည် ရှီမာယူယူနှင့်ပတ်သတ်ပြီး သိချင်မိသည်။

“ကျွန်တော်တို့ အတူရှိခဲ့တာ နှစ်တွေကြာနေပြီ” ရှီမာယူလင်း ပြောလိုက်သည် “ဒီနှစ်တွေမှာ ကျွန်တော် တို့ အတူကျင့်ကြံပြီး အတူနေခဲ့ကြတာ၊ သူ့ဆီကနေလည်း အများကြီးသင်ခဲ့ရတယ်”

“သူနဲ့ရှိနေရင် ဘဝကြီးက စိတ်လှုပ်ရှားစရာကောင်းမှာပဲ” ဖန်ယုဟန် ပြောလေသည်။

သူသည် သူမ ဝူရန်ဟိုင်၏ အစ်ကိုကိုသတ်လိုက်သည့်အချိန်ကို ပြန်တွေးမိလေသည်။ သို့သော် ဝူရန် မျိုးနွယ်သည် ထိုအကြောင်းကို ပါးစပ်ပင်မဟရဲပေ။ နောက်လိုက်မျိုးနွယ်များလည်း ဘာမှမပြောရဲကြပေ။ ထို့အပြင် အပြစ်အပျက်များကို အစအဆုံးသိသောအခါ သူတို့သည် ဆုလင်းအာ၏ မျိုးနွယ်ကိုလည်း မုန်းတီးမိ လေသည်။ အဘယ့်ကြောင့်ဆိုသော ဆုလင်းအာသည် ဘေဂုံထန်အား အထင်သေးပြီး ပြဿနာစရှာခဲ့ခြင်း ကြောင့်ဖြစ်သည်။ ထို့အပြင်ပင် သူတို့မျိုးနွယ်ဝင်များသည် အသတ်ခံခဲ့ရသည်။

ဆုမျိုးနွယ်သည် အရည်အချင်းရှိသော သမီးတစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်သာမက တချို့အချိန်များ တွင် ဓားပျံများပို့လေ့ရှိသော တခြားသော မျိုးနွယ်များ၏ မုန်းတီးမှုကို ခံရလေသည်။ သူတို့သည် ထိုအကြောင်း နှင့် ပတ်သတ်ပြီး ဒေါသထွက်သော်လည်း တစ်ဖက်လူမှာ ဂဠုန်ဘုရင်၏ စာချုပ်သခင်ဖြစ်နေရာ သူနှင့်ယှဉ်ပြီး မရင်ဆိုင်ရဲကြပေ။ ထို့ကြောင့်ပင် သူတို့သည် ခါးသက်သက်နှင့် အောင့်ခံနေရလေသည်။

ရှီမာယူလင်းသည် သူနှင့် ရှီမာယူယူတို့ တွေ့ခဲ့သောအချိန်ကို ပြန်တွေးလိုက်သည်နှင့် ပေါ့ပါးသော အပြုံးထွက်လာကာ “ဟုတ်တယ် သူနဲ့ရှိနေရင် ဘဝကြီးကစိတ်လှုပ်ရှားစရာပဲ”

“အဲအကြောင်းတွေ ပြောပြလို့ရလား” ဖန်ယုဟန်သည် မေးရန်ကြိုးစားလိုက်သည်။

“ရတာပေါ့” လူနှစ်ယောက်သည် ထိုနေရာတွင် စောင့်ရင်း စကားစမြည်ပြောကြလေသည်။ အတိတ်မှ အကြောင်းများကို ပြောရသည်မှာ အရေးကြီးကိစ္စတော့မဟုတ်ပေ။

မဟုတ်လျှင်လည်း သူသည် မပြောသင့်သည့်ကိစ္စများကို ပြောမည့်သူမဟုတ်ပေ။

သူတို့နှစ်ယောက်သည် အပြင်ဘက်တွင် စကားစမြည်ပြောကြလေသည်။ သို့သော် ဟော့ဘာဟန်သည် အခြေအနေမကောင်းလှပေ။ သူသည် ဝင်ဝင်ချင်းတွင်ပင် ရှီမာယူယူသည် သူ့ကိုပြောလေသည် “အကုန်ချွန် လိုက်”

သူသည် အင်္ကျိချွတ်ရမည့်ကိစ္စကို သိထားသည်။ သူမ သူ့အား အပ်စိုက်ပေးသည့်အချိန်တိုင်းတွင် အင်္ကျိ ချွတ်ရသည်။ သို့သော် သူမပြောလိုက်သောစကားကြောင့် ကြက်သေသေသွားလေသည်။

“အကုန်ချွန်လိုက် အတွင်းခံတောင်ချန်လို့မရဘူး”

သူသည် ငယ်ရွယ်သော ယောက်ျားလေး တစ်ယောက်သာဖြစ်သည်။ သူသည် ယောကျ်ားချင်း ချစ်ကြိုက်သော ကိစ္စတွင် စိတ်ဝင်စားခြင်းမရှိပေ။

သို့သော် ရှီမာယူယူသည် သူ့အနောက်ရှိစားပွဲပေါ်ရှိ တစ်စုံတစ်ရာကို ဟိုရွေ့ဒီရွေ့လုပ်နေသည်။ လှုပ်ရှားမှုအသံ တစ်သံမှမကြားသောအခါ သူမလှည့်ပြီး မေးလေသည် “ချွတ်ဖို့ပြောနေတယ်လေ မကြားဘူး လား”

“အဲဒါကလေ ယူယူ ခင်ဗျားအရင်က အကုန်ချွတ်လို့ပြောဖူးလို့ ဒီနေ့မှ ဘာလို့ချွတ်ရမှာလဲ” သူသည် သူမအား ခက်ခက်ခဲခဲကြည့်လေသည်။

သူ့အပြုအမူအားမြင်မှပင် သူအတွေးမှားနေသည်ကို ရှီမာယူယူသိလိုက်ရသည်။ သူမ အခုလေးတင် ပြောလိုက်သောစကားကို ပြန်တွေးလိုက်သောအခါ သူမခေါင်းလှည့်သွားကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလေ သည် “အိမ်ထဲမှာ ရေချိုးကန်ရှိတယ် အင်္ကျိတွေ ချွတ်ပြီး အဲဒီကိုသွားလိုက်၊ အဟွတ် အဟွတ် အဲဒီမှာ ဆေးဖက် ဝင်ပစ္စည်းတွေအများကြီးထည့်ထားတယ် မြင်ရမှာမဟုတ်ဘူး”

All Chapters