ကောင်းကင်နဂါးလိုမျိုးလား
Vol. 8 Ch. 105
အာရန်သည် ရှုယင်၏အနားသို့ တိုးကပ်သွားကာ သူမ၏နားအတွင်းသို့ တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်သည်။
“ဒါပေမယ့် ရှင်ကကော ...”
ရှုယင်သည် အာရန်၏စကားများကြောင့် အံ့အားသင့်သွားခဲ့ရသည်။
သို့သော် သူမသည် သူ၏အစီအစဉ်ကိုလည်း နားလည်နိုင်ခဲ့လေသည်။
အတွေ့အကြုံရှိသူနှင့် တိုက်ခိုက်ခြင်းထက် နဂါးမင်းသားငယ်နှင့် တိုက်ခိုက်ခြင်းသည် သူ့အတွက် ပို၍လုံခြုံသော ရွေးချယ်မှုလည်း ဖြစ်လေသည်။
သူမသည် အာရန်မှာ အသူရာဂိုဏ်းချုပ်နှင့် ဝိညာဉ်လမ်းလျှောက်သူတို့ကိုပင် သုတ်သင်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ထိုနဂါးမင်းသားငယ်သည် အာရန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်ဟု သူမမယူဆတော့ပါ။
နောက်ဆုံးတွင် သူမသည် သူ၏အစီအစဉ်ကို သဘောတူခဲ့သည်။
“မင်းက ဒီကို ရောက်နေပြီဆိုတော့ ငါ့အတွက် အသုံးဝင်သင့်တယ်” ဟု နဂါးမင်းသားငယ်သည် သူ၏ အစောင့်ကို ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“အဲဒီအမျိုးသမီးကို သွားသတ်ပေး ဒါပေမဲ့ ဟို လူသားကိုတော့ ငါ့အတွက်ချန် ထားခဲ့ပေး”
အာရန်၏ နှုတ်ခမ်းထောင့်များသည် မင်းသား၏ ထိုပြောစကားကို ကြားပြီးနောက် တစ်ချက်မြင့်တက်သွားခဲ့သည်။
ထိုအရာသည် သူလိုချင်သောအရာနှင့် အတိအကျတူညီနေခဲ့သည် မဟုတ်ပါလော။
မင်းသားသည် သူ၏ကိုယ်ပိုင် စွမ်းရည်များကို ယုံကြည်မှုအပြည့်အ၀ ရှိနေခဲ့ဟန်ရလေသည်။
“ကိုယ့်ကို မထားခဲ့နဲ့နော် မင်းဒီအနားမှာပဲနေပြီး ကိုယ့်ကို ကာကွယ်ပေးရမယ်”
အာရန်က ရှုယင်ကို ကြောက်ရွံ့နေသော အကြည့်ဖြင့်လှမ်းကြည့်လိုက်ကာ ခပ်ကျယ်ကျယ်လေး လှမ်းပြေလိုက်လေခဲ့သည်။
“ဟာဟားဟား မင်းစောစောတုန်းက ငါ့မှာ ကလေးထိန်းနဲ့ ဘာနဲ့ဆိုပြီး လှောင်ပြောင်ခဲ့သေး
တယ်မဟုတ်ဘူးလား ဒါပေမယ့် ငါတို့နှစ်ယောက်စလုံးမှာ ဘယ်သူက ကလေးထိန်း လိုအပ်နေတယ်ဆိုတာ ကြည့်ရတာအသိသာကြီးပဲထင်တယ်”
မင်းသားသည် အာရန်၏တုံ့ပြန်မှုကို မြင်ပြီး လှောင်ရယ်လိုက်သည်။
“အဲဒီအမျိုးသမီးကို ဒီကနေ မြှားခေါ်သွားလိုက်တော့ ငါက အဲ့ဒီမာနကြီးတဲ့လူသားကို သုတ်သင်နေတဲ့အချိန် သူမက ဝင်ရောက်နှောင့်ယှက်လို့ မရအောင် သေချာတားထားပေးပါ”
အစောင့်သည် မင်းသားကို ထားခဲ့လိုခြင်းမရှိနေခဲ့သော်လည်း သူ၏ အမိန့်များကိုလည်း လျစ်လျူရှု၍ မရနေပါ။
ကံကောင်းထောက်မစွာဖြင့် သူသည် အာရန်၏မျက်နှာပေါ်မှ ကြောက်ရွံ့မှုများကို မြင်နိုင်ခဲ့ပြီးဖြစ်သည်။
လူငယ်သည် ရှုယင်နှင့် သူ၏ မင်းသားထက်ပင် အလွန်အားနည်းနေပုံရလေသည်။
“ကျွန်တော်မျိုး အမိန့်ကိုနာခံပါ့မယု ဒါပေမယ့် တစ်ခုခုမှားယွင်းပြီး ကျွန်တော်မျိုးသာအချိန်မီ ပြန်မလာနိုင်ခဲ့ဘူးဆိုရင် မင်းသား ကြိမ်းသေထွက်ပြေးရမယ်နော်”
အစောင့်သည် ပင်လယ်နဂါးမင်းသားအား သူ၏ လက်ဝတ်တန်ဆာဆီသို့ ညွှန်ပြလိုက်သည်။
“ဟမ့် ငါ ထွက်ပြေးဖို့ ဘယ်တော့မှ လိုအပ်မှာမဟုတ်ဘူး”
မင်းသားသည် စိတ်ထဲတွင်ကြိတ်၍ လှောင်ရယ်လိုက်သည်။
သို့သော် အစောင့်ကို သူ့အားစိတ်ချစွာ ထွက်သွားစေရန်အတွက် သူသည် လိမ်လည်ပြောဆိုလိုက်သည်။
“ဒါပေမယ့် တကယ်လို့ ငါသာ အသက်အန္တရာယ်နဲ့ရင်ဆိုင်ရမယ်ဆိုရင် ကြမ်းသေပေါက်ထွက်ပြေးမှာပါ”
“ရှင်တို့အတွက် ကျွန်မက ဒီမှာ ပွဲကြည့်ပရိတ်သတ် တစ်ယောက်သာသာလို့ ထင်နေတာလား ရှင်က ကျွန်မကို အလွယ်တကူ ခေါ်သွားလို့ရမယ်လို့များ ထင်နေတာလား”
ရှုယင်သည် တိုက်ပွဲကို ကိုယ်တိုင်ပင်စတင်ခဲ့ပြီး သူမ၏အော်ရာကို အပြင်ထန်ဆုံးအနေအထားသို့ထုတ်လွှင့်ထားလိုက်သည်။
ရှုယင်သည် သူမ၏အော်ရာ အပြည့်အ၀ကို ယခင်အချိန်များအတွင်း မကြာခဏ ထုတ်ဖော်ပြသခြင်းမရှိခဲ့သောကြောင့် အခုအချိန်တွင် အာရန်ပင် အနည်းငယ် ဖိနှိပ်မှုကို ခံနေရသည်ဟု ခံစားလိုက်ရသည်။
“လူသားတွေဟာ သမုဒ္ဒရာကို ဘယ်တော့မှ မလာသင့်ဘူး မင်းတို့ရဲ့အပြစ်ကို အရှင်မရဲ့ အမိန့်အရ သေခြင်းတရားနဲ့သာ ဆေးကြောပစ်လို့ရနိုင်လိမ့်မယ်”
ပင်လယ်နဂါးစစ်သည်သည် အမြန်ပင်ရှေ့သို့တက်လာခဲ့လိုက်ပြီး သူ၏အမြန်နှုန်းမှာ ရှုယင်နှင့်ပင် အတူတူနီးပါး မြန်ဆန်နေခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် အလွန်မြန်ဆန်သောကြောင့် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။
အာရန်ပင် ၎င်းတို့၏ပုံရိပ်များကို မမြင်နိုင်တော့ပေ။ ၎င်းတို့သည် လဟာပြင်ထဲသို့ လုံးဝပျောက်ကွယ်သွားခဲ့ကြလေသည်။
သို့တိုင် သူတို့နှစ်ဦး၏ တိုက်ပွဲ သက်ရောက်မှုသည် သမုဒ္ဒရာတွင် လှိုင်းလုံးများကို ဖန်တီးပေးနိုင်ရန် လုံလောက်ခဲ့လေသည်။
နှစ်ဦးစလုံးသည် ကျွန်းနှင့် ဝေးသည်ထက် ဝေးသွားကြသောကြောင့် တိုက်ပွဲ၏ အသံသည် ပိုမို၍ ဝေးကွာသွားခဲ့လေသည်။
ရှုယင်သည် ဤကျွန်းမှ ဝေးဝေးသို့ မသွားချင်သကဲ့သို့ ပြုမူနေခဲ့သော်လည်း ပင်လယ်နဂါးစစ်သည်ကို အနိုင်ရလိုပါက သူမတွင်ရွေးချယ်စရာမရှိခဲ့ချေ။
၎င်းသည် အာရန်၏အစီအစဉ်အတိုင်းလည်း ဖြစ်ခဲ့လေသည်။
မင်းသားသည် သူ၏လမ်းကြောင်းကို ရှင်းလင်းရန် သူ၏အစောင့်မှ ရှုယင်အား ဆွဲခေါ်သွားသည်ဟု ထင်နေခဲ့လေသည်။
သို့သော်အမှန်တကယ်မူ ဆန့်ကျင်ဘက်အနေနှင့် ရှုယင်သည်သာ သူပင် သတိမထားမိဘဲ သူ၏ အစောင့်အား ဆွဲခေါ်ထုတ်သွားခဲ့ခြင်းဖြစ်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲအသံသည် လုံးဝပျောက်ကွယ်သွားခဲ့လေတော့သည်။
၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့ကို မြင်ရန်ပင် မဖြစ်နိုင်လောက်သော အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားကြကြောင်း ထင်ရှားနေခဲ့လေသည်။
“မင်းရဲ့ကလေးထိန်းလည်း ထွက်သွားပြီဆိုတော့ မင်း ဒူးထောက်ပြီး တောင်းပန်ဖို့ အချိန်တန်ပြီလို့မထင်ဘူးလား”
မင်းသားက မာနကြီးစွာဖြင့် အာရန်အား လှမ်းပြောလိုက်သည်။
“ အကယ်၍ မင်းသာ အဲဒီလိုလုပ်ခဲ့ရင်တောင် မင်းကို အသက်ရှင်ခွင့်ပေးမှာတော့ မဟုတ်ဘူး ဒါပေမဲ့ လူသားတစ်ယောက် တောင်းပန်တာကို မြင်ရတာက စိတ်ဝင်စားဖို့ ကောင်းနေဦးမှာအမှန်ပဲ”
အာရန်သည် ယင်းသို့ စော်ကားခံခဲ့ရခြင်းအတွက် စိတ်မဆိုးခဲ့ချေ။
ယင်းအစား သူသည် ပင်လယ်နဂါးကိုသာ ပြန်လည်ကဲ့ရဲ့လိုက်သေးသည်။
“မင်းကကော ငါ့ကို ဘယ်လိုတောင်းပန်စေချင်တာလဲ မင်းရဲ့ ဦးခေါင်းသေးသေးလေးကို မလှီးဖြတ်ခင် မင်းအရင်တောင်းပန်မဲ့ပုံစံလိုမျိုးလား ဒါမှမဟုတ် သာမန်လူသားတစ်ယောက်ရဲ့ သုတ်သင်ခြင်းကို မခံရခင်တုန်းက မင်းတို့ရဲ့ ဘိုးဘေး ကောင်းကင်နဂါးကြီးရဲ့ တိုးလျှို့တောင်းပန်သလို လေသံမျိုးနဲ့လား”
သူသည် ထိုပင်လယ်နဂါးမင်းသားငယ်အား တတ်နိုင်သမျှ ဒေါသထွက်စေချင်ခဲ့ပြီး သူ၏ထွက်ပြေးရန် ကူညီနိုင်သော ပစ္စည်းတစ်ခုရှိနေခဲ့သည်ဆိုခြင်းကိုပင် လုံးဝမေ့သွားစေချင်ခဲ့လေသည်။
သို့သော် သူ၏ကဲ့ရဲ့မှုတစ်ခုသည် ဤမျှကောင်းစွာ အလုပ်လုပ်ခဲ့လိမ့်မည်ဟု သူပင် မမျှော်လင့်ခဲ့ချေ။
“မင်း….မင်း… ပြောရဲတယ်နော်”
ပင်လယ်နဂါးတစ်ကောင်သည် မည်သည့်စော်ကားမှုကိုမဆို သည်းခံနိုင်သော်လည်း ၎င်းတို့အားကာကွယ်ရန် သေဆုံးသွားခဲ့သော ၎င်းတို့၏ ဘိုးဘေးနတ်ဘုရားအဖြစ် တညီတညွတ်တည်း သတ်မှတ်ထားခဲ့ကြသော ကောင်းကင်နဂါးဆီသို့ ဦးတည်သော စော်ကားမှုကိုမူ မည်သို့မျှသည်းမခံနိုင်ကြချေ။
သူ၏ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးသည့် လူသားတစ်ဦးဖြစ်သော်လည်း မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပေ။
ထိုလူသား၏စကားများသည် ချက်ချင်းသေဒဏ်ပေးရန်ပင် လုံလောက်နေခဲ့ပြီဖြစ်လေသည်။
အာရန်သည် ဓားနှစ်လက်စလုံးကို ဆွဲထုတ်လိုက်လေသည်။
သူ၏ နောက်မှ ဖီးနစ်ငှက်မှာလည်း ပါးစပ်ကိုဖွင့်ကာ နောက်ထပ်မီးတောက်လှိုင်းတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
အာရန်သည် ရှေ့သို့ ပြေးတက်သွားခဲ့သည်။
မီးတောက်များသည် သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ဘဲ သူ၏ပုံရိပ်ကို ဖုံးကွယ်သွားခဲ့လေသည်။
“ကလေးကလား မီးတောက်တွေက ငါ့ကို မထိခိုက်စေနိုင်ဘူး”
နဂါးမင်းသားသည် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ကာ သူ့ရှေ့တွင် အကာအကွယ်လွှာတစ်ခုကို ပေါ်လာစေလိုက်သည်။
ထိုအကာအကွယ်သည် မီးတောက်များကို တားဆီးရန် လုံလောက်သော်လည်း နောက်ထပ်လာမည့်အန္တာယ်များတစ်ခုအား ကာကွယ်ရန်မူ မှာလုံလောက်မှုမရှိခဲ့ကြောင်း မကြာမီသိရှိလိုက်ရသည်။
အာရုံခံအမြင် တိုးမြှင့်ထားခြင်းဖြင့် အာရန်သည် မင်းသား၏ အကာအကွယ်လွှာကို ရှင်းရှင်းလင်းလင်း ခွဲခြားမြင်နိုင်နေခဲ့သည်။
သူသည် မြေပြင်တစ်လျှောက် ကျွမ်းကျင်စွာ ရွေ့လျားကာ ထိုအကာအကွယ် ၏အောက်ခြေနှင့် ကြမ်းပြင်ကြားရှိ ကျဉ်းမြောင်းသောနေရာလွတ်တစ်ခုမှ အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
သူ၏ခြေထောက်များသည် ပင်လယ်နဂါး၏ခြေကျင်းဝတ်များကို ထိမိသွားပြီး မမျှော်လင့်ထားသောထိတ်တိုက်တွေ့ဆုံမှုကြောင့် ထိုမင်းသားနဂါးမှာ ခဏတာ ဟန်ချက်ပျက်သွားခဲ့ရလေသည်။
အာရန်သည် ထိုအချိန်ကို တစ်စက္ကန့်မျှပင် ဖြုန်းတီးခြင်းမပြုပဲ သူ၏ ဓားဖြင့် ပင်လယ်နဂါးဆီသို့ တိုက်ရိုက်ထိုးသွင်းလိုက်လေသည်။
“ဒီလှုပ်ရှားမူကအတော်လေး ကောင်းခဲ့ပေမဲ့ စိတ်ပျက်စရာပဲ”
ပင်လယ်နဂါးလေးသည် လက်ချောင်းများကြားတွင် ထိုဓားကို ဖမ်းဆုတ်ထားလိုက်ရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။
ပင်လယ်နဂါးမင်းသားငယ်သည် အာရန်မှာ ထိတ်လန့်သွားမည် သို့မဟုတ် အနည်းငယ် ကြောက်ရွံ့သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် သူသည် ထိုလူငယ်၏နှုတ်ခမ်းများပေါ်မှ အပြုံးတစ်ခုကိုသာ မြင်လိုက်သည်။
လူငယ်ပင်လယ်နဂါးသည် အာရန်၏တုံ့ပြန်မှုကြောင့် အနဲငယ်စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
သို့သော် သူ့မျက်လုံးများဆီသို့တွင် တစ်စုံတစ်ခု ရောက်ရှိလာသောကြောင့် သူ၏အမူအရာများ ရုတ်တရက် မှောင်မိုက်သွားခဲ့ရလေသည်။
“အား…”
ပင်လယ်နဂါးသည် နောက်သို့ ခုန်ဆင်းကာ မီတာတစ်ရာအကွာအဝေးသို့ ဆင်းသက်သွားခဲ့လေသည်။
သူ၏ ညာဘက်မျက်လုံးကို လက်ဖြင့်ပြန်ပိတ်ထားရုံသာမက ထိုနေရာမှ သွေးများလည်းယိုစီးထွက်နေခဲ့လေသည်။
သူ၏ညာဘက်မျက်လုံးအလယ်တွင် တစ်ဝက်ခန့် ထိုးစိုက်ထားသော ချွန်ထက်သည့် ခွန်အားမြှင့်ထားသည့်အပ်တစ်ချောင်း ရှိနေခဲ့လေသည်။
“တော်တယ် အသေးလေးရေ”
အာရန်သည် မတ်တပ်ရပ်ကာ သူ၏ ပတ်လည်တွင် ပျံသန်းနေသော ဆီလက်စ်ကလေးကို ချီးကျူးလိုက်သည်။
ဤသည်မှာ ဆီလက်စ်ကလေးကိုရရှိထားခြင်း၏ အကျိုးကျေးဇူးတစ်ခုလည်းဖြစ်လေသည်။
သူမလေး သည် အရာ၀တ္ထုများကို ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့နိုင်သော်လည်း သူမလေး၏တည်ရှိမှုအား သူတစ်ယောက်ကသာ မြင်နိုင်ပြီး အခြားမည်သူမျှ သူမကို မမြင်နိုင်ခဲ့ကြပေ။
“နောက်တစ်ခေါက်”
အာရန်သည် ထပ်မံအော်ဟစ်အမိန့်ပေး လိုက်သည်။
သူ၏ဖီးနစ်ငှက်သည် ကောင်းကင်တွင် ခပ်မြင့်မြင့်နေရာတစ်ခုသို့ ပျံသန်းသွားကာ လူငယ်နဂါးမင်းသားအပေါ်တွင် မီးတောက်မုန်တိုင်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
နဂါးမင်းသားသည် သွေးများဖြင့် ရွှဲနစ်နေသော သူ၏မျက်လုံးဆီမှ ထိုအပ်ကို အမြန်ပင် ဆွဲထုတ်ပစ်လိုက်သည်။
သူသည် မျက်လုံးမှ သွေးများစီးကျလျက်မှာပင် အထက်ဆီသို့ မော့၍ စိုက်ကြည့်လိုက်လေသည်။
#Catfoot
Book 8 End