အခန်း (၅၇၀)
Vol. 38 Ch. 570
လက်သီးချက် ထိမှန်ပြီးသည့်နောက်မှာတော့ နတ်ဆိုး လင်းယုန်နက်ကြီးသည် လွင့်စင်ကာ တောင်ကြီးတစ်ခုလုံး နှင့် သွား၍ တိုက်မိတော့သည်။
အလွန်တရာ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် တောင်ကြီးတစ်ခု လုံးသည် တုန်ခါသွားပြီး ပြိုကျလုမတတ်ပင် ဖြစ်သွားရတော့၏။
မိုရှန်သည် ဆွံ့အသွားမိသည်။ မွန်းစတားအဖြစ် အသွင်ပြောင်းနိုင်သော ဤစိတ်ဝိညာဉ်သားရဲသည် အလွန်တရာ အားကောင်းလှသည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည်လည်း တုန်ရင်သွား၏။
တစ်ဖက်လူအား လက်သီးချက်တစ်ချက်တည်းနှင့် သတ်ဖြတ်မိမည်ကို မစိုးရိမ်မိဘူးလား။
ပြီးသည့်နောက်မှာတော့ ဝုန်းခနဲ ဖြစ်ပေါ်ခဲ့သော ဖုံများသည် ပျောက်ကွယ်သွားပြီး အရာအားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်လာရတော့၏။ ကြီးမားလှသည့် နတ်ဆိုး လင်းယုန်နက်ကြီးသည် မြေပေါ်တွင် ပုံလျက်သားလဲလျက်ရှိနေ၏။
သူ၏ ဦးခေါင်းတစ်ခုလုံးသည် ရောင်ကိုင်းလျက်ရှိပြီး စူးရှထက်မြလှသော မျက်လုံးများမှာတော့ မှုန်မှိုင်းရီဝေနေတော့သည်။ ပြောရမည်ဆိုလျှင် ရိုက်နှက်ခံရခြင်းကြောင်း သတိလစ် မေ့မျောလုမတတ် ဖြစ်နေခြင်းပင်။
သူသည် နတ်ဆိုးချီများ၏ လွှမ်းမိုးမှုကို ခံရပြီး အသိစိတ်ကင်းမဲ့နေသူတစ်ယောက်ဖြစ်သည်။ ကိုယ်ပိုင် အသိစိတ် ပြန်လည်ဝင်လာပြီးသည့်နောက်မှာတော့ တောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်နှင့် မြေကြီး လောကကြီးတစ်ခွင်ဆီသို့ ပျံသန်းတော့မည့် ဆိုသော စိတ်ကူးဖြင့် အားရဝမ်းသာစွာ ရုတ်တရက် ထပျံလိုက်ခြင်းပင် ဖြစ်သည်။
သို့ပေမဲ့ အမှတ်မထင်ဆိုသလိုပဲ တိုက်ခိုက်ခံလိုက်ရ၏။ သနားဖွယ်ရာ ကောင်းပေသည်။
ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ ပြေးသွားလိုက်ပြီးသည့်နောက်မှာတော့ လင်းယုန်ငှက်ကြီးသည် မူးဝေဝေဖြစ်နေသည်ကို မြင်လိုက်ရ၏။ သူ ပြောလိုက်မိသည်။ "မင်းက အရမ်းကြီး ရိုက်လိုက်တာကို။ခေါင်းတွေဘာတွေ ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ”
နဂါးလေးသည် ကြောင်တောင်တောင် ပြောလိုက်သည်။ "သခင် …. ဒီကောင်ကြီးက အရမ်းကြီးတယ်လေ။ ဒါကြောင့် အားနည်းနည်း သုံးရမယ်လို့ ထင်လိုက်မိတာ။ဒီလောက် အားနည်းနေမယ်လို့ ဘယ်သူ ထင်မှာလဲ"
လင်းယုန်ငှက်ကြီးသည် သွေးအန်လု မတတ်ဖြစ်သွားမိသည်။ ရောင်းရင်း … မင်း ခုနက ထိုးလိုက်တဲ့ လက်သီးချက်က အရမ်းအားကောင်းတယ်။ တစ်ခါတည်းသေမသွားတာတောင် ငါ တော်တော် အားကောင်းတယ်လို့ ဆိုရမယ်။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီး အလယ်အလတ်အဆင့် သားရဲ ဘောလုံးကို ထုတ်ယူလိုက်၏။ "သွား … သားကောင်ဖမ်းဘောလုံး"
ဒုန်း ….။
သားကောင်ဖမ်းဘောလုံးသည် လင်းယုန်ငှက်ကြီး၏ ဦးခေါင်းကို ထိမှန်သွား၏။ အဆုံးသတ်မှာတော့ မည်သည့် တုံ့ပြန်မှုမှ ဖြစ်ပေါ်မလာချေ။
စနစ်က ပြောလိုက်သည်။ “ဒါက သိုင်းအုပ်စိုးသူ အဆင့်နဲ့ နှိုင်းယှဉ်လို့ ရနိုင်တဲ့ အဆင့်မြင့် သားရဲလေ။ ဒီတော့ အလယ်အလတ်အဆင့် သားကောင်ဖမ်း ဘောလုံးနဲ့ဆိုတာ မဖြစ်နိုင်ဘူး"
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သားကောင်ဖမ်း ဘောလုံးကို ထုတ်ယူကာ ပြောလိုက်သည်။ "ငါ အထင်သေးမိသွားတယ်"
ဝှစ် …။
ဒင် …။
ဒုန်း ….။
အဆင့်မြင့် သားကောင်ဖမ်း ဘောလုံးသည် လင်းယုန်ငှက်၏ ဦးခေါင်းကို ထိမှန်သွားပြီးသည့်နောက် အလင်းတန်းများ ဖြစ်တည်လာပြီး ထိုက်ချီ ပုံရိပ်ယောင်များ ဖြစ်တည်လာသည်။
မိုရှန်သည် ထိတ်လန့်တုန်လှုပ်မိသွား၏။ "ဘာလို့ ပျောက်သွားတာလဲ။"
ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် သားကောင်ဖမ်း ဘောလုံးနှင့် အဆင့်မြင့် သားကောင်ဖမ်းဘောလုံးတို့အား ပြန်လည်ယူဆောင်ပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်သည်။ "ဒီခရီးကို လာရတာ အလားကားမဟုတ်တော့ဘူး"
သူသည် နတ်ဆိုးတောင်ရိုး၏ ရတနာများကို ရှာဖွေတွေ့ရှိ ခဲ့သည်။ ထို့အပြင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် သားရဲကိုလည်း ဖမ်းယူရရှိခဲ့၏။ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်တော့သည်။
သို့ပေမဲ့ စဉ်းစားကြည့်မည် ဆိုလျှင် တောင်ကြားထဲတွင် အဘယ့်ကြောင့် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်လို့ ရသည့် စိတ်ဝိညာဉ် သားရဲတစ်ကောင်သည် ရောက်ရှိနေရသနည်း။
အစီအရင်အသက်ဝင်ခြင်းကြောင့် ဖြစ်တည်လာသော အနီရောင်အလင်းများသည် ဇွန်ဘီးသားရဲများအား ဆွဲဆောင်နိုင်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် ၎င်းသည် ထိုအချိန်တုန်းက မပေါ်လာခဲ့ရသနည်း။
စနစ်က ပြောလိုက်၏။ "တစ်ချို့သော အတားအဆီးတစ်ခုတွေကြောင့် သူက အသိစိတ်လွှတ်ပြီးတော့ နည်းတစ်မျိုးမျိုးနှင့် ထိန်းချုပ်ခံထားရတာလည်း ဖြစ်နိုင်တယ်။ လက်ခံသူက ရတနာလည်း တွေ့ပြီ ၊ အတား အစီးတွေကိုလည်း ဖယ်ရှားပေးလိုက်ပြီဆိုတော့ သားရဲတွေ အကုန်လုံးက သူတိုရဲ့ အသိဉာဏ်တွေကို ပြန်ရသွားတာ။ဒါကြောင့် စိတ်ဝိညာဉ် သားရဲကလည်း ပြန်ပြီး လွတ်မြောက်မှုကို ရသွားမှာ ဖြစ်မယ်။"
မူလတုန်းက ထွက်ခွာသွားရန် ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် ထိုအရာကိုစနစ်၏ ကြားပြီးသည့်နောက်မှာတော့ စိတ်ဝင်စားသွားမိသည်။ သူက ပြောလိုက်သည်။ "ဇွန်ဘီလို သားရဲတွေက ပုံမှန်အတိုင်း ပြန်ကောင်းသွားပြီဆိုတော့ ငါတို့ ဘာလို့ ဒီနေရာမှာရှိတဲ့ သလင်း အမြုတေကို မရှာရမှာလဲ"
ဇွန်ဘီးသားရဲများသည် ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ ထို့ကြောင့် သလင်းအမြုတေများသည်လည်း ပုံမှန်အတိုင်း ဖြစ်သွားတော့မည် ဖြစ်သည်။
ဤနေရာသည် တစ်နှစ်ပတ်လုံး မည်သူမှ ခြေချခဲ့သည့် အရာမဟုတ်ပေ။ ထို့ကြောင့် များပြားလှသော သားရဲများသည် သလင်းအမြုတေများ ပေးအပ်ရန် စောင့်စားနေသည်နှင့်ပင် ဆင်တူ လှသည်။
ဘုန်း ဘုန်း ဘုန်း
နတ်ဆိုး တောင်ရိုးထဲမှာတော့ အလွန်တရာ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ယခုမှ အသိစိတ်ရရှိခဲ့သော ကြီးမားလှသော သားရဲရိုင်းများအားလုံးသည် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေရတော့သည်။
အထူးသဖြင့် ဓာတ်ငါးပါးနှင့် ဆက်စပ်ပတ်သက်လျက်ရှိသော သားရဲများပင် ဖြစ်တော့သည်။
ထိုသတ္တဝါ အားလုံးသည် ကျွင်းချောင်ရှောင်း၏ လက်မှ မလွတ်မြောက်ခဲ့ကြပေ။ တစ်ယောက်ပြီးတစ်ယောက်သည် ၎င်းတို့၏ သလင်း အမြုတေများကို အသက်နှင့်အတူ ဆက်သနေကြရ၏။
ကံမကောင်းစွာဖြင့် နတ်ဆိုးတောင်ရိုးထဲတွင် သိုင်းအုပ်စိုးသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲမှာ တစ်ကောင်တည်းရှိနေခြင်းပင်။ မဟုတ်ပါက နဂါးလေးသည် အနည်းငယ် အားနည်းနေသည်ဆိုလျှင်တောင်မှ အလွယ်တကူ အမဲလိုက်နိုင်စွမ်းရှိသည်။
သုံးရက်ကုန်ဆုံးသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သားရဲရိုင်း အများအပြားကို သတ်ဖြတ်ပစ်ခဲ့ပြီဖြစ်ပြီး သိုင်းဘုရင်နှင့် နှိုင်းယှဉ်၍ ရသော အဆင့်မြင့် သားရဲများကိုလည်း သတ်ဖြတ်ပစ်ခဲ့၏။
သူရရှိခဲ့သော သလင်းအမြုတေများ၏ အရေအတွက်သည် တိုးပွားလာလေသည်။ နတ်ဆိုး လင်းယုန်နက်ကြီးသည် သားကောင်ဖမ်းဘောလုံးထဲမှာ ပြန်လည် အားမွေးပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ခေါ်ထုတ်ခြင်းခံလိုက်ရသည်။
၎င်းသည် ပေနှစ်ရာမှ ပေသုံးရာ နီးပါးထိ ကြီးမားပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံးသည် အမဲရောင် သံချောင်းများကဲ့သို့ပင် ဆင်တူနေ၏။ မျက်လုံးများမှာ အလွန်တရာ စူးရှလွန်းပြီး သာမန်ထက်ပို၍ ကြမ်းတမ်းလွန်း၏။
သို့ပေမဲ့ နဂါးလေး ရိုက်နှက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်ချိန်မှာတော့ အနည်းငယ် စိတ်စနိုးစနှောက် ဖြစ်မိသည်။
"အချိန်ကျပြီ"
ကျွင်းချောင်ရှောင်းသည် မူရှန်ကို လှမ်းခေါ်ကာ လင်းယုန်ငှက်ကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "သွားကြစို့"
ဝှစ်။
ကြီးမားလှသည့် အမဲရောင် အတောင်ပံကြီးနှစ်ခုသည် ရုတ်တရက် ဆိုသလိုပဲ လေထဲ၌ ဖြန့်ကားသွား၏။ လေလှိုင်းများဖြစ်တည်လာပြီး ဖုန်များ တစ်ထောင်းထောင်းနှင့် ဖြစ်သွားသည်။
နတ်ဆိုး လင်းယုန်နက်ကြီးသည် တောင်ကြီးတစ်ခု လှုပ်ရှားသည့် အလား နတ်ဆိုး တောင်ရိုးထဲမှ ဖြည်းညှင်းစွာဖြင့် ပျံသန်းထွက်ခွာလာတော့၏။
မိုရှန်သည် ထို အကောင်ကြီးပေါ်တွင် အသာထိုင်ရင်း အလွန်တရာ ကြမ်းတမ်းလှသည့် အမွေးများအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေသည်။ "ပျံသန်းတာ …."
ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော များပြားလှသည့် ကျင့်ကြံသူများ၏ အိမ်မက်ပင်ဖြစ်တော့သည်။
ယနေ့မှာတော့ သူသည် သူ၏ ကိုယ်ပိုင် အစွမ်းအစနှင့် မပျံသန်းနိုင်သော်လည်း ပျံသန်းနိုင်သည့် စိတ်ဝိညာဉ်သားရဲရိုင်းများကို စီနင်းကာ ကောင်းကင်ပေါ်မှ ပျံသန်းရသည့် ခံစားချက်ကို ရရှိလျက်ရှိသည်။
ရုတ်တရက်ဆိုသလိုပဲ လင်းယုန်အော်သံကြီးတစ်ခုလုံးသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာ၏။
အောက်ဖက်တွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် အလန့်တကြားဖြင့် အပေါ်သို့ မော့ကြည့်လိုက်တော့၏။
၎င်းတို့အားလုံးသည် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားကြတော့သည်။ သူတို့၏ မြင်ကွင်းထဲတွင် အလွန်တရာ ကြီးမားလှသော လင်းယုန်နက်ကြီးသည် ပျံသန်းလျက်ရှိ၏။ အတောင်ပံများကို တစ်ချက်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မိုင်တော်တော်များများဆီသို့ ရောက်ရှိသွားသည့် သတ္တဝါကြီးပင် ဖြစ်သည်။
"ကောင်းကင်ဘုံ"
ကျင့်ကြံသူတစ်ယောက်က ထ၍ အော်လိုက်သည်။ "ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးမားတဲ့ လင်းယုန်ငှက်ကြီး ရှိရတာလဲ"
ယနေ့မှာတော့ အလွန်တရာ ကြီးမားလှသည့် လင်းယုန်ငှက်ကြီးသည် တင်းယန်နိုင်ငံပေါ်မှာ ဖြတ်၍ ပျံသန်းသွားတော့သည်။
သန်းပေါင်းများစွာသော လူများသည် ထိုအရာကို မြင်ပြီးသည့်နောက်မှာတော့ အလန့်တကြား ဖြစ်မိနေကြသည်။ သို့ပေမဲ့ ၎င်းတို့တွေးတုန်းမှာပဲ ထိုသားရဲများသည် မိုင်ပေါင်းထောင်ချီ အဝေးဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
အလွန်တရာ နက်မှောင်လှသော လျိုဝှက်အခန်းတစ်ခု တည်းမှာတော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူ တစ်ဒါဇင် ကျော်တို့သည် ကြမ်းပြင်ပေါ်တွင် လဲလှောင်းပြီး သေမလို ဖြစ်နေကြ၏။
ရောင်မုန့်ယဉ် သည်သာ လက်ရှိ တည်နေရာတွင် ရှိမည်ဆိုလျှင် အဖိုးလုကို ကျိန်းသေပေါက် မှတ်မိပေလိမ့်မည်။
"စောင့်ရှောက်သူလု"
သိုင်းကျင့်ကြံသူတစ်ယောက်သည် ပြောလိုက်သည်။ "ကျုပ် ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး"
"ငါလည်း အတူတူပဲ ဒီကနေ မထွက်သွားနိုင်ဘူးဆိုရင်တောင် ဒီလူတွေကိုတော့ ပြန်သတ်ရလိမ့်မယ်။ တစ်ခြားသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
ဒွီ
ထိုအချိန်မှာပဲ စောင့်ရှောက်သူ လု၏ လက်ထဲရှိ သံလိုက်အိမ်မြှောင်ကဲ့သိုသော အရာတစ်ခု သည် ရုတ်တရက် လင်းလက်လာသည်။ သူသည် ခဏလောက်ကြောင်သွား၏။ ပြီးနောက် အားရပါးရ ထပြောလိုက်တော့သည်။ "နတ်ဆိုးတောင်ရိုးက ဆက်ခံသူ ရှိသွားပြီ။နတ်ဆိုး လင်းယုန်နက်ကြီးလည်း ပြန်ပြီးပေါ်လာပြီ"
ဘာ …
သေမလို ဖြစ်နေကြသော သိုင်းကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပဲ စိတ်လှုပ်ရှားသွားမိကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က နတ်ဆိုးဂိုဏ်းများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ ဖျက်စီး နှိမ်နင်းခြင်းကို ခံရ၏။
ထိုစဉ်က နတ်ဆိုး အင်ပါယာဖန်တီးခဲ့သော နတ်ဆိုးအင်ပါယာဂိုဏ်းသည် အားအကောင်းဆုံး ဖြစ်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။ ထိုနတ်ဆိုး အင်ပါယာဂိုဏ်း၏ အောက်မှာတော့ နတ်ဆိုးတောင်ရိုးဂိုဏ်းကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများ ပါဝင်နေသည်။
“ဟား ဟား ဟား”
အကြီးအကဲလုသည် အကြီးအကျယ် အော်ရယ်ကာ ပြောလိုက်၏။ "နတ်ဆိုးတောင်ရိုးက နှစ်ပေါင်းတစ်သောင်းလောက် စည်းခတ် ခံခဲ့ရတာ။ နောက်ဆုံးမှာတော့ ဆက်ခံသူ တစ်ယောက်ပေါ်လာခဲ့ပြီ။ သူက ကျိန်းသေပေါက် သခင့်ကို ကူညီပြီးတော့ နတ်ဆိုးဂိုဏ်းတွေ ပြန်လည်ရှင်သန်လာနိုင်ဖို့ ကြီးမားတဲ့ တာဝန်ကြီးကို ထမ်းဆောင်လိမ့်မယ်။"
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ လျို့ဝှက်ခန်းရှိ စည်းပေါင်းများစွာနှင့် ပတ်ဆို ခံထားရသောအခန်းသည် ကြီးမားသော အားအင် တိုက်ခိုက်ချက် တစ်ခုကြောင့် ပျက်ဆီးသွားခဲ့၏
"မဟုတ်တော့ဘူး"
သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ "သူတို့ ဆက်ပြီးတော့ တိုက်ခိုက်နေပြီ"
အကြီးအကဲလုသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲနှင့် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် အလုံးစုံ စိတ်ဆုံးဖြတ်ထားဟန်ဖြင့် ပြောလိုက်တော့သည်။ "နတ်ဆိုးဂိုဏ်းတွေကို ကာကွယ်ပေးမယ်လို့ ငါတို့ ကျိန်ဆိုခဲ့တယ် မဟုတ်လား။ငါတို့ အသက်ရှင်နေသ၍ ဂိုဏ်းကို ကျိန်းသေပေါက်ကာကွယ်မှ ဖြစ်မယ်။"
"ငါတို့ အသက်ရှိနေသ၍ ဂိုဏ်းကို ကာကွယ်မယ်လို့ ကျိန်ဆိုတယ်။”
ဒဏ်ရာ ရထားသော သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် မတ်တပ်ထရပ်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် မှီကာ ပုခုံးချင်းယှဉ်၍ မတ်မတ်ရပ်လိုက်ကြတော့သည်။
ဝုန်း
အချက်ပေါင်းများစွာ အတိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ အစီအရင်ဆီမှ တံခါးတစ်ခုသည် ပြိုလဲသွားပြီးသည့်နောက်မှာတော့ ကျောက်တံခါးကြီးတစ်ခု လုံးသည် ကွဲကြေသွား၏။
အလွန်တရာ အားကောင်းလှသော သိုင်းဘုရင်တစ်ရာကျော်တို့သည် အထဲသို့ ဝင်ရောက်လာပြီး အေးစက်စက် နှင့် အော်ဟစ်လိုက်သည်။ "ဒီနေ့ကတော့ မင်းတို့ နတ်ဆိုးဂိုဏ်းသားတွေအားလုံး သေရတော့မယ့်နေ့ပဲ"
"ကောင်းကင်နဲ့ မြေကြီး တည်ရှိနေသ၍ နတ်ဆိုးဂိုဏ်းတွေက ထာဝရ တည်မြဲနေမှာပဲ" အကြီးအကဲတစ်ယောက်က အော်လိုက်၏။
နတ်ဆိုး ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ကလည်း သံပြိုင်ဆိုသလို ပဲ အော်ဟစ်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပဲ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အမဲရောင် အငွေ့များ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တစ်လက်လက်နှင့် တောက်ပလာတော့သည်။
ဝုန်း ….။
ဘုန်း …..။
ယနေ့မှာတော့ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အသံကြီးတစ်ခုလုံးသည် နတ်ဆိုးတောင်ပေါ်၏ လျို့ဝှက်ခန်းဆီမှ ထွက်ပေါ်လာတော့သည်။
တောင်၏တစ်ဝက်လောက်သည် ပေါက်ကွဲသွားခဲ့ပြီး ထိပ်တန်းဂိုဏ်းများမှ ကျွမ်းကျင်သူများအားလုံးသည် ဝင်ရောက်တိုက်ခိုက်ကြတော့၏။
နောက်ဆုံးမှာတော့ နတ်ဆိုးဂိုဏ်း၏ ကျင့်ကြံသူများအားလုံးသည် ခုခံရင်းနှင့် အကုန်လုံး သေဆုံးကုန်ခဲ့ပြီဖြစ်သည်။
ကျင့်ကြံသူများ အားလုံးသည် လက်ခုပ်တီးကာ သူတို၏ ဝမ်းမြှောက်မှုများ အားလုံးကို ဖော်ကျူးလိုက်ကြတော့၏။
ပြိုင်စံရှား ဂိုဏ်းထဲမှာတော့ ……..
နတ်ဆိုးတောင်တစ်ခုလုံး ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာတော့ ဂိုဏ်းထဲတွင် ကျင့်ကြံလျက်ရှိသော ရောင်မုန့်ယဉ် သည် ရုတ်တရက်ဆိုသလိုပဲ သူမ၏ စိတ်တစ်ခုလုံး တုန်ခါသွား၏။ သူမ၏ ရှင်းလင်းနေသော မျက်လုံးများသည် ရုတ်တရက် ဆိုသလိုပဲ နီရဲသွား၏။ "မကြာခင်မှာ ဒီအင်ပါယာက မင်းတို့ မှန်ကန်ပါတယ်ဆိုတဲ့ ဂိုဏ်းတွေကို လက်စားချေမယ်။မင်းတို့ရဲ့ ဝိညာဉ်တွေ ၊ သွေးတွေနဲ့ ခြေဆေးပစ်မယ်။"
"ဂျူနီယာညီမလေး"
လျိုဝမ်ရှစ်သည် ခေါင်းလှည့်ကာ ပြောလိုက်၏။ "ဘာတွေ ပြောနေတာလဲ။ မျက်လုံးကလည်း ဘာလို့ နီရဲ လာရတာလဲ"
ရောင်မုန့်ယဉ် သည် မျက်လုံးတွေ ပေကလက် ပေကလက် ဖြစ်သွား၏။ သူမ၏ နီရဲနေသော မျက်လုံးများသည် ပုံမှန်အတိုင်း ဖြစ်တည်သွား၏။ သူမသည် ကြောင်အအနှင့် ပြန်ပြောလိုက်၏။ “စီနီယာအစ်မက ဘာဖြစ်လို့လဲ"
လျိုဝမ်ရှစ်သည် ဆွံ့အသွား၏။ "ဘာတွေကို ပြောနေတာလဲ။"
"ဘာမှ မဟုတ်ပါဘူး"
ရောင်မုန့်ယဉ် က ပြန်ပြောလိုက်သည်။ "ကျွန်မကျင့်ကြံနေတာ မဟုတ်လား။”
“ငါကြားတာတော့ ခြေဆေးမယ်ဆိုလား ဘာလား …. မင်းပြောနေတာ"
"အဲလိုမျိုး ပြောခဲ့သလား"
"မပြောဘူးလား"
"တကယ် မပြောပါဘူး"
"ကောင်းပြီ ကောင်းပြီ ။ မပြောဘူးဆိုတော့ ငါ နားကြားမှားတာပဲ ဖြစ်မယ်။သွားအိပ်တော့။ တစ်နေကုန် ကျင့်ကြံမနေနဲ့ ။ လူဆိုတာ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် နေထိုင်ရတယ်။ မဟုတ်ရင် ဒုတိယစီနီယာအစ်ကို နဲ့ တစ်ခြားသူတွေလိုမျိုး တနေကုန်သိုင်းလေ့ကျင့်ရင်း အရူးတွေလို ဖြစ်ကုန်လိမ့်မယ်။"