အတွင်းပိုင်း၏ ပိုင်းခြားထားသော ဧရိယာ
Vol. 006 Ch. 567
ထိုအခါမှပင် ရှီမာယူယူဆိုလိုသည်ကို ဟော့ဘာဟန် သဘောပေါက်သွားကာ အိမ်အတွင်းသို့ ဝင်သွား လိုက်သည်။ အထဲတွင် အမှန်တကယ်ပင် ဆေးဖက်ဝင်ပစ္စည်းများ ထူထဲစွာအပြည့်ထည့်ထားသော သစ်သား ဇလုံရှိလေသည်။
သူ အကုန်ချွတ်ပြီးနောက် အထဲသို့ ဝင်လိုက်သည်။
ရှီမာယူယူသည် လက်ထဲတွင် ဗန်းတစ်ခုကိုင်ထားပြီး လျှောက်ဝင်လာလေသည်။ ထိုဗန်းပေါ်တွင် များစွာ သော ပုလင်းများရှိလေသည်။
သူမသည် ခြေထောက်ဖြင့်ချိတ်ကာ ခုံထားလိုက်ပြီးနောက် ထိုခုံပေါ်တွင် ဗန်းကိုတင်လိုက်သည်။ ထို့နောက်တွင် သူမသည် ပုလင်းရွေးကာဖွင့်ပြီးနောက် အကုန်လောင်းထည့်လေသည်။
အစိမ်းရင့်ရောင်၊ သွေးအနီရောင်၊ အနက်ရောင်နှင့် အရောင်မျိုးစုံအရည်များ အားလုံးပေါင်းထည့်လေ သည်။ အစကငြိမ်သက်နေသော ရေသည် ပလုံစီလာသည်။
ဟော့ဘာဟန်သည် လန့်သွားကာ သူ့ဝိဉာဉ်စွမ်းအင်ကို သုံးမည်အပြုတွင် ရှီမာယူယူ၏ အသံသည် သူ့ ခေါင်းပေါ်မှ ထွက်လာလေသည်။
“အပူချိန်ကမြင့်လွန်းလို့ ပူပေါင်းတွေထလာတာ၊ ဆေးအာနိသင်ကြောင့်ဖြစ်တာပဲ၊ ခင်ဗျားကို မလောင် စေပါဘူး၊ အခုကို ဝိဉာဉ်စွမ်းအင်မသုံးလိုက်နဲ့၊ မဟုတ်ရင် ကုသဖို့ နောက်တစ်ခေါက်ပြန်စနေရမယ်”
သူမ ထိုအတိုင်းပြောသဖြင့် ဟော့ဘာဟန်သည် အတင်းမြိုသိပ်ထားလေသည်။ အပူချိန်သည် မြင့်သည် ဟုဆိုသော်လည်း သူ မခံနိုင်လောက်သည်အထိတော့ မဟုတ်ပေ။
“ယူယူ ခင်ဗျား ဒီအတိုင်းအပ်စိုက်လို့လည်းရတယ်လေ၊ ဒီတစ်ခေါက်ကို ဘာလို့ဒီနည်းလမ်းသုံးတာလဲ” သူသည် ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။ သူသည် စဉ်းစားလိုက်သော်လည်း မဖြစ်နိုင်ဟုသာ ခံစားရသည်။
“အရင်က ထိန်းချုပ်ဖို့ကိုပဲ လုပ်ပေးတာ၊ ဒီတစ်ခါတော့ သေချာကုပေးတာမို့လို့ မတူတာပေါ့၊ ပါးစပ်ဟ လိုက်”
သူသည် အချိန်တစ်ခုလောက် လှုပ်ရှားမရသဖြင့် ပါးစပ်ဟပေးလိုက်သည်။ ရှီမာယူယူသည် သူ့ပါးစပ် အတွင်းသို့ ဆေးထည့်လိုက်ရာ သူဝါးစားပြီးနောက် အံ့သြစွာ ပြောလေသည် “ခင်ဗျားပြောတာ အကုန်ပျောက် အောင် ကုမယ်ဟုတ်လား”
“ဟုတ်တယ် အမှားသာမရှိရင် ဒီတစ်ခေါက်ကို အကုန်ရှင်းသွားမှာ” ရှီမာယူယူ ပြောလိုက်သည် “ဆေး တွေကို အကုန်စုပ်နိုင်အောင်ဆိုရင် တစ်ခါအပ်စိုက်ရဦးမယ်၊ စကားမပြောနဲ့ စိတ်လှုပ်ရှားဖို့လည်း မလိုဘူး၊ မဟုတ်ရင် အပ်သေချာမစိုက်နိုင်ရင် စိတ်ညစ်သွားလိမ့်မယ်”
“ကောင်းပါပြီ”
ဟော့ဘာဟန်သည် သူမလက်ထဲမှ အပ်ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားနေသော သူ့ကိုယ်သူ ချုပ်တည်းလိုက်သည်။ ထို့နောက်တွင် သူမ စတင်နိုင်ရန် သူခေါင်းညိမ့်ပြလိုက်သည်။
အပ်စိုက်ခြင်းမှာ ရိုးရှင်းသည်။ သူမသည် သူ၏ အဓိကသွေးကြော နေရာ ၆ခုကို ပစ်မှတ်ထားကာ စိုက်ပြီး နောက် ဘေးတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေလိုက်သည်။ ခဏအကြာတွင် သူမ လျှောက်လာပြီး ရေ အရောင်ကိုကြည့်ပြီး ဗန်းမှ ပုလင်းတစ်ခုကိုယူပြီးနောက် ဇလုံထဲသို့ လောင်းထည့်လိုက်သည်။
အကြိမ်အနည်းငယ် လုပ်ပြီးနောက်တွင် ဗန်းပေါ်တွင် ပုလင်းမကျန်တော့ချိန်တွင် သူမရပ်လိုက်သည်။ ထို့နောက်တွင် သူမသည် နောက်ဆေးတစ်လုံးကို သူ့ပါးစပ်ထဲထည့်ကာ ပြောလိုက်သည် “ရေပြန်ငြိမ်သွားရင် ပြောဦး”
ခဏအကြာတွင် ဘေဟာ့ဘာဟန် သူမအား ခေါ်သဖြင့် သူမလျှောက်သွားလိုက်သည်။ သူမ ဇလုံတစ်ခု ယူပြီး ရေကန်ဘေးတွင်ထားကာ ပြောလိုက်သည် “လက်ဆန့်လိုက်”
သူ လိုက်နာသည်။ သို့သော် သူမသည် ဓားမြှောင်ထုတ်ကာ သူ့လက်ကောက်ဝတ်ကို လှီးဖြတ်ပြီးနောက် ဇလုံထဲသို့ထည့်ထးာလိုက်သည်။ ထို့နောက်တွင် သူမသည် သူ့အနောက်ဘက်လာကာ နောက်ကျောမှ ငွေအပ် များကို နှုတ်လေသည်။
ငွေအပ်များ သူ့ခန္ဓာကိုယ်မှ မရှိတော့သည်နှင့် သွေးများသည် သူ့လက်ကောက်ဝတ် ဒဏ်ရာမှ ပန်းထွက် လေသည်။ ထိုသွေးများသည် သဘာဝမကျသောအနီရောင်များဖြစ်နေရာ ကြည့်လိုက်သည် နှင့် ပြဿနာရှိသည် ကို တွေ့နိုင်သည်။
“သွေးတွေ ရင်ဘတ်အထိတက်လာရင် မြိုသိပ်မထားနဲ့ သွေးထုတ်လိုက်”
ဟော့ဘာဟန် ခေါင်းညိမ့်လိုက်သည်။ သူ့လက်ကောက်ဝတ်မှ သွေးများအနီရောင်ပြောင်းလာသည်ကို ဟော့ဘာဟန်မြင်သောအခါ ခန္ဓာကိုယ်မှသွေးများ စတင်ထုတ်နေသည်ကို သိလိုက်သည်။ သူကြည့်ရင်းနှင့်ပင် ရင်ဘတ်တွင် မအီမသာခံစားရကာ သူမညွှန်ကြားချက်အတိုင်း ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်သည်။
ရှီမာယူယူသည် သူ သွေးအန်ထုတ်ပြီးသည်အထိစောင့်ကာ သူ့နောက်လက်တစ်ဖက်ကိုယူကာ သွေး ကြောစမ်းလေသည်။ သူမသည် ချပြီး ကြည်လင်သောရေထည့်ထားသော နောက်ရေဇလုံတစ်ခုကို ယူလာသည်။ သူမ သူ့ဘေးလျှောက်သွားရာ ရေကန်၏ တစ်ဝက်ကျော်သည် သွေးများပြည့်နေသည်ကို တွေ့လိုက်ရသည်။ ရေ ၂ခါလဲပြီးသောအခါ သူမ ဆေးအမှုန့်ထုတ်ပြီး သူ့ဒဏ်ရာပေါ် ဖြူးပေးလိုက်သည်။
“ဒါနောက်ဆုံးဆေးပဲ၊ စားပြီးတာနဲ့ သစ်သားရေကန်ထဲသွားပြီး ဆေးကြောလိုက်၊ ကျွန်တော် အပြင်မှာ စောင့်မယ်” သူမသည် သူ့ပါးစပ်ထဲ ဆေးထည့်ပြီးနောက် မတ်တပ်ရပ်ပြီး ထွက်သွားလေသည်။
သူ့၏ လည်ပတ်နေသော သွေးများ ငြိမ်သွားသည်ကို ဟော့ဘာဟန် ခံစား၍၇သည်။ သူသည် ခန္ဓာကိုယ် ထဲမှ ဝိဉာဉ်စွမ်းအင်များ စုပြီး အာရုံခံလိုက်သည်။ ထိန်းချုပ်ထားမှုများမရှိတော့ပဲ သူ့ခန္ဓာကိုယ်သည် ဒီလောက် သက်တောင့်သက်သာဖြစ်သည်ကို တစ်ခါမှ မခံစားဖူးပေ။
အဆိပ်များ ထွက်သွားလေပြီ။
သူ ပျော်လွန်းသဖြင့် လက်သီးဆုပ်လိုက်ပြီး သူ့ရင်ထဲမှ ပျော်ရွှင်မှုကို မပြောနိုင်လောက်ပေ။ သူသည် အစပိုင်းက ဂိုဏ်းမှ ပစ္စည်းရပြီးမှပင် အဆိပ်ကုသရန်ဖြစ်မည်ဟု ထင်ခဲ့သည်။ ထိုပစ္စည်းမလိုတော့သည်ကို ဘယ်သူထင်မိမှာလဲ။ ပြောရမည်ဆိုလျှင် သူ့ကိုယ်သူ အန္တရာယ်တွင်းထဲ ကျအောင် လုပ်ရန်မလိုပေ။
သွေးနံ့ဖျော့ဖျော့သည် ရေထဲမှထွက်လာသည်နှင့် ချက်ချင်းပင် သူ ထကာ ထွက်လာခဲ့သည်။ သူ့ခန္ဓာ ကိုယ်တွင် အရောင်မျိုးစုံကိုမြင်သည်နှင့် ရေချိုးရန် နောက်ရေကန်တစ်ခုသို့ လျင်မြန်စွာသွားလိုက်သည်။
ရှီမာယူယူထွက်လာချိန်တွင် ကောင်းကင်သည် မှောင်နေပြီဖြစ်သည်။ ကုသမှုသည် တစ်နေကုန်သည်။
တံခါးဖွင့်သံကြားသည်နှင့် ဖန်ယုဟန်နှင့် ရှီမာယူလင်းတို့ မတ်တပ်ရပ်လိုက်ကြသည်။
“ပြီးပြီလား” ရှီမာယူလင်း မေးလိုက်သည်။
“အင်း ချောချောမွေ့မွေ့ပဲ” ရှီမာယူယူသည် တစ်နေ့လုံးအလုပ်များထားသဖြင့် အဆောင်သေးဆီသို့ လျှောက်လာကာ ထိုင်ချလိုက်သည်။ သူမသည် စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးယူကာ ရေကိုနွေးလိုက်သည်။
သူတို့ဘေးတွင် ထိုင်နေသော ဖန်ယုဟန်သည် ခေတ္တမျှ တုန့်ပြန်နိုင်ခြင်းမရှိပေ။ သူ စိတ်လှုပ်ရှားစွာ မေး လိုက်သည် “ဟန်ရဲ့ အဆိပ်တွေ ထုတ်ပြီးသွားပြီလို့ ပြောလိုက်တာလား”
“ဟုတ်တယ် သူ အဲဒါကြောင့်နဲ့ စိတ်မဆင်းရဲရတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက အတော်ဆုံးပဲ” ဖန်ယုဟန်သည် ရှီမာယူယူအား လေးစားစွာဖြင့် ကြည့်လိုက်သည်။ ထိုအဆိပ် သည် ကုသရန်မဖြစ်နိုင်ဟု နှစ်ပေါင်းများစွာ ထင်ခဲ့သည်။ သူမ လက်ထဲတွင်ကုသ၍ ပျောက်မည်ဟု ဘယ်သူ ထင်မိမှာလဲ။
ထို့အပြင် သူမသည် ငယ်လွန်းသည်။ အစပိုင်းတွင် သူမ ဆေးပညာရွေးသည်ဟု ကြားလိုက်စဉ်က အလဟသဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော် အခုတော့ သူမသည် ထိုနယ်ပယ်တွင် အရည်အချင်းရှိသည်ကို တွေ့သည်နှင့် သဘောကျမိသည်။
“မင်းတို့ နေကြဦးပေါ့၊ ငါသွားနားလိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အဆောင်သေးမှ ထွက် သွားကာ တခြားအိမ်သို့ သွားလိုက်သည်။
ခဏအကြာတွင် ဟော့ဘာဟန် ထွက်လာသည်။ သူ့မျက်လုံးမှ အကြည့်များ မတူတော့သည်ကို မြင် သောအခါ အဆိပ်များ ကုန်အောင် ထုတ်လိုက်နိုင်ပြီဆိုသည်ကို ဖန်ယုဟန်သိလိုက်သည်။
ဟော့ဘာဟန်သည် လှည့်ပတ်ကြည့်ပြီး ရှီမာယူယူကို မမြင်သောကြောင့် မေးလိုက်သည် “ယူယူ ဘယ် သွားတာလဲ”
“သူပင်ပန်းလို့ သွားနားလိုက်ပြီ” ရှီမာယူလင်း ပြောလိုက်သည် “ကုသကြေးအတွက်ကိုတော့ မပေးနဲ့ တော့လို့ပြောလိုက်တယ်၊ နောက်ကို ကျွန်တော်တို့ အစ်ကိုဟော့ဘာဆီ အကူအညီတောင်းစရာရှိလာရင် အဲအချိန်ကျမှ အကူအညီတောင်းမယ်”
“အကူအညီပေးပါမယ်” ဟော့ဘာဟန် ပြန်ဖြေလေသည်။
“သွားကြမယ် သွားရမယ့်အချိန်ရောက်ပြီ” ဖန်ယုဟန် ပြောလိုက်သည်။
“ဒါဆို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်” ဟော့ဘာဟန်သည် ရှီမာယူလင်းကို လက်အုပ်ချီနှုတ်ဆက်ပြီး “နောက်တစ်ခါကို ပြန်လာရှာပါမယ်လို့ ယူယူ့ကိုပြောပေးပါ”
“ကောင်းပါပြီ”
ရှီမာယူယူသည် ကျင့်ကြံနေသည့်အချိန်မဟုတ်သဖြင့် ဟော့ဘာဟန်တို့ ထွက်သွားသည်ကို သူမ သိ သည်။ သူတို့ထွက်သွားသည်နှင့် သူမသည် ခြေထောက်တင်ပျဉ်ခွေထိုင်ကာ အားအင်များကို ပြန်ဖြည့်လိုက် သည်။
သူမသည် တစ်နေ့လုံး ဘာမှမလုပ်လိုက်ရဘူးဟု ထင်ရသော်လည်း သူမသည် ဟော့ဘာဟန်၏ အခြေအနေကို တစ်ချိန်လုံးစောင့်ကြည့်နေရသည်။ တစ်ခုခုသာဖြစ်လာခဲ့ပါက သူတို့ကုသမှု လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်မည်ဖြစ်သဖြင့် ဖိအားများသည်။
ဟော့ဘာဟန်နှင့် ဖန်ယုဟန်တို့သည် ဂိုဏ်းအတွင်းရှိဖြတ်လမ်းတည်ဆောက်မှုဆီသို့ သွားလိုက်သည်။ ထိုလမ်းသည်သာ အတွင်းဂိုဏ်းသို့ သွားရာလမ်းဖြစ်သည်။ ထို့အပြင် အတွင်းဂိုဏ်းအပြင်ဘက်တွင် တောင်များ သာရှိသည်။ သူတို့ ထိုနေရာသို့ရောက်သောအခါ လမ်းတစ်လျှောက် လျှောက်သွားရဦးမည်။
အပြန်လမ်းတွင် ဟော့ဘာဟန်သည် ဖန်ယုဟန်အား ကုသမှုအကြောင်းကို ပြောပြလေသည်။ သူသည် လိုအပ်သော ဆေးပစ္စည်းများကြောင်း၊ အချိန်ကိုက် ဆေးများလောင်းထည့်ရသည်နှင့်အတူ အပ်စိုက်ကုသခြင်း များအကြောင်းကို ပြောပြလေသည်။ အမှန်တကယ်ပင် ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်ခဲ့သည်။
“သူက အသက် ၂၀ကျော်ပဲရှိသေးတယ်ဆိုတာ မယုံနိုင်စရာပဲ၊ သူက တကယ်ပဲ အဲလိုကုသနည်းကို သိတယ်” ဖန်ယုဟန်သည် သက်ပြင်းချမိလေသည်။
“ဟုတ်တယ် သူအဲလောက် အားကောင်းတာကိုပဲ ကျွန်တော်တို့ ကျေးဇူးတင်ရမယ်” ဟော့ဘာဟန် သည် ခံစားရကောင်းသဖြင့် ပြုံးလိုက်သည်။
“ဟုတ်တယ်၊ တကယ်ပဲကျေးဇူးတင်ရမယ်… အဲဒါဘယ်သူလဲ”
ဖန်ယုဟန်နှင့် ဟော့ဘာဟန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုပုံရိပ်သည် အတွင်းဂိုဏ်း သို့ ဦးတည်နေကာ ထိုနေရာသည် ဟော့ဘာဟန်တို့ သွားမည့်နေရာဖြစ်သည်။