← Chapters

အခန်း (၅၇၂)

Vol. 39 Ch. 572

အခန်း (၅၇၂)

Vol. 39 Ch. 572

ကျန့်ရာသည် မိစ္ဆာနတ်ဆိုးဂိုဏ်းဆီမှာ နေထိုင်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် မိစ္ဆာကျင့်ကြံသူတစ်ပိုင်းဟု သတ်မှတ်၍ ရပေမည်။ သို့ပေမဲ့ သူသည် အစစ်အမှန် မိစ္ဆာကျင့်ကြံခြင်းများနှင့်ပတ်သက်၍ ဘာတစ်ခုမှ သိသည် မရှိချေ။ ထို့ကြောင့် ရောင်မုန့်ယဉ်၏ ကျင့်ကြံခြင်းအဆင့်ကို သင်ပြပေးရာတွင် အကျိုးသက်ရောက်မှု မရှိသလို ဖြစ်နေ၏။

မိုရှန်သည်လည်း မိစ္ဆာကျင့်ကြံသူတစ်ပိုင်းဟု သတ်မှတ်ရပေမည်။ သို့ပေမဲ့ ကံကောင်းသည်မှာ မိစ္ဆာကျင့်ကြံသူ ဆိုသည်ထက် နတ်ဆိုးကျင့်ကြံသူတစ်ပိုင်းလည်း ဖြစ်နေသေး၏။ ထို့ကြောင့် ဤမိန်းကလေးအား သင်ပြပေးရန် အကောင်းဆုံးသော လူတစ်ယောက်ဖြစ်ကြောင်း သံသယဝင်စရာပင် မရှိချေ။

ဟုတ်ပေသည်။ ဤသင်ကြားမှု ဆိုသည်မှာ သိုင်းနည်းစနစ်များကို သင်ကြားမှုအား မဆိုလိုဘဲ နတ်ဆိုးဂိုဏ်းများအကြောင်းနှင့်ပတ်သက်သည့် ဗဟုသုတများကို ပြောဆိုသင်ကြားပေးရန်ပဲ ဖြစ်ပေသည်။

ထိုမှသာလျှင် ရောင်မုန့်ယဉ်သည် ပိုမို၍ နားလည်လာနိုင်ပေလိမ့်မည်။ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်များအတွက် တော့ ကျွင်းချောင်ရှောင်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း နတ်ဆိုးတောင်ရိုးထဲမှ ရရှိခဲ့သော ကျင့်ကြံခြင်း နည်းစနစ်များကို ထုတ်ပေးလိမ့်မည် မဟုတ်ချေ။ သူသည် စာကြည့်ခန်းထဲသို့ ဝင်၍ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်အား ဖွင့်လိုက်သည်။

သူ့တွင် နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ် အများအပြားရှိနေ၏။ ထိုအရာကို လဲလှယ်လိုက်မည်ဆိုလျှင် နတ်ဆိုး တောင်ရိုးဆီမှ သိုင်းနည်းစနစ်များထက် ပိုမို၍ နက်နဲကောင်းမွန်လှသော နည်းစနစ်အသစ်များကို ရရှိနိုင်မည်ဟု သူယုံကြည်နေမိ၏။ သူသည် နတ်ဆိုးမီးတောက် ခုတ်ပိုင်းချက်ဆိုသည့် နည်းစနစ်ကို ထိကြည့်မိလိုက်တော့သည်။ လဲလှယ်ရမည့်ကျမ်းအရေအတွက်သည် ၁၀၀၀/၃၉၉ ဖြင့် ဖြစ်တည်လျက် ရှိသည်။

“ထင်ထားတဲ့အတိုင်းပဲပေါ့”

ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။ “ဒီမှာပါတဲ့ နတ်ဆိုးမီးတောက်ဆိုတဲ့ အဓိပ္ပာယ်က နတ်ဆိုးကျင့်ကြံခြင်းကို ဆိုလိုတာပဲ”

သူသည် ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်ထဲရှိ တခြားသော လျှို့ဝှက်နည်းစနစ်များကို ထပ်မံ၍ ရှာကြည့်လိုက် တော့သည်။ ရောင်မုန့်ယဉ် လေ့ကျင့်၍ ရနိုင်သော နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ် တစ်ခုခုတော့ ရှာဖွေ တွေ့ရှိနိုင် မလားဟူသော မျှော်လင့်ချက်နှင့်ပင်ဖြစ်၏။

“ရပြီ …. သွေးတိမ်ကောင်းကင်”

ဤလျှို့ဝှက်နည်းစနစ်၏ မိတ်ဆက်အရဆိုလျှင် အလွန်တရာ အားကောင်းလွန်းလှသော ကျင့်ကြံခြင်းနည်းစနစ် တစ်ခုဖြစ်သည်။ ထိုအရာသည် သာမန်လမ်းစဉ်မျိုး မဟုတ်ချေ။ ထို့ကြောင့် ပုံမှန် သိုင်းကျင့်ကြံသူများ လေ့ကျင့်၍ မရနိုင်ချေ။ မဟုတ်ပါက မရီဒန်များအားလုံး ဒဏ်ရာရရှိသွားပြီး အချိန်မရွေး ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။

လဲလှယ် နိုင်သည့်ပမာဏသည် ၁၀၀၀ / ၅၉၉ ဟူ၍ ဖြစ်လျက်ရှိသည်။ နတ်ဆိုးတောင်ရိုးထဲမှ ရရှိခဲ့သော နတ်ဆိုးနည်းစနစ်များမှာ အလွန်တရာ များပြားလွန်းသောကြောင့် သူသည် နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်ကို ကြိုက်သလို လဲလှယ်နိုင်စွမ်းရှိနေ၏။

“ဒီမိန်းကလေးက လက်ရှိအခြေအနေမှာ ကျင့်ကြံခြင်းနည်းစနစ်တွေကို အာရုံစိုက်ရမယ်၊ ဒီတော့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေထက် စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်တွေကို လဲလှယ်တာက ပိုပြီးတော့ သူ့အတွက် ကောင်းလိမ့်မယ်”

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် နှောင့်နှေးလျက်ရှိနေသည်။ လက်ရှိအချိန်တွင် ကျင့်ကြံခြင်း နည်းစနစ်ခန်းမဆောင်တွင်ရှိသော သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် မိတ်ဆက်မှာ ဖော်ပြထားသလို အလွန်တရာအားကောင်းနေသလား ဆိုသည်ကို သူသေချာ မသိပေ။ ချဲ့ကားပြောဆိုထားသည်ဆိုလျှင် ဘယ်လို လုပ်မည်နည်း။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းလောက်က ရှိခဲ့သော သိုင်းနည်းစနစ် ငါးရာကိုးဆယ့်ကိုးခုနှင့် လဲလှယ်ရသည်ဆိုသည်မှာ မထိုက်တန်ပါက အလွန်တရာ ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပေါ်လာပေလိမ့်မည်။

စနစ်က ပြောပြလိုက်၏။ “ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်ထဲရှိ သိုင်းနည်းစနစ်တွေ အားလုံးက စတိုးထဲမှာရှိတဲ့ သိုင်းနည်းစနစ်တွေနဲ့ ဆင်တူတယ်လေ၊ ဒီတော့ လက်ခံသူက ဒါကို သံသယဝင်နေမယ်ဆိုရင် ဦးနှောက်ကို မြင်းကန် ခံထားရလို့ပဲ ဖြစ်လိမ့်မယ်”

ထိုအရာကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လဲလှယ်မည်ဆိုသည့် ခလုတ်အား တန်းနှိပ်လိုက်၏။

“ဒင်… လျှို့ဝှက်သိုင်းကျမ်း ၅၉၉ ကို အသုံးပြုပြီး လဲလှယ်လိုက်တော့၏၊ ပစ္စည်းအား သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

တစ်ချိန်တည်းမှာပဲ နတ်ဆိုးတောင်ရိုးထဲမှာရှိသော လျှို့ဝှက်သိုင်းကျမ်း ၅၉၉ ခု သည် လေထုထဲမှာပဲ ပျောက်ကွယ်သွားတော့သည်။ ပြီးနောက် အနီရောင်အဖုံးတစ်ခုပါသော လျှို့ဝှက်နည်းစနစ်တစ်ခုသည် သိုလှောင် လက်စွပ်ထဲ၌ ပေါ်လာခဲ့ တော့၏။ ဤလျှို့ဝှက်နည်းစနစ်သည် အလွန်တရာ နှစ်ကာလကြာရှည်လွန်းသည့်ပုံပေါ်နေသည်။ ရှေးဆန်ပြီး ခန့်ညားထည်ဝါလွန်းသည့် အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ သာမန်ကျင့်ကြံခြင်းနည်းစနစ် မဟုတ်မှန်း လွယ်လွယ်ကူကူ သိရှိနိုင်၏။

………..

ဘုတ် …..

ကျွင်းချောင်ရှောင်းသည် သွေးတိမ်ကောင်းကင် နည်းစနစ်အား စားပွဲပေါ်သို့ ပစ်တင်ကာ ပြောလိုက်သည်။ “ကောင်မလေး… မင်းရဲ့ဂိုဏ်းချုပ်က မင်းအတွက် သင့်တော့်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ တယ်၊ ဒါကိုယူပြီး လေ့ကျင့်တော့”

သူသည် သူ၏တပည့်များနှင့်ပတ်သက်၍ ဘယ်တုန်းကမှ ကပ်စေးမနည်းခဲ့ချေ။ သူ့တွင် တစ်စုံတစ်ခုရှိသည် ဆိုပါက ကျိန်းသေပေါက် ပံ့ပိုးပေးလိမ့်မည်။ ထို့အပြင် အကောင်းဆုံးသောအရာကိုသာ ရွေးချယ်၍ ပံ့ပိုးတတ်သေး၏။

ရောင်မုန့်ယဉ်သည် အမြန်အဆန် ထလျှောက်လာပြီးသည့်နောက်မှာတော့ စားပွဲပေါ်တွင်ရှိသော လျှို့ဝှက် နည်းစနစ်သိုင်းကျမ်းအား အသာကောက်ယူလိုက်၏။ ထိုကျင့်ကြံခြင်းနည်းစနစ်ပေါ်မှ ထွက်ပေါ်နေသော အထူး အော်ရာများကို အာရုံခံပြီးသည့်အချိန်မှာတော့ သူမသည် အလွန်တရာကောင်းမွန်သော ခံစားချက်ကို ရရှိလိုက်သည်။ ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်မိသည်။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

မိုရှန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ဂိုဏ်းချုပ်… ကျုပ်လည်း သင်လို့ရလား”

သွေးတိမ်ကောင်းကင် နည်းစနစ်ဆိုသည်မှာ သူအဝေးမှ တစ်ချက်လှမ်းကြည့်လိုက်ကတည်းက အလွန်တရာ အားကောင်းသည့်စွမ်းအင်များ ထွက်ပေါ်နေသည်ဟု ခံစားမိစေသော အရာဖြစ်သည်။ ထို့ကြောင့် နက်နဲပြီး ကောင်းမွန်လွန်းလှသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

“ရော့”

သူသည် သိုလှောင်လက်စွပ်ထဲမှာ တခြားသော ကျမ်းစာတစ်ခုကို ထုတ်ယူကာ ပစ်ပေးလိုက်၏။ ကျင့်ကြံခြင်း နည်းစနစ်ခန်းမဆောင်ထဲမှ ဝယ်ယူရရှိခဲ့သော သိုင်းနည်းစနစ်များအား မိတ္တူဆွဲနိုင်၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပဲ ဝယ်ပြီးသည်နှင့် တပြိုင်နက် စာအုပ်တစ်ထောင်ကို မိတ္တူဆွဲခဲ့ခြင်းဖြစ်၏။

“အရမ်းကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

မိုရှန်သည် သွေးတိမ်ကောင်းကင်နည်းစနစ်အား ချစ်မြတ်နိုးစွာဖြင့် တစိမ့်စိမ့် ကြည့်လျက်ရှိသည်။ သူသည် ရောင်မုန့်ယဉ်အား ညွှန်ကြားပြသပေးဖို့ ဤဂိုဏ်းထဲသို့ ဝင်လာခဲ့သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ရောင်မုန့်ယဉ်သင်ကြားသော သိုင်းနည်းစနစ်များကို သူကိုယ်တိုင်လိုက်လံသင်ကြားနိုင်ခွင့် ရှိနေ၏။

“သခင်”

နှစ်ရက်လောက် ကြာပြီးသည့်နောက်မှာတော့ မိုရှန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီကျင့်ကြံခြင်းနည်းစနစ်က နည်းနည်း နက်နဲလွန်းတယ်၊ အချိန်အတိုင်းအတာတစ်ခုကို ယူပြီးတော့မှ နားလည် နိုင်မယ်လို့ ထင်တယ်”

“ဒါက မခက်ပါဘူး”

ရောင်မုန့်ယဉ်ပြောလိုက်သည်။ “တက်တောင် တက်ကျွမ်းပြီးသွားပြီလေ”

“တက်ကျွမ်းပြီးသွားပြီ ဟုတ်လား”

မိုရှန်သည် မျက်လုံးအပြူးသားဖြင့် ဖြစ်သွား၏။ သူသည် နှစ်ရက်လုံးလုံး နားလည်အောင် ကြိုးစားခဲ့သည် ဆိုသော်လည်း တစ်ခုမှ နားမလည်ခဲ့ချေ။ အဘယ်ကြောင့် အသက်ခြောက်နှစ် ခုနှစ်နှစ်လောက်ကလေးသည် ဤမျှ မြန်ဆန်စွာဖြင့် နားလည်နိုင်သနည်း။

ဟမ် …။

မိန်းကလေးသည် ပြောလိုက်၏။ “ဒီနှစ်ရက်အတွင်း ကျွန်မတောင် ကျင့်ကြံပြီးသွားပြီ၊ ကောင်းကင်နဲ့ မြေကြီးထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်ခဲ့ပြီလေ၊ ဒါကြောင့် အားအင်တွေတောင် တော်တော်လေး တိုးတက်လာခဲ့တယ်”

“ဒီနှစ်ရက်အတွင်း ဟုတ်လား”

မိုရှန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “ဒါဆိုရင် သခင်က ကျင့်ကြံခြင်းနည်းစနစ်ကို ဂိုဏ်းချုပ်ဆီက ရပြီးကတည်းက သင်ယူနိုင်ခဲ့တာပေါ့”

“အင်း”

ရောင်မုန့်ယဉ်ပြောလိုက်သည်။

ဘုတ်

မိုရှန်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ရင်ထဲမှာတော့ ကျိတ်ကာ အော်ဟစ်လျက်ရှိသည်။ “ဂိုဏ်းချုပ်… သခင့် ကို ကျုပ်က လမ်းညွှန်ပြသပေးတာထက် သခင် က ကျုပ်ကို လမ်းညွှန်ပြသပေးတာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်တယ်”

သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ရောင်မုန့်ယဉ်သည် သွေးတိမ်ကောင်းကင်နည်းစနစ်ကို ကျင့်ကြံရာ၌ အလွန်တရာ မြန်ဆန်သည့်နှုန်းထားဖြင့် ကျင့်ကြံနေနိုင်သည်ဟု ဆိုရပေမည်။ ဤကျင့်ကြံခြင်းနည်းစနစ်ကြောင့် သူမသည် နတ်ဆိုးလမ်းစဉ်ပေါ်သို့ ခြေတစ်လှမ်း ထပ်မံလှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဘယ်သောအခါမှလည်း ပြန်လှည့်၍ မရနိုင်တော့ချေ။ ကောင်းချီးလား၊ ကျိန်စာလား ဆိုသည်ကိုတော့ မည်သူမျှ သိရှိနိုင်လိမ့်မည် မဟုတ်။ ကံကြမ္မာတရားကသာ ဆုံးဖြတ်ပေးလိမ့်မည်။

……….

မိုရှန်သည် အလွန်တရာ စိတ်ထိခိုက်လျက်ရှိနေ၏။ မူလအားဖြင့် သူသည် ရောင်မုန့်ယဉ်အား သင်ကြားပြသပေးရသည့်တာဝန်ကို ယူထားရ၏။ အဆုံးသတ်မှာတော့ သူသည် ရောင်မုန့်ယဉ်ဆီမှ နေ့စဉ်နေ့တိုင်း အကြံဉာဏ်များကို တောင်းခံရသည်။ ကျောင်းသားတစ်ယောက်ကဲ့သို့ပင် ဖြစ်တည်လျက်ရှိသည်။

ပြောနေစရာမလိုပင် ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာ‌တော့သူသည် အကျိုးအမြတ်အများကြီး ရရှိခဲ့ပြီး သွေးတိမ်ကောင်းကင် နည်းစနစ်ကို ကျင့်ကြံနိုင်ရန်အတွက် နားလည်သွားခဲ့ပြီဖြစ်၏။

ဤနတ်ဆိုးလမ်းစဉ် ကျင့်ကြံခြင်းနည်းစနစ်အား အောင်မြင်အောင် လေ့ကျင့်ပြီးသည့်နောက်မှာတော့ မိုရှန်သည် သိုင်းကျင့်ကြံခြင်းတံခါးအသစ်ကို ဖွင့်လှစ်လိုက်သည်ဟု ခံစားလိုက်မိ၏။ သူသည် အဘယ်ကြောင့် နတ်ဆိုး ကျင့်ကြံသူတစ်ပိုင်းဟု ခေါ်ဆိုရသနည်းဟုဆိုသော် နတ်ဆိုးကျင့်ကြံခြင်းနှင့်ပတ်သက်၍ တချို့သောနားလည်မှု များသာရှိပြီး အလုံးစုံနားလည်မှု မရှိသောကြောင့်ပင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သွေးတိမ်ကောင်းကင် နည်းစနစ်ကို နားလည်ပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နှင့်မြေကြီးအတွင်းတွင်ရှိပြီး နတ်ဆိုးကျင့်ကြံသူများသာ စုပ်ယူနိုင်သည့် အထူးဓာတ်သဘာဝများကို စုစည်းလာနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူသည် အစစ်အမှန် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။

“မိုရှန်”

တစ်နေ့မှာတော့ ရောင်မုန့်ယဉ်က ပြောလိုက်၏။ “ကျွန်မ သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီ”

“မိုရှန်… ကျွန်မသိုင်းဆရာအဆင့်တစ်ကို ရောက်သွားပြီ”

“မိုရှန်… ကျွန်မသိုင်းဆရာအဆင့်နှစ်ကို ရောက်သွားပြီ”

“မိုရှန်”

လဝက်အတွင်းမှာပဲ ရောင်မုန့်ယဉ်၏အဆင့်များသည် တမဟုတ်ချင်း တိုးတက်သွားပြီး တိုက်ရိုက်ဆိုသလိုပဲ သိုင်းဆရာအဆင့်ခြောက်ဆီသို့ ရောက်ရှိခဲ့၏။ သူမသည် ပြိုင်စံရှားဂိုဏ်းထဲတွင် အားအကောင်းဆုံးတစ်ယောက် မဟုတ်သော်လည်း ကျိန်းသေပေါက် အောက်ဆုံးနေရာတွင်ရှိသော လူတစ်ယောက်တော့ မဟုတ်တော့ချေ။ ပို၍ အရေးကြီးသည်မှာ ရောင်မုန့်ယဉ်သည် အသက်ခြောက်နှစ်မှ ခုနှစ်နီးပါးခန့်သာ ရှိနေသေး၏။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤအဆင့်သို့ ရောက်ရှိနေသည်ဆိုခြင်းမှာ ရှိရှိသမျှ လူအားလုံးတို့အား ထိတ်လန့်တုန်လှုပ်မိပေလိမ့်မည်။

“မဆိုးဘူး၊ မဆိုးဘူး” ကလေးမလေး၏ ကျင့်ကြံခြင်း အမြန်နှုန်းကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း ရယ်လိုက်မိ၏။

ကျန့်ရာ သည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ “နတ်ဆိုးကျင့်ကြံသူ ပီသပါပေတယ်။ သူတို့ရဲ့ အဆင့်တက်မြန်မှုနှုန်းက အရမ်းကို ကြီးမားလွန်းတယ်၊ ခန့်မှန်းလို့ တောင်မရဘူး”

“ဂိုဏ်းချုပ်”

နင်တုရှင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “မိန်းကလေး မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတယ်ဆိုတာ အရမ်းကောင်းတယ်၊ ဒါပေမဲ့ ဂိုဏ်းအနေနဲ့ လျှို့ဝှက် ထားမှ ဖြစ်မယ်၊ မဟုတ်ရင် ကြီးမားတဲ့ကပ်ဘေးကြီးတစ်ခုကို ခံစားရလိမ့်မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ကျုပ် ဒီကိစ္စကို သေသေချာချာ ဂရုစိုက်ထားမယ်”

လက်ရှိအချိန်တွင် သူလုပ်ရမည့် ပထမဦးဆုံးအလုပ်သည် ရောင်မုန့်ယဉ်ကို အပြင်ဘက်သို့ မထွက်ခိုင်းရန်နှင့် ဂိုဏ်းထဲမှာပင် ငြိမ်ငြိမ်သက်သက်နှင့် လေ့ကျင့်နိုင်စေရန် ဖြစ်ပေသည်။

ဟုတ်ပေသည်။ လောကကြီးတစ်ခုလုံးတွင် ဖုံးကွယ်ထားနိုင်သည့်အရာဟူ၍ မရှိပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အဆိုးဆုံးများအတွက်လည်း ကြိုတင်၍ ပြင်ဆင်ထား၏။

သူ့အနေနှင့် ထိုကဲ့သို့သော ဘေးအန္တရာယ် ကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် ဆိုလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ သေချာစဉ်းစားလိုက်သည့် အခြေအနေမှာတော့ သူကိုယ်တိုင်နှင့် သူ၏ တပည့်များ၏ ကျင့်ကြံခြင်းအဆင့်သည် အချိန်တိုအတွင်း ထပ်မံ၍ တိုးတက်လာနိုင်မည်ဆိုလျှင် ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သည့် အားအင်တွေ ပိုင်ဆိုင်ပေလိမ့်မည်။

“ကျင့်ကြံရမယ်၊ ကျင့်ကြံရမယ်”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းကိစ္စများအားလုံးကို လီလိုရှုနှင့် အကြီးအကဲအနည်းငယ်တို့နှင့်အတူ လက်လွှဲပေး ပြီးလိုက်သည့်နောက် သူ၏ ကျင့်ကြံခြင်းကို စတင်ကာ အာရုံစိုက်တော့၏။ ဤအတောအတွင်း သူသည် များပြားလှသော အရင်းအမြစ်များနှင့် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးများကို အသုံးပြုကာ သူ၏ စိတ်ဝိညာဉ် အမြူတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုတိုးတက်အောင် ပြုလုပ်လာနိုင်ခဲ့၏။ သို့ပေမဲ့ အဆင့်လေး သိုင်းဘုရင်ဆီသို့ ရောက်ရှိချင်သည်ဆိုပါက အနည်းဆုံး နှစ်လမှ သုံးလနီးပါး ကြာမြင့်ပေလိမ့်မည်။

“ဒါက နှေးလွန်းတယ်”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ အတိတ်တုန်းကဆိုလျှင် သူသည် များပြားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးများကို အသုံးပြုခဲ့သည်ဆိုသော်လည်း လွယ်လွယ်ကူကူ အဆင့်တက်နိုင်စွမ်းရှိ၏။ အခုအချိန်မှာတော့ ထိုသို့ မဟုတ်တော့ချေ။ အလွန်တရာ နှေးကွေးသည့်နှုန်းထားဖြင့် အဆင့်တက်လျက်ရှိ၏။

ဝှစ် ဝှစ်

ထိုအခိုက်မှာတော့ အလွန်တရာအားကောင်းလှသော အော်ရာများသည် အတွင်းခြံဝန်းထဲမှ ထွက်လာပြီး ဂိုဏ်းတစ်ခုလုံးသို့ ပြန့်နှံ့သွား၏။

ဟမ်

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီးသည့်နောက်မှာတော့ ရီချင်းရှန်၏ အခန်းဆီမှဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူပြောလိုက်သည်။ “ဒီကောင်ကတော့ သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တာပဲ”

ဟုတ်ပေသည်။ နှစ်လတိတိ သိုင်းနည်းစနစ်များနှင့် ပတ်သက်သည့် နားလည်မှုများကို အာရုံစူးစိုက်လေ့လာပြီး သည့်နောက်မှာတော့ ညအင်ပါယာသည် နောက်ဆုံးမှာတော့ အဆင့်တက်မည့်အခွင့်အရေးမျိုးကို ပြသလာခဲ့ပြီ ဖြစ်၏။

“ဂျူနီယာညီလေးရီ အဆင့်တက်သွားပြီနဲ့တူတယ်”

“ငါတို့ ပြိုင်စံရှားဂိုဏ်းထဲမှာ နောက်ထပ်သိုင်းဘုရင်တစ်ယောက် ထပ်ပြီးပေါ်လာပြီ”

ဝှစ် …. ဝှစ်

ရီချင်းရှန် အဆင့်တက်ပြီးစမှာပဲ အလွန်တရာ ထည်ဝါပြီး အေးစက်လွန်းလှသော အော်ရာများသည် အဝေး တစ်နေရာရှိ အခန်းဆီမှ ထွက်ပေါ်လာပြန်၏။

ကျွင်းချောင်ရှောင်းသည် ပျော်သွားမိ၏။ “ကျိုးဟုန်လည်း ဓားဘုရင်အဆင့်ကို တက်လှမ်းခဲ့ပြီ”

ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်အထက်တွင် သိုင်းဘုရင်နှင့် နှိုင်းယှဉ်၍ ရသော ဓားဘုရင်၏ အော်ရာမျိုး ထွက်ပေါ်လာပြီဖြစ်၏။

All Chapters