← Chapters

အခန်း (၅၇၃)

Vol. 39 Ch. 573

အခန်း (၅၇၃)

Vol. 39 Ch. 573

ဤအရာသည် ရီချင်းရှန်အတွက်တော့ သာမန်ပင်ဖြစ်၏။ သူသည် ထိုက်ရွမ်ကျမ်းကို လေ့ကျင့်ခဲ့ပြီးသည့်နောက် မှာတော့ သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ ကျိုးဟုန်တစ်ယောက် သူ၏နောက်မှ ဓားဘုရင်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည်ဆိုခြင်းမှာတော့ မယုံကြည်နိုင်စရာပင်ဖြစ်တော့၏။ တစ်စုံတစ်ယောက် အနေနှင့် သိရှိထားသင့်သည်မှာ ၎င်းသည် အဆင့်ခုနှစ် ဓားစစ်သူကြီးတစ်ယောက်သာဖြစ်သည်။

သူသည် ဓားလမ်းစဉ် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်အား သောက်သုံးပြီးသည့်နောက်မှာတော့ အဆင့်ခုနှစ် ဓားစစ်သူကြီး တစ်ယောက် ဖြစ်လာခဲ့သည်။ လက်ရှိအခြေအနေမှာတော့ နှစ်လမပြည့်ခင်အချိန် အတွင်း ဓားဘုရင်အဆင့်အထိ ရောက်သွားခဲ့ပြီဖြစ်၏။ ဤအရာမှာ အလွန်တရာမြန်ဆန်လွန်းသည်ဟု ဆိုရမည်။ အရာအားလုံးသည် သူကျင့်ကြံ ခဲ့သည့် လမ်းစဉ်နှင့်ပင် စတင်ခဲ့ခြင်းဖြစ်သည်။

ဓားလမ်းစဉ်ဆိုသည်မှာ သိုင်းလမ်းစဉ်နှင့် ခြားနားလွန်းလှ၏။ နားလည်သဘောပေါက်မှုများ အလုံးစုံ ပါဝင် နေသည်။ ရုတ်တရက် တစ်စုံတစ်ယောက်အနေနှင့် ဉာဏ်အလင်း ရရှိသည်ဆိုပါက မြန်မြန်ဆန်ဆန်နှင့် အဆင့် ထိုးတက်သွားဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ ကျိုးဟုန်၏ ဓားလမ်းစဉ်ပင်ကိုယ်စွမ်းရည်သည် ဆေးရည် ကြောင့် ပိုမိုတိုးတက်လာခဲ့သည်။ ပြီးနောက် သူ၏ လင်းကျန့်ဓားကျမ်းပေါ်မှ နားလည်မှုသည်လည်း ပိုမို၍ နက်ရှိုင်းလာ၏။ နှစ်လအတွင်းမှာပဲ ဓားနှင့်ပတ်သက်၍ သူ၏ နားလည်မှုသည် တမဟုတ်ချင်း တိုးတက်သွားခဲ့၏။ ထို့ကြောင့်ပင် ဓားဘုရင်အဆင့်သို့ ချိုးဖြတ်နိုင်သည့် အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်သွား၏။ ရီချင်းရှန်သည် သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီး ကျိုးဟုန်မှာတော့ ဓားဘုရင်အဆင့်ကို ချိုးဖြတ်နိုင်သည်။ ထို့ကြောင့် ဂိုဏ်း၏ အားအင်အဆင့်သည် တိုးတက် သွားသည်ဟု ဆိုရမည်။

ဝှစ် …. ဝှစ်

သိုင်းဘုရင်တစ်ယောက်၏ အော်ရာများသည် ကောင်းကင်ထက်တွင် ပြည့်နှက်သွားခဲ့၏။ ထိုအရှိန်အဝါသည် အလွန်တရာ ကြီးမားလှသောကြောင့် တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်မိသွား၏။ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်တွင် ပိတ်မိလျက်ရှိသည့် လီချင်းယန်နှင့် တခြားသူများ အားလုံးသည်လည်း ရီချင်းရှန်၏ အော်ရာကြောင့် ဉာဏ်အလင်းတချို့ ပိုင်ဆိုင်ခဲ့ကြ၏။

သူတို့အားလုံးသည် ခြေချိတ်ထိုင်၍ ထိုအရာဆီမှ သင်ယူနိုင်ရန် မျှော်လင့်ချက်ဖြင့် ကျင့်ကြံကြတော့၏။ တစ်နာရီလောက် အကြာမှာတော့ သိုင်းဘုရင်များ၏ အော်ရာသည် ပြန်လည်၍ ရုတ်သိမ်းသွား၏။

အခန်းထဲတွင်ရှိနေသော ရီချင်းရှန်သည် မျက်လုံးကိုဖွင့်ကာ ပြုံးလိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ “ဒီနေ့မှာတော့ ငါ သိုင်းဘုရင် ဖြစ်သွားပြီပဲ”

ဝှစ်

ချက်ချင်းဆိုသလိုပဲ အလွန်တရာ ကြီးကျယ်ခမ်းနားလှသော ဘုရင်တစ်ယောက်၏ အော်ရာများ ထွက်ပေါ် လာသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူတို့အဆင့်တက်သွားပြီ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ရီချင်းရှန်၏ သိုင်းတာအိုအော်ရာများဆီမှ အကျိုးအမြတ်များ ရရှိခဲ့သည်။ ဤအရာသည် ၎င်းတို့အား သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်နိုင်အောင် ကျိန်းသေပေါက် ကူညီပေးလိမ့် မည်။ လက်ရှိအခြေအနေမှာတော့ ကျိုးဟုန်၏ ထက်ရှသော ဓားအော်ရာများသည်လည်း ပြန်လည်ရုတ်သိမ်း လိုက်ပြီဖြစ်သည်။ သူသည် အောင်မြင်စွာဖြင့် ဓားဘုရင်တစ်ယောက် ဖြစ်လာခဲ့သည်။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းတွင် သိုင်းဘုရင်တစ်ယောက်နှင့် ဓားဘုရင်တစ်ယောက်တို့ ထပ်မံပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

တူညီသည့်နေ့၊ တူညီသည့်အချိန်အတွင်းမှာပဲ ဘုရင်နှစ်ပါး ပေါ်ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။ အပြင်လောကသည် ဤကိစ္စကိုသိရှိမည်ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်ကြပေလိမ့်မည်။

“ငါတို့ သက်တောင့်သက်သာ နေလို့မဖြစ်တော့ဘူး”

လီချင်းယန်က ပြောလိုက်သည်။ “သိုင်းဘုရင်အဆင့်ကို အမြန်ဆုံး ချိုးဖြတ်နိုင်အောင် လုပ်ရမယ်”

“ကောင်းပြီ”

ရှောင်ကျီ၊ စုရှောင်မိုနှင့် တခြားသောသူများအားလုံးသည်လည်း ဂျူနီယာညီလေးရီရဲ့ အဆင့်ချိုးဖြတ်မှုကြောင့် စိတ်ဓာတ်မကျကြပေ။ ပိုမို၍ ကြိုးစားချင်စိတ်ပင် ဖြစ်တည်လာကြ၏။

………….

ရီချင်းရှန်နှင့် ကျိုးဟုန်တို့၏ အဆင့်ကျော်ဖြတ်မှုသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအား စိတ်အားတက်ကြွမှုတွင် အဆင့်တစ်ခုဆီသို့ တွန်းပို့ လိုက်တော့၏။ တစ်ချိန်တည်းမှာပဲ တပည့်များသည်လည်း ၎င်းတို့၏ သိုင်းနည်းစနစ်များ လေ့ကျင့်ရာတွင် ပိုမို၍ ဇွဲရှိရှိနှင့် ကြိုးစားနေကြတော့၏။

ဤသို့နှင့်ပင် နောက်ထပ်လဝက်လောက် ကုန်လွန်သွားခဲ့၏။ ရောင်မုန့်ယဉ်၏ အဆင့်တက်မှုသည် သိုင်းဆရာအဆင့်ခြောက်မှသည် သိုင်းဆရာအဆင့်ခုနှစ်သို့ ရောက်ရှိသွားခဲ့၏။ သူမသည် အလွန်တရာ မြန်ဆန်လှသည်ဟု ဆိုရမည်။

ဟုတ်ပေသည်။ ဘယ်လောက်ထိ မြန်သည်ဟုဆိုဆို ဟယ်ဝူတီ လောက်တော့ မြန်လိမ့်မည် မဟုတ်ပေ။ ဟယ်ဝူတီသည် အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်လျက်ရှိ၏။ သူသည် ဤဂိုဏ်းထဲတွင် တည်ရှိနေပါ့မလားဟုပင် သံသယဝင်စရာရှိ၏။ သို့ပေမဲ့ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာတော့ ဆက်တိုက်ဆိုသလိုပဲ မြန်ဆန်နေ၏။ လွန်ခဲ့ သည့်နှစ်လအတွင်း သူသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ သူ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်သည် ကောင်းကင်က ငြင်းပယ်ရလောက်သော အရာမျိုးဖြစ်နေ၏။ ထို့အပြင် ဂိုဏ်းမှ အရင်း အမြစ်မျိုးစုံကို ထောက်ပံ့ပေးထား၏။ ထို့ကြောင့် သူ့အနေနှင့် လောကကြီးတစ်ခွင်သို့ မကြီးစိုးနိုင်ပါက နတ်ဘုရား အထက်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ အမှိုက်တစ်စနှင့် ဘာထူးလိမ့်မည်နည်း။

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်မဟုတ်ခြင်း တိုးတက်လျက်ရှိသည်။ အထူးသဖြင့် ယခုမှ ဂိုဏ်းထဲသို့ ဝင်လာခဲ့ကြသော သိုင်းတပည့်များပင် ဖြစ်သည်။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည် များသည် မဆိုးလှချေ။ ထို့ကြောင့် တိုးတက်မှု အမြန်နှုန်းမှာလည်း ကြီးမားနေကြ၏။ ဥပမာအားဖြင့် ကျင်းဝူကူး ဖြစ်သည်။ သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည့် သိုင်းစစ်သူကြီး ပထမအဆင့် ဖြစ်သော်လည်း လက်ရှိအချိန်မှာတော့ အဆင့်ငါးသို့ပင် ရောက်ရှိနေ၏။

ချူရှိုးနန်၊ ဟုန့်လင်နှင့် တခြားသော တပည့်များသည်လည်း ၎င်းတို့၏ စီနီယာများကဲ့သို့ ကြီးမားလှသော အောင်မြင်မှုကို မရရှိသော်လည်း စိတ်ဝိညာဉ်ကြံခိုင်ခြင်းဆေးလုံး၊ စမ်းသပ်မှုမျှော်စင်၏ တတိယထပ်တို့ကြောင့် သိုင်းစစ်သူကြီးအဆင့်သို့ အောင်အောင်မြင်မြင်နှင့် တက်လှမ်းနိုင်ခဲ့၏။

ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် အကယ်၍ ကျန်းယန်နိုင်ငံသည်သာ နောက်ထပ် စစ်တပ်ကြီး တစ်ခုကို စေလွှတ်၍ ကျူးကျော်မည် ဆိုပါက အားလုံးပြားကနဲနေအောင် အရိုက်ခံရမည်က သေချာသည်။

နဂါးလေး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ကျိုးချောင်ကျွင်းသည်လည်း ချင်းယန်နိုင်ငံကို ပြဿနာရှာရန် သတ္တိ မရှိသေးပေ။ ထိုအစား သူသည် တခြားသောနိုင်ငံများကိုသာ သူ၏ နယ်မြေချဲ့ထွင်လျက်ရှိနေ၏။

.........

“နှေးလွန်းတယ်”

စိတ်ဝိညာဉ်စုဆောင်းခြင်းအစီအရင်တွင် ကျင့်ကြံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာ သူ၏ခေါင်းကို ပွတ်သပ်မိသည်။ သူ၏မျက်လုံးများထဲတွင်တော့ စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက် နေသည်။ ဤအတောအတွင်း တပည့်များသည် နေလိုမီးလို ကျင့်ကြံကြပြီး ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက် လာခဲ့၏။ သို့ပေမဲ့ သူကတော့ တတိယအဆင့် သိုင်းဘုရင်အဆင့်တွင် တစ်လို့နေ၏။ မည်သည့်တိုးတက်မှုမှ မရှိခဲ့ချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်အား တပည့်များ ကျော်ဖြတ်သွားမည်ကို ဂိုဏ်းချုပ်ကျွင်း မစိုးရိမ်ချေ။ သို့ပေမဲ့ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်မို့ သူ၏အားအင် မတိုးတက်ပါက အနာဂတ်တွင် အန္တရာယ်ကြုံလာပါက မည်သို့ရင်ဆိုင်ရမည်နည်း။

“မြန်မြန်လေး၊ ငါ့ကို တာဝန်ပေးစမ်းပါ၊ မြန်မြန်လေး၊ ငါ့ကို ဆုလာဘ်တွေ ပေးစမ်းပါ”

တာဝန်တစ်ခုခု ပေါ်လာစေရန် ကျွင်းချောင်ရှောင်း ဆုတောင်းနေမိ၏။ ထိုအရာကို ပြည့်စုံအောင် ပြုလုပ်ပြီးသည် ဆိုလျှင် သူသည် အတွေ့အကြုံအဆောင်များ ရရှိမည်ဖြစ်ပြီး ဓားနှင့်သိုင်းဘုရင်ထိပ်ဆုံးအဆင့်ဆီသို့ ချိုးဖြတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် အထူးတာဝန်ဖြစ်လာစေရန် မျှော်လင့်နေမိ၏။

“အိမ်မက် မက်နေလိုက်” စနစ်က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “တခြားနည်းလမ်း မရှိတော့ဘူးဆိုရင် ငါ …”

သူသည် စနစ်၏မျက်နှာပြင်အားနှိပ်၍ သူ၏ နာမည်အား ကြည့်လိုက်သည်။ ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက် သည်။

“ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပြီး အတွေ့အကြုံအမှတ်အဖြစ် ပြောင်းလို့ရမယ်”

သူသည် မရီဒန်ဖွင့်ခြင်း အဆင့်မှာတုန်းက ဂိုဏ်းစုဆောင်းမှတ် လေးဆယ့်ခုနှစ်မှတ်ကို အသုံးပြုပြီး စွမ်းအင်ဖွင့်ခြင်း အဆင့်ခုနှစ်မှ စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ်ဆီသို့ ရောက်ရှိအောင် ပြုလုပ်နိုင်ခဲ့၏။ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းစုဆောင်းမှတ်အားလုံး ကုန်ဆုံးသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။

လက်ရှိတွင် စနစ်သည် ဆက်တိုက်ဆိုသလိုပဲ အဆင့်မြှင့်တင်ပြီး တိုးတက်နေ၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် အနည်းငယ်ကို ပြန်လည် ရရှိဖို့ဆိုသည်မှာ ပြဿနာတစ်ခုတော့မဟုတ်ပေ။ ထို့ကြောင့် လဲလှယ်မှ ဖြစ်ပေလိမ့်မည်။ ဂိုဏ်းတွင် တာဝန်လည်း မရှိသလို၊ အတွေ့အကြုံအဆောင်လည်း မရှိပေ။

တစ်ဆင့်ချင်းဆီ ကျင့်ကြံသွားလာနေခြင်းက အလွန်တရာပင် နှေးကွေးလွန်းလှ၏။ ဤနည်းလမ်းသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်နိုင်သည်ကို ကျွင်းချောင်ရှောင်းသိ၏။

စနစ်က ပြောလိုက်သည်။ “ဂိုဏ်းစုဆောင်းမှတ်တွေကို အတွေ့အကြုံအမှတ်အဖြစ် ပြောင်းလဲဖို့ဆိုတာက မထိုက်တန်ဘူး၊ လက်ခံသူ ကျေးဇူး ပြုပြီး ဒါကိုမလုပ်ခင်မှာ နှစ်ခါပြန်စဉ်းစားပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာပဲပြောပြော လက်ရှိအခြေအနေမှာ ဂိုဏ်းစုဆောင်းမှတ်တွေက မလိုဘူးလေ၊ ဒီတော့ နည်းနည်းလေးကနေ စပြီး လဲကြည့်ရတာပေါ့”

ပြောပြီးသည့်နောက် သူသည် အတွေ့အကြုံမှတ် ၂၉၉၁ မှတ်ကို လဲလှယ်လိုက်တော့၏။

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀ / ၂၀၀၀၀”

ဂိုဏ်းစုဆောင်းမှတ် ၂၉၉၁ မှတ် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် အကန့်အသတ်မဲ့ ဆူဝေလာတော့သည်။ အတွေ့အကြုံအဆောင် အား ချိုးချေလိုက်သည့် ခံစားမှုမျိုးကို ခံစားနေရ၏။

“လာစမ်း၊ အဆင့်ချိုးဖြတ်လိုက်၊ ပိုပြီး အားကောင်းအောင်လုပ်လိုက်”

ကျွင်းချောင်ရှောင်းသည် အဆင့်ကျော်ဖြတ်ခါနီးအချိန်သို့ ရောက်ရှိခါနီးမှာတော့ သူ၏ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပြန်လည် တည်ငြိမ်သွား၏။ သူသည် အဆင့်သုံးတွင် တစ်လျက်ရှိနေတုန်းဖြစ်သည်။

“ချီးတဲ့မှ”

သူသည် ခေါင်းကိုအုပ်ကိုင်ကာ ပြောလိုက်၏။ “ဒီလောက်များတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို သုံးတာတောင် အဆင့်မတတ်ခဲ့ဘူး”

စနစ်က ပြောလိုက်၏။ “ငါပြောသားပဲ၊ သုံးဖို့ မထိုက်တန်ပါဘူးဆိုမှ ။ ဒါပေမဲ့ လက်ခံသူက နားမထောင်ဘူးလေ”

“ဟင်း”

ကျွင်ချောင်ရှောင်း သက်ပြင်းချလိုက်၏။ သို့ပေမဲ့ သူ့ဆက်လက်ကျင့်ကြံမည်ဆိုပါက နှစ်လမပြည့်မီ အဆင့်ချိုးဖြတ် နိုင်မည့် အခြေအနေတစ်ခုမှသည် ဆယ်ရက်လောက် ကျင့်ကြံလိုက်လျှင် အဆင့်ချိုးဖြတ်နိုင်မည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း နားလည်လိုက်မိ၏။ တခြားတစ်ဖက်ကပြောလျှင် ဂိုဏ်းစုဆောင်းမှတ် သုံးထောင်နီးပါးအား သုံး၍ အဆင့်တစ်ခုကို တိုးတက်အောင် မပြုလုပ်နိုင်ဟု ဆိုသော်လည်း ကျင့်ကြံရမည့်အချိန် အတိုင်းအတာကို လျော့ကျစေခဲ့၏။

“ဒါက ဆုံးရှုံးမှု မဟုတ်ဘူး”

ကျွင်းချောင်ရှောင်း သူ့ကိုသူ နှစ်သိမ့်လိုက်၏။

စနစ်သည် တီးတိုးရေရွတ်လိုက်၏။ “ဂိုဏ်းစုဆောင်းမှတ် သုံးထောင်နီးပါးခန့်ကို အသုံးပြုပြီးတော့ စတိုးဆီမှာ Refesh လုပ်မယ်ဆိုရင် ဘယ်လောက် ကောင်းတဲ့ပစ္စည်းတွေ ရမလဲဆိုတာ မသိနိုင်ဘူး”

.........

ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအား အာရုံစိုက်လျက်ရှိသည်။ သေချာပေသည်။ နောက်ထပ်ဆယ်ရက် လောက်ကြာပြီးသည့်နောက်မှာ သူ၏ ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် ဆူဝေလာ၏။ သူ၏ အဆင့်သည်လည်း အဆင့်သုံး သိုင်းဘုရင်အဆင့်မှသည် အဆင့်လေးသိုင်းဘုရင်ဆီသို့ အောင်မြင်စွာ တိုးတက်သွား၏။ အချိန်ကို တွက်ချက်ရမည်ဆိုလျှင် သူသည် နှစ်လကျော် ကျင့်ကြံခဲ့ပြီးဖြစ်သည်။

ဤအတောအတွင်း သူသည် ဂိုဏ်းအရင်းအမြစ် တော်တော်များများကို သုံးစွဲခဲ့ရသလို ဂိုဏ်းစုဆောင်းမှတ်များကို လည်း အသုံးပြုရ၏။ ထို့ကြောင့် အဆင့်ချိုးဖြတ်ရသည်ဆိုသည်မှာ လွယ်ကူသည့်အရာမဟုတ်မှန်း သိရှိနားလည်မိ တော့သည်။ ဂိုဏ်းချုပ်ကျွင်း၏ တိုးတက်မှုသည် နှေးကွေးသည်ဆိုသော်လည်း အဆင့်တစ်ခုတက်လိုက်သည် ဆိုသည်နှင့် အားအင်အဆင့်မှာ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်သွား၏။

ဘုန်း …။

လေ့ကျင့်ရေးခန်းမထဲမှာတော့ လက်သီးချက်တစ်ခု ကျဆင်းလာပြီးသည့်နောက်မှာတော့ အားအင်စမ်းသပ်မှု စက်ပေါ်တွင် ခုနှစ်သန်းဆိုသော စာလုံးများ ထင်ပေါ်လျက်ရှိသည်။

“မဆိုးဘူး၊ မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြုံးလိုက်မိ၏။ သူသည် အဆင့်ချိုးဖြတ်ပြီး အဆင့်တစ်သိုင်းဘုရင် အဆင့်သို့ ရောက်ချိန်တွင် အားအင်အဆင့်သည် သုံးသန်းဖြစ်ပြီး အဆင့်နှစ်တွင် လေးသန်းဖြစ်သည်။ အဆင့်နှစ်ဆင့် ကွာခြားပြီး လက်ရှိအခြေအနေသို့ ရောက်ရှိချိန်မှာတော့ ခုနှစ်သန်းအထိ တိုးတက်လာခဲ့သည်။ စနစ်က ပြောလိုက်သည်။

“ဒါက လက်ခံသူအနေနဲ့ စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်း ဆေးလုံးတွေကို သောက်သုံးလို့လေ”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “သိုင်းဘုရင်တွေထဲက သိုင်းဘုရင်၊ ဘယ်သူက ငါ့ကို ယှဉ်ပြိုင်ချင်သေးလဲ”

“မဟုတ်သေးဘူး”

စနစ်ကပြောလိုက်၏။ “အခုအချိန်မှာ လက်ခံသူက သိုင်းအုပ်စိုးသူအဆင့်နှစ်ကိုတောင်မှ ယှဉ်ပြိုင်တိုက်ခိုက်လို့ ရနေပြီ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ မျက်နှာပြင်ဆီသို့ ခုန်ချလိုက်၏။ ပြီးနောက် ခေါင်းကိုမြင့်ကာ ပြောလိုက်၏။ “ပြိုင်ဘက်ကင်းရတာ အထီးကျန်လိုက်တာ”

ဝှစ်

ဘောလုံးသည် သူ့ဆီသို့ ရောက်ရှိလာတော့သည်။

ဘန်း

ကျွင်းချောင်ရှောင်းသည် လက်သီးတစ်ချက်ထိုးလိုက်၏။ ဘောလုံးသည် ဆန့်ကျင်ဘက်တည်နေရာဆီသို့ ပြန်လည် လွှင့်စင်သွားပြီး လီဖေး၏ မျက်နှာတည့်တည့်ဆီသို့ သွားရောက်ထိမှန်တော့သည်။

အား …။

ဟား ဟား ဟား ဟား။

စုရှောင်မိုသည် အားရပါးရ ရယ်လိုက်၏။ လီဖေးနှင့်ပတ်သက်၍ စိတ်တိုလျက်ရှိသော ချူရှိုးနန်၊ ဟုန့်လင်နှင့် တခြားသောသူများသည်လည်း မျက်ရည်များ ထွက်လုမတတ် ရယ်မိကြ၏။

“ဂိုဏ်းချုပ်”

လီလိုရှုသည် မိုးဆွေဟောခန်းမှ လျှောက်ထွက်လာသည်။ သူသည် ခေါင်းကိုမော့ကာ ပြောလိုက်၏။ “ကျွန်မ သတင်းတစ်ခုကြားထားတယ်၊ ကျွန်မတို့တော့ ဒုက္ခပဲ”

“ဒုက္ခဟုတ်လား”

All Chapters