အခန်း (၅၆၉)
Vol. 38 Ch. 569
သူသည် အမှတ်မထင် သံပြားတစ်ခုကို ရရှိခဲ့၏။
နှစ်ပေါင်းတစ်သောင်းခန့်က စည်းခတ်ခဲ့သော လျို့ဝှက်ရှေးဟောင်းအမွေအနှစ်များကို ရရှိရန် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့သည်။
နတ်ဆိုးဂိုဏ်း၏ ဘာသာစကားကို အစွမ်းကုန် ကြိုးစားသင်ယူခဲ့ပြီးသည့်နောက်မှာတော့ နတ်ဆိုးလမ်းတောင်ကြားထဲတွင် ရှိသော ရတနာများကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ မရရှိခဲ့ပေ။
လက်ရှိအခြေအနေမှာတော့ မိုရှန်သည် အကျယ်ကြီးအော်၍ ငိုချင်စိတ်ပင် ပေါက်မိနေ၏။
ဤအရာသည် အလုံးစုံ အနိုင်ကျင့်ခြင်းဟုပင် ခေါ်ရမည်။
သူသည် မည်သို့ တက်နိုင်မည်နည်း။
လက်ရှိအခြေအနေတွင် သူသည် မည်သည့် အရာတစ်ခုကိုမှ မရရှိရုံမကပဲ သူ၏ ခန္ဓာကိုယ်သည်လည်း တစ်ခြားသော လူတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရ၏။ သူသည် ခန္ဓာကိုယ်အား ဦးညွှတ်၍ လေးလေးစားစားနှင့် ဆက်ဆံနေရသည်။
သောက်ကျိုးနည်း …… ငါဘာလို့ ဒီလောက်ကံဆိုးရတာလဲ။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒီမှာ ကောင်းတဲ့ အရာတွေ တစ်ခုမှ မရှိတော့ဘူး။ထွက်သွားကြရအောင်"
လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် ရတနာခန်းမမှ ထွက်ခွာသွားခဲ့ကြတော့သည်။
ယဇ်ပုလ္လင်ထက်တွင် ရှိနေသော ရတနာမီးတောက်များအားလုံးသည် ငြိမ်သက်သွားခဲ့ပြီဖြစ်ပြီး လေထဲတွင် တည်ရှိနေသော စာတန်းသည်လည်း ပျောက်ကွယ်သွားတော့၏။
တည်နေရာတစ်ခုလုံးသည် ပြန်လည်၍ မဲမှောင်သွားတော့သည်။
"သခင်"
နဂါးလေးက ပြောလိုက်၏။ "ဒီအခေါင်းကို ယူသွားမလား"
မိုရှန်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် အလောတကြီးဖြင့် ပြောလိုက်၏။ "သခင် ဒါက နတ်ဆိုးတောင်ရိုး ရဲ့ သုံးဆယ်ယောက်မြောက် ခန်းမသခင် အခေါင်း ဖြစ်နိုင်တယ်။ဒီတော့ ဒီအခေါင်းက အရေးကြီးနိုင်တယ်လေ။သွားပြီးတော့ မရှုပ်တာကောင်းလိမ်မယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက အခေါင်းအလွတ်ကြီး ဖြစ်နိုင်တယ်။ တောင်ကြားသခင်က ခုနက ချပ်ဝတ်ထဲမှာရှိတဲ့ အရိုးခြောက်ကြီးဖြစ်မယ်"
ဟမ်။
မိုရှန်ကြောင်သွား၏။
နဂါးလေးသည် ချက်ချင်းဆိုသလိုပဲ ယဇ်ပုလ္လင်ထက်သို့ ခုန်တက်လိုက်၏။ ပြီးနောက် အခေါင်း၏ အဖုံးအား လက်လှမ်း၍ ဖွင့်လိုက်တော့သည်။
"ဖွင့်လိုက်တော့မယ်"
အခေါင်း၏ ကျောက်ပြားအချပ်သည် အပေါ်သို့ မြှောက်တက်သွား၏။
နဂါးလေးသည် အလွန်တရာ ရဲရင့်လွန်းသည်။ သူသည် အခေါင်းထဲတွင် လျို့ဝှက်ထောင်ချောက်များ ရှိနေမည်ကို မစိုးရွံ့ချေ။
"သခင်"
သူ အော်လိုက်၏။ "အထဲမှာ အလောင်းဆိုတာတော့ မရှိဘူး။မှတ်တမ်းတွေ ရေးထိုးထားတဲ့ သံပြားချပ်တွေပဲ ရှိတယ်။"
"မှတ်တမ်းတွေရေးထိုးထားတဲ့ သံပြားချပ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် အနားသို့ လှမ်းလျှောက်သွား၏။
အခေါင်း၏ အထဲတွင်တော့ သေသေချာချာ သပ်သပ်ရပ်ရပ်နှင့် ရေးထိုးထားသော မှတ်တမ်းသံပြားချပ်များ တည်ရှိလို့နေသည်။
သံပြားချပ်၏ အပေါ်ဆုံးထပ်မှာတော့ နတ်ဆိုးတောင်ရိုး ၏ ပထမဦးဆုံး တောင်ကြားသခင် ရှန်တုန်လင်နှင့် အောက်ဆုံးထပ်မှာတော့ သုံးဆယ်ယောက်မြောက် တောင်ကြားသခင် ချူရှန်းရှီတို့ တည်ရှိနေ၏။ မှတ်တမ်းသံပြားများ ပင် ဖြစ်တော့၏။
ဤအရာသည် နတ်ဆိုးလမ်း တောင်ကြား ခန်းမသခင်များ၏ မှတ်တမ်းသံပြားများ ဖြစ်လို့နေသည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီသံပြားတွေက ရှေးဘိုးဘေးခန်းမထဲမှာ ထားတာပဲ ဖြစ်ရမယ်။ကြည့်ရတာ ဒီနေရာကို ဝင်ပြီးတော့ ဖျက်ဆီးတဲ့ အချိန်မှာ တောင်ကြားသခင်က ယူပြီးတော့ နေရာ ရွေ့သွားခဲ့တာပဲ။ သူက ဒီနေရာကို ရန်သူတွေရဲ့ လက်ထဲမှာ မပျက်ဆီးစေချင်ဘူးနဲ့ ထင်တယ်။”
မိုရှန်သည် အနားသို့ လျှောက်သွားပြီးတော့ လေးလေးနက်နက် ပြောလိုက်သည်။ “စီနီယာတို့ နှောက်ယှက်တဲ့ အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”
ဟမ်။
အခေါင်း၏ အထဲတွင်တော့ လက်ဝါးအရွယ်အစား ရှိသော ကတ်ပြားတစ်ခု ရှိနေကြောင်း မြင်လိုက်ရသည်။
သူသည် အသာထုတ်ယူကြည့်လိုက်သည့်နောက်မှာတော့ နတ်ဆိုးတောင်ရိုး ဟု ရေးထိုးထားသည်ကို မြင်လိုက်ရ၏။ ဤအရာသည် ဂိုဏ်းတစ်ခုလုံး၏ အကြီးမားဆုံးသော အခွင့်အာဏာကို ပိုင်ဆိုင်သော ကျောက်ပြားပင် ဖြစ်ပေလိမ့်မည်။
"ရော့"
ကျွင်းချောင်ရှောင်းသည် မိုရှန်ဆီသို့ လှမ်းပစ်ပေးကာ ပြောလိုက်သည်။ "မင်းက နတ်ဆိုးကျင့်ကြံသူပဲ။ ဒီလိုဆိုတော့ ဒီနေ့ကစပြီး မင်း နတ်ဆိုးတောင်ရိုး ရဲ့ သုံးဆယ့်တစ်ယောက်မြောက် ခန်းမသခင် ဖြစ်ရမယ်။"
ဟမ်။
မိုရှန်သည် အလောတကြီးဖြင့် လှမ်းဖမ်းလိုက်၏။ သူ၏ မျက်နှာပေါ်ရှိ အမူအရာများသည်လည်း ပြောင်းလဲသွားသည်။ ကျောက်စိမ်းပြားသည် တောင်ရိုးသခင်ကို အသိအမှတ်ပြုသည့် ကျောက်စိမ်းပြားမှန်း သူသိရှိခဲ့၏။
သူ၏ သခင်သည် နတ်ဆိုးတောင်ရိုး ဆီမှ မဟုတ်ပေ။ သို့ပေမဲ့ သူ့အား အဘယ့်ကြောင့် တောင်ကြားသခင်အဖြစ် တိုက်ရိုက် ခန့်အပ်နေရသနည်း။
"မင်း မနှစ်သက်ဘူးလား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါဆိုလည်း ဒီကို ပြန်ပေးတော့"
"နှစ်သက်ပါတယ်။ နှစ်သက်ပါတယ်"
မိုရှန်သည် ကျောက်စိမ်းပြားအား သိမ်းလိုက်သည်။
ပြီးနောက် သူသည် ကျောက်အခေါင်းကြီး၏ ရှေ့တွင် ဒူးထောက်ထိုင်ကာ အလွန်တရာ လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ "ကျုပ် မိုရှန်က နတ်ဆိုးတောင်ရိုး၏ သုံးဆယ့်တစ်ယောက်မြောက် ခန်းမသခင် အဖြစ် ဆက်ခံခဲ့ပါတယ်။ဒီနေ့ကစပြီး နတ်ဆိုးဂိုဏ်းတွေရဲ့ အနာဂတ်ကို ပိုမို ကောင်းမွန်အောင် ကြိုးစားပါ့မယ်"
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်က ဖျက်စီးခံခဲ့ရသော နှစ်ပေါင်းတစ်သောင်းဂိုဏ်း တစ်ခုသည် ယနေ့မှာတော့ တောင်ရိုးသခင် အသစ်ကို လက်ခံရရှိခဲ့ပြီဖြစ်သည်။ တောင်ရိုးသခင် အသစ် ဖြစ်တည်ခဲ့သည်ဆိုသော်လည်း ဂိုဏ်းသားလည်း တစ်ယောက်မှ မရှိပေ။
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ အခေါင်းအား သိမ်းဆည်းလိုက်တော့သည်။
သုံးဆယ်ယောက်မြောက် တောင်ကြားသခင်သည် သူ၏ ဘိုးဘေးများ၏ မှတ်တမ်းမှတ်ရာများနှင့်အတူ ဤနေရာတွင် လာရောက် သိမ်းဆည်းထားသည်ဆိုသောကြောင့် ဤအမွေအနှစ်များကို ဆက်ခံရမည့် ရေစက်ပါသော လူတစ်ယောက် တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
နှစ်ပေါင်းတစ်သောင်းကျော်ကြာပြီးသည့် နောက်မှာတော့ နတ်ဆိုးဂိုဏ်းသည် ပျောက်ကွယ်ခဲ့၏။
သူတိုသည် ထိုအရာများကို ဆက်ခံရယူသွားမှ ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် သူ့၌ လုံလောက်သော စွမ်းရည် ရှိလာသည်ဆိုပါက ဤလောကကြီးတစ်ခုလုံးတွင် နတ်ဆိုးတောင်ရိုး ပြန်လည်ပေါ်ပေါက်လာစေရန် ပြုလုပ်ပေးရမည်။
"သွားကြစို့..."
လူနှစ်ယောက်နှင့် သားရဲတို့သည် ဤနေရာမှ ထွက်ခွာလိုက်ကြတော့သည်။
သူတို့သည် အပြင်ဘက်သို့ ထွက်ခွာချင်းချင်းမှာပဲ သူတို့၏ ခြေထောက်အောက်တွင် ရှိသော အစီအရင်သည် တစ်ဖြည်းဖြည်း မှေးမှိန်သွားတော့၏။
လေထဲတွင်တော့ စွမ်းအင်ဖြစ်တည်မှုများသည် ပျောက်ကွယ်သွားတော့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က တည်ရှိခဲ့သော လျို့ဝှက်ချက်များ၊ သမိုင်းမှတ်တမ်းများအားလုံးသည် အပြင်ဘက်မှ လူများ ရရှိပြီးနောက်မှာတော့ တာဝန်ကျေစွာဖြင့် အစီအရင်မှာလည်း အဆုံးသတ်သွားတော့သည်။
ဤအရာမှာ ထူးဆန်းလွန်းလှချေသည်။
နေရာပျက်တစ်ခုလုံးတွင် မှုန်မှိုင်းမှိုင်းနှင့် ရှိနေသော အော်ရာများသည် စတင်၍ ပျောက်ကွယ်လာသည်။ အဝေးတစ်နေရာတွင် ရှိနေသော သားရဲများ၏ မျက်လုံးများသည်မှာလည်း ကြည်လင် ရှင်းလင်းလာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရှိသော ဒဏ်ရာ ဒဏ်ချက်နှင့် အပုတ်နံ့ များသည်လည်း ပြန်လည်၍ ကောင်းမွန်သွား၏။
၎င်းတို့သည် တောရိုင်း တိရစ္တာန်များအဖြစ် တည်ရှိနေသေးသည် ဆိုသော သိစိတ်ကို ပြန်လည်ရှိသွားကြသည်။
အဝေးတစ်နေရာ စမ်းချောင်းထဲတွင် ရှိနေသော ရေများသည်လည်း ပြန်လည်ကြည်လင်လာပြီး အောက်ခြေထိကိုပါ ဝင်ရောက်လောက်သည်အထိ ရှင်းသန့်လျက် ရှိနေတော့၏။
"သွားကြစို့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မိုရှန်းက မေးလိုက်သည်။ "သခင် ဘယ်ကို သွားရမှာလဲ"
"ပြိုင်စံရှား ဂိုဏ်းကိုလေ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ပြိုင်စံရှားဂိုဏ်းဟုတ်လား။”
မိုရှန်သည် ကြောင်သွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒီဂိုဏ်းက အလားအလာနေရာမှာ ထိပ်ဆုံး သုံးခု စာရင်းဝင်တဲ့ ဂိုဏ်းလား"
သူသည် နတ်ဆိုး လမ်းစဉ်ကို အာရုံစိုက်၍ ကျင့်ကြံခဲ့သည်ဆိုသော်လည်း အပြင်ဘက်တွင် လူသိများ ထင်ရှားနေသည့် ကိစ္စတော်တော်တော်များများကိုလည်း နားလည်ထား၏။
"နေအုံး ….. သူက သူ့ကိုယ်သူ ဘယ်လို ဆိုလိုနေတာလဲ" မိုရှန်၏ အမူအရာသည် ပြောင်းလဲသွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "သခင် … သခင်က ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းလား"
"အမှန်ပဲ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မိုရှန် မျက်လုံးပြူးသွားသည်။ ထိုသူသည် ဤမျှ ငယ်ရွယ်သော အသက်အရွယ် တွင် အဘယ့်ကြောင့် သိုင်းဘုရင် အဆင့်အားအင်မျိုးကို ပိုင်ဆိုင်နေသည်ဆိုသည်ကို သူ နောက်ဆုံးတော့ နားလည်လိုက်ရပြီဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ကိုယ့်လူ ခင်ဗျားက အရမ်းကံကောင်းတယ်လို့ ပြောချင်တယ်။ကျုပ်ဂိုဏ်းက ဘာတစ်ခုမှ မလစ်ဟင်းဘူးဆိုပေမယ့် နတ်ဆိုးကျင့်ကြံသူတော့ လိုအပ်နေတယ်။ ဒီတော့ ကျုပ် ခင်ဗျားကို ခေါ်သွားဖို့ အစီအစဉ်ရှိတယ်။ ဂိုဏ်းထဲကို လိုက်ချင်လား"
သူသည် အခွင့်အရေးရတုန်း နတ်ဆိုးလမ်းစဉ်အား ကျင့်ကြံသော တပည့်သစ်တစ်ယောက်အား ဂိုဏ်းထဲသို့ ခေါ်ယူရန် ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူအား အလွန်ကံကောင်းသေးသည်ဟုပင် ပြောဆိုနေသေးသည်။ ထူးဆန်းလှသော ဂိုဏ်းချုပ်ကျွင်းပါတကား။
မိုရှန်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ "သခင်သာ စိတ်မရှိဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းထဲကို လိုလိုချင်ချင်နဲ့ ဝင်ချင်ပါတယ်"
ပြိုင်စံရှား ဂိုဏ်း၏ ကြီးမားသည့် အလားအလာသည် အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် မသိသူ ဟူ၍ မရှိချေ။
သူ့အနေနှင့် ထိုကဲ့သို့ ဂိုဏ်းမျိုးကိုဝင်မည်ဆိုလျှင် အနာဂတ်တွင် ကျိန်းသေပေါက် တိုးတက်လာပေလိမ့်မည်။
"ဒီလိုဆိုပေမဲ့ …"
မိုရှန်သည် ရုတ်တရက် စိတ်ဓာတ်ကျသွားမိသည်။ သူက ပြောလိုက်၏။ "ကျုပ်က ဂြိုဟ်ဆိုးလေ။ပြိုင်စံရှားဂိုဏ်းထဲကို ဝင်မယ်ဆိရင် သခင့်ကို ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်လိမ့်မယ်။"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏
"ခင်ဗျားက ဒီလိုပြောနိုင်တယ်ဆိုတော့ လူကောင်းတစ်ယောက်ဖြစ်ရမယ်။ ကျုပ်က ဂြိုဟ်ဆိုးကို မပြောနဲ့ နတ်ဘုရားအဆင့် ကပ်ဘေးကြီးဆိုရင်တောင် ကျိန်းသေပေါက် ရင်ဆိုင်လိုက်မယ်။"
မိုရှန်သည် ရင်ထဲတွင် ထိခိုက်သွား၏။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် သခင်။ကျုပ်ကို ခေါ်သွားပေးပါ"
ဤကဲ့သိုနှ့င့်ပင် သူသည် နတ်ဆိုးတောာင်ရိုး ၏ သုံးဆယ့်တစ်ယောက်မြောက် ခန်းမသခင်အား အောင်အောင်မြင်မြင်နှင့် ပြိုင်စံရှားဂိုဏ်းသို့ ခေါ်လာနိုင်ခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် မိုရှောင်အား အဘယ့်ကြောင့် ခေါ်ဆောင်လာခဲ့ရသနည်းဆိုသော် ရောင်မုန့်ယဉ် ကြောင့်ပင် ဖြစ်သည်။
ဤမိန်းကလေးသည် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို အသက်ဝင်နိုးထနိုင်ခဲ့၏။ ထို့ကြောင့် အလွန်တရာ ရှားပါးလှသည့် နတ်ဆိုး ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူမ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို ကူညီပေးနိုင်ရန် အတွက် အမျိုးအစား တူညီသူ တစ်ယောက်အား ဘေးနားတွင် ထားခြင်းသည် အကောင်းမွန်ဆုံးသော အရာပင် ဖြစ်ပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ကျွင်းချောင်ရှောင်းသည် မှန်ကန်သည့် ကျင့်ကြံသူ ၊ နတ်ဆိုးကျင့်ကြံသူ ၊ မိစ္တာကျင့်ကြံသူ စသဖြင့် ဂရုစိုက်မနေပေ။
နတ်ဆိုးများအားလုံးသည်လည်း မကောင်းသည့် အရာ ကို မပြုလုပ်တတ်ကြသလို ကောင်းမွန် မှန်ကန်သည့် လမ်းစဉ်ကို လျှောက်လှမ်းသော လူတိုင်းသည်လည်း ကာင်းမွန်သည့်အရာများကို မလုပ်ကြကြောင်း သူ မြင်ဖူးပြီး ဖြစ်၏။
ဝေါင်း
ရုတ်တရက် ဆိုသလိုပဲ နားကွဲလောက်အောင် ကျယ်လောင်သည့် အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်သည့် အချိန်မှာတော့ နတ်ဆိုးလမ်းတောင်ကြား၏ အတွင်းပိုင်း တည်နေရာတွင် အလွန်တရာ ကြီးမားလှသော သားရဲ ရိုင်းကြီးသည် မတ်မတ်ရပ်လျက် အားကောင်းလှသည့် အော်ရာများကို ပေါ်နေသည်ကို မြင်လိုက်ရ၏။
ကြည့်ရသည်မှာ ဤအရာသည် ကုန်းသတ္တဝါမျိုးမဟုတ်ပေ။ အမဲရောင် အမွေးများ တည်ရှိနေသော ပျံသန်းနိုင်သည့် သတ္တဝါသာဖြစ်သည်။
ဝှစ်။
ထိုငှက်သတ္တဝါကြီးသည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လိုက်၏။
ရုတ်တရက်ဆိုသလိုပဲ လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် အပေါ်သို မြှောက်တက်သွားသည်။
မိုရှန်သည် ထိုအရာကို ရှင်းရှင်းလင်းလင်း သိလိုက်ချိန်မှာတော့ ရုတ်တရက် ထအော်လိုက်၏။ "ဒါက နတ်ဆိုး လင်းယုန်နက် ကြီးပါ့လား"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သားရဲပဲ။"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သားရဲဆိုသည်မှာ သိုင်းအုပ်စိုးသူတစ်ယောက်နှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည့် သတ္တဝါတစ်မျိုးပင် ဖြစ်သည်။
"နဂါးလေး"
ကျွင်းချောင်ရှောင်းသည် လင်းယုန်နက်ကြီးကို လက်ညိုးထိုးပြကာ အမိန့်ပေးလိုက်သည်။ "သူ့ကို မလွတ်စေနဲ့ မြန်မြန်ဖမ်း"
ဝှစ် ဝှစ်။
သူ ပြောပြောပြီးချင်းမှာပဲ ဒုတိယတိုက်ပွဲဝင်ပုံစံကို ပြောင်းလဲပြီးပြီဖြစ်သော နဂါးလေးသည် ရုတ်တရက် ဆိုသလိုပဲ မီးဘောလုံးတစ်ခုကဲ့သို့ ရှေ့သို့ တိုးတက်သွားသည်။
သူသည် လက်သီးကို မြှောက်၍ လေဟာနယ်ထဲသို့ ထိုးသွင်းလိုက်တော့သည်။
ဘန်း။
မီးတောက် မီးညွှန်များ ဖုံးလွှမ်းနေသည့် ပြင်းထန်လှသော လက်သီးချက်ကြီးတစ်ခုသည် နတ်ဆိုး လင်းယုန်နက်ကြိုယ်ပေါ်သို့ ကျရောက်သွား၏
ပြီးနောက် လင်းယုန်နက်ကြီးသည် လေထဲသို့ လွင့်စင်သွားပြီး တောင်ကြီးတစ်ခုဆီ သွားရောက်ထိမှန်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။